ပြဿနာမရှိရင် တိုးတက်မှုမရှိနိုင်ဘူး။
လူတွေက ပြဿနာမရှိအောင်ဆုတောင်းကြတယ်။ ပြဿနာမရှိရင် တိုးတက်မှုမရှိနိုင်ဘူး။ ကျောင်းတွေမှာ ဒါမေးဒါကျက်ဒါဖြေနဲ့ ကြီးလာပြိး ပြဿနာကို ဘယ်လိုဖြေရှင်းရမယ်ဆိုတဲ့အတွေးအခေါ် ကျွမ်းကျင်မှုထည့်မပေးလိုက်ဘူး။ ဒါကြောင့်လူအများစုဟာ စိတ်ခံစားမှုပေါ်မူတည်ပြီးဆုံးဖြတ်ကြရင် လမ်းကြောင်းတွေလွဲသွားခဲ့ကြရတယ်။ ပြဿနာတစ်ခုကို ဖြေရှင်းနိုင်ဖို့flexibility လိုတယ်။ကိုယ်လိုချင်တာရဖို့ တစ်ဖက်လူဘာလိုချင်တာလဲဆိုတာ သိရမယ်။အဓိက အရင်းအမြစ်ကဘာလဲroot cause analysis လုပ်ရမယ်။ပြဿနာဖြေရှင်းနိုင်တဲ့option တွေကို ဆွဲထုတ်ပြီးလိုချင်တာရအောင် အားထုတ်ရမှာဒါ သဘာဝပဲ မဟုတ်လား။ ပညာသင်တယ်ဆိုတာ စဥ်းစားတတ်အောင်ပြဿနာတွေ ဖြေရှင်းတတ်အောင်သင်ပေးခြင်းတစ်မျိုးပဲ မဟုတ်လား။ Phyo Paing @ Derek
