values

ပြဿနာ ကြီးလေကိုယ့် တန်ဖိုး မြင့်လေပါပဲ။

လူတစ်ယောက်ရဲ့ တန်ဖိုးကလူတစ်စုအတွက်ပြဿနာဖြေရှင်းနိုင်စွမ်းပဲ။ ဒါကတော့ အသုံးဝင်မှုအမြင်ပေါ့။ ဥပမာ ဝန်ထမ်းခန့်ထားတယ်ဗျာ။အလုပ်ဘယ်လောက်ကြိုးစားကြိုးစားboss ပြဿနာ မဖြေရှင်းပေးနိုင်ရင်ဒါ အသုံးမဝင်ပါဘူး။ ကြိုးစားတာနဲ့ အသုံးဝင်တာ မတူပါဘူး။ ကြိုးစားတာက input ပါ။အသုံးဝင်တာက output ပါ။ boss က output ကို ကြည့်ပါတယ်။customer က output ကို ကြည့်ပါတယ်။စျေးကွက်က output ကို ကြည့်ပါတယ်။ ဒါဆို ကိုယ့်ကိုကိုယ် မေးကြည့်ပါ။ ကိုယ် ဘယ်သူ့ ပြဿနာကို ဖြေရှင်းပေးနေလဲ။ကိုယ် ဖြေရှင်းပေးနေတဲ့ ပြဿနာကဘယ်လောက် ကြီးလဲ။ ပြဿနာ ကြီးလေကိုယ့် တန်ဖိုး မြင့်လေပါပဲ။ Phyo Paing @ Derek

ပြဿနာ ကြီးလေကိုယ့် တန်ဖိုး မြင့်လေပါပဲ။ Read More »

ဘဝဟာ ခဏပါ။တန်ဖိုးရှိအောင် နေဖို့လိုနိုင်ပါတယ်။

မွေးလာတယ်။ ရှင်သန်တယ်။ သေဆုံးတယ်။ဘဝဆိုတာ ဒီ ၃ ခု ကြားက ခဏတာ ခရီးတစ်ခုပဲ။ ဒါပေမဲ့ ဒီခဏတာလေးကို လူအများစု ဘယ်လို ကုန်ဆုံးကြလဲ။ အနာဂတ်အတွက် စိုးရိမ်ရင်း ကုန်တယ်။အတိတ်ကို တွေးပြီး နောင်တရရင်း ကုန်တယ်။လူတွေ ဘာပြောမလဲ စဉ်းစားရင်း ကုန်တယ်။ ပျော်ရမယ့် အချိန်မှာ မပျော်ဘူး။လုပ်ရမယ့် အချိန်မှာ မလုပ်ဘူး။ ဘာလို့လဲ ဆိုတော့“နောက်မှ လုပ်မယ်” ဆိုတဲ့ စိတ်နဲ့ နေလို့။“နောက်မှ ပျော်မယ်”“နောက်မှ ချစ်မယ်”“နောက်မှ ရဲရဲ လုပ်မယ်” ဒါပေမဲ့ နောက်ဆိုတာ ဘယ်တော့လဲ။နောက်ဆိုတာ မလာနိုင်ဘူး။ ကိုယ်သာ ဒီနေ့ အသက် ၈၀ ပြည့်နေ့ဆိုရင်။ဘဝကို ဘယ်လို နေခဲ့မိလို့ နောင်တရမလဲ။ မချစ်မိလို့ နောင်တရမလား။မလုပ်မိလို့ နောင်တရမလား။မပျော်မိလို့ နောင်တရမလား။ ကိုယ့်

ဘဝဟာ ခဏပါ။တန်ဖိုးရှိအောင် နေဖို့လိုနိုင်ပါတယ်။ Read More »

မသိရင် မရှိဘူးလို့ထင်လိမ့်မယ်။

လူတိုင်းမှာ ငုပ်လျှိုးနေတဲ့အစွမ်းအစတွေရှိတယ်။ ဒါကို မသိရင် မရှိဘူးလို့ထင်လိမ့်မယ်။ ဘဝမှာ ကိုယ့်အတွက် အရေးအကြီးဆုံးကို“တန်ဖိုးထားမှု value” လို့ခေါ်တယ်။ ကိုယ့်တန်ဖိုးထားမှုက ကိုယ့်ရဲ့ ဓူဝံကြယ်ပဲ။ကိုယ်ဘဝကို ဘယ်လိုနေရမလဲဆိုတာ လမ်းညွှန်ပေးတဲ့တယ်။ ကျွန်တော့်အတွက်ဆို ၁။ တိုးတက်မှု Progress၂။ လွတ်လပ်မှု Freedom၃။ ရင်ခုန်မှု Excitement ဒီသုံးခု က မရှိမဖြစ်အရေးကြီးတယ်။ နောက်တစ်ခုက ကိုယ့်ရဲ့ အားသာချက်“စူပါပါဝါကို သိဖို့လိုတယ်။” လူတစ်ယောက်နဲ့ တစ်ယောက်မတူဘူး။ တချို့က အလုပ်ဖြစ်နေပြီးသားကို ထပ်ခါထပ်ခါလုပ်သွားချင်တယ်။ (Consistency)တချို့က အလုပ်ဖြစ်တာကိုသိရင်နောက်တစ်ခုအသစ်ကို လေ့လာချင်တယ်။ (Learner) မလုပ်ခင် အချိန်တွေအကြာကြီးစဥ်းစားအန္တရာယ်တွေတွက်ချက် ရှောင်ရှားပြီးမှဖြေးဖြေးချင်းလုပ်တဲ့သူရှိတယ်။ (Deliberate)တချို့က စဥ်းစား၊ အန္တရာယ်တွေကိုနားလည်တယ်။ရအောင်လုပ်ဖို့ အန္တရာယ်တွေကို ရင်ဆိုင်တဲ့သူရှိတယ်။ (Achiever) တချို့က ပျက်နေတာကို ပြင်ချင်တယ်။ (Fixer)တချို့က ရှိနေပြီးသားကို ပိုကောင်းအောင်လုပ်ချင်တယ်။ (Maximizer)

မသိရင် မရှိဘူးလို့ထင်လိမ့်မယ်။ Read More »

ကိုယ်ထားတဲ့ စံနှုန်း

လူတိုင်းက ကိုယ်နဲ့ထိုက်တန်တဲ့နေရာ၊ကိုယ်နဲ့ ထိုက်တန်တဲ့အလုပ်၊ကိုယ်နဲ့ထိုက်တန်တဲ့သူနဲ့ပဲတွေ့တာပဲ။ကိုယ်ထားတဲ့ စံနှုန်းပဲ။ Phyo Paing @ Derek

ကိုယ်ထားတဲ့ စံနှုန်း Read More »

အထီးမကျန်ဖူးရင်
မေတ္တာရဲ့နွေးထွေးမှုအရသာစစ်စစ်ကို
သိနိုင်ဖို့မလွယ်ဘူး

ဆင်းရဲမှုအရသာကို မသိပဲချမ်းသာမှုအရသာအပြည့်ကို ခံစားနိုင်ဖို့ မလွယ်ဘူး။ လှောင်အိမ်ထဲ မရောက်ဖူးရင်လွတ်လပ်မှုအရသာစစ်စစ်ကိုခံစားနိုင်ဖို့လဲ မလွယ်ဘူး။အထီးမကျန်ဖူးရင် မေတ္တာရဲ့နွေးထွေးမှုအရသာစစ်စစ်ကိုသိနိုင်ဖို့မလွယ်ဘူး။ဆေးရုံမှာ အောက်စီဂျင်အတွက်အသက်မငင်ဖူးရင်ရှူနေတဲ့လေရဲ့ တန်ဖိုးကို သေချာသိဖို့ မလွယ်ဘူး။ ကျွန်တော်တို့ ရှူနေတဲ့လေ အသက်ရှင်ဖြစ်တည်မှုတွေဟာ တန်ဖိုးရှိတယ်ဆိုတာ မေ့နေတတ်တယ်။ Phyo Paing @ Derek

အထီးမကျန်ဖူးရင်
မေတ္တာရဲ့နွေးထွေးမှုအရသာစစ်စစ်ကို
သိနိုင်ဖို့မလွယ်ဘူး
Read More »

ကျွန်တော်ရဲ့
ABCDEFG

Attitudeစိတ်နေသဘောထားအရေးကြီးတယ်။ Zig Zaglar ပြောသလို“It is your attitude,more than your aptitude,that will determine your altitude.”Hard work beats talent ပဲ။စွမ်းဆောင်ရည်ချင်းတူရင်တောင်ကြိုးစားတဲ့ သူက ပိုခရီးရောက်တယ်။ Negative attitude နဲ့ positive lifeတည်ဆောက်လို့မရဘူး။ကိုယ့်ဘဝကိုယ် တာဝန်ယူဖို့အရေးကြီးတယ်။​ကိုယ့်ဘဝ ကိုယ်နဲ့ပဲဆိုင်တယ်။ Behavior ဆန္ဒ၊ ခံစားမှုနဲ့ အတွေးအခေါ်ပေါ်မူတည်ပြီးအမူအကျင့်ဖြစ်လာတယ်။စိတ်နေသဘောထားပေါ်မူတည်ပြီးအမူအကျင့်တွေဖြစ်လာတယ်။ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ကိုယ့် အမူအကျင့်ပုံစံက align ဖြစ်ဖို့လိုတယ်။ Consistency စွဲစွဲမြဲမြဲ လုပ်ဖို့လဲ အရေးကြီးတယ်။​အမူအကျင့်တစ်ခုကို စွဲစွဲမြဲမြဲမလုပ်ခဏ ခဏ လက်လျော့ရင်ခရီးရောက်မှာ မဟုတ်ဘူး။ Discipline စည်းကမ်း။​ငယ်တုန်းကတော့စိတ်ဓာတ်၊ စည်းကမ်း၊ ပညာတဲ့။ကိုယ့်ကိုကိုယ်ထုတ်ထားတဲ့ စည်းကမ်းကိုယ်တိုင်လိုက်နာဖို့လိုတယ်။​Self-discipline မရှိပဲခက်ခဲတာမှန်သမျှ လုပ်ဖို့ခက်တယ်။​ Experiment တိုးတက်မှုအတွက် မလုပ်ဖူးတာစမ်းသပ်လုပ်ဆောင်လုပ်ရဲဖို့လိုတယ်။လုပ်နေကျ၊ တွေးနေကျတွေကိုစိန်ခေါ်ရဲဖို့လိုတယ်။ Flexibility

ကျွန်တော်ရဲ့
ABCDEFG
Read More »

How you do anything is
How you do everything ဆိုတာ

လူတစ်ယောက် အရည်အချင်းရှိမရှိကိုများများစားစားသိပ်ကြည့်စရာမလိုဘူး။ဒီလူက ကိုယ်လိုချင်တာကိုဘယ်လို ရအောင်အကောင်အထည်ဖော်သွားလဲကိုပဲ ကြည့်လိုက်။ အထာကျကျ အကောင်အထည်ဖော်သွားတာလား။အိညောင် အိညောင်နဲ့ လား။ဘေးထိုင်ဘုပြောပြီး မဖြစ်နိုင်ဘူးငြီးနေတာလား။ How you do anything isHow you do everything ဆိုတာဒါမျိုးကို ခေါ်တာ။ Phyo Paing @ Derek

How you do anything is
How you do everything ဆိုတာ
Read More »

ပညာပဲ သင်ပြီး အသုံးမချရင်
အလကားပဲ။

စာပဲဖတ်ပြီး အသုံးမချနိုင်ရင်အလကားပဲ။ ကျွန်တော်တို့ နိုင်ငံမှာက ကြွားဖို့ စာသင်ကြသလိုဖြစ်တယ်လို့ထင်တယ်။Utility value ကို အရေးကြီးတယ်လို့ထင်တယ်။ဘာစာရွက်၊ ညာစာရွက်ရှိတယ်မပြောနဲ့။ ဘာလုပ်နိုင်သလဲ။ Show me you got ပဲ။ Phyo Paing @ Derek

ပညာပဲ သင်ပြီး အသုံးမချရင်
အလကားပဲ။
Read More »

ငါးမရှိတဲ့နေရာမှာ
ငါးမမျှားမိဖို့လိုတယ်။

တစ်ယောက်နဲ့ တစ်ယောက်ငွေပေါ်ထားတဲ့ တန်ဖိုးချင်းမတူကြဘူး။ဒီပေါ်မူတည်ပြီး တစ်သိန်းပေးရင်တောင် ပြန်ရချင်တဲ့Value တန်ဖိုးက မတူကြဘူး။တချို့က ဒါကို ခက်ခက်ခဲခဲရှာထားရတာ။တချို့က အိပ်ရင်းဝင်နေတာ။ဒါကြောင့် ငွေချင်းတူပေမယ့်ရှာခဲ့တဲ့ပုံချင်းမတူတဲ့အတွက်ဒီငွေပေါ်ကပြန်ရမည့်expectation ချင်းမတူကြဘူး။ ဒါကြောင့် ခက်ခက်ခဲခဲငွေမရှာချင်ရင်ငါးမရှိတဲ့နေရာမှာ ငါးမမျှားမိဖို့လိုတယ်။ Don’t sweat the small stuffs. Phyo Paing @ Derek

ငါးမရှိတဲ့နေရာမှာ
ငါးမမျှားမိဖို့လိုတယ်။
Read More »

ကိုယ့်ဖက်က ပိုပေးလိုက်ရမှာ
မကြောက်ပါနဲ့။

သုသေတနတွေအရ လူတွေက ကိုယ်ရင်းနှီးလိုက်တာထက်2.8x မရရင် အဲ့အလုပ်ကိုလုပ်ဖို့ ချီတုံချတုံဖြစ်တတ်ကြတယ်တဲ့။ ဝန်ထမ်းခန့်ရင်လဲ အဲ့သဘောပဲ။ ၁၀ သိန်းတန်တစ်ယောက်ခန့်ရင်hiring manager က လုပ်ငန်းအတွက်အနည်းဆုံး သိန်း ၃၀ နဲ့အထက်value-added ဖြစ်ဖို့မျှော်လင့်မှာပဲ။ ပစ္စည်းဝယ်ရင်လဲ အဲ့သဘောပဲလေ။တစ်သိန်းတန်ဝယ်ရင် ပေးလိုက်ရတာထက် တန်ဖိုးပိုဖြစ်မှ တန်တယ်လို့ခေါ်တယ်။ စျေးကွက်မှာ နှာတစ်ဖြားသာဖို့ယူသလောက်ပဲ ပြန်ပေးလို့ရတဲ့ခေတ် မဟုတ်တော့ဘူး။ ယူတာထက် ပိုပေးတဲ့ ခေတ်extra-mile သွားတဲ့ခေတ်ဖြစ်သွားပြီ။ Pho Paing @ Derek

ကိုယ့်ဖက်က ပိုပေးလိုက်ရမှာ
မကြောက်ပါနဲ့။
Read More »