Passion, Profit, Purpose ဒီ P သုံးလုံးက လူတစ်ယောက်ဘဝကို ကောင်းကောင်းပြောင်းလဲစေနိုင်တယ်။ ကိုယ်စိတ်မဝင်စားတဲ့ အလုပ်ကိုလုပ်နေရင်အစွမ်းအစက ပြောသလောက်မထွက်ဘူး။ ဒါကြောင့် ကိုယ် passionate ဖြစ်တဲ့ချစ်တဲ့အလုပ်ကို လုပ်ဖို့လိုတယ်။ ချစ်တဲ့အလုပ်လုပ်ပြီး ငွေကြေးအရstruggle ဖြစ်နေမယ်ဆိုတာ မဟုတ်သေးဘူး။ ဒီတော့ ကိုယ့် passion ကို profession ပြောင်းပြီးအမြတ်ငွေထွက်အောင် profit ထွက်အောင်လုပ်ဖို့လိုတယ်။ နောက်တစ်ခုက purpose ရည်ရွယ်ချက်ပေါ့။ Start with “Why” ဘာ့ကြောင့်ဆိုတဲ့ရည်ရွယ်ချက်လိုတယ်။ ဒီအချက်က ဘဝမှာ ဒူပေဒါပေခံဖို့ ကူညီပေးတယ်။ ဘဝမှာ အဝေးကို ထွက်ပြေးချင်တဲ့အချိန်တွေ လူတိုင်းမှာရှိတယ်။ဘဝကို စိတ်ကုန်တဲ့အချိန်တွေအရွဲ့တိုက်ချင်တဲ့အချိန်တွေလူတိုင်းမှာ တစ်ချိန်မဟုတ် တစ်ချိန်ရှိခဲ့ဖူးကြလိမ့်မယ်။ ဒီလိုအချိန်မျိုးမှာ အကြည်ဓာတ်မပျက်ရှေ့ဆက်နိုင်ဖို့ ဘဝရဲ့ ရည်ရွယ်ချက်purpose အရေးကြီးတယ်။ Peak Performance ထိပ်တန်းစွမ်းဆောင်ရည်အပြည့်နဲ့ အလုပ်လုပ်နိုင်ဖို့