အရေးမပါတဲ့အရာတွေကို
အရာပေးဖို့ အချိန်မရှိဘူး။
ကိုယ့်အတွက် အချိန်တိုင်းက တန်ဖိုးရှိတယ်။ဒါကြောင့် အရေးမပါတဲ့အရာတွေကိုအရာပေးဖို့ အချိန်မရှိဘူး။ Phyo Paing @ Derek
ကိုယ့်အတွက် အချိန်တိုင်းက တန်ဖိုးရှိတယ်။ဒါကြောင့် အရေးမပါတဲ့အရာတွေကိုအရာပေးဖို့ အချိန်မရှိဘူး။ Phyo Paing @ Derek
Neurotransmitters တွေအရေးကြီးတယ်။အထူးသဖြင့် ဖျားပြီးနလန်ပြန်ထူတဲ့အချိန်။ပျော်ရွင်မှု၊ တက်ကြွမှုတွေပျောက်နေသလိုဖြစ်တတ်တာ neurotransmitter တွေကြောင့်။ ဥပမာ Serotonin ရဖို့အတွက် ငှက်ပျော်သီးစားလိုက်လို့ရတယ်။Dopamine အတွက်ကတော့ သတ်မှတ်ပြီးတဲ့ အလုပ်ပြီးရင်လဲ ဒိုပါမင်းထွက်တယ်။ Facebook status တင်လိုက်လဲထွက်တယ်။နောက် endorphins က လေ့ကျင့်ခန်းလုပ်ပြီးထွက်တယ်။ သိပ္ပံပညာသာမရှိရင် သက်သေပြလို့မရတဲ့အယူအဆတွေနဲ့ မျက်ကန်းတစ္ဆေဖြစ်နေအုံးမယ်။ Phyo Paing @ Derek
သိပ္ပံပညာသာမရှိရင် သက်သေပြလို့မရတဲ့
အယူအဆတွေနဲ့ မျက်ကန်းတစ္ဆေဖြစ်နေအုံးမယ်။ Read More »
ကျွန်တော်ကတော့ တစ်ပြိုင်တည်းသုံးခုတည်ဆောက်တယ်။ ၁။ ကိုယ့်ကုမ္ပဏီ၂။ ကိုယ်ရင်းနှီးမြုပ်နှံထားတဲ့ ကုမ္ပဏီတွေ၃။ ကိုယ့်ကိုကိုယ် ကိုယ်လုပ်တဲ့အလုပ်မှာတော့ကိုယ်ဆရာအကျဆုံးဖြစ်ရမယ်လို့ခံယူထားတယ်။ Phyo Paing @ Derek
ကိုယ်လုပ်တဲ့အလုပ်မှာတော့
ကိုယ်ဆရာအကျဆုံးဖြစ်ရမယ်လို့ ခံယူထားတယ်။ Read More »
တစ်နှစ်ရှာထားတဲ့ ပိုက်ဆံက ရောဂါကြီးကြီးမားမားတစ်ခါဖြစ်ရင်လောက်တောင် လောက်မှာမဟုတ်ဘူး။ လူမှုဖူလုံရေးတို့၊ ကျန်းမာရေးစောင့်ရှောက်မှုတို့၊ဘယ်သူ့မှ အားကိုးမရတဲ့နေရာမှာ ကိုယ့်ကိုကိုယ် အားကိုးတာအကောင်းဆုံးပဲ။ အကောင်းဆုံးနည်းလမ်းတစ်ခုက ပိုက်ဆံရှာနိုင်စွမ်းကို မြင့်အောင်လုပ်ရမှာ။နောက် အနာဂတ်မှာ နာမကျန်းဖြစ်ရင်လုံလောက်တဲ့ ငွေကြေးရှိအောင် စီမံထားရမှာ။ Phyo Paing @ Derek
ကိုယ့်ကိုကိုယ် ပြန်လည်ဆန်းစစ်မှုမရှိ၊ကိုယ့်ကိုကိုယ် သေချာမသိSelf-awareness မရှိရင်ဟိုဟာလဲလုပ်ချင်၊ ဒီဟာလဲလုပ်ချင်အခွင့်အရေးတွေ့တိုင်း ပါဝင်တဲ့shinning object syndrome ဖြစ်နေမှာ။ လောကမှာ အခွင့်အလမ်းတွေက အများကြီးတယ်။အရေးကြီးတာ ဘယ်အခွင့်အလမ်းက ငါနဲ့ ဆိုင်လဲ၊ ဘယ်အရာက ကိုယ်နဲ့ လက်လမ်းဝေးလဲသေချာ သိဖို့နဲ့ကိုယ်နဲ့ဆိုင်တာကို ဇောက်ချလုပ်ဖို့ပဲ။ ကိုယ်ဘာလုပ်မယ်၊ ကိုယ်ဘာမလုပ်ဘူး။ကိုယ်ဘာအားသာတယ်၊ ဘာအားမသာဘူး။ကိုယ့်ဘဝသွားနေတဲ့ လမ်းကြောင်းကဘာ၊ဘယ်လမ်းကြောင်းက ကိုယ်ရွေးချယ်တဲ့လမ်းမဟုတ်ဘူးသေချာ သိဖို့က အရေးကြီးတယ်။ ဘဝမှာ အချိန်နဲ့ energy က အကန့်အသတ်ရှိတယ်။ ဖင်လှည့်ခေါင်းလှည့်နဲ့ အခုပဲ ၂၀၂၃ မှာခြောက်လက ကုန်သွားပြီ။ လေဆာလို ကိုယ့်ရည်မှန်းချက်တစ်ခုတည်းကိုသေချာ အာရုံစိုက်ထားဖို့လိုတယ်။ ရည်မှန်းချက်ကို သွားတဲ့လမ်းကြောင်းကိုပြောင်းလို့ ရတယ်။ အိမ်မက်တွေရည်မှန်းချက်ကို သွားပြောင်းလို့မရဘူး။ ကိုယ့်ရဲ့ သမိုင်းပေးတာဝန်ဘာလဲ ပြတ်ပြတ်သားသားသိရင်အခွင့်အလမ်းတိုင်းကို လွတ်သွားမှာကြောက်တဲ့စိတ်မရှိတော့ဘူး။ Phyo Paing @ Derek
သံသရာက မတူညီတဲ့ကံကြမ္မာတွေနဲ့ လူတွေကို အကဲစမ်းလိမ့်မယ်။ဒါကြောင့် ဘဝဆိုတာ စမ်းသပ်မှုတစ်ခုပဲ။ ကိုယ်ကို သံသရာက ပြဿနာ ပုစ္ဆာတွေ တစ်ခုပြီးတစ်ခုပေးပြီး စမ်းတယ်။ ဒီလိုစမ်းလို့ရအောင်လဲ အဝိဇ္ဇာနဲ့ တဏှာ ကို မွေးကတည်းကဘဝ Operating System မှာ တခါတည်း ကြိုတင်တပ်ဆင် preinstalledလုပ်ပေးထားတယ်။ ဒီ preinstalled လုပ်ထားတဲ့ အဝိဇ္ဇာနဲ့ တဏှာကို ဖယ်နိုင်ရင် သံသရာက ရန်ရှာတာတွေ၊အဖန်တရာပြဿနာနဲ့စမ်းသပ်တာတွေကုန်သွားနိုင်တယ်။ ကိုယ်တိုင်က preinstalled လုပ်ထားတဲ့အဝိဇ္ဇာနဲ့ တဏှာကို မဖယ်နိုင်သေးရင်သတိလေးကပ် note လေးမှတ်ပြီးတရားလဲထိုင်၊ bar လဲထိုင်ပေမယ့်ငါတို့ကို သံသရာက စမ်းနေတာဆိုတဲ့အသိနဲ့ဘဝ သင်ခန်းစာတွေ ယူရမှာပဲ။ Phyo Paing @ Derek
အားတီလေးတွေက သူတို့ ငယ်ငယ်တုန်းကစိတ်ကူးထဲမှာ ရှိတဲ့ အမေပုံစံမျိုးအမျိုးသမီးတွေကို ပိုချစ်တတ်ကြတယ်။ အားမေတွေကလဲ သူတို့ ငယ်ငယ်တုန်းက စိတ်ကူးထဲမှာ ဖြစ်စေချင်တဲ့ အဖေပုံစံမျိုးအမျိုးသားတွေကို ပိုချစ်တတ်ကြတယ်။ ဥပမာ ကိုယ့်ကိုအမြဲဝေဖန်တတ်တဲ့အမေအစား ဘာပဲဖြစ်ဖြစ်ကိုယ့်ကို အမြဲယုံကြည်မှုရှိတဲ့ အမေမျိုး။ အမျိုးသမီးတွေဆိုလဲကိုယ့်ကို ဂရုသိပ်မစိုက်ဖြစ်တဲ့အဖေအစားဂရုစိုက်ပြီး ကာကွယ်ပေးမယ်ဆိုတဲ့အဖေမျိုး။ အတွေးတစ်ခုပေါ်လို့ စဥ်းစားကြည့်တာ။ Phyo Paing @ Derek
လူတွေအမြဲဆုံးဖြတ်ရတဲ့ ဆုံးဖြတ်ချက်တစ်ခုရှိတယ်။အဲ့ဒါကတော့ “အခုဘာလုပ်မှာလဲ။ What am I going to do right now?” Phyo Paing @ Derek
လူတွေက ဥာဏ်အလင်းမတူတော့မြင်နိုင်တဲ့ အကွာအဝေးလဲမတူဘူး။ တချို့တွေက တစ်ရက်စာမြင်တယ်။တချို့က တစ်လ၊ တချို့တစ်နှစ်။တချို့ဆယ်နှစ်။တချို့က ကိုယ့်နေဝင်ချိန်ထိ။ ဗုဒ္ဓကတော့ သံသရာကိုမြင်တယ်။ မြင်တာကို သိအောင်ဟောပေမယ့်သိတာနဲ့ ထိတာ မတူပြန်ဘူး။ လူတွေက ဒုက္ခနဲ့ ထိမှတကယ်သိတာ။ ဒါကြောင့် ဒုက္ခနဲ့ ထိတိုင်းမှာဘာတွေ သိမလဲ စဥ်းစားကြည့်။ Phyo Paing @ Derek
Love is the journey of self-discovery. လူတွေက မတူညီတဲ့သူတွေနဲ့တွေ့တိုင်းမတူညီတဲ့ ကိုယ်ရည်ကိုယ်သွေးတွေထွက်လာတယ်။ ဒီနေ့ခေတ်က အဘိုး၊ အဖေခေတ်မဟုတ်တော့လူတိုင်းက နှစ်ခါ၊ သုံးခါ ချစ်ကျွမ်းဝင်ဖူးကြတယ်။ မတူညီတဲ့ သူတွေနဲ့ တွေ့တိုင်းမှာကိုယ့်ရဲ့ ကောင်းတဲ့အချက်၊ ဆိုးတဲ့အချက်နဲ့ကိုယ်မထင်ထားတဲ့ အစွမ်းအစတွေထွက်ပေါ်လာတတ်တယ်။ မတူညီတဲ့သူတွေက မတူညီတဲ့ ဓာတ်vibes တွေပေးတယ်။ လူတွေက စဥ်းစားပုံလဲ မတူကြသလိုတချို့က အပေါ်ယံခတ်ကျယ်ကျယ် စဥ်းစားတယ်။တချို့က တစ်ခုကို ထဲထဲဝင်ဝင် စဥ်းစားတယ်။တချို့က ဆက်စပ်စဥ်းစားတယ်။ တချို့က လွတ်လပ်မှုပေးသလိုတချို့က လှုံခြုံမှုပေးတယ်။တချို့က ဝေဖန်အကြံအမြဲပြုသလိုတချို့က ကိုယ်ဘာလုပ်လုပ်မှန်တယ် ရပ်တည်ပေးတယ်။ လူတွေက အချစ်နဲ့တွေ့တိုင်းမှာ ကောင်းတဲ့ကိုယ်ရည်ကိုယ်သွေးဆိုးတဲ့ ကိုယ်ရည်ကိုယ်သွေးတွေထွက်လာတတ်တယ်။ ဒါကြောင့် Logotherapy ကိုထွင်တဲ့Dr. Viktor Frankl က Love is the only way