courage

တခါတလေ ကိုယ့်ကို ခတ်ထားတဲ့
ဘောင်တွေရဲ့ အပြင်ဖက်ကို
ရုန်းထွက်နိုင်ဖို့လိုတယ်။

ငယ်ငယ်လေးကတည်း ဟိုဟာ မလုပ်ရဘူး။ ဒီဟာအလုပ်ရဘူး။ ဘာဖြစ်နိုင်တယ်။ ဘာမဖြစ်နိုင်ဘူး။ အားတီ၊ အားမေတို့ရဲ့ ပတ်ဝန်းကျင်ကဘောင်တွေ ခတ်ကြလိမ့်မယ်။ ငယ်ငယ်တည်းက ဘောင်ခတ်ခံလာခဲ့ရင်တခါတလေ အပြင်ကိုထွက်ဖို့ အခက်အခဲတွေ အများကြီးရှိနေနိုင်တယ်။ တခါတလေ ကိုယ့်ကို ခတ်ထားတဲ့ဘောင်တွေရဲ့ အပြင်ဖက်ကိုရုန်းထွက်နိုင်ဖို့လိုတယ်။ ဒီလို ထွက်နိုင်ဖို့ သတ္တိလိုတယ်။ Phyo Paing @ Derek

တခါတလေ ကိုယ့်ကို ခတ်ထားတဲ့
ဘောင်တွေရဲ့ အပြင်ဖက်ကို
ရုန်းထွက်နိုင်ဖို့လိုတယ်။
Read More »

ကိုယ့်ရဲ့ မကောင်းတဲ့ဆန္ဒတွေကို

ထိန်းချုပ်နိုင်ဖို့အတွက်ယောကျာ်းတိုင်းအတွက် အရေးကြီးတယ်။ တခါတလေ ကိုယ်သွားတဲ့လမ်းကြောင်းမှာလမ်းလွဲသွားနိုင်စေတဲ့ မာန်နတ်ရဲ့ စေခိုင်းမှုတွေရှိတတ်တယ်။ဒီ စေခိုင်းမှုတွေကို တွန်းလှန်ဖို့စိတ်စွမ်းအားလိုတယ်။ ဒီအဖျက်စွမ်းအားကို ဓမ္မဓိဋ္ဌာန်ကျကျ ကြည့်ပြီးဒါက ငါသွားတဲ့လမ်းနဲ့လွဲသွားနိုင်၊ ငါ့ဘဝအတွက်ရေရှည်မှာ အဖျက်ပဲဆိုတာသိပြီးကျော်လွှားနိုင်ဖို့ သတ္တိလိုတယ်။ ဒီ courage ဆိုတာ stoicism ရဲ့four cardinal virtues ထဲကတစ်ခုဖြစ်တယ်။ ကိုယ့်ရဲ့ bodily sensation တွေနောက်သာယာမှုတွေကြောင့် ကိုယ့်ရဲ့အတွေးတွေကို အဆိပ်မခတ်မိဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ့်ရဲ့ မကောင်းတဲ့ဆန္ဒတွေကို Read More »

ပုံမှန် အမျိုးသားတွေရဲ့
အကောင်းဆုံးအချိန်က

အသက် 42-62 လို့ဆိုတယ်။အဲ့ဒီအချိန် ငွေကြေး၊ ပါဝါနဲ့ဘဝမှာ လူရိုသေရှင်ရိုသေအချိန်တစ်ခုရောက်ပြီ။ ဒီမတိုင်ခင် 21-41 ကဘာအလုပ်ဖြစ်တယ်။ဘာအလုပ်မဖြစ်ဘူး ရှာဖွေစမ်းသပ်တဲ့Discovery 💡 လုပ်တဲ့ကာလပေါ့။ဒီကာလမှာ ကြောက်ပြီးPlay safe မလုပ်မိဖို့ တော်တော်အရေးကြီးတယ်။ အလုပ်ထွက်စရာရှိ ထွက်လိုက်။စဖို့ရှိတဲ့ idea တွေ စလိုက်။အဲ့လို ကိုယ့်ကိုကိုယ် အားပေးပြီးလုပ်လာခဲ့တာ။ Phyo Paing @ Derek

ပုံမှန် အမျိုးသားတွေရဲ့
အကောင်းဆုံးအချိန်က
Read More »

ဖက်တွယ်မထားပါနဲ့။

အရင်အလုပ်ဖြစ်ခဲ့တဲ့နည်းလမ်းတွေကအခု အလုပ်ဖြစ်ချင်မှ ဖြစ်တော့မယ်။ဘဝဆိုတာ ရေလိုပဲ အမြဲစီးဆင်းနေတယ်။တချို့ကိစ္စ တွေ၊ တချို့အရာတွေက ထားခဲ့သင့်ရင် ထားခဲ့ပြီးရှေ့ဆက်ရတဲ့အချိန်တွေရှိကောင်းရှိမယ်။ဖက်တွယ်မထားပဲ ရှေ့ဆက်ရဲတဲ့ သတ္တိလိုတယ်။ Phyo Paing @ Derek

ဖက်တွယ်မထားပါနဲ့။ Read More »

ကိုယ့်သေအောင် မသတ်နိုင်တဲ့အရာကပိုသန်မာစေတာပဲလေ။

ကိုယ့်လုပ်ငန်းက Covid-19 နဲ့Coup အတွင်းမှာ ရှင်သန်ရင်ကိုပဲတော်တော်လေး ခံနိုင်ရည်မြင့်တဲ့ဦးဆောင်တဲ့သူလို့ ပြောလို့ရနေပြီ။ Omicron ဖြစ်လို့အပြင်မထွက်သူတွေနဲ့အိမ်မှာနေရင်းနဲ့ Mobile Internetမရတဲ့ စားသုံးသူတွေကြားရိုးရိုးသားသား ကြိုးစားကြံဆပြီးကိုယ့်လုပ်ငန်းဘယ်လိုရှင်သန်ကြီးထွားခဲ့လဲဆိုတာ ကိုယ်နောက်လူတွေပြန်ပြောပြရင် တစ်ထောင့်တစ်ညပုံပြင်တွေ ဖြစ်နေတော့မယ်။ ကိုယ့်သေအောင် မသတ်နိုင်တဲ့အရာကပိုသန်မာစေတာပဲလေ။ Phyo Paing @ Derek

ကိုယ့်သေအောင် မသတ်နိုင်တဲ့အရာကပိုသန်မာစေတာပဲလေ။ Read More »

ခိုင်းဖက်

ငါ့သားကြီးက ခိုင်းလိုက်ရင်လှည့်ကြည့်စရာမလိုဘူး။စေ့စပ်သေချာတယ်ဆိုပြီးတဖြည်းဖြည်းနဲ့ ခိုင်းဖက်ဖြစ်လာတယ်။အမှန်တော့ လုပ်ငန်းတွေမှာအလုပ်ပိုလုပ်ရတယ်ဆိုတာကိုယ်က ဂျွတ် (တော်) လို့ပါ။ Phyo Paing @ Derek

ခိုင်းဖက် Read More »

Courage

ပိုင်ဆိုင်နိုင်အောင်ကြိုးစားတာသတ္တိလို့ထင်ကြတယ်။စွန့်လွတ်ရဲတာလဲ သတ္တိပဲ။အလုပ်မဖြစ်တာတွေကိုရပ်ရဲတာသတ္တိ။ Singapore အောင်မြင်တဲ့လီကွမ်းယူရဲ့ formula ကရှင်းတယ်။အလုပ်ဖြစ်တာ၊ မဖြစ်တာကိုခွဲတယ်။အလုပ်မဖြစ်တာကို ထားခဲ့လိုက်တယ်။ကိုယ်က သတ္တိရှိတဲ့လူလား? Phyo Paing @ Derek

Courage Read More »