Success

အောင်မြင်မှုဆိုတာ မနက်ဖြန် မိုးလင်းတာနဲ့
ရုတ်တရက် ရောက်လာတာမျိုး မဟုတ်ပါဘူး။

အိပ်မက် မက်ရုံနဲ့ ဘာမှမဖြစ်လာဘူး၊ လက်တွေ့ကျကျ လုပ်မှ ဖြစ်မယ်။ လူတိုင်းမှာ အိပ်မက်တွေရှိကြတယ်။ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ။ ဒါပေမဲ့ အိပ်မက်က လှပလေလေ၊ အဲ့ဒီလှပမှုနောက်ကွယ်မှာ ကြမ်းတမ်းတဲ့ လက်တွေ့အလုပ်တွေ အများကြီးရှိတယ်ဆိုတာကိုတော့ မေ့ထားလို့ မရဘူး။ ယနေ့ခေတ်မှာ လူမှုကွန်ရက်ပေါ်ကနေ အောင်မြင်မှုပုံရိပ်လှလှလေးတွေကို ကြည့်ပြီး “ငါလည်း ဒီလိုဖြစ်ချင်လိုက်တာ” လို့ တွေးမိကြသူတွေ အများကြီးပါပဲ။ အတုယူတာ ကောင်းပါတယ်။ ဒါပေမဲ့ အတုယူရင်းနဲ့ လက်တွေ့နဲ့ ကင်းကွာသွားတာမျိုးတော့ မဖြစ်စေချင်ဘူး။ လက်တွေ့ကျတယ်ဆိုတာ ဘာလဲ? ကျွန်တော်ရဲ့ အမြင်အရ လက်တွေ့ကျတယ်ဆိုတာဟာ ကိုယ့်ရဲ့ ရည်မှန်းချက်၊ ကိုယ်ပိုင်အစွမ်းအစ၊ ပိုင်ဆိုင်တဲ့အရင်းအမြစ်နဲ့ ပတ်ဝန်းကျင်အခြေအနေတွေကို မျှတစွာ ပေါင်းစပ်ပြီး ရှေ့ဆက်ရမယ့် လမ်းကြောင်းကို ရှင်းရှင်းလင်းလင်း မြင်ခြင်းပဲ။ အိပ်မက်တစ်ခု လူဖြစ်လာဖို့အတွက်… ၁။ အသေးစိတ်

အောင်မြင်မှုဆိုတာ မနက်ဖြန် မိုးလင်းတာနဲ့
ရုတ်တရက် ရောက်လာတာမျိုး မဟုတ်ပါဘူး။
Read More »

ကိုယ့်အတွက်အရေးမပါတဲ့သူရဲ့အမြင်က
အရေးမပါဘူး။

လူတစ်ယောက်ချင်းစီကိုယ့်အပေါ်မြင်တဲ့အထင်အမြင်ကိုပြောင်းဖို့အကောင်းဆုံးနည်းလမ်းကတော့အောင်မြင်မှုပဲ။ လူတိုင်းကိုလိုက်ရှင်ပြနေစရာမလိုဘူး။ ကိုယ့်အတွက်အရေးမပါတဲ့သူရဲ့အမြင်ကအရေးမပါဘူး။ Phyo Paing @ Derek

ကိုယ့်အတွက်အရေးမပါတဲ့သူရဲ့အမြင်က
အရေးမပါဘူး။
Read More »

ကိုယ့်လမ်းကိုယ်မှန်မှန်လျှောက်။

လူတိုင်းက ကိုယ့်အောင်မြင်ရေးဖော်မြူလာနဲ့ကိုယ်။ကိုယ့် flow ဖလိုး ကိုယ်မိဖို့ကိုယ့်လမ်းကိုယ်ဖောက်၊ကိုယ့်လမ်းကိုယ်မှန်မှန်လျှောက်။ Phyo Paing @ Derek

ကိုယ့်လမ်းကိုယ်မှန်မှန်လျှောက်။ Read More »

တိုးတက်မှု > အောင်မြင်မှု

ကိုယ်လိုချင်တာကိုရတာလဲအောင်မြင်မှုလို့ခေါ်တယ်။ အများလိုချင်တာကိုရထားတာကိုလဲတချို့ကအောင်မြင်မှုလို့သတ်မှတ်တယ်။ ကိုယ့်နယ်ပယ်မှာ သာမန်ထက်ကျော်ပြီးထိပ်တန်းထဲပါဝင်ရင်လဲအောင်မြင်မှုလို့သတ်မှတ်တယ်။ တချို့က ကိုယ့်ထက်ရလဒ်ပိုကောင်းရင်လဲအောင်မြင်မှုလို့သတ်မှတ်ပြန်တယ်။ တချို့ကလဲလူတွေအသိအမှတ်ပြုအားပေးတာကိုအောင်မြင်မှုလို့သတ်မှတ်တယ်။ အောင်မြင်မှုရဲ့ အဓိပ္ပာယ်ကကြည့်သူပေါ်မူတည်တယ်။Subjective ဖြစ်လွန်းတယ်။ အောင်မြင်မှုထက် တိုးတက်မှုကကျွန်တော့်အတွက်လက်တွေ့ပိုကျတယ်။ လူတိုင်းမွေးလာကတည်းကနောက်ခံရေမြေ ပေးထားချက်တွေမတူဘူး။ဘဝရဲ့ပြဿနာ မေးထားချက်တွေမတူဘူး။ ဘဝရဲ့ပေးထားချက်တွေကိုအခြေခံပြီးမေးထားချက်တွေကိုဖြေရှင်းရင်းလူတွေမမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲတာ၊တစ်နည်းအားဖြင့်ကိုယ့်ရဲ့အကောင်းဆုံးဗားရှင်းပုံစံတည်ဆောက်တာကဘဝရဲ့ အဓိပ္ပာယ်လို့ခံယူထားတယ်။ ဒါကြောင့် အောင်မြင်မှုထက်တိုးတက်မှုကို တန်ဖိုးပိုထားတယ်။ဘာကြောင့်လဲဆိုအောင်မြင်မှုဆိုတဲ့ အိမ်မှာနေဖို့တိုးတက်မှုလို့ခေါ်တဲ့အိမ်ငှါးခပေးရမှာမို့ပါ။​ တိုးတက်မှု > အောင်မြင်မှု Phyo Paing @ Derek

တိုးတက်မှု > အောင်မြင်မှု Read More »

အောင်မြင်မှုလို့ သတ်မှတ်ထားတယ်။

ကိုယ်မလုပ်ဘဲမနေနိုင်တဲ့အလုပ်ကိုလုပ်၊ကိုယ်ချစ်တဲ့သူတွေနဲ့နေ၊မနက်ဖြန်ဆက်ရန်လောင်စာဆီအလုံအလောက်ရှိပြီးကိုယ်မဆက်ဆံချင်သူတွေကို ဆက်ဆံစရာမလိုတဲ့ဘဝမျိုးကိုအောင်မြင်မှုလို့ သတ်မှတ်ထားတယ်။ Phyo Paing @ Derek

အောင်မြင်မှုလို့ သတ်မှတ်ထားတယ်။ Read More »

အတွေး၊ အကြံ၊ အလုပ်
မှန်ကန်ဖို့လိုတယ်။

အောင်မြင်မှုထက် တိုးတက်မှုအရေးကြီးတယ်။အောင်မြင်မှုဆိုတာ အိမ်ငှားသလိုပဲတိုးတက်မှုဆိုတဲ့ အိမ်ငှားခပေးရတယ်။ ဒါကြောင့် တိုးတက်နေဖို့ ပထမလိုတယ်။ ဒီလို တိုးတက်ဖို့ ဗုဒ္ဓဆို ဆုံးမတဲ့ မဂ္ဂင်ရှစ်ပါးမှာတစ်ပါးဖြစ်တဲ့သမ္မာဝါယာမ (မှန်ကန်သော အားထုတ်မှု)လိုတယ်။ သမ္မာဝါယာမ (မှန်ကန်သော အားထုတ်မှု) ဆိုတာ၁။ မဖြစ်သေးသော အကုသိုလ်တရားများ မဖြစ်အောင် ကြိုးစားခြင်း၂။ ဖြစ်ပြီးသော အကုသိုလ်တရားများ ပယ်ဖျောက်ရန် ကြိုးစားခြင်း၃။ မဖြစ်သေးသော ကုသိုလ်တရားများ ဖြစ်အောင် ကြိုးစားခြင်း၄။ ဖြစ်ပြီးသော ကုသိုလ်တရားများ တိုးပွားအောင် ကြိုးစားခြင်းဖြစ်တယ်။ ဒါတွေဖြစ်ဖို့ အတွေး၊ အကြံ၊ အလုပ်မှန်ကန်ဖို့လိုတယ်။ ကောင်းတာတွေး၊ ကောင်းတာကြံ၊ကောင်းတာလုပ်။ Phyo Paing @ Derek

အတွေး၊ အကြံ၊ အလုပ်
မှန်ကန်ဖို့လိုတယ်။
Read More »

အောင်မြင်မှု စက်ဝန်း

ချမ်းသာတဲ့သူက ပိုချမ်းသာတတ်ကြတယ်။တော်တဲ့သူက ပိုတော်ပြီးအောင်မြင်တဲ့သူက ပိုအောင်မြင်ကြတယ်။ ဘာကြောင့်လဲ။ အောင်မြင်မှု စက်ဝန်းကြောင့်မို့လို့ပဲ။သံသရာလိုပဲ လည်နေတယ်။ ဥပမာချမ်းသာတဲ့သူတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ပိုက်ဆံပိုရှိတယ်ပညာရေးအခွင့်အလမ်းကောင်းတွေ ရနိုင်တယ်စီးပွားရေးအခွင့်အလမ်းတွေကို အသုံးချနိုင်တယ် လူမှုရေးကွန်ယက်ကောင်းတွေရှိတယ်စီးပွားရေးမိတ်ဖက်တွေနဲ့ ပူးပေါင်းနိုင်တယ်အကြံဉာဏ်ကောင်းတွေရနိုင်တယ် တော်တဲ့သူတွေက ဗဟုသုတပိုရှိတယ်အမှားအမှန်ကို ပိုသိတယ်ပြဿနာဖြေရှင်းနိုင်စွမ်း ပိုကောင်းတယ် အောင်မြင်မှုက ယုံကြည်မှုကို တိုးစေတယ်ရည်မှန်းချက်ကြီးတွေ ထားရဲတယ်စိတ်ဓာတ်ကျစရာတွေကို ကျော်လွှားနိုင်တယ်။ တကယ်လို့ ကိုယ်သွားနေတဲ့ဘဝရဲ့ လမ်းကြောင်းကမမှန်ရင်ဒါကို ပြောင်းသင့်ရင်ပြောင်းရမှာပဲ။ တချို့ အချစ်ရေးအမြဲတိုင်ပတ်နေသူတွေရှိတယ်။ငွေကြေး အမြဲတိုင်ပတ်နေသူတွေရှိတယ်။ပေါင်းသင်းဆက်ဆံရေးအမြဲတိုင်ပတ်နေသူတွေရှိတယ်။ ဒါက စိတ်ညစ်စရာမဟုတ်ဘူး။ ဒါက ပြောင်းလဲရမည့်အရာ။ ပြောင်းလဲလို့လဲရတယ်။ အရေးကြီးတာ သတိရှိဖို့။ ဗုဒ္ဓရဲ့ မဂ္ဂင်ရှစ်ပါးအဆုံးအမအရသမ္မာသတိ မှန်သော အောက်မေ့ နှလုံးသွင်းမှုလိုတယ်။ Phyo Paing @ Derek

အောင်မြင်မှု စက်ဝန်း Read More »

အောင်မြင်မှု

အသက်အရွယ်တစ်ခုရောက်လာတော့အောင်မြင်မှုဆိုတာ ဘဝနေထိုင်မှု lifestyle တစ်ခုဆိုတာနားလည်လာတယ်။ အောင်မြင်မှုဆိုတာ တခဏဟန်ဆောင်လို့ရတဲ့ အရာ မဟုတ်ဘူး။ “ကိုယ့်မှာရှိတာထက် ပိုမသုံးဖို့”အနာဂတ်အတွက် ခြိုးခြံခြွေတာဖို့Live below your means ဆိုတာအမြဲလက်ခံတယ်။ ကိုယ်နေထိုင်နေတဲ့ ဘဝနေထိုင်မှုကိုအခြေအနေဘယ်လိုဖြစ်သွားပါစေဒုက္ခမရောက်သွားဖို့လိုတယ်။ ဒါကြောင့် ငွေကြေးစီမံခန့်ခွဲမှုအရေးကြီးတာ။မဟုတ်ရင် အရှင်လတ်လတ်ကိုယ်မလုပ်ချင်တဲ့အလုပ်ကိုမမြင်ချင်တဲ့သူတွေနဲ့နေ့တိုင်းလုပ်ပြီး ကိုယ်မကြိုက်တဲ့သူတွေ အထင်ကြီးဖို့ကိုယ့်ကိုယ်ကိုယ် ငြင်းဆဲနေမိမယ်။ Phyo Paing @ Derek

အောင်မြင်မှု Read More »

“တိုးတက်မှု”

အောင်မြင်မှုထက်တိုးတက်မှုကို ပိုတန်ဖိုးထားတယ်။ အောင်မြင်မှုက အိမ်ငှားသလိုပဲအိမ်ငှားခပေးရတယ်။အဲ့ဒီအိမ်ငှားခက “တိုးတက်မှု”ပဲ။ ဒါကြောင့် တိုးတက်မှုကို အာရုံစိုက်ရင် အောင်မြင်မှုက နောက်ကလိုက်လာလိမ့်မယ်။ Phyo Paing @ Derek

“တိုးတက်မှု” Read More »