Dr. Phyo Paing

https://yec.company

အလုပ်တွေအရမ်းလုပ်နေတဲ့သူတိုင်း
stress များနေတာမဟုတ်ဘူး။

တစ်ရက်တစ်ရက် အလုပ်အကြောင်းပဲစဥ်းစားနေတွေးနေတာ လူ့ဘဝအရသာမခံစားတော့ဘူးလား။ အဲ့လိုတွေးနေတဲ့လူအများစုဟာ Flow state ဆိုတာကို မရောက်ဖူးကြဘူး။ Flow state ဆိုတာ ကိုယ်လုပ်နေတဲ့အလုပ်ကို ထမင်းမေ့ဟင်းမေ့ရောက်သွားတဲ့အချိန်ဖြစ်တယ်။ အဲ့ဒီအချိန်မှာ စစ်မှန်တဲ့ enjoyment ရတယ်။အလုပ်တွေအရမ်းလုပ်နေတဲ့သူတိုင်းstress များနေတာမဟုတ်ဘူး။ သူတို့တွေ flow state ကိုရောက်ပြီး ပျော်နေတာလဲဖြစ်နိုင်ပါတယ်။ Phyo Paing @ Derek

အလုပ်တွေအရမ်းလုပ်နေတဲ့သူတိုင်း
stress များနေတာမဟုတ်ဘူး။
Read More »

Motivation ရှိနေချင်ရင်
အလုပ်လုပ်ပါ။

ကျွန်တော်ငယ်ငယ်က စာဖတ်ဖို့motivational video တွေကြည့်ပြီးAudio program တွေနားထောင်တဲ့အချိန်တစ်ခုရှိခဲ့တယ်။ဒီ Motivational video တွေကစွဲစေတယ်။ကျောင်းအတွက် စာဖတ်တော့မယ်ဆိုတိုင်းဒီ motivational စာအုပ်တွေနဲ့အားယူနေခဲ့ရတယ်။နောက်ပိုင်းနားလည်သွားတယ်။Motivation ရှိနေဖို့ Momentum အရှိန်လိုတယ်။အရှိန်ရှိဖို့ အလုပ်လုပ်နေဖို့လိုတယ်။Motivation ရှိနေချင်ရင်အလုပ်လုပ်ပါ။ Phyo Paing @ Derek

Motivation ရှိနေချင်ရင်
အလုပ်လုပ်ပါ။
Read More »

စျေးကွက်က ဒိုင်လူကြီးပဲ။

သင့်ကုန်ပစ္စည်းဘယ်လောက်ကောင်းတယ်ပြောပြော စျေးကွက်ကလက်မခံရင်သင့်ကုန်စ္စည်း၊ ဝန်ဆောင်မှုအောင်မြင်မှာမဟုတ်ဘူး။သင့် content တွေ ဘယ်လောက်အဆင့်မြင့်တယ်ပြောပြော ဖတ်တဲ့သူတွေအကျိုးမရှိ၊ လက်မခံရင်အောင်မြင်မှာ မဟုတ်ဘူး။ ဘာပွဲမှာ ဘာဆုရရ စျေးကွက်ကလက်မခံရင်အောင်မြင်ဖို့မလွယ်ဘူး။ စျေးကွက်ဆိုတာ ဒိုင်လူကြီးပါ။ Phyo Paing @ Derek

စျေးကွက်က ဒိုင်လူကြီးပဲ။ Read More »

Content Marketing Plan တည်ဆောက်ဖို့ ကိုးဆင့်

Content Marketing စလုပ်တဲ့အခါ နှစ်ခုကို အဓိကစဥ်းစားပါတယ်။ ၁။ ကိုယ့်ရဲ့ Business/Marketing Goals နဲ့ကိုက်သလား?၂။ အချိန်နဲ့ ငွေအနည်းဆုံးနဲ့ အထိရောက်ဆုံးဖြစ်မလား? နောက်အဆင့်ကိုးဆင့်နဲ့ စဥ်းစားပါတယ်။ 1. Theme Content Marketing တည်ဆောက်တဲ့အခါ Content Theme အရင်တည်ဆောက်ပါတယ်။ ဥပမာ ကိုယ့်လုပ်ငန်းက Cosmetics တွေကို Online Shop လုပ်နေတယ်ဆိုရင် ၁။ အလှအပအတွက် ၂။ Celebrity ၃။ Knowledge Corner အစရှိတဲ့ theme တွေခွဲလိုက်လို့ရပါတယ်။ 2. Idea Theme တစ်ခုချင်းစီအတွက် Idea တွေ ပြန်ထုတ်ရပါတယ်။ ဥပမာ Beauty Theme အတွက်ဆို 1. အသားအရည်စိုပြေအောင် 2. အသားဖြူစေတဲ့လူသိနည်းလျို့ဝှက်ချက်

Content Marketing Plan တည်ဆောက်ဖို့ ကိုးဆင့် Read More »

စရိတ်နည်းနည်းနဲ့ Facebook ကြော်ငြာလုပ်ဖို့ အချက် ၈ ချက်

၁။ Video တွေတင်ပါ။ ကိုယ့် Video ကြည့်တဲ့နှုန်းမများရင် Boost လုပ်ပါ။ နောက် ဒီ Video ကို ၂၅% နဲ့အထက် ကြည့်သွားတဲ့သူတွေကို retargeting ပြန်လုပ်ပါ။ ၂။ Lead တွေကို Qualified လုပ်ပါ။ စုံစမ်းမေးမြန်းမှုတွေရောက်လာတိုင်း ဒီစုံစမ်းမေးမြန်းမှုတွေကို category ခွဲပါ။ ဥပမာ ကိုယ်က Business တွေကို service ပေးနေတဲ့သူဆို လုပ်ငန်းအခုမှ စတင်မှလား၊ လုပ်ငန်းစတင်ပြီးသားလား၊ ငါးနှစ်အထက်ရှိနေတဲ့လုပ်ငန်းလား။ နာမည်နဲ့ email ကို excel မှာမှတ် ပြီးရင် retargeting ပြန်လုပ်ပါ။ ၃။ ကိုယ့်ရဲ့ ပေါက်တဲ့ Video နဲ့ Page Like run ပါ။ တချို့အရမ်းပေါက်တဲ့ Video

စရိတ်နည်းနည်းနဲ့ Facebook ကြော်ငြာလုပ်ဖို့ အချက် ၈ ချက် Read More »

မပြိုင်ပါနဲ့ Competition Vs Creation

1. မပြိုင်ပါနဲ့ Competition Vs Creation ပြိုင်ဆိုင်မှုဟာ အစွမ်းအစတွေကို ကျစေပါတယ်။ ပြိုင်ဆိုင်မည့်အစား ကိုယ့်ဖောက်သည်တွေအတွက် အသစ်ဖန်တီးဖို့ စဉ်းစားပါ။ Benchmarking တော့လုပ်ပါ။ဥပမာSnapchat ကို Facebook နဲ့ Instagram Clone လုပ်ပေမယ့် Zenly ကိုဝယ်ပြီး online & offline interaction အတွက်လုပ်ပါတယ်။ Facebook နဲ့မတူတဲ့ Social Media အသစ် Pinterest နဲ့ သူ့ရဲ့ Revenue Generation Model ဟာ ဥပမာတစ်ခုဖြစ်ပါတယ်။ Apple ကို Steve Jobs ပြန်ရောက်လာတဲ့အခါ ပြိုင်ဆိုင်မှုအစား အသစ်တွေဖြစ်တဲ့ iTunes, iPod, iPhone, App Store, iPad ကိုအစီအရီဖန်တီးသွားပါတယ်။ 2.

မပြိုင်ပါနဲ့ Competition Vs Creation Read More »

Peak State and Passion = Motivation

Motivation အမြဲရှိနေချင်ရင် Peak State နဲ့ ကိုယ်ဝါသနာပါတဲ့ Passion ကို လုပ်နေဖို့လိုတယ်။ Peak State ကို ကျွန်တော်က ABCDEF နဲ့ အတိုချုပ်ထားတယ်။Active, Brave, Confident, DaringEnergized and Focused ဖြစ်နေတဲ့ စိတ်ခံစားမှုအခြေအနေကို ခေါ်တာပါ။ တစ်ရက်တစ်ရက် ABCDEF နဲ့ ကိုယ်ဝါသနာပါတဲ့ Passion ကို လုပ်နေရင် Motivation ဆိုတာ ပြေးရှာနေစရာမလိုပါဘူး။ Phyo Paing @ Derek

Peak State and Passion = Motivation Read More »

တစ်ရက် post သုံးခု

Social media မှာ ကိုယ့်လုပ်ငန်းအတွက်ကောင်းဆုံးတင်သင့်တဲ့ post အရေအတွက်ကတော့တစ်ရက်သုံးခုပဲဖြစ်ပါတယ်လို့ဆိုကြတယ်။ Social media ဟာ မြေလိုပဲ နေရာ estate ကအကန့်အသတ်ရှိတယ်။ အဲ့တော့ လူတိုင်းတင်သမျှ post တွေက လူတွေမျက်စိရှေ့ရောက်ဖို့ ပြိုင်နေရတယ်။ နောက်တစ်ခုက ကြော်ငြာတဲ့သူတွေများလာတာနဲ့အမျှ content တွေကြားမှာ Attention ရဖို့ ပိုပြိုင်လာရတယ်။ ရိုးရိုး post လေးခုပြီးတိုင်းမှာ sponsor postတစ်ခုလာတဲ့ 4:1 နဲ့ Facebook မှာသွားတယ်။ ဒီသဘောတရာရအတိုင်းပဲ content က တစ်ရက်သုံးခုလောက်တင်တဲ့ quantity game တစ်ခုဖြစ်လာတယ်။ Social media မှာ နေရာရချင်ရင်ဒီ Social media ကို အစာကျွေးရတဲ့သဘောပဲ။ နောက်တစ်ခုက ကိုယ်က ကိုယ့်လုပ်ငန်းအတွက်တစ်ရက် post သုံးခုတောင်

တစ်ရက် post သုံးခု Read More »

ဘယ်လောက်လက်ထဲမှာရှိတယ် ဘာစီးပွားရေး လုပ်ရမလဲ?

ရင်းနှီးမြုပ်နှံမှုထဲမှာ အကျိုးအမြတ်အများဆုံးကတော့ စီးပွားရေးဖြစ်သလို၊ risk အများဆုံးကလဲ စီးပွားရေးလုပ်ငန်းဖြစ်တယ်။ Business 101 အရ လုပ်ငန်းဆိုတာ Problem တစ်ခုကို ဖြေရှင်းဖို့ဖြစ်လာတာဖြစ်တယ်။ ပြဿနာမရှိရင် စီးပွားရေးလုပ်ငန်းလဲမရှိဘူး။ ဒါကြောင့် ပထမ စဥ်းစားရမှာ ကိုယ်က ဘာပြဿနာကို ဖြေရှင်းမလဲ? ဒီပြဿနာကို ကြုံတွေ့နေတဲ့သူတွေ ဘယ်လိုဖြေရှင်းနေလဲ? အဆင်ပြေကြလား? ကိုယ်က လက်ရှိထက်ပို ကောင်းအောင် ဘယ်လို ဖြေရှင်းပေးလို့ရနိုင်မလဲ? ကုန်ပစ္စည်းနဲ့လား? ဝန်ဆောင်မှုနဲ့လား? ဒီပြဿနာအတွက် လူတွေငွေဘယ်လောက်သုံးကြမလဲ? စုစုပေါင်းစျေးကွက်ဘယ်လောက်ရှိသလဲ? ဘယ်စျေးကွက်လေးကနေစမလဲ? ဒီမေးခွန်းတွေပေါ်မူတည်ပြီး Product/Service development ကိုစတင်ရင်း လုပ်ငန်းဆိုတာဖြစ်လာတာပါ။ ဘာလုပ်ငန်းလုပ်ရမလဲ စဥ်းစားမည့်အစား၊ ဘယ်သူပြဿနာကို အကောင်းဆုံးဖြေရှင်းမလဲ စဥ်းစားကြည့်ပါ။ Phyo Paing @ Derek

ဘယ်လောက်လက်ထဲမှာရှိတယ် ဘာစီးပွားရေး လုပ်ရမလဲ? Read More »

ကြော်ငြာတစ်ခု ဘယ်လိုရေးမလဲ?

ကြော်ငြာတစ်ခုရေးတဲ့အခါ အကြမ်းဖျင်း ခြောက်ပိုင်းရှိပါတယ်။ ၁။ ခေါင်းကြီးပိုင်း Headline၂။ နိဒါန်း Introduction ၃။ စာကိုယ် Body၄။ အကူးအပေါင်း Transition၅။ အရောင်း Call to Action ၆။ ရုပ်ထွက် Visual ဒီခြောက်ခုထဲမှာ အရေးအကြီးဆုံးကတော့ ရုပ်ထွက် Visual ဖြစ်ပါတယ်။ ၆၀% အရေးပါပါတယ်။ သုတေသနတွေအရ ကလေးပုံပါရင် လူတွေသတိပိုပြုမိတာ၊ reaction ပုံတွေပါရင် click ပိုနှိပ်တယ်လို့ဆိုကြပါတယ်။ ဒုတိယကတော့ ခေါင်းကြီးပိုင်းပါ။ ခေါင်းကြီးပိုင်းရေးနည်းတွေ အများကြီးရှိပါတယ်။ အလွယ်ကူဆုံးပြောရရင် BWO ပါ။ Benefit without obstracles လို့ခေါ်ပါတယ်။ ဥပမာ Diet Plan ကြော်ငြာတစ်ခုအနေနဲ့ “လေ့ကျင့်ခန်းမလုပ်ပဲ ဝိတ်ကျချင်ပါသလား။” ဒါမျိုးသုံးလို့ရပါတယ်။ ဝိတ်ကျတာက = Benefit,

ကြော်ငြာတစ်ခု ဘယ်လိုရေးမလဲ? Read More »