Dr. Phyo Paing

https://yec.company

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းဆိုတာ
ကိုယ်လိုချင်တဲ့ ရလဒ်ဖြစ်ပါတယ်။

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းဆိုတာ ကိုယ်လိုချင်တဲ့ ရလဒ်ဖြစ်ပါတယ်။ မပါဘူးဆိုတဲ့နေရာမှာ Production ပိုင်းမှာ ပါဖို့မလိုတာလား? ဒါမှ မဟုတ် Purchasing အပိုင်းလား?ဒါမှ မဟုတ် Inventory control ပိုင်းမလိုတာလား?Marketing အပိုင်းလား?Sales အပိုင်းလား? Customer service အပိုင်းလား? Finance အပိုင်းလား? HR အပိုင်းလား? အစရှိတဲ့အပိုင်းတွေမှာ ကိုယ်ပါဝင်စရာမလိုဖို့အတွက်စနစ်တစ်ခု တည်ဆောက်ဖို့လိုပါတယ်။ စနစ်ဆိုတာ ကိုယ်ပါပါ မပါပါလည်ပတ်နေတာကိုဆိုလိုတာ ဖြစ်ပါတယ်။ ကိုယ့်လုပ်ငန်းအတွက် သက်ဆိုင်ရာစနစ်ရှိပြီလား? #AkyanPay

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းဆိုတာ
ကိုယ်လိုချင်တဲ့ ရလဒ်ဖြစ်ပါတယ်။
Read More »

လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအတွက် ရ ငါးလုံး

လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအတွက် ရ ငါးလုံး ၁။ ရူးသွပ် – အလုပ်အပေါ်ရူးသွပ်ရမယ်။ ရူးသွပ်မှုမပါပဲ လုပ်ငန်းကို ခေါင်းထဲမှာ အမြဲစဉ်းစားနေနိုင်ဖို့မလွယ်ဘူး။၂။ ရလဒ် – ဘာလိုချင်တာလည်း ရလဒ် clear ဖြစ်ရမယ်။ ၃။ ရိုးသား – သမာသမတ်ကျ ရိုးသားရမယ်။ ၄။ ရိုက်ခတ် – ပတ်ဝန်းကျင်မှာရိုက်ခတ်မှုရှိရမယ်။ ၅။ ရိုးရာ – ကိုယ့် identity ကိုမပျောက် တီထွင်နိုင်ရမယ်။ ကိုယ့်တန်ဖိုးထားမှု core values ကို သေချာသိထားဖို့လိုတယ်။ #AkyanPay

လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအတွက် ရ ငါးလုံး Read More »

ဘဝကို Troubleshoot လုပ်ပါ။

အသက်ကြီးလာတာနဲ့အမျှ၊သတင်းအချက်အလက်တွေရှိလာတာနဲ့အမျှ၊အတွေ့အကြုံတွေက သင်ခန်းစာယူရင်းရင့်ကျက်လာကြတယ်။ ဒီအတွေးအခေါ်၊ အသိဥာဏ်၊သတင်းအချက်အလက်၊သင်ခန်းစာတွေကဘဝပြဿနာတွေကို troubleshoot လုပ်ဖြေရှင်းတဲ့အခါ အရမ်းအသုံးဝင်လာတယ်။ မော်တော်ပီကေ မဖမ်းခံဖူးတဲ့သူအတွက်ပထမဆုံး အဖမ်းခံရရင်ကြောက်သလိုလိုဖြစ်တယ်။အသက်အရွယ်ရလာတော့ name tag ကိုကြည့်ပြီးရင်းနှီးအောင်ပြော စျေးငြိတတ်လာတယ်။အသက်ကြီးလာတော့ ဒါတွေအလုပ်ရှုပ်တယ်။လိုင်စင်ကို သွားလေရာ ဆောင်ထားဖို့သတိကပ်လိုက်လာသလိုမျိုးပေါ့။ ငယ်ငယ်က motivation ရဖို့ ရှာတယ်။နောက် motivation ကို ဖန်တီးဖို့ကြိုးစားတယ်။နောက် motivation ကို ကြာရှည်ခံပြီးမပျောက်သွားအောင် စမ်းသပ်မှုတွေလုပ်တယ်။အခုကျတော့ ကိုယ်နဲ့ တစ်သားထဲဖြစ်သွားတယ်။ အသက် ၁၀၀ မနေရလဲပြဿနာပေါင်း ၁၀၀ မက ကြုံမှာပဲ။အရေးကြီးတာ ဒီပြဿနာတွေနဲ့ ကိုယ်နဲ့သူငယ်ချင်းဖြစ်ပြီး သူတို့ကို ထိန်းချုပ်နိုင်ဖို့ပဲ။ ပြဿနာတွေကို ချစ်ပါ။Troubleshoot လုပ်ဖြေရှင်းပါ။ပြဿနာရှိတာ ကျေးဇူးတင်ပါ။သူတို့မရှိရင် ကျွန်တော်တို့တိုးတက်နိုင်ဖို့ မလွယ်ဘူး။ နယ်ပယ်တစ်ခုမှာ နေရာတစ်ခုရတဲ့သူဆိုသူအောင်မြင်တာပဲ မြင်ကြတာသူပြဿနာတွေ ဘယ်လိုဖြေရှင်းခဲ့လဲဒါကိုလေ့လာပြီး အသုံးချနိုင်ဖို့အရေးကြီးတယ်။ Phyo Paing @ Derek

ဘဝကို Troubleshoot လုပ်ပါ။ Read More »

ကိုယ့်ထက်အဆ တစ်ရာချမ်းသာတဲ့သူက
ကိုယ့်လို ပျော်နေချင်မှ ပျော်နေမှာ။

ကိုယ်လုပ်တဲ့အလုပ်မှာ စျာန်ဝင်ပြီးပျော်နေတာ ဘဝရဲ့ နိဗ္ဗာန်တစ်ခုပဲ။သူများနဲ့ နှိုင်းယှဉ်ပြီး စိတ်ဓာတ်ကျစရာမလိုဘူး။ Phyo Paing @ Derek

ကိုယ့်ထက်အဆ တစ်ရာချမ်းသာတဲ့သူက
ကိုယ့်လို ပျော်နေချင်မှ ပျော်နေမှာ။
Read More »

Relationship တစ်ခုမှာ ကျေးဇူးတင်တတ်တဲ့စိတ်မထားတတ်ရင် ရေရှည်အဆင်မပြေနိုင်ဘူး။

ကိုယ်ရှိထား၊ ပိုင်ဆိုင်ထားတာကိုကျေးဇူးတင်စိတ်နဲ့ နေထိုင်ဖြတ်သန်းနိုင်ဖို့လိုတယ်။ နောက်တစ်ခုက relationship လို့ဆိုလိုက်ရင်လူတိုင်းက ကိုယ်လိုချင်တာကိုပဲ စဉ်းစားကြတယ်။ဘယ်လိုပုံစံ၊ ဘာအရည်အချင်း၊ချမ်းသာကြွယ်ဝမှုဘယ်လို၊ငါ့အပေါ်ဘာတွေလုပ်ပေးရမယ်။Relationship ဆိုတာကိုယ်သွားယူရတဲ့အရာမဟုတ်ဘူး။လူတစ်ယောက်ကိုချစ်ရင်ပေးဆပ်ဖို့စဉ်းစားတဲ့နေရာ။ တိုနီပြောတာ သဘောကျလို့။Relationship is not a place you go and take.It’s a place you go and give တဲ့။ Phyo Paing @ Derek

Relationship တစ်ခုမှာ ကျေးဇူးတင်တတ်တဲ့စိတ်မထားတတ်ရင် ရေရှည်အဆင်မပြေနိုင်ဘူး။
Read More »

လူတွေဘာလို့ဝယ်သလဲ?

လူတိုင်းဟာ ဝယ်ယူမှုကိုကြိုက်ကြတယ်။ဒါကြောင့် အကြောင်းပြချက်တွေလိုက်ရှာကြတယ်။ ပထမအဆင့်ကတော့ ငွေပိုရှာနိုင်ဖို့၊ ငွေခြွေတာပေးဖို့၊ အချိန်ခြွေတာပေးဖို့ ပြဿနာတွေဖြေရှင်းဖို့ စိတ်ဆင်းရဲဒဏ်ကိုယ်ဆင်းရဲဒဏ် ကိုဖြေရှင်းဖို့ဝယ်ယူကြတယ်။ ဒုတိယအဆင့်က ကျန်းမာဖို့ဇိမ်ကျဖို့လူအထင်ကြီးဖို့လူချစ်လူခင်ပေါများ၊ အချစ်ခံရဖို့ ဝယ်ယူကြတယ်။ တကယ်လို့ ကိုယ်ရောင်းတဲ့ပစ္စည်းဒီထဲမှာ မပါရင်ပဲဖြစ်ဖြစ်၊ ကြော်ငြာရေးတဲ့အခါ သေချာ မရေးမိရင်ပဲ ဖြစ်ဖြစ် ရောင်းရသင့်သလောက် ရောင်းရဖို့ မလွယ်ဘူး။ Phyo Paing @ Derek

လူတွေဘာလို့ဝယ်သလဲ? Read More »

Business is a spiritual pursuit

အရှုံးအမြတ်၊ ဝင်ငွေတွေကို တခြားသူတွေနဲ့နှိုင်းယှဥ်တဲ့အခါ သာနေရင်ပျော်မယ်။ နောက်ကျနေရင် စိတ်ညစ်မယ်။ စီးပွားရေးရဲ့ ရည်ရွယ်ချက်က ကိုယ့်ရဲ့ စားဝတ်နေရေး၊ လွတ်လပ်မှု၊ တိုးတက်ရေးနဲ့ စိတ်ပျော်ရွင်မှုကို ယူဆောင်ပေးတဲ့ activities တွေဖြစ်တဲ့အတွက် တခြားသူနဲ့ နှိုင်းယှဥ်ပြီး စိတ်ညစ်နေစရာမလိုဘူး။ လူတိုင်း လုပ်ငန်းလုပ်တဲ့အခါ တိုးတက်ဖို့ ကြိုးစားအားထုတ်ရတာကြီးပဲ။ ဒီ struggle က ကိုယ့်ကို ပျော်ရွင်မှုတွေယူပေးတဲ့ struggle လေးဖြစ်ဖို့လိုတယ်။ ကိုယ်ချစ်တဲ့ လုပ်ငန်းကိုလုပ်ရင်း စားဝတ်နေရေး၊ လွတ်လပ်မှု၊ တိုးတက်ရေးနဲ့ စိတ်ပျော်ရွင်မှုတွေကို ယူဆောင်နိုင်ရင် ဘဝရဲ့ blessings ပဲ။ ဘယ်လုပ်ငန်းက ဝင်ငွေဘယ်လောက်ဝင်တဲ့အတွက် အဲ့လုပ်ငန်းကိုလုပ်ဆိုတာထက် ကိုယ့်ချစ်တဲ့ industry ရဲ့ ပြဿနာတွေကို ဖြေရှင်းပြီးတိုးတက်သွားဖို့ ပိုအရေးကြီးတယ်။ ဘယ် industry မှာမဆို အမြဲတမ်း မုန့်ဝေနေမှာမဟုတ်ဘူး။ ဒုတ်ဝေတဲ့ကာလလဲရှိမယ်။

Business is a spiritual pursuit Read More »

ဆိုင်တစ်ဆိုင်က suprise အစီအစဥ်လုပ်ပြီး လူတွေကလဲ ပျော်ပျော်ကြီး share ကြ အလုပ်ဖြစ်တာတွေတော့ တခြားဆိုင်တွေ လိုက်လုပ်ကြတယ်။

ဒါဟာ စီးပွားရေးလုပ်ရင် မဖြစ်မနေကြုံတွေ့ရမှာပဲ။ Copy လိုက်ကူးကြလိမ့်မယ်။ အရေးကြီးတာ ဒီနည်းစနစ်တွေကိုလူတွေ လိုက်ကူးလို့ရပေမယ့် လုပ်ငန်းရဲ့ မဟာဗျူဟာ၊ DNA ဖြစ်တဲ့ culture ကို copy ကူးလို့မရဘူး။ ဒါကြောင့် Strategy before tactics လို့ပညာရှိတွေက ဆိုကြတယ်။ Phyo Paing @ Derek

ဆိုင်တစ်ဆိုင်က suprise အစီအစဥ်လုပ်ပြီး လူတွေကလဲ ပျော်ပျော်ကြီး share ကြ အလုပ်ဖြစ်တာတွေတော့ တခြားဆိုင်တွေ လိုက်လုပ်ကြတယ်။ Read More »

Career Mindset

လူတွေအထင်ကြီးဖို့ အလုပ်မလုပ်ပါနဲ့။သင့်ကိုအထင်မကြီးတဲ့သူတွေကဘာလုပ်လုပ်အထင်ကြီးမှာမဟုတ်ဘူး။ကိုယ့်အိမ်မက်တွေအတွက် အလုပ်လုပ်ပါ။ Phyo Paing @ Derek

Career Mindset Read More »

လူအများစုက advertising ကို
marketing လို့ထင်တတ်ကြတယ်။

ဒီတော့ လူတွေမလိုအပ်တော့တဲ့ကိုယ်ရောင်းနေကျ ပစ္စည်းကိုထိုးရောင်းဖို့ နည်းပေါင်းစုံနဲ့ကြိုးစားကြတယ်။ လူတွေအမှန်တကယ်လိုအပ်နေတဲ့၊လိုချင်နေတဲ့ ပစ္စည်းကိုစျေးကွက်ထုတ်နိုင်တာဟာမားကတ်တင်းမှာ အရေးအကြီးဆုံးအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒါလုပ်နိုင်ရင် ခေါင်းကြီးပိုင်းရေးတာတွေ၊Boost လုပ်တာတွေ အရမ်းကြီးခေါင်းစားစရာတောင် မလိုသလောက်ပဲ။ စျေးကွက်ကို မျက်ခြေမပျက်လေ့လာပါ။​ဖောက်သည်တွေရဲ့ ပြောင်းလဲသွားတဲ့စိတ်နေသဘောထား၊ အကြိုက်တွေ၊secret desire တွေကို ဖော်ထုတ်ပါ။ဒါတွေကို ဖြည့်ဆည်းပေးဖို့ကုန်ပစ္စည်း၊ ဝန်ဆောင်မှုဘယ်လိုဖန်တီးရမလဲ စဥ်းစားပါ။ စျေးကွက်လိုအပ်ချက်လေ့လာတယ်ဆိုတာရွှေရှာသလိုပါပဲ။ကိုယ်ကသိပြီး မြန်မြန်တူးဖော်နိုင်လေလေကိုယ့်လုပ်ငန်းအတွက် အလားအလာပိုကောင်းလေလေပဲ။တချိန်တည်းသိထားရမှာကရွှေထွက်တဲ့နေရာက အမြဲပြောင်းလဲနေမှာပဲ။ ကိုယ့်လုပ်ငန်းဟာလာမည့် အပြောင်းအလဲထက်စောနေဖို့ လိုတယ်။ Phyo Paing @ Derek

လူအများစုက advertising ကို
marketing လို့ထင်တတ်ကြတယ်။
Read More »