Future

လူတစ်ယောက်ကို စဉ်းစားနေတဲ့အချိန်သူ့ဆီက ဖုန်းဝင်လာတာမျိုး

ဒီလိုကြုံဖူးလား။လူတစ်ယောက်ကို စဉ်းစားနေတဲ့အချိန်သူ့ဆီက ဖုန်းဝင်လာတာမျိုး။စိတ်ထဲမှာ ဒါလေးဖြစ်တော့မလားမသိဘူးဆိုတဲ့အချိန်ဖြစ်သွားတာမျိုး။တစ်ခုခုစဉ်းစားနေတုန်းဒီအကြောင်းကို သူငယ်ချင်းကပြောလိုက်သလိုမျိုး။ကိုယ့်အတွက် ယူနီဗာ့ကလမ်းခင်းပေးထားသလိုမျိုးအချက်တွေပြတတ်တယ်။ဒါကို synchronicity လို့ခေါ်ပြီးစိတ်ပညာရှင် Carl Jung က နာမည်ပေးခဲ့တယ်။ ဒီခံစားမှုမျိုးကို တချို့ကspiritual experience လို့ဆိုတယ်။မနက်ခေါင်းထဲပေါ်လာတဲ့အရာကညနေမှာ ဖြစ်လာသလိုမျိုး။ဘာလုပ်ရမယ်ဆိုတာ အိမ်မက်ပေးသလိုမျိုး။ ဒီလို အတွေ့အကြုံမျိုးခံစားဖူးလား။ (P.S တချို့က ဒါကိုConfirmation bias လို့ခေါ်ပြီးတချို့က apopheniaဘက်လိုက်တွေးလို့ခေါ်တယ်။) Phyo Paing @ Derek

လူတစ်ယောက်ကို စဉ်းစားနေတဲ့အချိန်သူ့ဆီက ဖုန်းဝင်လာတာမျိုး Read More »

အဆိုးဆုံးအရာတွေကအကောင်းဆုံးအရာတွေ ဖြစ်နိုင်တယ်

အဆိုးဆုံးအရာတွေကအကောင်းဆုံးအရာတွေ ဖြစ်နိုင်တယ်။ 1665-1666 ပလိပ်ရောဂါဖြစ်တော့အိမ်တွင်းမဖြစ်မနေအောင်းရတယ်။နယူတန်ရဲ့ သိပ္ပံတွေ့ရှိချက်တွေဖြစ်တဲ့ကဲကုလတ်နဲ့ ကမ္ဘာ့စွဲငင်အားဟာအဲ့နှစ်အတွင်းမှာ ဖြစ်လာခဲ့တယ်။ 1929 နှောင်းပိုင်းမှာကမ္ဘာ့စီးပွါးရေးပျက်ကပ်ဖြစ်တယ်။ရှင်သန်ဖို့အတွက် နည်းလမ်းရှာရင်းတီထွင်ဆန်းသစ်မှုသစ်တွေနဲ့ဒစ်စနီ နဲ့ HP ကုမ္ပဏီဖြစ်လာတယ်။ 1965 မှာ မလေးကနေစလုံးကို ဖယ်ထုတ်လိုက်တယ်။သောက်သုံးရေရှားပါး၊ရှင်သန်ဖို့ခက်ခဲနေတဲ့ ကျွန်းနိုင်ငံကနေကိုယ်တိုင်ရပ်တည်လို့ရတဲ့ နိုင်ငံဖြစ်လာတယ်။ တခါတလေ အဆိုးဆုံးတွေကလဲအကောင်းဆုံးဖြစ်နိုင်တယ်လို့စိတ်ညစ်မယ်ကြံတိုင်း စဉ်းစားမိတယ်။ Phyo Paing @ Derek

အဆိုးဆုံးအရာတွေကအကောင်းဆုံးအရာတွေ ဖြစ်နိုင်တယ် Read More »

ရုံးပိတ်ရက်ရောက်ရင်ပျော်လိုက်မယ်

ပျော်ရွင်မှုကို အနာဂတ်မှာမရှာနဲ့။ငါတခြား အလုပ်လုပ်ရင်၊တခြားနိုင်ငံရောက်ရင်၊ရုံးပိတ်ရက်ရောက်ရင်ပျော်လိုက်မယ်။ ပျော်ရွင်မှုက အဲ့လိုမလုပ်ဘူး။​ ကြည်နူးမှုရချင်ရင်ဖြစ်ခဲ့တဲ့ အတိတ်မှတ်ဥာဏ်တွေကိုခဏခဏ တူးဆွခံစား။ပျော်ရွင်မှုရချင်ရင်ပစ္စုပ္ပာန်မှာ ကိုယ့်ရဲ့နှာသီးဖျားကဝင်လေထွက်လေကို သတိလေးကပ်ကြည့်။လုပ်နေတဲ့အလုပ်တွေကို သတိလေးကပ်ကြည့်။ငြိမ်းချမ်းမှု၊ ပျော်ရွင်မှုကိုတွေ့လိမ့်မယ်။ရင်ခုန်ချင်ရင် အနာဂတ်ရဲ့အိမ်မက်တွေကို စဥ်းစားကြည့်။ လက်ရှိနဲ့ အနာဂတ်နှိုင်းယှဥ်ရင်စိတ်ညစ်မှုကိုပဲရမယ်။ကိုယ်အကောင်းဆုံး ဖြစ်သင့်တာနဲ့ဖြစ်နေတာနဲ့ကို နှိုင်းယှဥ်ပြီးကိုယ့်ကိုယ်ကိုယ် မပြစ်မတင်နဲ့။အဆိုးဆုံးဖြစ်နိုင်တာနဲ့လက်ရှိကိုယ်လုပ်ခဲ့တာနဲ့ကိုနှိုင်းယှဥ်ကြည့်။မဆိုးဘူးဆို ဒါ အိုကေပြီ။ Phyo Paing @ Derek

ရုံးပိတ်ရက်ရောက်ရင်ပျော်လိုက်မယ် Read More »

ပျော်ပျော်နေချင်ရင်

ပျော်ပျော်နေချင်ရင်လူတွေရဲ့ အထင်အမြင်ကို သိပ်ဂရုစိုက်ပြီးခံစားမနေနဲ့။လောကကြီး ကိုယ်ဖြစ်စေချင်သလိုမဖြစ်တဲ့ အတွက် စိတ်မညစ်နဲ့။သူ့မှာ ပိုကောင်းတဲ့ ပလန်ရှိနိုင်တယ်။အရာရာပိုကောင်းဖို့ ဖြစ်လာတာလဲဖြစ်နိုင်တာပဲ။ Phyo Paing @ Derek

ပျော်ပျော်နေချင်ရင် Read More »

စိတ်ဓာတ်တွေ အောက်ဆုံးရောက်လဲကိုယ့်ကိုယ်ကိုယ် ပြန်သတိပေး

စိတ်ဓာတ်တွေ အောက်ဆုံးရောက်လဲကိုယ့်ကိုယ်ကိုယ် ပြန်သတိပေး။အပြစ်မတင်နဲ့။အဖြေရှာလို့။လောကဓံကြောင့် ပြိုလဲချင်ပြိုလဲလိုက်။သန်မာချင် သန်မာလိုက်။ကိုယ်ကြိုက်တာ ကိုယ့်ရွေးချယ်မှုပဲ။ ၁။ စကားပြောဖော်အချင်းချင်းအားပေးတိုင်ပင်စရာ အသိုင်းအဝိုင်းလိုတယ်။ ၂။ ကြောက်စိတ်တွေပေါ်တိုင်းငါ့ဒိန်ခဲ ဘယ်သူရွေ့လိုက်သလဲWho moved my cheese? ပုံပြင်ပေးသတိရ။(မသိသေးရင်လဲ YouTube မှာVideo လေးတင်ထားပေးပါတယ်။) ၃။ အမြဲတမ်း အရေးပေါ်သုံးဖို့Emergency fund ကိုကျပ်ငွေနဲ့ မဟုတ်ပဲတခြားပိုင်ဆိုင်မှုတစ်ခုနဲ့ ဆောင်ထား။ Phyo Paing @ Derek

စိတ်ဓာတ်တွေ အောက်ဆုံးရောက်လဲကိုယ့်ကိုယ်ကိုယ် ပြန်သတိပေး Read More »

ဒီနေ့ခေတ်လူတွေက စာဖတ်ဖို့အချိန်မရှိကြဘူး။

အားလုံးသိတဲ့အတိုင်းပဲဒီနေ့ခေတ်လူတွေက စာဖတ်ဖို့အချိန်မရှိကြဘူး။Book ကို သိပ်မဖတ်ပဲFacebook ကို ပဲ ဖတ်ကြတာများတယ်။နောက်ပြီး Facebook ရဲ့သတင်းအချက်အလက်အများစုကကိုယ့်အတွက် အထောက်အကူပြုတာရှိသလိုမပြုတာများတယ်။ ကျွန်တော် လုပ်ဆောင်နေတာကတော့အနည်းဆုံးတော့ ကိုယ့်အတွက် အကျိုးရှိစေတဲ့အိုင်ဒီယာလေး တစ်ခု လေ့လာလို့ရဖို့ဖြစ်ပါတယ်။ ပညာရေးနဲ့ နည်းပညာအသုံးပြုပြီးပညာကို တန်ဖိုးထားတဲ့သူတွေကိုကူညီပေးဖို့က သမိုင်းပေးတာဝန်ဖြစ်တဲ့အတွက်အခြေနေပေးသမျှ လုပ်နေမှာပဲ။ Phyo Paing @ Derek

ဒီနေ့ခေတ်လူတွေက စာဖတ်ဖို့အချိန်မရှိကြဘူး။ Read More »

အရှုံးကို ကန့်သတ်၊သင်ခန်းစာယူဖို့ လုပ်လို့ရတယ်

လူတိုင်းမှာ ကံညံ့တဲ့အချိန်ဆိုတာရှိတတ်တယ်။ဘာလုပ်လုပ် အဆင်မပြေ။တိုင်တစ်ခုပြီး တစ်ခုပတ်။ဒါက ဘဝမှာ မှတ်တိုင်စိုက်တဲ့အချိန်ဖြစ်တတ်တယ်။ဘာမှ မလုပ်ပဲ ရပ်နေလို့ရတယ်။ဒါကလဲ မမှားဘူး။အရှုံးကို ကန့်သတ်၊သင်ခန်းစာယူဖို့ လုပ်လို့ရတယ်။ဒီက အတွေ့အကြုံကကံပြန်ကောင်းရင် ကြီးကြီးကောင်းနိုင်တယ်။ကမ္ဘာ၊ မြန်မာမှာကြည့်ရင် သာဓကတွေအများကြီးပဲ။ Phyo Paing @ Derek

အရှုံးကို ကန့်သတ်၊သင်ခန်းစာယူဖို့ လုပ်လို့ရတယ် Read More »

နေသလို ဖြစ်တဲ့ဘဝမှာဖြစ်သလိုနေတာ အချိန်တစ်ခုထိပဲကောင်းတယ်

အာဖရိက ချမ်းသာတဲ့လယ်သမား အလီလိုပဲ။အာဖရိက စိန်တွင်းတွေအကြောင်းကြားပြီးရင်ခုန်လွန်းလို့ မအိပ်နိုင် မစားနိုင်အိမ်ကို ရောင်းပြီး စိန်သွားတူးတယ်။ သူ့အိမ်ဝယ်လိုက်တဲ့သူကတနေ့ မထင်မှတ်ပဲလက်လက်လက်လက်တွေတွေ့တော့မြေတူးကြည့်တယ်။အိမ်အောက်မှာစိန်တွင်းကြီးတွေ့တယ်။ ဘဝမှာလဲ အလားတူပဲတခြားသူတွေရဲ့ ပုံပြင်တွေကြားမှာမျောနေပြီးကိုယ့်ရဲ့ အစွမ်းအစတွေကိုတူးဖော်ထုတ်ယူဖို့ မေ့နေတတ်တယ်။ နေသလို ဖြစ်တဲ့ဘဝမှာဖြစ်သလိုနေတာ အချိန်တစ်ခုထိပဲကောင်းတယ်။ Phyo Paing @ Derek

နေသလို ဖြစ်တဲ့ဘဝမှာဖြစ်သလိုနေတာ အချိန်တစ်ခုထိပဲကောင်းတယ် Read More »

ကားအကြောင်းနားမလည်သူကကားမှန်သမျှ အကုန်ကားပဲ

ကားအကြောင်းနားမလည်သူကကားမှန်သမျှ အကုန်ကားပဲ။စာအုပ်စာပေအကြောင်းနားမလည်သူကစာအုပ်မြင်ရင် စာအုပ်ပဲသိတယ်။လူအကြောင်းနားမလည်သူကလဲလူမြင်ရင် ယောကျာ်း၊ မိန်းမ၊ လူမျိုးဒီလောက်ပဲ သိမယ်။ အပေါ်ယံအသိတွေပဲရှိတဲ့အခါအပေါ်ယံအမြင်တွေပဲရှိမယ်။​ အသိ၊ အမြင်ဆိုတဲ့အတိုင်းမသိရင် မမြင်ဘူး။​ အခွင့်အလမ်းမမြင်ဘူး။အန္တရာယ်မမြင်ဘူး။ဝေးဝေးကို မမြင်ဘူး။ မှန်ကန်တဲ့အမြင်မရှိရင်မှန်ကန်တဲ့ အတွေးရှိဖို့မလွယ်ဘူး။​မှန်ကန်တဲ့အတွေး မရှိရင်မှန်ကန်တဲ့ အလုပ်လုပ်ဖို့ မလွယ်ဘူး။​ ကံဆိုတာ အလုပ်အလုပ်ဆိုတာ ကံဖြစ်တဲ့အတွက်အသိခေါက်ခက် အဝင်နက်လို့ရှေးမြန်မာလူကြီးတွေက ဆိုကြတယ်။ အသိကြွယ်ဖို့ သတိနဲ့သင်ယူတိုးတက်နေဖို့လိုနိုင်တယ်။ Phyo Paing @ Derek

ကားအကြောင်းနားမလည်သူကကားမှန်သမျှ အကုန်ကားပဲ Read More »

စားလို့မကုန် မှားလို့ကုန်တယ်

စားလို့မကုန် မှားလို့ကုန်တယ်။ကိုယ်မကျွမ်းကျင်တဲ့ဂိမ်း (နယ်ပယ်) မှာမရှိတဲ့ ပိုက်ဆံ (ချေးငှား) ထည့်ခြင်းကမွဲဆေးဖော်တာပဲ။ Phyo Paing @ Derek

စားလို့မကုန် မှားလို့ကုန်တယ် Read More »