future

ကိုယ့်ဘဝမှာ ဖြစ်ချင်တာတွေကိုယုံယုံကြည်ကြည်နဲ့ချရေးထားကြည့်

ကိုယ့်ဘဝမှာ ဖြစ်ချင်တာတွေကိုယုံယုံကြည်ကြည်နဲ့ချရေးထားကြည့်။ဒီ ပါဝါကို လျော့မတွက်ပါနဲ့။ အလုပ်အချစ်ငွေကြေးကျန်းမာရေးလူမှုရေးနေချင်တဲ့နေရာ နေ့တိုင်း အတွေးတွေကို ထုတ်လွတ်။Frequency များများလွတ်။ အရေးကြီးတဲ့အပိုင်းက“ခံစားချက်”။“တွေးတိုင်းပျော်ဖို့လိုတယ်။” တချို့က အနာဂတ်ကိုတွေးရင်စိုးရိမ်နေတတ်တယ်။ကြောက်နေတတ်တယ်။မဖြစ်နိုင်ပါဘူးကွာ။ငါနဲ့ မထိုက်တန်ဘူးလို့ထင်တတ်တယ်။​ ဒါတွေကို ကျော်လွှားဖို့အလေ့အကျင့်လုပ်ဖို့လိုနိုင်တယ်။ စဥ်းစားကြည့်ကြည့်ကိုယ့်ဘဝရဲ့ အကောင်းဆုံးအခြေအနေမှာဘယ်လိုပုံစံဖြစ်နေမလဲ။ဘယ်လို ထိုင်နေမလဲ။ဘယ်လိုအသက်ရှူနေမလဲ။ကိုယ့်ကိုယ်ကိုယ် ဘာစကားပြောနေမလဲ။ဘေးနားမှာဘယ်သူတွေရှိနေမလဲ။ဘယ်နေရာမှာရောက်နေမလဲ။ဘယ်သူတွေနဲ့ တွေ့နေမလဲ။ အဲ့ဒီ အတွေး၊ ခံစားချက်ကိုနေ့တိုင်းတွေး၊နေ့တိုင်းခံစား။ အကြံအစည်နဲ့ အလုပ်ကနောက်က အော်တိုလိုက်လာလိမ့်မယ်။ အရင်လုပ်ကြည့်။နောက်မှ ကျေးဇူးတင်။ Phyo Paing @ Derek

ကိုယ့်ဘဝမှာ ဖြစ်ချင်တာတွေကိုယုံယုံကြည်ကြည်နဲ့ချရေးထားကြည့် Read More »

စတင်တဲ့ Day One နဲ့အနာဂတ်မှာဖြစ်မည့် One Dayခံစားချက်တွေ မတူနိုင်ပါတယ်

စတင်တဲ့ Day One နဲ့အနာဂတ်မှာဖြစ်မည့် One Dayခံစားချက်တွေ မတူနိုင်ပါတယ်။ Day One မှာ ခက်ခဲကောင်းခက်ခဲလိမ့်မယ်။Day 10 မှာ ပိုခက်ခဲနိုင်တယ်။Day 100, Day 1000 ဆိုလွယ်သွားနိုင်တယ်။ လူရှေ့သူရှေ့စကားစပြောတဲ့Day One မှာ မျက်နှာငယ်ခဲ့ရတယ်။လုပ်ငန်းစတင်တဲ့Day One မှာ ဘာတွေဖြစ်မလဲစိုးရိမ်မှု ရင်ခုန်မှုနဲ့ စတင်ခဲ့တယ်။ပညာရပ်အသစ်လေ့လာတဲ့Day One မှာ ခေါင်းခြောက်မှုပေါင်း များစွာနဲ့။ကျန်းကျန်းမာမာ စတင်စားသောက်တဲ့Day One က မအီမသာခက်ခဲတယ်။အားကစားစလုပ်တဲ့Day One က အင်မတန်ပင်ပန်းတယ်။​ ဒါပေမယ့် Day One နဲ့အနာဂတ်မှာ ခံစားရမည့် One Day ကမတူပါဘူး။ Day One မှာ ခက်ခဲလို့စိတ်မညစ်လိုက်ပါနဲ့​။One Day မှာ လွယ်သွားပါလိမ့်မယ်။ ဒါကြောင့် ဒီနေ့ပဲ

စတင်တဲ့ Day One နဲ့အနာဂတ်မှာဖြစ်မည့် One Dayခံစားချက်တွေ မတူနိုင်ပါတယ် Read More »

ကိုယ်ဝါသနာပါချစ်တာကိုလုပ်နေရရင်Passion တဲ့

ကိုယ်မလုပ်ချင်တာကို လုပ်နေရရင်Stressကိုယ်ဝါသနာပါချစ်တာကိုလုပ်နေရရင်Passion တဲ့။အမှန်တော့ ကိုယ့်ပျင်းတာဟုတ်ချင်မှ ဟုတ်မှာ။အလုပ်နဲ့ဘဝ တစ်သားတည်းမကျသေးတယ်လဲဖြစ်နိုင်တယ်။တချို့က အလုပ်ကိုရွေးချယ်ခွင့်ရတယ်။တချို့က ရွေးချယ်ခွင့်မရှိသေးဘူး။ Phyo Paing @ Derek

ကိုယ်ဝါသနာပါချစ်တာကိုလုပ်နေရရင်Passion တဲ့ Read More »

ဆန္ဒတွေရဲ့ သဘောတရားကမီးနဲ့တူတယ်

ဆန္ဒတွေရဲ့ သဘောတရားကမီးနဲ့တူတယ်။လောင်စာထည့်လေလေမီးကြီးလာလေလေ။ ကိုယ့်ဆန္ဒက ကိုယ့်နေ့စဥ်နေထိုင်တဲ့ဘဝနွေးရုံလောက်ဆို ကောင်းတယ်။ ကိုယ့်ဆန္ဒက ကိုယ့်နေ့စဥ်နေထိုင်တဲ့ဘဝပူလောင်စေတယ်ဆို မကောင်းဘူး။​ ရည်မှန်းချက်ကြီးတာ ကောင်းတယ်။ရည်မှန်းချက်နဲ့ ကျွမ်းကျင်မှုအစွမ်းအစ ကိုက်ညီနိုင်ရင်ပိုကောင်းတယ်။ ကြီးမားတဲ့ ရည်မှန်းချက်တွေအတွက်အစွမ်းအစတွေကလဲ တိုးတက်နေမှရမှာ။ လူတွေက ကိုယ်လိုချင်တာရတာမဟုတ်ဘူး။လူတွေက ကိုယ်နဲ့ ထိုက်တန်တာပဲရတာ။အဲ့လို ပြောရင် မမှားဘူးထင်တယ်။ Phyo Paing @ Derek

ဆန္ဒတွေရဲ့ သဘောတရားကမီးနဲ့တူတယ် Read More »

သင်ခန်းစာရနိုင်သမျှယူ။

ဒီနေ့မှာ လုပ်နေတဲ့အလုပ်တိုင်းကအနာဂတ်မှာလုပ်မည့်အလုပ်အတွက်လှေကားထစ်ပဲ။သင်ခန်းစာရနိုင်သမျှယူ။အနာဂတ်အတွက် နေ့တိုင်းပြင်။ Phyo Paing @ Derek

သင်ခန်းစာရနိုင်သမျှယူ။ Read More »

စာတွေ့ + ငါတွေ့ = တကယ်တွေ့

သစ္စာလေးပါးသိတယ်။မဂ္ဂင်ရှစ်ပါးသိတယ်။ မကျင့်သုံးရင် စာတွေ့။ စာတွေ့ပြီး ငါတွေ့မှတကယ့်တွေ့မှာ။ book smart က စာတွေ့၊ ခက်ခက်ခဲခဲ အကြပ်အတည်းကနည်းလမ်းရှာရှင်သန်နိုင်တာ street smart ငါတွေ့။ စာပဲ တွေ့ပြီး ငါမတွေ့ရင်ပညာရင်ဖြစ်မယ်။ ငါပဲ တွေ့ပြီး စာမတွေ့ရင်စျေးသည်အကြီးစားပဲဖြစ်မယ်။ စာတွေ့နဲ့ ငါတွေ့ဖြစ်မှပိုကြီးတဲ့ အနာဂတ်တည်ဆောက်ရေးမှာကူညီပေးနိုင်မယ်။ Phyo Paing @ Derek

စာတွေ့ + ငါတွေ့ = တကယ်တွေ့ Read More »

အနာဂတ် plan ချတဲ့ ၁၀ ဆင့်

ပေးထားချက်နဲ့ အတိတ်ကို ပြန်လည်ဆန်းစစ်မှု ၁။ လက်ရှိအခြေအနေရဲ့ပေးထားချက်တွေချရေး၂။ ကိုယ့်မှာရှိတဲ့ အရင်းအမြစ်တွေ၊လုပ်ခဲ့တဲ့ အတွေ့အကြုံတွေ၊ လုပ်နိုင်စွမ်းတွေ ချရေးကြည့်၃။ အတိတ်က အောင်မြင်တယ်လို့ ယူဆတဲ့မိုင်တိုင် milestone တွေ ချရေးကြည့်၄။ ကိုယ့်ကိုအောင်မြင်အောင်လုပ်ပေးခဲ့တဲ့အောင်မြင်ရေးဖော်မြူလာ winning formula တွေချရေးကြည့်၅။ ဒီပေါ်မူတည်ပြီး ရွေးချယ်လို့ရတဲ့ လမ်းကြောင်းတွေ အကုန်စဥ်းစားပြီးချရေးကြည့်။ သွားမည့်အနာဂတ်နဲ့ အတိတ်ကို ချိပ်ဆက််မှု ၆။ ကိုယ်သွားချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ချရေးကြည့်။ဒါကို အဆင့်သုံးဆင့်ခွဲလိုက်။ ရေတို၊ ရေလတ်၊ ရေရှည် အနာဂတ်ရည်မှန်းချက်တွေချရေးကြည့်။၇။ ရောက်နေတဲ့နေရာက အနာဂတ်ပန်းတိုင်တွေရောက်အောင်လာလို့ရတဲ့ လမ်းကြောင်းတွေအကုန်စဥ်းစားကြည့်။ ၈။ ကိုယ့်ရဲ့ အောင်မြင်ရေး ဖော်မြူလာ winning formulaနောက် ပေးထားချက်၊ အခြေအနေတွေနဲ့ရည်မှန်းချက် ရောက်အောင်သွားလို့ရတဲ့အလွယ်ဆုံး၊ အမြန်ဆုံး၊ အထိရောက်ဆုံး လမ်းကြောင်း တွေကိုချရေး။၉။ တစ်ခုချင်းစီကို try ကြည့်။ အလုပ်ဖြစ်ရင်

အနာဂတ် plan ချတဲ့ ၁၀ ဆင့် Read More »

ချမ်းသာကြွယ်ဝမှုဆိုတာ

သင့်ရဲ့ဝင်ငွေကချမ်းသာကြွယ်ဝမှုမဟုတ်ပါဘူး။ချမ်းသာကြွယ်ဝမှုဆိုတာမာရသွန်ပြေးပွဲပဲ။ရသမျှသုံးနေတာနဲ့ချမ်းသာကြွယ်ဝမှုတည်ဆောက်လို့မရဘူး။စာတော်တာ ဥာဏ်ကောင်းတာနဲ့လဲမဆိုင်ဘူး။ထိပ်တန်းကျောင်းတတ်ထားတာနဲ့မဆိုင်ဘူး။ငွေပေါ်တန်ဖိုးထားတတ်မှုနဲ့ဆိုင်တယ်။လူနေမှုပုံစံ၊ သုံးတဲ့ပုံစံ၊ စီမံခန့်ခွဲတဲ့ပုံစံနဲ့ဆိုင်တယ်။ချမ်းသာကြွယ်ဝသူတွေကမှန်ကန်တဲ့ အလုပ်ကိုရွေးချယ်တယ်။ဟောင်းနေပြီဖြစ်တဲ့The Millionaire Next Dollar စာအုပ်ဖတ်ရင်း။ Phyo Paing @ Derek

ချမ်းသာကြွယ်ဝမှုဆိုတာ Read More »

dream list

ဘဝမှာ မသေခင်လုပ်ချင်တဲ့၊ဖြစ်ချင်တဲ့အရာတွေ ချရေးထားတယ်။ဒါတွေကို dream list လို့ခေါ်လိုက်တယ်။ ၁။ ဘဝကို နေ့စဉ်ဖြတ်သန်းချင်တဲ့ပုံစံ၂။ လည်ချင်ရောက်ဖူးချင်တဲ့နေရာတွေ၃။ ရချင်တဲ့ အတွေ့အကြုံ၄။ ပိုင်ဆိုင်ချင်တဲ့အရာတွေ၅။ ရှိချင်တဲ့ ကျွမ်းကျင်မှု ကိုယ့်ရည်မှန်းချက်ပန်းတိုင်ရောက်အောင်တားဆီးထားတဲ့သူက ကိုယ်ကိုယ်တိုင်ပဲ။ ၁။ စိတ်ရှည်ဖို့လိုတယ်။၂။ ဓမ္မဓိဋ္ဌာန်ကျကျမြင်တတ်ဖို့လိုတယ်။၃။ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ဖို့လိုတယ်။၄။ ဘဝကို မဟာဗျူဟာကျကျ ဖြတ်သန်းဖို့လိုတယ်။၅။ ကိုယ့်ရဲ့ဘဝပေး ခေါ်သံကို နားထောင်ဖို့လိုတယ်။၆။ စည်းကမ်းလိုတယ်။ Phyo Paing @ Derek

dream list Read More »

အရေးမပါတာတွေကို အရာပိုပေးဖြစ်လိမ့်မယ်

မင်းရဲ့ ၂၀၂၄ ရဲ့ ရည်မှန်းချက်ပန်းတိုင်ကဘာလဲမေးလိုက်ရင် ပြတ်ပြတ်သားသားရှင်းရှင်းလင်းလင်းခေါင်းထဲက ထွက်လာဖို့ကိုယ့်ကိုယ်ကို လေ့ကျင့်ထားဖို့လိုတယ်။ဘဝကို ရည်ရွယ်ချက်ရှိရှိမဖြတ်သန်းရင်အရေးမပါတာတွေကို အရာပိုပေးဖြစ်လိမ့်မယ်။ Phyo Paing @ Derek

အရေးမပါတာတွေကို အရာပိုပေးဖြစ်လိမ့်မယ် Read More »