Dr. Phyo Paing

https://yec.company

ဘဝကို ကျေးဇူးတင်တဲ့စိတ်ထားဖို့
ဆုံးဖြတ်ချက်ချခဲ့တယ်။

ဆေးရုံမှာ အသက်ရှူမဝအသက်ငင်နေရတဲ့လူနာတွေ အများကြီးကိုပြုစုပေးခဲ့ဖူးတယ်။ဒါကြောင့် ကိုယ်အသက်ကိုဝဝလင်လင် ရှူနေနိုင်တိုင်းဘဝကို ကျေးဇူးတင်တဲ့စိတ်ထားဖို့ဆုံးဖြတ်ချက်ချခဲ့တယ်။ ဘဝမှာ ကင်ဆာနောက်ဆုံးအဆင့်နဲ့ဘဝနေဝင်ချိန်ကို ပင်ပင်ပန်းပန်းစောင့်နေတဲ့ လူနာတွေကိုပြုစုပေးခဲ့ဖူးတယ်။ကျန်းကျန်းမာမာ အသက်ရှင်နေတဲ့နေ့ရက်တိုင်းကို ကျေးဇူးတင်စိတ်နဲ့တန်ဖိုးထားဖို့ ဆုံးဖြတ်ခဲ့တယ်။ ဘဝမှာ လမ်းလျှောက်လို့မရတော့တာ၊မျက်စိမမြင်ကွယ်သွားတာဒီလို အဖြစ်အပျက်ပေါင်းများစွာလူနာတွေကိုတွေ့ရှိကြုံကြိုက်ဖူးခဲ့တယ်။ ကိုယ့်ဘဝရဲ့ ရှင်သန်မှုတိုင်းကိုတန်ဖိုးထားဖို့နဲ့ အသုံးဝင် တန်ဖိုးရှိတဲ့သူတစ်ယောက်ဖြစ်ဖို့ဆုံးဖြတ်ခဲ့တယ်။ အသက်ရှင်တိုင်းပညာရေးနဲ့နည်းပညာသုံးပြီးဘဝတွေ ပိုကောင်းအောင်လုပ်ပေးဖို့သံဓိဠာန်ချထားတယ်။ Phyo Paing @ Derek

ဘဝကို ကျေးဇူးတင်တဲ့စိတ်ထားဖို့
ဆုံးဖြတ်ချက်ချခဲ့တယ်။
Read More Âť

၂၀၊ ၃၀၊ ၄၀ ဆိုတာ
အရွယ်ကောင်းပဲ။

တကယ်တမ်း အသက် ၂၀၊ ၃၀၊ ၄၀ ဆိုတာအရွယ်ကောင်းပဲ။ စွမ်းအင်တွေ အပြည့်ရှိသေးတယ်။တွေးနိုင်စွမ်း၊ ကြံနိုင်စွမ်းတွေ၊ အားအင်တွေ အပြည့်ရှိသေးတယ်။ နိုင်ငံခြားမှာဆို ၆၀၊ ၇၀၊ ၈၀ တောင် ကြမ်းနေတုန်း။ ဒါက ခြင်္သေ့ပျိုလေးဖြစ်ပြီးအပျင်းထူနေရင်တော့ ခွေးအတွေ ဝိုင်းကိုက်တာ ခံရနိုင်တယ်။ Phyo Paing @ Derek

၂၀၊ ၃၀၊ ၄၀ ဆိုတာ
အရွယ်ကောင်းပဲ။
Read More Âť

ပိုပိုပြီးကောင်းတာတွေရလာတယ်။

ဘဝမှာ လိုချင်ပြီးမရခဲ့တဲ့အရာတွေကြောင့်ပိုပိုပြီးကောင်းတာတွေရလာတယ်။တခါတလေ လောက ကကိုယ်လိုချင်တာထက်ကောင်းတဲ့အရာတွေပေးတတ်တယ်။ Phyo Paing @ Derek

ပိုပိုပြီးကောင်းတာတွေရလာတယ်။ Read More »

အချိန်က သိမ်းထားလို့မရဘူး။
ပြောင်းလို့ပဲရတယ်။

အချိန်ဖြုန်းနေတဲ့သူအများစုကအမြဲငယ်နေမယ်ထင်တတ်ကြတယ်။အမြဲတမ်း ကျန်းမာနေမယ်ထင်တတ်တယ်။အမြဲတမ်းအချိန်ရှိနေမယ်ထင်တတ်ကြတယ်။ အချိန်က သိမ်းထားလို့မရဘူး။ပြောင်းလို့ပဲရတယ်။ ဘယ်တန်ဖိုးရှိတဲ့အရာအနေနဲ့ပြောင်းမလဲ။ Phyo Paing @ Derek

အချိန်က သိမ်းထားလို့မရဘူး။
ပြောင်းလို့ပဲရတယ်။
Read More Âť

အရာရာကို ပြောင်းလဲပေးစေနိုင်တယ်။

သတင်းအချက်အလက်တွေသိပ်များတဲ့ခေတ်မှာ ဘယ်အရာက အဓိက၊ဘယ်အရာက သာမညခွဲသိခြင်းက “ပညာ”ပဲ။ ဖြုန်းတီးခြင်းဆိုတာအဓိကကို သာမညလုပ်၊သာမညကို အဓိကလုပ်ပြီးအရေးမပါတာကို အရာပေးခြင်းပဲ။ ဘဝမှာ အရေးပါတာတွေကိုအရာပေးနိုင်ဖို့လိုတယ်။ ဒီအတွက် မှန်ကန်တဲ့ “အိုင်ဒီယာတစ်ခု”၊“အမြင်တစ်ခု” က အရာရာကို ပြောင်းလဲပေးစေနိုင်တယ်။ Phyo Paing @ Derek

အရာရာကို ပြောင်းလဲပေးစေနိုင်တယ်။ Read More »

အချိန်မဖြုန်းနဲ့ သုံး။

ရည်ရွယ်ချက်ရှိရှိအလုပ်လုပ်တာကအချိန်သုံးတာ။ ရည်ရွယ်ချက်မရှိထွေပြားဝေဝါးပြီးအလဟသ အချိန်ကုန်အရေးမပါတာတွေအရာပေးနေတာအချိန်ဖြုန်းတာ။ ကိုယ့်ကိုယ်ကို ချစ်ရင်အချိန်မဖြုန်းနဲ့။ အချိန်ကို သုံး။ Phyo Paing @ Derek

အချိန်မဖြုန်းနဲ့ သုံး။ Read More »

ပညာတတ် Educated

ပညာတတ် မတတ်ထက် ဒီအချက်က ပိုအရေးကြီးတယ်။ ပုံမှန် ပညာတတ်ဆိုတာ ၁။ တွေးခေါ်ဆင်ခြင်မှု – ပညာတတ်သူများကပြဿနာများကို ပိုမိုစနစ်ကျစွာ ဖြေရှင်းတတ်တယ်။အကြောင်းအရာများကို ပိုမိုနက်နဲစွာ ဆန်းစစ်နိုင်ကြတယ်။ ၂။ ဆက်သွယ်ပြောဆိုမှု – စကားပြောဆိုခြင်း၊ စာရေးသားခြင်းတို့တွင် ပိုမိုကျွမ်းကျင်ပြီး၊ ရှုပ်ထွေးသောအကြောင်းအရာများကို ရှင်းလင်းစွာ ရှင်းပြနိုင်ကြတယ်။ ၃။ အထူးပြုဗဟုသုတ – မိမိလေ့လာထားသော နယ်ပယ်များတွင် နက်နဲသောဗဟုသုတများ ပိုင်ဆိုင်ကြတယ်။ ၄။ လိုက်လျောညီထွေနေထိုင်နိုင်မှု – အပြောင်းအလဲများကို လျင်မြန်စွာ လိုက်လျောညီထွေ နေထိုင်နိုင်ပြီး၊ အသစ်အဆန်းများကို ပိုမိုလွယ်ကူစွာ သင်ယူနိုင်ကြတယ်။ ၅။ ကမ္ဘာ့အမြင် – ကမ္ဘာ့အရေးကိစ္စများကို ပိုမိုကျယ်ပြန့်သော ရှုထောင့်မှ နားလည်သဘောပေါက်ကြတယ်။ ၆။ သတင်းအချက်အလက် ကိုင်တွယ်မှု – သတင်းအချက်အလက်များကို ထိရောက်စွာ ရှာဖွေ၊ စိစစ်၊

ပညာတတ် Educated Read More »

ကိုယ့်ကိုယ်ကို တိုးတက်အောင်

ရင်းနှီးမြုပ်နှံလိုက်လို့ နောင်တရတာ မရှိသေးဘူး။ Phyo Paing @ Derek

ကိုယ့်ကိုယ်ကို တိုးတက်အောင် Read More »

ဘဝမှာ အခက်အခဲဆုံးတစ်ခုက

“ကိုယ့်ကိုကိုယ် နားလည်ဖို့”ပဲ။ ဘဝမှာ ကိုယ့်ကိုကိုယ်သေချာနားမလည်ခဲ့တော့အမှားတွေ အများကြီးလုပ်ခဲ့တယ်။ ကိုယ့်ကိုကိုယ် ခိုင်းလို့မရဘူး။လိုချင်တာရအောင် ဒီ စိတ်၊ ခန္ဓာ၊ အသိဥာဏ်နဲ့ စွမ်းအားတွေကို အကောင်းဆုံးအသုံးမချနိုင်ခဲ့ဘူး။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါတော်တော် အခက်အခဲတွေ့တယ်။ ကိုယ့်ကိုကိုယ် နားမလည်တော့လူတွေကို နားလည်အောင်ကြိုးစားဖို့ခက်တယ်။နားလည်ရခက်တယ်။ ဘဝရဲ့ အချိန် အများစုက“ကိုယ့်ကိုကိုယ်နားမလည်လို့”တိုင်ပတ်ခဲ့တာများတယ်။ မသေခင် တစ်သက်လုံးအတူနေရမည့် စိတ်နဲ့ ခန္ဓာကို စီမံခန့်ခွဲနိုင်ဖို့ကိုယ့်ကိုကိုယ် နားလည်ဖို့ကြိုးစားရတယ်။ ဖြစ်ချင်တော့ ကိုယ်လေးစားသူတွေကလဲအများနဲ့မတူဘူး။ ငယ်ဘဝဖြတ်သန်းမှုကလဲမတူဘူး။ ရင်ခုန်စေတဲ့အရာတွေက အများနဲ့မတူဘူး။ကိုယ့်အတွေးတွေက အများနဲ့ မတူဘူးဖြစ်နေတယ်။ ကိုယ့်ကိုကိုယ် နားလည်စပြုလာတော့ခိုင်းတတ်လာတယ်။လိုချင်တာရအောင် ကြံစည်နိုင်လာတယ်။ လူတွေ အများစုဖြစ်တဲ့ပြဿနာကကိုယ့်ကိုကိုယ် နားမလည်တာကစတယ်။ ကိုယ့်ကိုကိုယ်နားမလည်တဲ့အခါကိုယ့်အစွမ်းအစကို အကောင်းဆုံးအသုံးမချနိုင်ဘူး။ ဒီတော့ လောကမှာ နေ မပျော်ဘူး။ စားဝတ်နေရေး၊ အချစ်ရေး၊စီးပွားအလုပ်အကိုင်၊အပေါင်းအသင်း၊အတွေးအခေါ်ပိုင်းမှာ တိုးတက်မှုမရှိတဲ့အခါ မပျော်ကြဘူး။ဘာကြောင့်လဲဆိုတော့ပျော်ရွင်မှုဆိုတာ တိုးတက်မှုကလာတယ်။ ဒါက အရာရာကိုပြောင်းလဲဖို့ကြိုးစားတာထက်ကိုယ့်ကိုကိုယ် ပြောင်းလဲနိုင်ဖို့အဓိက

ဘဝမှာ အခက်အခဲဆုံးတစ်ခုက Read More »

နေသလို ဖြစ်တဲ့ဘဝမှာ
ဖြစ်သလိုမနေနဲ့။

ရည်မှန်းချက်ပန်းတိုင်ချ။ ကိုယ့်ကိုကိုယ် လျော့မတွက်နဲ့။ သေချာ ကြံစည်။ အမြဲမပြတ်လေ့လာ။ အကောင်အထည်ဖော်မှုသေသပ်။အမှားတွေက သင်ခန်းစာယူ။ ရှေ့ဆက်။ ဘဝက ခဏလေးပဲ။ အချိန်တွေ ပြန်မရနိုင်ဘူး။ နေသလို ဖြစ်တဲ့ဘဝမှာဖြစ်သလိုမနေနဲ့။ Phyo Paing @ Derek

နေသလို ဖြစ်တဲ့ဘဝမှာ
ဖြစ်သလိုမနေနဲ့။
Read More Âť