Dr. Phyo Paing

https://yec.company

ကိုယ်လိုချင်တဲ့အရာနောက်ကိုပဲ
လိုက်နေတဲ့ သံမဖြစ်ရဘူး။ ကိုယိ့ဆီ လိုချင်တာရောက်လာဖို့ ကိုယ့်မှာသံလိုက်လိုဆွဲငင်နိုင်တဲ့ စွမ်းအင်ရှိရမယ်။

လူတိုင်းက ကိုယ့်ထက်သာတာကိုပဲရချင်ကြတယ်။ ငွေရေးကြေးရေး၊ ပညာရေး၊ အချစ်ရေး၊အလုပ်အကိုင် နေရာတိုင်းမှာပေါ့။ဒီတော့ကိုယ်လိုချင်တဲ့နောက်လိုက်ကြတယ်။ ငွေရှာတယ်ဆိုတာ ဖြစ်လာတယ်။အမှန်က ငွေကိုကိုယ့်ဆီလာအောင်ဆွဲငင်နိုင်ဖို့ ကိုယ့်ကိုကိုယ်တည်ဆောက်ရမှာ။ဒါမှ ရေရှည်တည်တံ့မှာ။ ကျွန်တော်စဥ်းစားမိတဲ့ concept တစ်ခုက“သံ” လိုစဥ်းစားမည့်အစား၊“သံလိုက်” လို စဥ်းစားတဲ့ concept ဖြစ်တယ်။ ကိုယ့်ဆီလိုချင်တာရောက်လာဖို့ကိုယ့်မှာ သံလိုက်လို ဆွဲငင်နိုင်တဲ့စွမ်းအင်ရှိရမယ်။ ကိုယ်လိုချင်တဲ့အရာနောက်ကိုပဲလိုက်နေတဲ့ သံမဖြစ်ရဘူး။ ဘဝသင်ခန်းစာတွေထဲကနေသံလိုက် အတွေးအခေါ်ရခဲ့တယ်။ Phyo Paing @ Derek

ကိုယ်လိုချင်တဲ့အရာနောက်ကိုပဲ
လိုက်နေတဲ့ သံမဖြစ်ရဘူး။ ကိုယိ့ဆီ လိုချင်တာရောက်လာဖို့ ကိုယ့်မှာသံလိုက်လိုဆွဲငင်နိုင်တဲ့ စွမ်းအင်ရှိရမယ်။
Read More »

ဘဝမှာ အလုပ်လုပ်တာ level
တစ်ခုရောက်လာတာနဲ့အမျှ
သာမာန်ပြဿနာ BS တွေက
ဆေးမတိုးတော့ဘူး။

တော်ရုံကိစ္စမျိုးက ကိုယ့်ကိုစိတ်ကသိကအောင်ဖြစ်အောင်မလုပ်နိုင်သလို၊ပြဿနာတော်တော်များများကကိုယ့်ထက်သေးသွားတယ်။ ဘာကြောင့်လဲဆိုတော့ အရင် ပြဿနာပေါင်းစုံကိုဖြေရှင်းခဲ့တဲ့ အတွေ့အကြုံရှိလို့။ပြဿနာတွေကို လက်ခံအနိုင်ယူ ဖြေရှင်းဖို့လိုတယ်။ Phyo Paing @ Derek

ဘဝမှာ အလုပ်လုပ်တာ level
တစ်ခုရောက်လာတာနဲ့အမျှ
သာမာန်ပြဿနာ BS တွေက
ဆေးမတိုးတော့ဘူး။
Read More »

လူတစ်ယောက် အလုပ်ကိုဘယ်လိုလုပ်လဲ ကြည့်ပြီး သူ့ရဲ့အနာဂတ်ကို
ခန့်မှန်းလို့ရနိုင်တယ်။

လူတစ်ယောက် အလုပ်ကိုဘယ်လိုလုပ်လဲကြည့်ပြီး သူ့ရဲ့အနာဂတ်ကို ခန့်မှန်းလို့ရနိုင်တယ်တဲ့။How you do anything is how you do everything. အချိန်တိကျသလား။ အလုပ်ကို လေးစားသလား။လုပ်မယ်ဆိုပြီး ကိုယ့်ကိုကိုယ်ကတိပေးထားတာ ဖြစ်အောင်လုပ်နိုင်သလား။ နေ့စဥ် သင်ယူလေ့လာပြီးကိုယ့်ကိုကိုယ်တိုးတက်အောင်လုပ်နေသလား။ reason တွေပဲပေးနေသလားresult တွေရအောင်လုပ်သလား။ Phyo Paing @ Derek

လူတစ်ယောက် အလုပ်ကိုဘယ်လိုလုပ်လဲ ကြည့်ပြီး သူ့ရဲ့အနာဂတ်ကို
ခန့်မှန်းလို့ရနိုင်တယ်။
Read More »

ဒုက္ခရောက်တဲ့အချိန် ကိုယ်ကပြဿနာကို ဘယ်လို တုန့်ပြန်လဲပေါ်မူတည်ပြီး ဘဝရဲ့ trajectory တွေကွာသွားတယ်။

လူတွေကို အပြောင်းအလဲဖြစ်စေတာ ပျော်တဲ့အချိန်မဟုတ်ဘူး။ စိတ်ညစ်တဲ့အချိန်။ ဒုက္ခရောက်တဲ့အချိန် ဖြစ်တယ်။ အဲ့ဒီအချိန်မှာ ကိုယ်ကပြဿနာကိုဘယ်လို တုန့်ပြန်လဲပေါ်မူတည်ပြီးဘဝရဲ့ trajectory တွေကွာသွားတယ်။ကိုယ်ဒုက္ခလှလှတွေ့ပြီဆို ဒုက္ခကိုအရင်ရှင်းပြီး ဘဝထဲ လှလှကို ခေါ်သွားဖို့လိုတာပဲ။ Phyo Paing @ Derek

ဒုက္ခရောက်တဲ့အချိန် ကိုယ်ကပြဿနာကို ဘယ်လို တုန့်ပြန်လဲပေါ်မူတည်ပြီး ဘဝရဲ့ trajectory တွေကွာသွားတယ်။ Read More »

ဘဝမှာ သုညကပြန်စခဲ့ရလို့
အကုန်ရှုံးသွားရင်တောင် အရင်းပဲ။

သုံးတန်းပြီးတော့ ဘဝတစ်ဆစ်ချိုးတယ်။အိမ်က သစ်စက်၊ ကုန်ကား၊ ကျောက်စီးပွါးအကုန်ပျက်တယ်။မူးယစ်ဆေးဝါးရဲ့ အန္တရာယ်နားလည်သွားတယ်။ဆရာမတွေ မျက်နှာသာပေးနေရာကနေမျက်နှာမွဲဖြစ်သွားတဲ့အခါ ဘဝရဲ့ပထမ သင်ခန်းစာကိုသင်ခဲ့ရတယ်။ လေးတန်းကစပြီး အမေနဲ့သူ့မွေးရပ်မြေလိုက်သွားတယ်။ဆရာမအလုပ်ထွက်ပြီး စျေးစရောင်းတော့သားအကြီးဖြစ်တဲ့အတွက် အထုပ်တွေစျေးထဲပို့စျေးထဲမှာ စျေးရောင်းပြီးကြီးတယ်။ဒါကြောင့် မြင်းခေါင်းစွပ်ကြယ်၊ပုဆိုးတွေနဲ့ ကုန်ပစ္စည်းစျေးတော်တော်များများဘယ်နှစ်ခုနှစ် ဘယ်လောက်ပြောင်းသွားလဲစျေးတွေပါ အကုန်မှတ်မိနေတယ်။ ငယ်ကတည်းက စီးပွါးရေးကလုပ်ချင်တော့ဝေဖာမှာပါတဲ့ ပါဝါရိမ်းကျားအရုပ်တွေရောင်းတာ၊နည်းလမ်းပေါင်းစုံနဲ့ ဝယ်ရောင်းလုပ်လိုက်ကျောင်းပြေးလိုက်နဲ့ နောက်ထိန်းမရတာနဲ့ မန္တလေးအဆောင်ပို့လိုက်တယ်။ အဆောင်ပြီး ဆေးတက္ကသိုလ်တက်တော့လဲဂိုက်သင်၊ သူငယ်ချင်းနဲ့ပေါင်းတရုတ်ကပစ္စည်းတင်သွင်းနောက် website လေးတွေလုပ်ပစ္စည်းတွေရောင်းရင်း Linux tablet ကိုမြန်မာ font ထည့် အကုန်ရင်းလိုက်တော့မှန်းချက်နဲ့ နှမ်းထွက်မကိုက်ပဲ စီးပွါးရေးပညာကို စနစ်တကျလေ့လာမယ်ဆိုပြီးဖြစ်လာခဲ့တယ်။ Ofqual ABE Level 6 Diploma ကိုလေးလနဲ့ အပြတ်ဖြတ်ပြီးတော့MBA တက်ရင်း၊ MNC မှာအလုပ်လုပ်ရင်း၊ဆိုင်လဲဖွင့်ရင်း၊ part-time လဲ marketing လဲစာပြန်သင်အောက်သက်ကျေဖို့ အချိန်တစ်ခုပေးခဲ့တယ်။ အလုပ်လေးခုလောက်လုပ်တယ်။ ဘဝရဲ့

ဘဝမှာ သုညကပြန်စခဲ့ရလို့
အကုန်ရှုံးသွားရင်တောင် အရင်းပဲ။
Read More »

ကိုယ့်ဘဝ ကိုယ်နဲ့ ၁၀၀% ဆိုင်တဲ့အတွက်
ကိုယ့်ကိုကိုယ် တာဝန်ယူဖို့လိုတယ်။

ကိုယ့်ထက် အခြေနေဆိုးတွေကြားထဲဖြတ်သန်းလာတဲ့ ပလိပ်ရောဂါ၊အနူ အနာကြီးရောဂါ၊ အစုလိုက်အပြုံလိုက်ညင်းပန်း အသတ်ခံရတဲ့ concentration camp ထဲကလူတွေတောင် ပြန်ထွက်လာပြီးအတွေ့အကြုံတွေ ကမ္ဘာကြီးကိုပြန်ပြောပြနိုင်ခဲ့တယ်။ ဆောင်းအေးအေး ခေါင်းပေါ်ရေအေးစက်ချညှင်းပန်းနှိပ်စက်ခဲ့တဲ့ ဖက်စစ်တွေနဲ့နေမဝင်အင်ဘာယာတည်ဆောက်ခဲ့တဲ့အင်္ဂလိပ်တွေကို ခုခံတုန့်ပြန်ခဲ့ပြီးလွတ်လပ်ရေးရအောင် ယူခဲ့တဲ့ဗိုလ်ချုပ်သာဆိုလဲ အဲ့လိုပြောမှာပဲလို့ထင်တယ်။ Phyo Paing @ Derek

ကိုယ့်ဘဝ ကိုယ်နဲ့ ၁၀၀% ဆိုင်တဲ့အတွက်
ကိုယ့်ကိုကိုယ် တာဝန်ယူဖို့လိုတယ်။
Read More »

Positive Thinking, Negative Thinking အပြင် Opportunistic Thinking လည်းအရေးကြီးတယ်။

Professor တွေ case study လုပ်နိုင်ဖို့Entrepreneur တွေက စီးပွားရေးအသစ်တွေcreate လုပ်ကြရတယ်။ အိန္ဒိယနဲ့ တရုတ်ကို ဥပမာထားကြည့်ရင်Entrepreneurial spirit ပိုရှိတဲ့ society ကပိုတိုးတက်တာတွေ့ရလိမ့်မယ်။ ရေခွက်ထဲ ရေတစ်ဝက်ရှိတယ် မရှိဘူးအငြင်းပွားနေချိန် Entrepreneur ကရှိတဲ့ရေနဲ့ ဘာလုပ်ရမလဲ စဉ်းစားနေပြီ။ Positive Thinking, Negative Thinking အပြင်Opportunistic Thinking လည်းအရေးကြီးတယ်။ Entrepreneur တွေဟာ နေ့စဉ် အခွင့်အရေးတွေနဲ့ပတ်ပတ်လည်ဝိုင်းနေတယ်လို့ယုံကြည်တယ်။ နိုင်ငံရေးမကောင်းလို့ အဆင်မပြေဘူးဆိုနိုင်ငံရေးကောင်းတုန်းက ဘယ်လောက်အဆင်ပြေခဲ့သလဲ? နိုင်ငံရေးကောင်းမှဆို နောက်ကျကုန်ပြီဆိုတာလူတိုင်းသိတယ်။ Phyo Paing @ Derek

Positive Thinking, Negative Thinking အပြင် Opportunistic Thinking လည်းအရေးကြီးတယ်။ Read More »

လုပ်ငန်းလုပ်တယ်ဆိုတာ ပိုက်ဆံဝင်ဖို့။

လုပ်ငန်းလုပ်တယ်ဆိုတာ ပိုက်ဆံဝင်ဖို့။ ဒီပိုက်ဆံဝင်ဖို့ လူနဲ့ စနစ်ကိုအသုံးပြုရတယ်။ဒီလူနဲ့ စနစ်ကို အသုံးပြုဖို့ ငွေပြန်သုံးရတယ်။ ဒါကြောင့် ကိုယ်အသုံးပြုထားတဲ့ငွေ၊ လူနဲ့ စနစ်ဟာ ကိုယ်လိုချင်တဲ့ သတ်မှတ် ရလဒ်ဖြစ်တဲ့ လက်ရှိဝင်ငွေနဲ့ အနာဂတ်ဝင်ငွေကို ဖြစ်ပေါ်စေမလား အမြဲသုံးသပ်ပြီးသေချာ ဒီဇိုင်းချဖို့လိုတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

လုပ်ငန်းလုပ်တယ်ဆိုတာ ပိုက်ဆံဝင်ဖို့။ Read More »

ဒီနေ့ခေတ်ရဲ့ အကောင်းဆုံးလုပ်လို့ရတဲ့ အရာတစ်ခုက ကိုယ့် idea ကို ချပြ express လုပ်ပြီး Market Validation လုပ်ခြင်းပဲဖြစ်တယ်။

ဘာလို့တစ်ရက်ကို postအများကြီးတင်သလဲ? ပုံမှန် Facebook မှာတစ်ရက်Post တစ်ခုမတင်ရင်$100 အနည်းဆုံးရှုံးနေပြီ။ မှန်ပါတယ်။Friend 1000 ရှိပြီး ပုံမှန်Newsfeed မှာ မတင်ရင်အဲ့လောက်ရှုံးတယ်။ဒါ story နဲ့ page ဖွင့်တာ မပါသေးဘူး။ ဘာကြောင့်လဲဆို လုပ်ငန်းတစ်ခုအောင်မြင်ဖို့၁။ idea၂။ research၃။ business model၄။ business plan၅။ naming၆။ fundingဒီခြောက်ခုလိုသလို ဒီခြောက်ခုလုံးနေ့တိုင်း ကိုယ့်ရဲ့ status တွေကိုမဟာဗျူဟာ ကျကျတည်ဆောက်ခြင်းကလာတယ်။ ဒီနေ့ခေတ်ရဲ့ အကောင်းဆုံးလုပ်လို့ရတဲ့အရာက ကိုယ့် idea ကိုချပြ express လုပ်ပြီးMarket validation လုပ်ခြင်းပဲဖြစ်တယ်။ ကိုယ့်ရဲ့ idea တွေကိုလူတွေ ဘယ်လို response လုပ်လဲသိနိုင်သလို response လုပ်သူတွေရဲ့Profile ကိုကောင်းကောင်း လေ့လာPsychographic segmentation လုပ်လို့ရသလို product

ဒီနေ့ခေတ်ရဲ့ အကောင်းဆုံးလုပ်လို့ရတဲ့ အရာတစ်ခုက ကိုယ့် idea ကို ချပြ express လုပ်ပြီး Market Validation လုပ်ခြင်းပဲဖြစ်တယ်။ Read More »

ပတ်ဝန်းကျင်ကို မကြိုက်ရင်
ပြောင်းလို့ရတယ်။
Relationship တစ်ခုကိုမကြိုက်ရင်ပြောင်းလို့ရတယ်။
ကိုယ့်ကိုကိုယ်မကြိုက်ရင်လဲ
ပြောင်းလို့ရတယ်။

တည်ဆောက်ခဲ့သမျှ စွန့်လွတ်ရဲဖို့ဆိုတာကိုယ့်ကိုကိုယ် အဖိုးတန်အောင်တည်ဆောက်ယူထားမှ ရမှာ။ဒီနေ့လေ့လာထားသမျှကိုယ့်ကိုကိုယ် ရင်းနှီးထားသမျှကဘယ်နေရာရောက်ရောက် ကိုယ်နဲ့ပါသွားမှာ။ ဒါကြောင့် ဝါရင်ဘူဖေးကအကောင်းဆုံးရင်းနှီးမြုပ်နှံမှုကကိုယ့်ကိုကိုယ်ပဲတဲ့။ဒါက ကမ္ဘာ့ပထမ ရင်းနှီးမြုပ်နှံတဲ့ဂုရုသူကြွယ် ပြောတာနော်။ကိုယ့်ကိုကိုယ် တိုးတက်အောင်တစ်ရက်ဘယ်နှစ်နာရီ ရင်းနှီးမြုပ်နှံဖြစ်လဲ။ ပတ်ဝန်းကျင်ကို မကြိုက်ရင်ပြောင်းလို့ရတယ်။Relationship တစ်ခုကိုမကြိုက်ရင်ပြောင်းလို့ရတယ်။ကိုယ့်ကိုကိုယ်မကြိုက်ရင်လဲပြောင်းလို့ရတယ်။ အပြောင်းအလဲတစ်ခုအတွက်အချိန်ပေးပြင်ဆင်ဖို့လိုသလိုနေ့စဉ်ဖြေးဖြေးပြောင်းလဲရတာဖြစ်တဲ့အတွက် တစ်ရက်ရဲ့စွမ်းပကားကို လျော့တွက်လို့မရဘူး။ Phyo Paing @ Derek

ပတ်ဝန်းကျင်ကို မကြိုက်ရင်
ပြောင်းလို့ရတယ်။
Relationship တစ်ခုကိုမကြိုက်ရင်ပြောင်းလို့ရတယ်။
ကိုယ့်ကိုကိုယ်မကြိုက်ရင်လဲ
ပြောင်းလို့ရတယ်။
Read More »