ဒီစူပါပါဝါ ဦးနှောက်ကိုလှုပ်နှိုးဖို့
ခံစားချက်တွေရဲ့ ရန်ကိုအောင်နိုင်ရတယ်။
လွတ်နေတာ ကောင်းတယ်။ ဒီလူလွတ်နေတယ်ကြားဖူးလိမ့်မယ်။တခါတလေ အသိုင်းအဝိုင်း၊အဖြစ်အပျက်၊ အတိတ်ရဲ့ရလဒ်ကြောင့်ဖြစ်လာတဲ့ချုပ်နှောင်မှုတွေ၊ဘဝပေးအခြေအနေကနေ“လွတ်” နေတာ ကောင်းတဲ့အချက်ဖြစ်နိုင်တယ်။ အခြေအနေတွေက ကိုယ့်ကိုဖန်တီးလို့ရတယ်။ကိုယ်က အခြေအနေတွေကို ဖန်တီးလို့ရတယ်။ ဦးနှောက်မှာ ဆဲလ်ပေါင်း ၁၀၀ ဘီလီယံနီးပါးရှိတယ်။ဒါကြီးမသုံး ဘာသွားသုံးမလဲ။ ဒီစူပါပါဝါ ဦးနှောက်ကိုလှုပ်နှိုးဖို့ခံစားချက်တွေရဲ့ ရန်ကိုအောင်နိုင်ရတယ်။ စူးစမ်းချင်စိတ်၊လေ့လာသင်ယူလိုစိတ်၊အနာဂတ်ကို အကောင်းမြင်ပြီးတွေးရဲ၊ ကြံရဲ၊ လုပ်ရဲတဲ့စိတ်နဲ့ကိုယ့်ရဲ့ အကောင်းဆုံးလူတွေမမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲတဲ့ဗားရှင်းဖြစ်ဖို့ကဘဝပေးအခြေအနေထက်ကျော်ပြီးစဉ်းစားနိုင်မှ ရနိုင်တတ်တာမျိုး။ တခါတလေ လွတ်နေတာReality distortion field ထဲ နေနေတာကောင်းတဲ့အချက် အများကြီးရှိတယ်။ Phyo Paing @ Derek
ဒီစူပါပါဝါ ဦးနှောက်ကိုလှုပ်နှိုးဖို့
ခံစားချက်တွေရဲ့ ရန်ကိုအောင်နိုင်ရတယ်။ Read More »