brain

ကိုယ် ထိုက်တန်တယ်ဆိုတာ ယုံစရာ မလိုဘူး။ထိုက်တန်တဲ့ နေရာမှာ နေကြဖို့ ကိုယ့်ကိုကိုယ် ခွင့်ပြုဖို့ပဲ လိုတယ်။

ကိုယ်ထင်ထားတာထက် ပိုကောင်းတဲ့ အရာ ရလာရင်ဖျက်ချင်လာတယ်။ဒါ ကံဆိုးတာ မဟုတ်ဘူး။ဒါ ကိုယ့်ဦးနှောက်က လုပ်နေတာ။ Self-sabotage အကြောင်းပြောပြမယ်။ ပိုက်ဆံ ပိုရလာတယ်။စုဖို့ အကြောင်းပြချက် ရှိတယ်။ဒါပေမယ့် ရလာတာနဲ့ အကုန်သုံးလိုက်တယ်။ဖြုန်းလိုက်တယ်။ မလိုအပ်တာ ဝယ်လိုက်တယ်။ပြီးတော့ “ငါ ငွေ စု မရဘူး” လို့ ပြောတယ်။ Relationship ကောင်းနေတယ်။ချစ်တဲ့သူက ကိုယ့်ကို ကောင်းကောင်း ဆက်ဆံတယ်။ဒါပေမယ့် ရုတ်တရက် ရန်စမိတယ်။အကြောင်းမဲ့ သံသယ ဝင်မိတယ်။ပြီးတော့ ပျက်သွားရင် “ငါ နဲ့ လူက မကိုက်တာပဲ” လို့ ပြောတယ်။ Business ကောင်းလာတယ်။ဖောက်သည် တိုးလာတယ်။ ဝင်ငွေ တက်လာတယ်။ဒါပေမယ့် ရုတ်တရက် ဆိုးတဲ့ ဆုံးဖြတ်ချက် ချမိတယ်။ပြီးတော့ “လုပ်ငန်းက မလွယ်ဘူး” လို့ ပြောတယ်။ Pattern ကို […]

ကိုယ် ထိုက်တန်တယ်ဆိုတာ ယုံစရာ မလိုဘူး။ထိုက်တန်တဲ့ နေရာမှာ နေကြဖို့ ကိုယ့်ကိုကိုယ် ခွင့်ပြုဖို့ပဲ လိုတယ်။ Read More »

ဦးနှောက်က အရေးကြီးတဲ့အလုပ်တွေ
အများကြီးစဥ်းစားရအုံးမယ်။

ဘဝကို အကြည်ဓာတ်အပြည့်နဲ့ပဲဖြတ်သန်းချင်တယ်။ အဲ့လိုဖြစ်အောင်လဲအလုပ်၊ စီးပွား၊ ဘဝ အကုန်လုံးကိုဒီဇိုင်းလုပ်ထားတယ်။ နေ့တိုင်းကိုယ်မလုပ်ရမနေနိုင်တဲ့အလုပ်တွေကိုလုပ်တယ်။ တော်၊ ပျော်၊ ပွား၊ ပေး။ နေ့စဥ် ပိုတော်ရမယ်။ (သီလပါရမီ) ပိုပျော်ရမယ်။ (သုခ) ဝင်ငွေ ပိုတိုးပွားရမယ်။ (ဓန)ပိုမျှဝေပေးနိုင်ရမယ်။ (ဒါန)ဒီလေးခုကို နေ့စဥ်ဖြည့်တယ်။ လူတိုင်းက ကိုယ့်လိုတွေးမှာမဟုတ်ဘူး။လူတိုင်းကလဲ မတူဘူး။ ကိုယ်လျှောက်တဲ့လမ်းမှာကိုယ်တွေးတဲ့ ဘဝရဲ့ ဒဿနဲ့၊ကိုယ့်လမ်းခရီမှာ ဖြေရှင်းခဲ့တဲ့ပြဿနာ၊အဖြေတွေကို မျှဝေတယ်။ လမ်းချင်းတူတဲ့လူတွေလူချင်းတွေ့ကြတယ်။ လုပ်ငန်းတစ်ခုဖြစ်လာတယ်။ ဘဝကို အကြည်ဓာတ်ပျက်မည့်အလုပ်အကုန်လုံးရှောင်တယ်။ ဦးနှောက်က အရေးကြီးတဲ့အလုပ်တွေအများကြီးစဥ်းစားရအုံးမယ်။ Phyo Paing @ Derek

ဦးနှောက်က အရေးကြီးတဲ့အလုပ်တွေ
အများကြီးစဥ်းစားရအုံးမယ်။
Read More »

ဒီစူပါပါဝါ ဦးနှောက်ကိုလှုပ်နှိုးဖို့
ခံစားချက်တွေရဲ့ ရန်ကိုအောင်နိုင်ရတယ်။

လွတ်နေတာ ကောင်းတယ်။ ဒီလူလွတ်နေတယ်ကြားဖူးလိမ့်မယ်။တခါတလေ အသိုင်းအဝိုင်း၊အဖြစ်အပျက်၊ အတိတ်ရဲ့ရလဒ်ကြောင့်ဖြစ်လာတဲ့ချုပ်နှောင်မှုတွေ၊ဘဝပေးအခြေအနေကနေ“လွတ်” နေတာ ကောင်းတဲ့အချက်ဖြစ်နိုင်တယ်။ အခြေအနေတွေက ကိုယ့်ကိုဖန်တီးလို့ရတယ်။ကိုယ်က အခြေအနေတွေကို ဖန်တီးလို့ရတယ်။ ဦးနှောက်မှာ ဆဲလ်ပေါင်း ၁၀၀ ဘီလီယံနီးပါးရှိတယ်။ဒါကြီးမသုံး ဘာသွားသုံးမလဲ။ ဒီစူပါပါဝါ ဦးနှောက်ကိုလှုပ်နှိုးဖို့ခံစားချက်တွေရဲ့ ရန်ကိုအောင်နိုင်ရတယ်။ စူးစမ်းချင်စိတ်၊လေ့လာသင်ယူလိုစိတ်၊အနာဂတ်ကို အကောင်းမြင်ပြီးတွေးရဲ၊ ကြံရဲ၊ လုပ်ရဲတဲ့စိတ်နဲ့ကိုယ့်ရဲ့ အကောင်းဆုံးလူတွေမမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲတဲ့ဗားရှင်းဖြစ်ဖို့ကဘဝပေးအခြေအနေထက်ကျော်ပြီးစဉ်းစားနိုင်မှ ရနိုင်တတ်တာမျိုး။ တခါတလေ လွတ်နေတာReality distortion field ထဲ နေနေတာကောင်းတဲ့အချက် အများကြီးရှိတယ်။ Phyo Paing @ Derek

ဒီစူပါပါဝါ ဦးနှောက်ကိုလှုပ်နှိုးဖို့
ခံစားချက်တွေရဲ့ ရန်ကိုအောင်နိုင်ရတယ်။
Read More »

နေ့စဥ် ကိုယ့်ဦးနှောက်ကို
လေ့ကျင့်နေဖို့လိုတယ်။

ဒါသိပြီးသားဖြစ်မှာပါ။ ဦးနှောက်က ခန္ဓာကိုယ်ရဲ့ ၂ ရာခိုင်နှုန်းပဲရှိတယ်ခန္ဓာကိုယ်တစ်ခုလုံးရဲ့ စွမ်းအင် ၂၀ ရာခိုင်နှုန်းကို သုံးတယ်။ ဒါတောင် နားနေတဲ့အချိန်မှာ။ လူတွေမှာ ပိုင်ဆိုင်ထားတဲ့အရာတစ်ခုက“အချိန်” ပဲ။ ငွေဆိုတာ ကံကောင်းရင်မြန်မြန် ပြန်ရှာရလွယ်တယ်။ ဘာသာစကား၊ နည်းပညာ၊ အရသာရှိတဲ့ ဥာဏစွမ်းအားလှုံ့ဆောင်စေတဲ့အဆင့်မြင့်အာရုံခံစာပေ၊ အတွေးအခေါ်ကို ရသာရုံခံနိုင်စွမ်း တွေကို ခံစား အသုံးချနိုင်ဖို့ နေ့စဥ် ကိုယ့်ဦးနှောက်ကို လေ့ကျင့်နေဖို့လိုတယ်။ ကိုယ့်ဘဝမှာ ဘယ်တော့မှ နောင်တမရတဲ့ အရာတစ်ခုကတစ်ရက်တာကို ဘယ်တော့မှဖြစ်သလို မဖြတ်သန်းခဲ့တာလဲဖြစ်နိုင်တာပဲ။ Phyo Paing @ Derek

နေ့စဥ် ကိုယ့်ဦးနှောက်ကို
လေ့ကျင့်နေဖို့လိုတယ်။
Read More »

အကောင်းဆုံးလုပ်နိုင်တဲ့ဇုန်ကို
Goldilocks Zone လို့ခေါ်တယ်။

၂၄ နာရီရှိပေမည့် ဦးနှောက်ရဲ့အလုပ်လုပ်နိုင်စွမ်းရှိတယ်။ အကောင်းဆုံးလုပ်နိုင်တဲ့ဇုန်ကိုGoldilocks Zone လို့ခေါ်တယ်။ တစ်ယောက်နဲ့ တစ်ယောက်မတူဘူး။ ဥာဏလုပ်သားတစ်ယောက်ဆိုရင်ဒီဦးနှောက်ကို ပိုအလုပ်လုပ်နိုင်အောင် စီမံမှုတွေ စနစ်တကျပြုလုပ်ရတယ်။ စာဖတ်တဲ့အခါ မပင်ပန်းဖို့၊ လေ့လာတဲ့အခါ မပင်ပန်းဖို့၊ စဥ်းစားတဲ့အခါ မပင်ပန်းဖို့၊ဆုံးဖြတ်ချက်တွေ ချတဲ့အခါမပင်ပန်းဖို့။ အစားအသောက်၊ လေ့ကျင့်ခန်း၊ဘဝနေထိုင်မှုပုံစံတော်တော်လေး အနေအထိုင်ဆင်ခြင်ရတယ်။ Phyo Paing @ Derek

အကောင်းဆုံးလုပ်နိုင်တဲ့ဇုန်ကို
Goldilocks Zone လို့ခေါ်တယ်။
Read More »

စိတ်ပျံ့လွင့်မှုဆိုတာ
ဒီနေ့ခေတ်ရဲ့ မာရ်နတ်ပဲ။

လူတစ်ယောက် ဦးနှောက်ရဲ့သတင်းအချက်အလက်တွေယူနိုင်စွမ်းက အင်မတန်အကန့်အသတ်ရှိတယ်။ အရင်ဒီနေ့စူပါမားကတ်ကြီးတစ်ခုမှာကုန်ပစ္စည်းပေါင်း ၈၀၀၀ လောက်ရှိတယ်။ ဒီနေ့ခေတ်ကကုန်ပစ္စည်းပေါင်း ၄၀၀၀၀ လောက်ရှိလာတယ်။ လူတွေတကယ်လိုတာ ၁၅၀ လောက်ပဲတဲ့။ ဒီတော့ ဦးနှောက်ကဆုံးဖြတ်ချက်ချရတဲ့အပိုင်း ပိုများလာတယ်။ ဆုံးဖြတ်ချက်ချတဲ့ စနစ်မရှိရင်သတင်းတောထဲမှာ မျှောပြီးကိုယ်လိုချင်တာ ရအောင်လုပ်ဖို့အတားအဆီးတွေ ဖြစ်တတ်တယ်။ စိတ်ပျံ့လွင့်မှုဆိုတာ ဒီနေ့ခေတ်ရဲ့ မာရ်နတ်ပဲ။ Phyo Paing @ Derek

စိတ်ပျံ့လွင့်မှုဆိုတာ
ဒီနေ့ခေတ်ရဲ့ မာရ်နတ်ပဲ။
Read More »

ဦးနှောက်ကြွက်သားပဲ အားနည်းနေရင်

ခန္ဓာကိုယ်က ကြွက်သားတွေအကုန်ကိတ်ပြီးဦးနှောက်ကြွက်သားပဲ အားနည်းနေရင်အင်ဂျင်ညံ့တဲ့ ကားလှကြီးနဲ့တူနေနိုင်တယ်။ Phyo Paing @ Derek

ဦးနှောက်ကြွက်သားပဲ အားနည်းနေရင် Read More »

အနာဂတ်မှာ လူတွေအများဆုံး
အသုံးပြုရမည့်အရာက
ဦးနှောက်ဖြစ်သွားလိမ့်မယ်။

ဒါကြောင့် ဦးနှောက်ကို နေ့စဥ် train နေမှမှတ်ဥာဏ်တုနဲ့ အနာဂတ်နည်းပညာအာလာဒင်မီးခွက်ကို အသုံးပြုနိုင်မှာဆိုမှန်နိုင်မယ်လို့ထင်တယ်။ Phyo Paing @ Derek

အနာဂတ်မှာ လူတွေအများဆုံး
အသုံးပြုရမည့်အရာက
ဦးနှောက်ဖြစ်သွားလိမ့်မယ်။
Read More »

လူတွေရဲ့ဦးနှောက်က ပျော်ဖို့

design လုပ်ထားပေးတာမဟုတ်ဘူး။ရှင်သန်ဖို့အတွက် ဖန်တီးထားတာဖြစ်တယ်။ဒါကြောင့် အချိန်အများစုမှာnegativity bias တွေရှိတယ်။ တခါတလေ ပင်ပန်းနွမ်းနယ်၊မလုပ်ချင်မကိုင်ချင်နဲ့ စွမ်းအင်မရှိတဲ့အချိန်တွေရှိတတ်တယ်။ဒါကို ပျော်ရွင်၊ တက်ကြွပြီးပြန်လည်လတ်ဆတ်တဲ့အနေအထားပြန်ပြောင်းချင်ရင် လုပ်ရမည့်အချက်လေးတွေရှိတယ်။ဒါကို SPARKLE လို့ခေါ်တယ်။ Sparkle ဆိုတာ ဖြတ်ကနဲလင်းသွားတာ။သူက acronym အတိုကောက်စလုံးဖြစ်ပြီးSavor, Play, Appreciation, Rest,Kindness, Light-heartedness and Extraordinaryတို့ပဲဖြစ်တယ်။ ဒီနေ့ခေတ်က mindfulness ခေတ်စားလာတယ်။သတိနဲ့နေတယ်ဆိုတာ be presentလက်ရှိနေတဲ့အချိန်ကို အာရုံစိုက်နေတာဖြစ်တယ်။Savor ဆိုတာကတော့ ကိုယ် enjoy ဖြစ်တဲ့အရာတွေကို သုံးဆောင်ခံစားရတဲ့အချိန်အာရုံထားပြီး present ဖြစ်နေတာဖြစ်တယ်။ဘဝမှာ ကောင်းမွန်တဲ့အခိုက်အတန့်လေးတွေရှိတယ်။ဒီ အခိုက်အတန့်လေးတွေကို အာရုံပြုတာဖြစ်တယ်။ဒီအတွက် စိတ်အာရုံလွင့်စေမည့်အရာတွေကိုရှောင်ဖို့လိုတယ်။ ငယ်ငယ်တုန်းက ဆော့ကစားတဲ့အခါပျော်ရွင်မှုခံစားရတယ်၊ ရင်ခုန်တယ်။အသက်ကြီးလာတော့ ဘဝလောကထဲမှာစဥ်းစားစရာတွေ များလာပြီးရင်ခုန်မှုတွေလျော့လာတယ်။ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ဘဝအတွက်ရင်ခုန်စေတဲ့ playlist တွေလိုတယ်။ဒီအတွက် အချိန်ပေးဖို့လိုတယ်။တစ်ရက် မိနစ် ၃၀ လောက်ပဲဖြစ်ဖြစ်ပေါ့။ ဘဝဆိုတာ

လူတွေရဲ့ဦးနှောက်က ပျော်ဖို့ Read More »

ဦးနှောက်ကို နေ့စဥ်
အစာကျွေးဖို့လိုတယ်။

ကျွေးတဲ့အစာကလဲအဟာရရှိဖို့လိုတယ်။သောက်တလွဲတွေပဲခေါင်းထဲထည့်နေရင်သောက်တလွဲဘဝပဲရမှာ။ Phyo Paing @ Derek

ဦးနှောက်ကို နေ့စဥ်
အစာကျွေးဖို့လိုတယ်။
Read More »