Dr. Phyo Paing

https://yec.company

ဘယ်လိုပဲဖြစ်ဖြစ် ဘဝမှာ ရွေးချယ်စရာ
option တစ်ခုထက်ပိုရှိဖို့ လိုသလို၊
အဆိုးထဲမှာ ရှင်သန်နိုင်ဖို့လုပ်ရမယ်။
ဒူပေဒဏ်ပေခံပြီး အနာဂတ်အတွက်
ရှေ့ဆက်ရအုံးမယ်။

2019 တုန်းက 2020 ဆို ပိုကောင်းလာတော့မှာဆိုပြီး စောင့်ခဲ့ကြတယ်။ 2020 ရောက်တော့ Covid-19 ရောက်လာတယ်။ Covid-19 ပြီးရင်တော့ အလုပ်တွေပြန်ကောင်းလာမှာပါလေ စဥ်းစားပြီးစောင့်နေခဲ့တာတွေရှိနိုင်တယ်။ 2021 ရောက်တော့ Coup လာတယ်။ Feb ပြီးရင် ၃ ပတ်ထက်မကြာဘူးဆို စောင့်ခဲ့ကြတယ်။ နောက် သင်္ကြန်စာတွေမှာ သင်္ကြန်မကျော်ဘူးဆိုပြီး စောင့်ခဲကြပြန်တယ်။ ၂၀၂၂ မှာလဲ ၂၀၂၁ ထက်ပိုဆိုးနိုင်တယ်။ ပြန်တွင်းစစ်ကြီးပဲဖြစ်ခဲ့ဖြစ်ခဲ့၊ Failed state ပဲဖြစ်ဖြစ်၊ Military dictatorship ဖြစ်ဖြစ်၊ ဒါမှမဟုတ် PR ပုံစံနဲ့ဖြစ်ဖြစ်အမျိုးမျိုးဖြစ်နိုင်တယ်။ ကိုယ်ထင်ထားသလောက် မဆိုးနိုင်သလိုကိုယ်ထင်ထားတာထက်လဲပိုဆိုးနိုင်တယ်။ Phyo Paing @ Derek

ဘယ်လိုပဲဖြစ်ဖြစ် ဘဝမှာ ရွေးချယ်စရာ
option တစ်ခုထက်ပိုရှိဖို့ လိုသလို၊
အဆိုးထဲမှာ ရှင်သန်နိုင်ဖို့လုပ်ရမယ်။
ဒူပေဒဏ်ပေခံပြီး အနာဂတ်အတွက်
ရှေ့ဆက်ရအုံးမယ်။
Read More »

စိတ်ရှည်ဖို့ အရေးကြီးပေမယ့်
စောင့်ဆိုင်းရတာကိုတော့ မုန်းတယ်။

စိတ်ရှည်တယ်ဆိုတာ ကြိုးစားအားထုတ်မှုရှိပြီး ရလဒ်ကောင်းထွက် အောင်မြင်ဖို့ လုပ်ဆောင်တာဖြစ်တယ်။ စောင့်တယ်ဆိုတာ ကြိုးစားအားထုတ်မှု မလုပ်ရပဲအချိန်ကြည့် မျှော်နေရတာဖြစ်တယ်။ ဘဝမှာအောင်မြင်ဖို့ Timingအချိန်ကောင်း အရေးကြီးတယ်။အောင်မြင်တဲ့သူတွေက မှန်ကန်တဲ့အချိန်မှာ မှန်ကန်တဲ့ လုပ်ဆောင်မှုလုပ်ပြီး ထူးခြားတဲ့ ရလဒ်ရရှိသွားတာမျိုးကိုခေါ်တယ်။ ဘဝမှာ ဘယ်အကြောင်းကြောင့်ဖြစ်ဖြစ်စောင့်နေရတာမျိုးမဖြစ်ချင်ဘူး။ စောင့်နေရရင်တောင် အနာဂတ်အချိန်တွေကိုခြွေတာပေးနိုင်တဲ့ အားထုတ်မှုတစ်ခုတော့လုပ်နေရမှာပဲ။ Phyo Paing @ Derek

စိတ်ရှည်ဖို့ အရေးကြီးပေမယ့်
စောင့်ဆိုင်းရတာကိုတော့ မုန်းတယ်။
Read More »

ကျွန်တော်တို့ ထွက်ပြေးရှောင်ဖယ်လို့
မရတဲ့သူကတော့ ကိုယ့်ကိုကိုယ်ပဲ။

နေရာဒေသ၊ တခြားသူတစ်ဦးကိုမကြိုက်လို့ရှောင်ဖယ်လို့ရတယ်။ ကိုယ့်ကိုကိုယ်တော့ ရှောင်ဖယ်လို့မရဘူး။ ကိုယ့်ကိုကိုယ် လေးစားနေဖို့အချက်လေးချက်အရေးကြီးတယ်။ 4 Virtues လို့လဲခေါ်တယ်။ တရားမျှတမှု၊ သတ္တိ၊ စဥ်းစားတွေးခေါ်နိုင်မှုနဲ့ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်မှုက နှစ်ထောင်ပေါင်းများစွာကတည်းက ကျင့်သုံးခဲ့တဲ့ Stoic Philosophy ရဲ့ ထောက်တိုင်လေးခုပဲ။ Phyo Paing @ Derek

ကျွန်တော်တို့ ထွက်ပြေးရှောင်ဖယ်လို့
မရတဲ့သူကတော့ ကိုယ့်ကိုကိုယ်ပဲ။
Read More »

ရှန်သန်ခြင်းရဲ့ အဓိပ္ပာယ်က ဒုက္ခကို မတုန်မလှုပ် ဖြတ်ကျော်ခြင်းပဲ။

ဒီနေ့လို အချိန်မျိုးမှာ ဒေါသကို သောကမရောက်အောင်စိတ်ဖြေရသလို ကိုယ့်အတွက် The One Thing ကိုပြန်စဥ်းစားမိတယ်။ ငါနေ့တိုင်း မဖြစ်မနေ လုပ်နေသင့်တာဘာလဲ?ပြန်ပြန်မေးတယ်။ အနာဂတ်ကို တွေးပူနေပြီးဘေးထိုင်ပြီး ငိုင်နေလို့လဲမရဘူး။ ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်က ဒုက္ခကို မတုန်မလှုပ်ဖြတ်ကျော်ခြင်းပဲ။ လူတိုင်းရှင်သန်ဖြစ်တည်မှု အတွက် The One Thing ကတော့ရှိနေမှာပဲ။ တချို့လူတွေအတွက်က The One Thing ကိုအကောင်အထည်ဖော်နည်း ပြောင်းကောင်းပြောင်းသွားနိုင်တယ်။ နေ့တိုင်းအတွက် The One Thing ကလုပ်နေရမှာပဲ။ တချို့တွေ ဒီသုံးလအတွင်းမှာ အလုပ်မလုပ်တော့အလုပ်လုပ်တဲ့ process တွေမေ့သွားကြတယ်။ 2021 အလွန်ကိုပဲစဥ်းစားထားလိုက်တယ်။ နိုင်ငံရဲ့ ကံကြမ္မာဘယ်လောက်ဆိုးနိုင်အုံးမလဲ?သူကပဲဆိုးနိုင်မလား ကိုယ်ကပဲခံနှိုင်ရည်ရှိမလား? Phyo Paing @ Derek

ရှန်သန်ခြင်းရဲ့ အဓိပ္ပာယ်က ဒုက္ခကို မတုန်မလှုပ် ဖြတ်ကျော်ခြင်းပဲ။ Read More »

ကိုယ့်အိမ်မက်ကို တစ်ယောက်ယောက်က ရိုက်ချိုးတယ်ဆိုတဲ့ စကားကြီးတော့ မသုံးပါနဲ့။ အဲ့လိုလုပ်နိုင်တဲ့စွမ်းရည် ဘယ်သူ့မှာမှမရှိဘူး။

ဘာလိုလိုနဲ့ May 5 ရက်နေ့ရောက်လာခဲ့ပြီ။ ဒီကာလအတွင်းမှာ လူတော်တော်များများမှာ ခံစားချက်ကိုယ်စီရှိကြပြီး Social Media မှာ ထုတ်ဖော်ပြခြင်း၊ သိပ်မဖော်ပြခြင်းသာကွာကြလိမ့်မယ်။ သတင်းကောင်းကို သိပ်တဆိတ်မျှော်လင့်နေကြတာရှိသလို တချို့သူငယ်ချင်းတွေကလဲ သူတို့ယုံကြည်ရာလမ်းကြောင်းအတိုင်း ပေးဆပ်ရမှာသိလျက်နဲ့ ဆက်လျှောက်ကြတယ်။ တစ်ကိုယ်စာအနေနဲ့ကတော့ ဘဝကိုအမြဲ Zero-setting သုညက ပြန်စဖို့ အကြိမ်ကြိမ်အမြဲစဥ်းစားထားတဲ့အတွက် ဘားမှ သိပ်မဖြစ်ပေမယ့် အနာဂတ်အိမ်မက်တွေပြောင်းသွားခဲ့တယ်။ ရိုက်ချိုးခံရတယ်ဆိုတဲ့ အသုံးနှုန်းမသုံးပါဘူး။ ဘယ်သူမှလဲ ကိုယ့်ရဲ့အိမ်မက်ကို ရိုက်ချိုးလို့မရဘူး။ အားလုံးက ကိုယ်နဲ့ပဲဆိုင်တယ်။ ကျွန်တော်တို့နေထိုင်တဲ့ ပတ်ဝန်းကျင် (Environment) ဟာ နောက်ဆုံး layer မှာသာရှိတယ်။ သူ့အထက်မှာ အပြုအမူ၊ ကျွမ်းကျင်မှု၊ ယုံကြည်မှု၊ ခံယူချက်၊ ဘဝရဲ့သမိုင်းပေးတာဝန်အစရှိတာတွေရှိသေးတယ်။ တချို့တွေက ပတ်ဝန်းကျင်နဲ့ အဖြစ်အပျက်တွေကြောင့် ယုံကြည်မှုနဲ့ ခံယူချက်တွေကို ပြောင်းလိုက်ပေမယ့်၊ တချို့က ယုံကြည်မှု၊

ကိုယ့်အိမ်မက်ကို တစ်ယောက်ယောက်က ရိုက်ချိုးတယ်ဆိုတဲ့ စကားကြီးတော့ မသုံးပါနဲ့။ အဲ့လိုလုပ်နိုင်တဲ့စွမ်းရည် ဘယ်သူ့မှာမှမရှိဘူး။ Read More »

သတ္တိ

လူတွေအပြစ်ပြောတာကို ခံနိုင်ရည်ရှိတဲ့သတ္တိ။ ကိုယ်ယုံကြည်ရာကို ဆက်လုပ်ရဲတဲ့သတ္တိ။ ရည်မှန်းချက်အတွက် ဘ၀အတွက် အရေးကြီးတဲ့ အချို့အရာတွေကို စွန့်လွှတ်ရဲတဲ့သတ္တိ။ အဆင်သင့်မဖြစ်ခင် စတင်ရဲတဲ့သတ္တိ။ အဆင်သင့်ဖြစ်မှ ဘ၀ကိုနေမယ်ဆိုရင် ဘယ်တော့မှဖြစ်မှာမဟုတ်ဘူး။ အရာရာပြည့်စုံမှ အလုပ်စလုပ်မယ်ဆို လုပ်ဖြစ်မှာမဟုတ်ဘူး။ Phyo Paing @ Derek

သတ္တိ Read More »

ဘ၀ဆိုတာ တိုက်ပွဲ

တကယ်တမ်း ဘ၀ဆိုတာတိုက်ပွဲ ဆိုတဲ့စကားက မှန်တယ်။ လူတိုင်းက လူတွေမသိတဲ့ တိုက်ပွဲတွေ နေ့စဉ်၀င်နေကြရတယ်။ ဘ၀မှာ နေပျော်ချင်ရင်တော့ တိုက်ပွဲတွေကြားမှာနေတတ်ဖို့ အမှားကို သင်ခန်းစာယူ အနာဂတ်ကို ပြင်ဆင်တတ်ဖို့နဲ့ စိတ်ထားတတ်ဖို့လိုတာပဲ။

ဘ၀ဆိုတာ တိုက်ပွဲ Read More »

ဘဝမှာ တစ်ခုခုအပေါ် ယုံကြည်နေဖို့လိုတယ်။

အမှန်တရားအပေါ်ဖြစ်ကောင်းဖြစ်မယ်။အနာဂတ်ကို ဖြစ်ကောင်းဖြစ်မယ်။ Ideology တစ်ခုအပေါ်ဖြစ်ကောင်းဖြစ်မယ်။ Digital Business အပေါ်ဖြစ်ကောင်းဖြစ်မယ်။ စီးပွါးရေးသမားနဲ့ စွန့်ဦးတီထွင်ကွာခြားချက်ကIdea တစ်ခုအပေါ် ယုံကြည်မှုဖြစ်နိုင်တယ်။ စီးပွါးရေးသမားအများစုက ideology free တယ်။အခြေအနေကြည့် မြတ်ရင်လုပ်မယ်။ စွန့်ဦးတီထွင်က ခေါင်းမာတတ်တယ်။သူများမလုပ်သေးတာ သို့ idea တစ်ခုအပေါ်သက်ဝင်ယုံကြည် အကောင်အထည်ဖော်တယ်။ ဘဝမှာ တစ်ခုခုအပေါ် ယုံကြည်နေဖို့လိုတယ်။အထူးသဖြင့် အနာဂတ်အပေါ် ယုံကြည်ဖို့လိုတယ်။ Phyo Paing @ Derek

ဘဝမှာ တစ်ခုခုအပေါ် ယုံကြည်နေဖို့လိုတယ်။ Read More »

စီးပွားရေး၊ လူမှုရေး၊ အနာဂတ်ရေးရာ
အတွက် အဆုံးရှုံးခံနိုင်တဲ့ ပမာဏ
သတ်မှတ်ထားဖို့လိုတယ်။

Russian Roulette Casino ကို ဆေးကျောင်းတတိယနှစ် ကစပြီးစွဲစွဲလမ်းလမ်းဆော့ခဲ့ဖူးတယ်။ အလောင်းအစား စိတ်ပညာကိုလဲတော်တော်လေး လေ့လာခဲ့ဖူးတယ်။ ဘယ်နေရာမှာပဲ ဖြစ်ဖြစ်ကိုယ်က ကစားပွဲတစ်ခုရောက်သွားတဲ့အခါLoss aversion လို့ခေါ်တဲ့ ရှုံးသွားတာကို ပြန်ရဖို့ မဲတတ်တဲ့စိတ်ကိုအရင်ဖျောက်ရတယ်။ ဒီလို လုပ်ဖို့ ကိုယ်ရှုံးမည့် amount ကိုအရင်သတ်မှတ်ရတယ်။ ဥပမာ ကိုယ်က $1000 ပဲဆော့မယ်ဆိုဒါရှုံးရင် မဆော့တော့ဘူး။ limit လုပ်ပြီး အစကတည်းက ပျော်ဖို့ဆိုတဲ့ စိတ်နဲ့ ဆော့တာပဲဖြစ်တယ်။ Loss limitation ဆိုတဲ့ နည်းစနစ်ဟာ ဘဝတစ်သက်တာမှာ တော်တော်လေးအထောက်အကူပြုခဲ့တယ်။ တစ်ခုခုလုပ်တော့မယ်ဆို ပထမဆုံးမေးဖြစ်တာ ငါဘယ်လောက်ထိအရှုံးခံနိုင်လဲ။ ဘယ်လောက်ပမာဏကို comfortable ဖြစ်သလဲ။ ဒါသတ်မှတ်ပြီးရင်တော့ ကျန်တာ အကုန်လုံးက ရင်ခုန်စရာကြီးပဲ။ Stress နည်းသွားမယ်။ Phyo Paing @ Derek

စီးပွားရေး၊ လူမှုရေး၊ အနာဂတ်ရေးရာ
အတွက် အဆုံးရှုံးခံနိုင်တဲ့ ပမာဏ
သတ်မှတ်ထားဖို့လိုတယ်။
Read More »