motivation

မွေးကတည်းက သန်မာတာရှားတယ်။
ကိုယ့်ကို မသေစေတဲ့အရာက
သန်မာစေတဲ့အရာတွေဆိုတာ မှန်တယ်။

နှစ်ပေါင်းများစွာ စိတ်ညစ်ခဲ့ဖူးတယ်။စိတ်ဓာတ်ကျခဲ့ဖူးတယ်။ ကိုယ့်ကိုကိုယ် အပစ်တင်ခဲ့ဖူးတယ်။ ပြဿနာတစ်ခုခုကြုံလာတိုင်းဘယ်သူ့ပြေးအားကိုးရမှန်းမသိအကြိမ်ပေါင်းမနည်းဖြစ်ခဲ့ဖူးတယ်။ လုပ်နေတဲ့အလုပ်ကို ရပ်ပစ်ဖို့အကြိမ်တစ်ရာမက စဉ်းစားခဲ့ဖူးတယ်။ ငါလုပ်နေတာ ဟုတ်မှဟုတ်ရဲ့လား၊မှန်မှမှန်ရဲ့လား တွေဝေဒွိဟတွေအကြီးကြီးဖြစ်ခဲ့ဖူးတယ်။ ဝန်ထမ်းတွေ ကိုယ့်စကားနားမထောင်လို့စိတ်ညစ်တဲ့ရက်တွေ အများကြီးရှိခဲ့ဖူးတယ်။ ဆိုင်က အခိုးခံရတဲ့ CCTV ကိုပြန်ကြည့်ပြီး တော်တော်ဒေါသထွက်ခဲ့ဖူးတယ်။ အသည်းတွေ အကြီးအကျယ်ကွဲဖူးတယ်။အရက်ကို ရေလိုသောက်ဖူးတယ်။ လောင်းကစားကို ရေရေလည်လည်စွဲဖူးတယ်။ဘဝမှာ လမ်းတွေ အကြိမ်ကြိမ်ပျောက်ဖူးတယ်။ သေမလို ဆေးရုံနှစ်ခါတက်ဖူးသလိုဆေးမှားသောက်လို့ မျက်စိခြောက်လလောက်ကုခဲ့ဖူးတယ်။နားသိပ်မကြားရလို့ မန္တလေးက ဆရာဝန်ဦးကန်ညွန့်နဲ့ နှစ်နှစ်ကျော်ပြခဲ့ဖူးတယ်။ ငြိမ်းချမ်းခြင်းကိုလိုက်ရှာပြီးစမ်းချောင်းက Church ကျောင်း library မှာခြောက်လ လောက်နေဖူးတယ်။ ငွေအတိုးချေးပေးပြီး အလိမ်ခံရဖူးတယ်။စပ်တူလုပ်ပြီး ခွါပြဲဖူးတယ်။Social media ကို မသုံးတော့ဘူးဆိုပြီးအကြိမ်ကြိမ်စဉ်းစားခဲ့ဖူးတယ်။ မဖတ်တတ်တဲ့ စကားလုံးတွေများတော့dictionary နဲ့တစ်လုံးချင်းလိုက်ရှာစိတ်တွေ အကြိမ်ကြိမ်ညစ်ဖူးတယ်။ အတွေးအခေါ်မတူပဲ အမြဲစိတ်ညစ်ရလို့အသက်ကြီးရင် အမေနဲ့အတူမနေဖူးလို့ပြောပြီး အိမ်နဲ့ သုံးလလောက်အဆက်အသွယ် မလုပ်နေခဲ့ဖူးတယ်။ အဒေါ်တွေအိမ်ကပ်နေဖူးတယ်။အစ်ကို

မွေးကတည်းက သန်မာတာရှားတယ်။
ကိုယ့်ကို မသေစေတဲ့အရာက
သန်မာစေတဲ့အရာတွေဆိုတာ မှန်တယ်။
Read More »

အလုပ်လုပ်သင့်တဲ့အရွယ်

အပျော်အပါးမက်နေပြီးကိုယ့်ရွယ်တူတွေတိုက်နဲ့ ကားကောင်းနဲ့လုပ်ငန်းတွေနဲ့ အောင်မြင်မှနောင်တမရနဲ့လို ငယ်ငယ်ကအဲ့လို motivation ပေးခဲ့ဖူးတယ်။ Phyo Paing @ Derek

အလုပ်လုပ်သင့်တဲ့အရွယ် Read More »

experiment တွေကနေ
motivation တွေရလာတယ်။

ကိုယ့်ကို motivation ပေးတဲ့စကားလုံးက ဘာများဖြစ်မလဲ။ ၂၀၁၆ တုန်းက YouTube မှာvideo တစ်ခုတက်လာတယ်။Landmark forum က Tedtalk မှာပြောထားတဲ့ နာမည်သိပ်မကြီးတဲ့video တစ်ခု။ အဲ့ဒီထဲမှာ သူကမေးခွန်းတစ်ခုမေးတယ်။ခင်ဗျာငယ်ငယ်က ထမင်းမေ့ဟင်းမေ့နဲ့အလုပ်ထဲ စျာန်ဝင်တဲ့အချိန်တစ်ခုကဘာများဖြစ်မလဲတဲ့။ ဒီကနေ dream source ကိုရှာလို့ရတယ်တဲ့။ ကိုယ်လဲ ကိုယ့်ကိုကိုယ်ပြန်မေးတော့၇ တန်းမှာ စက်ဘီးမှာ ဒိုင်နမိုတပ်ပြီးမီးသီးတွေကို spoke တိုင်မှာလှည်အောင်စမ်းသပ်ပြီး ၇ ရက်တိတိ အိမ်တွင်းအောင်းခဲ့တာ သတိရတယ်။ အဲ့တုန်းက အင်တာနက်ဆိုတာမရှိမေးရမည့်သူမရှိတော့ တော်တော်ခေါင်းစားခဲ့ရတယ်။ အဲ့ကနေ ကိုယ့်ရဲ့ “dream source” ကိုရှာတဲ့အခါ ”စမ်းသပ်မှု” ဆိုတဲ့စကားလုံးကို သွားတွေ့တယ်။ ဒီ experiment လုပ်တယ်ဆိုတဲ့စကားလုံးနဲ့ motivation ယူပြီးအလုပ်တွေအကုန်လုပ်သွားတယ်။ဥပမာ အလုပ်ထွက်ပြီး ကိုယ်တိုင်လုပ်ငန်းစမ်းသပ်မှုလေးကို လုပ်မယ်။ လူရှေ့သူရှေ့မှာ စကားထွက်ပြောတဲ့Experiment

experiment တွေကနေ
motivation တွေရလာတယ်။
Read More »

Time + Energy + Motivation = Workdone

တခါတလေ အချိန်တော့အများကြီးရှိပြီးမလုပ်ချင် မကိုင်ချင်ဖြစ်နေတာလူတိုင်းမှာ ရှိတတ်ကြတယ်။ တခါတလေ လုပ်ချင်ကိုင်ချင်စိတ်တော့ရှိတယ်။ဒါပေမယ့် ပင်ပန်းပြီး စွမ်းအင်မရှိတဲ့အချိန်တွေလူတိုင်းတခါမဟုတ် တခါ ကြုံဖူးလိမ့်မယ်။ ဒါကြောင့် အလုပ်ပြီးမြောက်ဖို့အတွက် TEM လိုတယ်။ Time + Energy + Motivation ရှိမှ အလုပ်ပြီးမြောက်မှုက လာတယ်။ Expired date ရှိတဲ့ဘဝမှာ မသေခင် ကိုယ်ဂုဏ်ယူတဲ့အလုပ်တွေနေ့စဉ် လုပ်နေဖို့ အရေးကြီးတယ်။ Phyo Paing @ Derek

Time + Energy + Motivation = Workdone Read More »

စိတ်နဲ့ ခန္ဓာက ကားတစ်စီးလိုပဲ

နေ့စဉ် maintenance လုပ်ဂရုစိုက်ပေးဖို့လိုတယ်။ဒါမှ ကိုယ်သွားချင်တဲ့ ခရီးမြန်မြန်နဲ့ကောင်းကောင်းရောက်မှာ။ Phyo Paing @ Derek

စိတ်နဲ့ ခန္ဓာက ကားတစ်စီးလိုပဲ Read More »

လူအများစု တိုင်ပတ်ရတဲ့
အကြောင်းကတော့
ကိုယ့်ကိုကိုယ် မသိလို့ဖြစ်တယ်။

ကိုယ့်ကိုကိုယ် သိဖို့ ကိုယ့်ရဲ့ “စိတ်”နဲ့ “ကိုယ်”ကို လေ့လာဖို့အရေးကြီးတယ်။ ဒီလိုလေ့လာဖို့ စိတ်ငြိမ်ဖို့လိုတယ်။ စိတ်ငြိမ်ဖို့ တရားထိုင်ကြတယ်။ နောက်တစ်နည်းက ပြန်လည်သုံးသပ်ဖို့လိုတယ်။ဒီအတွက် ဂျာနယ် journaling လုပ်ကြတယ်။ နောက်တစ်နည်းက coachingလုပ်ကြတယ်။ နောက်တစ်နည်းက personality test တွေဖြေပြီး နားလည်အောင်လုပ်ကြတယ်။ ကိုယ့်ကိုကိုယ် နေ့စဥ်လေ့လာနေပြီး ပိုပို သိလာဖို့အရေးကြီးတယ်။ Phyo Paing @ Derek

လူအများစု တိုင်ပတ်ရတဲ့
အကြောင်းကတော့
ကိုယ့်ကိုကိုယ် မသိလို့ဖြစ်တယ်။
Read More »

ကျွန်တော့်အတွက်
motivation ရဲ့ ရန်သူက
expectation ပဲ။

ဒါကြောင့် motivation ကို စီမံခန့်ခွဲမှုထက်expectation ကို စီမံခန့်ခွဲမှုအရင်လုပ်တယ်။ Expectation မျှော်မှန်းချက်ဆိုတာအနာဂတ်မှာ ရရှိမည့်future reward ဖြစ်တဲ့အတွက် ဒါကို စဥ်းစားလိုက်ရင်တချို့က ရင်ခုန်တတ်တယ်။ ဒါကြောင့် တချို့ Strategic Planning တွေလုပ်တဲ့အခါ ရည်မှန်းချက်အကြီးကြီးတွေထားပြီး တက်ကြွတဲ့ ကြက်ဖတွေဖြစ်တတ်ကြတယ်။နှစ်လလောက်နေ အခြေနေမဟန်တော့ စိတ်ဓာတ်ကျတတ်ကြတယ်။ ဒီတော့ မျှော်မှန်းချက်တွေကrealistic ဖြစ် လက်တွေ့ကျဖို့လိုတယ်။ လက်တွေ့ကျဖို့ အရှိကိုအရှိအတိုင်းအနီးစပ်ဆုံးမြင်နိုင်ဖို့အတွက် data တွေလိုတယ်။ ဝေဒနာတွေနဲ့ မသုံးသပ်ပဲdata တွေနဲ့ သုံးသပ်ဖို့ စိတ်ခံစားမှုနဲ့ ဆုံးဖြတ်တာထက်စဥ်းစားမှုနဲ့ ဆုံးဖြတ်နိုင်ဖို့လိုတယ်။ ဒီလို expectation တွေ စီမံခန့်ခွဲနိုင်ဖို့ အိမ်မက်ကြီးကြီးထားပေမယ့်ခရီးလမ်းမှာရှိတဲ့ milestones တိုင်းကို သေးသေးလေးထားတယ်။ တစ်လမ်းချင်းသွားတယ်။ အဓိက သွားနေဖို့လိုတာပဲ။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကHarvard က paper တစ်ခုအမှတ်မထင်

ကျွန်တော့်အတွက်
motivation ရဲ့ ရန်သူက
expectation ပဲ။
Read More »

ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ပါ။

တစ်ရက်တစ်ရက် ကုန်သွားတိုင်းကိုယ့်ကိုကိုယ် ပြန်မေးကြည့်မိတယ်။ဒီနေ့ဟာ ကိုယ့်ကျန်းမာရေး၊စီးပွါးရေး၊ လူမှုရေး၊ အချစ်ရေး၊တိုးတက်ရေး၊ ငြိမ်းချမ်းရေးအတွက်“အရင်းအနှီး” ဖြစ်သွားလား၊“အလဟသ” ကုန်သွားလား။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ပါ။ Read More »

မနက်ဖြန်အတွက် ဒီနေ့ကို
သေချာအသုံးချဖို့လိုနိုင်တယ်။

ဒီနေ့ရောက်နေတဲ့နေရာကလွန်ခဲ့တဲ့ ငါးနှစ်ကပြင်ဆင်ခဲ့လို့ဖြစ်နိုင်တယ်။နောက်လာမည့် ငါးနှစ်အတွက်ဒီနေ့က အရေးကြီးကောင်းကြီးနေနိုင်တယ်။ မနက်ဖြန်အတွက် ဒီနေ့ကိုသေချာအသုံးချဖို့လိုနိုင်တယ်။ Phyo Paing @ Derek

မနက်ဖြန်အတွက် ဒီနေ့ကို
သေချာအသုံးချဖို့လိုနိုင်တယ်။
Read More »

အမှားလုပ်ရမှာ မကြောက်ပါနဲ့။

ဘဝဆိုတာ စမ်းသပ်မှုတွေပြုလုပ်တဲ့နေရာလို့ ခံယူထားတယ်။အမှားတွေ အများကြီးလုပ်ခဲ့ဖူးတယ်။ဒီအမှားတွေကပေးတဲ့သင်ခန်းစာတွေကြောင့်တိုးတက်မှုပိုမြန်လာတယ်။စမ်းသပ်မှု = အမှား = သင်ခန်းစာ = တိုးတက်မှုဒါကြောင့် ကိုယ်မလုပ်ဖူးတဲ့အလုပ်လုပ်ရမှာ စမ်းကြည့်ရမှာမကြောက်ပါနဲ့။ဘဝက ပေးတဲ့ သင်ခန်းစာတစ်ခုကဘာများဖြစ်မလဲ?ကျွန်တော့်အတွက်ကတော့အမှားဆိုတာ သင်ခန်းစာ။သင်ခန်းစာဆိုတာ တိုးတက်ဖို့။ဒါကြောင့် အမှားလုပ်ရမှာမကြောက်ပါနဲ့။Phyo Paing @ Derek

အမှားလုပ်ရမှာ မကြောက်ပါနဲ့။ Read More »