Dr. Phyo Paing

https://yec.company

ကိုယ့်ကိုကိုယ် ဘယ်တော့မှ
အပြစ်မတင်ပါနဲ့။

အနာဂတ်အတွက် အဆိုးဆုံးကိုကြိုတင်ပြင်ဆင်ထားပါ။ သုညကနေပြန်စရမှာမကြောက်ပါနဲ့။ ဒီအတွက်လဲ ကြိုတင်ပြင်ဆင်ထားပါ။ ကိုယ့်ခေါင်းထဲကိုထည့်တဲ့ အတွေးအခေါ်သေချာ ဂရုစိုက်ပါ။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် ဘယ်တော့မှ
အပြစ်မတင်ပါနဲ့။
Read More »

တခါတလေ

တခါတလေ လူတိုင်းမှာ “မင်းမှန်တယ်” “ဆက်လုပ်” “ငါမင်းအနောက်မှာ” ရှိနေတယ်။ “မင်းကတော်ပြီးသားပဲ” ဒီလို ကိုယ့်ကို ယုံကြည်တတ်သူတစ်ယောက် ဘ၀တစ်ကွေ့မှာ တစ်ခေါက်တွေ့နိုင်တယ်။ ဒီလိုလူကြောင့်လဲ ကိုယ့်ဘ၀ ပြောင်းလဲသွားတတ်တယ်။ ကိုယ့်ကို အမြဲ အပြစ်တင်တတ်တဲ့ သူတွေကြောင့် ကြီးပွားတိုးတက်ဖို့ မလွယ်ဘူး။

တခါတလေ Read More »

ပိုက်ဆံအရသာနဲ့ အာဏာအရသာမတူဘူး။

အာဏာ Power က ဘိန်းလိုပဲစွဲလန်းစေတဲ့အတွက်အရသာတွေ့သွားရင် လူကိုပျက်စီးစေတတ်တဲ့အတွက်လီကွမ်းယူလက်ထက်က သူဝန်ကြီးချုပ်ဖြစ်ပေမယ့်သူ့ကလေးတွေပျက်စီးမှာစိုးလို့ ဝန်ကြီးချုပ်အိမ်ယာမှာမထားပဲသူ့မိန်းမနဲ့ကလေးတွေကို အရင်အိမ်မှာပဲထားတယ်လို့ ဖတ်ဖူးတယ်။ Social Influencer တွေကိုလေ့လာကြည့်ရင်တောင်လွန်းမိုးနိုင်တဲ့ influencing power များလာတာနဲ့အမျှစကားပြောပုံတောင် ပြောင်းလာတာ အားလုံးအသိပဲ မဟုတ်လား။ စိတ်ပညာအရ မရှိသေးတဲ့အရာကိုသာ စွန့်လွတ်ဖို့လွယ်ပေမယ့်ရှိပြီးသားအရာကို စွန့်လွတ်ဖို့ခက်တယ်လို့ဆိုတယ်။ ဒီ Power ရယူလိုမှုကြောင့် ပြဿနာမျိုးစုံနောက်ကလိုက်လာတယ်။ ဒီ Power အရသာတွေ့သွားသူက ဒါမြဲဖို့ဘာလုပ်ရလုပ်ရ ဝန်မလေးတော့ဘူး။ Phyo Paing @ Derek

ပိုက်ဆံအရသာနဲ့ အာဏာအရသာမတူဘူး။ Read More »

ကိုယ့်ရဲ့ Belief system ကို ပြန်လည်ဆန်းစစ်ဖို့။ Fact ပေါ်မူတည်ပြီး အကောင်းဆုံးရလဒ် the best outcome (consequence) ရဖို့
belief system ကို ပြန်ဆန်းစစ်ရမယ်။

ပျော်စရာရှိရင် အရမ်းမပျော်အောင်စိတ်ထိန်းသလိုစိတ်ညစ်စရာရှိရင်လဲ စိတ်အရမ်းမညစ်ကောင်းလှတဲ့သာယာတပ်မက်မှုတွေကိုတမင်တကာ ရှောင်တဲ့ ဘဝနေထိုင်နည်းကိုStoic philosophy လို့ခေါ်တယ်။ တစ်နည်းအားဖြင့် attachment အနည်းဆုံးနဲ့နေထိုင်နည်းဖြစ်ပါတယ်။ အခက်အခဲ သို့ စိန်ခေါ်မှုများတဲ့ ကာလတွေဖြစ်တဲ့ကမ္ဘာ့ကပ်ရောဂါ၊ ကမ္ဘာစစ် တွေမှာလွန်ခဲ့တဲ့နှစ်ပေါင်း ၂၃၀၀ ကျော်က အတွေးအခေါ်က အထောက်အကူအလွန်ပြုတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်ကရောမဘုရင် အင်ဘာယာMarcus Aurelius ရဲ့ ABC model Adversity, belief and consequences အရ ဥပမာ “Adversity” စစ်တပ်က အာဏာသိမ်းလိုက်တယ်။ ဒီနောက်ကွယ်မှာ “Belief” မျိုးစုံရှိမယ်။ တချို့က ငါ့အနာဂတ်သွားပြီ။ တချို့က ဒါမတရားဘူး။လူအများစုက ငါတို့ တိုင်းပြည်အတွက် အနာဂတ်အတွက် တွန်းလှန်မှရမယ်။ တချို့က ဒါ Federal democracy ဖြစ်ဖို့ ဖြစ်လာတာ။

ကိုယ့်ရဲ့ Belief system ကို ပြန်လည်ဆန်းစစ်ဖို့။ Fact ပေါ်မူတည်ပြီး အကောင်းဆုံးရလဒ် the best outcome (consequence) ရဖို့
belief system ကို ပြန်ဆန်းစစ်ရမယ်။
Read More »

ဘယ်အချိန်မှာ ဘယ်လိုပြန်ဖြစ်မယ်ဆိုတာထက် ဘာကြောင့် ငါတို့ တိုက်ပွဲဝင်နေလဲ ဆိုတာသိဖို့လိုတယ်။

ဒီလိုအချိန်မျိုးမှာ လူတိုင်း စိတ်တိုင်းမကျတာမျိုးဖြစ်တတ်ကြတယ်။ မျှော်လင့်ချက်တွေထားပြီး ဖြစ်မလာတိုင်း အားမလိုအားမရဖြစ်တတ်ကြတယ်။ မနက်ထလာတိုင်း သတင်းလေးများကောင်းမလား လိုက်ရှာကြည့်တတ်ကြတယ်။ အနာဂတ်တွေကို စဥ်းစားပြီး စိတ်ပူတတ်ကြတယ်။ ကျွန်တော်ငယ်ငယ်က နာဇီ concentration camp ထဲမှာ နှိပ်စက်ခံခဲ့ရတဲ့ စိတ်ပညာရှင် Viktor Franklr ရဲ့ Man’s search for meaning ဆိုတဲ့စာအုပ်လေးဖတ်ဖူးတယ်။ ဒီစာအုပ်ထဲမှာ အကျဥ်းသားတွေကို နှိပ်စက်ပြီးစောစောသေစေတဲ့အကြောင်းက “မျှော်လင့်ချက်” ဖြစ်တယ်လို့ဆိုတယ်။ ဥပမာ ဒီ X’mas မှာတော့ ငါတို့လွတ်တော့မယ်လို့ကြားတယ်။ မလွတ်ဘူး။ ဒီ Jan မှာတော့ ငါတို့ လွတ်တော့မယ်လို့ကြားတယ်။ မလွတ်ဘူး။ ဒီမှာ မျှော်လင့်ချက်တွေပျက်ပြီး သွေးပျက်စိတ်ဓာတ်ကျပြီး ဒီအကျဥ်းသားတွေက စောစောသေကြတယ်။ အသက်ရှင်ကျန်တဲ့ လူတွေကို လေ့လာကြည့်တော့ သူတို့မှာ မျှော်လင့်ချက်ဆိုတာထက် “ဘဝအဓိပ္ပာယ်”

ဘယ်အချိန်မှာ ဘယ်လိုပြန်ဖြစ်မယ်ဆိုတာထက် ဘာကြောင့် ငါတို့ တိုက်ပွဲဝင်နေလဲ ဆိုတာသိဖို့လိုတယ်။ Read More »

အခြေအနေပေါ်မူတည်ပြီး flexible ဖြစ်ဖို့လိုတယ်။

Trump ရွေးကောက်ပွဲနိိုင်တဲ့နေ့မှာ Jack Ma က Trump Tower ရောက်သွားပြီးUS မှာ အလုပ်အကိုင် ၁ သန်းဖန်တီးပေးမယ်ဆိုပြီးသွားကတိပေးတယ်။ Trump သမ္မတဖြစ်တော့ တရုတ်နဲ့ Trade War စတယ်။စစချင်းမှာပဲ Jack Ma က သူ့ကတိကိုဖြစ်အောင်လုပ်ဖို့ မဖြစ်နိုင်တော့ကြောင်းပြောပြီးUS က တပ်ပြန်ခေါက်တယ်။ လုပ်ငန်းရှင်တွေလဲ အတူတူပဲ။ အရင်ကထားထားတဲ့ Vision တွေက အခြေအနေပေါ်မူတည်ပြီး flexible ဖြစ်ဖို့လိုတယ်။ Phyo Paing @ Derek

အခြေအနေပေါ်မူတည်ပြီး flexible ဖြစ်ဖို့လိုတယ်။ Read More »

ရည်ရွယ်ချက်

ဆန္ဒပြတဲ့ ရည်ရွယ်ချက်က လုပ်ရပ်တစ်ခု၊ အိုင်ဒီယာတစ်ခုကိုသဘောမတူ ဆန့်ကျင်ကြောင်းဆန္ဒထုတ်ဖော်တာဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တဲ့ပြည်သူပြည်သားတွေကို ရက်စက်စွာပစ်ခတ် နှိမ်နင်းတာကိုပြည်သူတစ်ယောက်အနေနဲ့ ရှုံ့ချပါတယ်။ မတရားမှုကို မတရားကြောင်းရပ်တည်ရဲတဲ့ တစ်ဦးတစ်ယောက်ချင်းစီကိုလေးစားပါတယ်။နောင်လာမည့် မျိုးဆက်သစ်တွေကိုမဟုတ်တာကို ရေငုံပိတ်ပြီးခေါင်းငြိမ့်တဲ့ မျိုးဆက်မျိုးမဖြစ်စေရဘူး။ #MilkTeaAlliance #JusticeOfMyanmar

ရည်ရွယ်ချက် Read More »

24 February 2021

ခုဆို ၂၄ ရက်ပဲရှိသေးတယ် တချို့တွေ စိတ်ဓာတ်ကျချင်လာပြီတချို့တွေ ဒေါသတွေကြီးလာပြီတချို့တွေ အဆဲသန်လာပြီ။ ဒေါ်အောင်ဆန်းစုကြည်လို နေအိမ်အကျယ်ချုပ်နဲ့ ဆယ်စုနှစ်တစ်ခုကျော်နေရမယ်ဆို ကျွန်တော်တို့ သွေးပျက်သွားနိုင်လောက်တယ်။ Freedom from Fear ဆိုတာ စိတ်ခံစားမှု (အကြောက်တရား)ကင်းဝေးဖို့အတွက်ဆို ကိုယ်ကစိတ်ခံစားမှုရဲ့ အရှင်သခင်ဖြစ်နေဖို့ လိုတယ်။ ခေါင်းအေးအေးနဲ့ မဟာဗျူဟာချပြီးစိတ်ရှည်ရှည်နဲ့ ရည်မှန်းချက်ကိုရောက်အောင်သွားဖို့ လိုတယ်။ အရင်လိုမှုက အရေးကြီးသလိုရေရှည်အတွက် ဒူပေဒဏ်ပေခံပြီး စိတ်ရှည်ဖို့လဲ အရေးကြီးတယ်။ ကျွန်တော်တို့ တချို့အရာတွေကို တိုက်ရိုက် မလွမ်းမိုးနိုင်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ စိတ်ခံစားမှုကိုတော့တိုက်ရိုက် ၁၀၀% လွမ်းမိုးနိုင်တယ်။ Phyo Paing @ Derek

24 February 2021 Read More »

အရေးအကြီးဆုံးကတော့ စိတ်ဓာတ်ပါပဲ။

Covid-19 အပြင် ဒီရက်ပိုင်းအဖြစ်အပျက်တွေကလုပ်ငန်းရှင်အပေါင်းကို စိတ်ဓာတ်ကျစေမှာအမှန်ပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် လုပ်ငန်းရှင်ဆိုတာ သာမာန်ထက်ပိုပြီး ဒူပေဒဏ်ပေခံနိုင်ရမယ်ဆိုတာအားလုံးသိပြီးဖြစ်မှာပါ။ လုပ်ငန်းရှင်တွေအတွက် ဒီလို အချိန်အခါမျိုးမှာ ကိုယ့်လုပ်ငန်းဆက်လက်ရှင်သန်ဖို့Budgeting သေချာလုပ်ရမည့်အချိန်ဖြစ်ပါတယ်။ ကုန်ကျစရိတ်တွေ၊ အခန်းခ၊ ဝန်ထမ်းစရိတ်နဲ့မသေချာတဲ့ အနာဂတ်အတွက် အရောင်းခန့်မှန်းတွေပြုလုပ်ဖို့လိုလာပြီးကြိုတင်စီမံခန့်ခွဲမှုပြုလုပ်ရမည့်အချိန်ပါ။ လုပ်နေတဲ့စီးပွါးရေးပုံစံနဲ့ စျေးကွက်ပုံစံအများကြီးအပြောင်းအလဲရှိနိုင်တဲ့အတွက်Business Environment Analysis သေချာလုပ်ပြီးကြိုတင်စီမံသင့်တာ စီမံရမည့်အချိန်ဖြစ်ပါတယ်။ အသုံးစရိတ်နဲ့ ရှင်သန်ဖို့ ချိန်ဆရမည့်အချိန်။ ပုံမှန်အခြေအနေပြန်ရောက်ဖို့ အနည်းဆုံး ၆ လ နဲ့အထက်ကြာနိုင်ပါတယ်။ အရေးအကြီးဆုံးကတော့ စိတ်ဓာတ်ပါပဲ။စိတ်ဓာတ်မကျဖို့လိုပါတယ်။ အားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။ Phyo Paing @ Derek

အရေးအကြီးဆုံးကတော့ စိတ်ဓာတ်ပါပဲ။ Read More »

စိတ်ဓာတ်အရေးကြီးပါတယ်။

စိတ်ဓာတ်အရေးကြီးပါတယ်။ အကြည်ဓာတ်မပျက်ဖို့လိုတယ်။ စိတ်ခံစားမှုကို စီမံခန့်ခွဲနိုင်ဖို့လိုတယ်။ #Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့လုပ်ငန်းတွေ တည်ဆောက်ပါ။

စိတ်ဓာတ်အရေးကြီးပါတယ်။ Read More »