July 2026

ဒီအချစ်ပြဿနာကို မဖြေရှင်းရင်
ဘဝပြဿနာကလဲ မလွယ်ဘူး။

အချစ်ရေးအဆင်ပြေရင်ကျန်တာအဆင်ပြေဖို့လွယ်တယ်။ အချစ်ရေးဆိုတာ သမီးရည်းစားနဲ့မှမဟုတ်ဘူးမိဘ၊ သားသမီး အကုန်ပါတာပေါ့။ ဘယ်လောက်ထိဆိုးမိုက်တဲ့သူပဲဖြစ်ဖြစ်အချစ်ခံချင်တဲ့သူကြီးပဲ။ ဒီအချစ်ပြဿနာကို မဖြေရှင်းရင်ဘဝပြဿနာကလဲ မလွယ်ဘူး။ တချို့ဘာသာတရားမှာကမိဘအချစ်ကိုမရလဲ ဘုရားအချစ်ကိုရတာမျိုးရှိတယ်။ တရားတွေ အရမ်းရသွားပြီးဥပက္ခာရားနဲ့နေနိုင်သွားရင်တော့မပြောတတ်ဘူး။ ပုထုဇဥ်အများစုကတော့ အချစ်လိုတယ်။ အချစ် bottlenecks ကိုဖြေရှင်းနိုင်ရင်ကျန်တဲ့ဘဝ အစိတ်အပိုင်းတွေကဖြေရှင်းလို့လွယ်တယ်။ ဒါကြောင့် အချစ်အကြောင်းဆို တီကောင်ဆားနဲ့ထိသလို ဖြစ်ကြတာပေါ့။ သီချင်းတွေလဲ အချစ်သီချင်းတွေပဲအများစုရှိကြတာ မဟုတ်လား။ Phyo Paing @ Derek

ဒီအချစ်ပြဿနာကို မဖြေရှင်းရင်
ဘဝပြဿနာကလဲ မလွယ်ဘူး။
Read More »

ကိုယ့်စိတ်ကို ကိုယ်အုပ်ချုပ်နိုင်တဲ့သူက
ကိုယ့်ဘဝကိုလည်း အုပ်ချုပ်နိုင်တယ်။

တစ်ခါတလေတူညီတဲ့လူ၊တူညီတဲ့အရည်အချင်း၊တူညီတဲ့အလုပ်ကိုပဲ လုပ်နေတာ။ ဒါပေမယ့်တစ်ရက်မှာ အရာအားလုံး အဆင်ပြေတယ်။နောက်တစ်ရက်မှာ ဘာမှမလုပ်ချင်တော့ဘူး။ ဘာကြောင့်လဲ? အကြောင်းရင်းက Skill မဟုတ်ဘူး။State (စိတ်အခြေအနေ) ပါ။ NLP (Neuro-Linguistic Programming) မှာ“Your state determines your behavior.”လို့ ပြောကြတယ်။ ကိုယ့်ရဲ့ Emotional State ကကိုယ် ဘယ်လိုစကားပြောမလဲ၊ဘယ်လိုဆုံးဖြတ်မလဲ၊ဘယ်လောက်အထိ ကြိုးစားမလဲကို သတ်မှတ်ပေးတယ်။ ဗုဒ္ဓရဲ့ အဘိဓမ္မာကို ကြည့်လိုက်ရင်တော့လူရဲ့စိတ်ဟာ“ကောင်းတယ်၊ ဆိုးတယ်” လို့ နှစ်မျိုးတည်း မဟုတ်ဘူး။ စေတသိတ် (၅၂ ပါး) ဆိုတဲ့စိတ်နဲ့အတူ ဖြစ်ပေါ်လာတဲ့စိတ်အရည်အသွေးတွေရှိတယ်။ ဥပမာလောဘ (လိုချင်စိတ်)ဒေါသ (အမျက်)မောဟ (မသိမှု)သတိ (Mindfulness)ဝီရိယ (ကြိုးစားမှု)ပညာ (Wisdom)ကရုဏာ (Compassion)မုဒိတာ (ဝမ်းမြောက်နိုင်မှု) ဒီစိတ်အရည်အသွေးတွေပေါင်းစပ်ပြီးကိုယ့်ရဲ့ “State” ကို ဖန်တီးနေတာ။ အလုပ်မဖြစ်တဲ့နေ့မှာ…“ငါ ပျင်းနေတာပဲ”လို့

ကိုယ့်စိတ်ကို ကိုယ်အုပ်ချုပ်နိုင်တဲ့သူက
ကိုယ့်ဘဝကိုလည်း အုပ်ချုပ်နိုင်တယ်။
Read More »

လုပ်ငန်းကိုချဲ့ထွင်နိုင်မှ
ငွေများများရှာနိုင်တာဖြစ်ပါတယ်။

အများစုက ချမ်းသာဖို့ကိုယ်တိုင်လုပ်ငန်းလုပ်ဖို့လိုတယ်။ သူများလုပ်ငန်းလုပ်နေသမျှချမ်းသာမှာမဟုတ်ဘူးဆိုတတ်ကြတယ်။ အမှန်တော့ လုပ်ငန်းလုပ်တိုင်းလဲမချမ်းသာပါဘူး။ လုပ်ငန်းကိုချဲ့ထွင်နိုင်မှငွေများများရှာနိုင်တာဖြစ်ပါတယ်။ ဒီလိုချဲ့ထွင်ဖို့အတွက်က မချဲ့ထွင်ခင် ဒီတစ်ချက်လိုပါတယ်။ အမှန်တော့ ဒီလို အစဥ်လိုက်သွားပါတယ်။စတင်ခြင်း start upကြီးထွားခြင်း speed upစနစ်ချခြင်း systemize ချဲ့ထွင်ခြင်း scale upလုပ်ငန်းကို စတော့စျေးကွက်ပေါ်တင်ခြင်း sell (Initial Public Offerings)နောက်ဆုံးအဆင့်ကတော့ ကျွန်တော်တို့ဆီမှာ လုပ်လေ့လုပ်ထမများသလိုလွယ်လဲမလွယ်ကူပါဘူး။ တခြားနိုင်ငံမှာတော့ မလေးရှားလောက်ကိုစားသောက်ဆိုင်Sushi ဆိုင်အထိ ဒီအဆင့်ထိသွားကြပါတယ်။ ဒီလိုချဲ့ထွင်တာနဲ့ပတ်သက်လို့ ကျွန်တော် comment မှာ video တစ်ခုတင်ထားပေးပါတယ်။တချို့ကလဲ link ဝင်မရတတ်ရင်Akyanpay Page မှာ ကြည့်ကြည့်ပါ။ အားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ။ Phyo Paing @ Derek

လုပ်ငန်းကိုချဲ့ထွင်နိုင်မှ
ငွေများများရှာနိုင်တာဖြစ်ပါတယ်။
Read More »

ဒီနေ့ကစပြီး
အကျင့်ကို ပြောင်းဖို့ မကြိုးစားပါနဲ့။
ကိုယ်ဘယ်လိုလူ ဖြစ်ချင်လဲဆိုတာကို အရင်ဆုံး ဆုံးဖြတ်ပါ။

Personal ဒီလိုကြုံဖူးလား? “ဒီတစ်ခါတော့ ငါတကယ်ပြောင်းမယ်။”ဆိုပြီး ဆုံးဖြတ်တယ်။Gym အပ်တယ်။စာအုပ်ဝယ်တယ်။မနက်စောစောထတယ်။ ဒါပေမယ့်ရက်ပိုင်း၊ လပိုင်းလောက်ကြာတော့ အရင်အကျင့်ကို ပြန်သွားတယ်။ ကျွန်တော်လည်း ဒီလိုပဲ ကြုံခဲ့ဖူးတယ်။အရင်တုန်းက ထင်တာကWillpower မလုံလောက်လို့။နောက်မှ သိလာတာကပြောင်းရမှာက အမူအကျင့် မဟုတ်ဘူး။ Identity ဖြစ်တယ်။ Atomic Habits စာအုပ်ထဲမှာ James Clear က“True behavior change is identity change.”လို့ ရေးထားတယ်။ ဒီအယူအဆက Motivation သက်သက် မဟုတ်ပါဘူး။ Psychology မှာ Professor Daphna Oyserman ရဲ့ Identity-Based Motivation Theory သုတေသနအရ လူတွေဟာ ကိုယ့် Identity နဲ့ ကိုက်ညီတဲ့ အပြုအမူတွေကို ပိုရွေးချယ်တတ်ကြတယ်။ Identity က

ဒီနေ့ကစပြီး
အကျင့်ကို ပြောင်းဖို့ မကြိုးစားပါနဲ့။
ကိုယ်ဘယ်လိုလူ ဖြစ်ချင်လဲဆိုတာကို အရင်ဆုံး ဆုံးဖြတ်ပါ။
Read More »

AI ခေတ်မှာ သူများနောက်ကလိုက်မလား။
အရင်ဦးအောင် ပြေးမလား? 🚀

AI ခေတ်မှာ သူများနောက်ကလိုက်မလား။ အရင်ဦးအောင် ပြေးမလား? 🚀 အခုခေတ်က Content Marketer တွေ၊ လုပ်ငန်းရှင်တွေနဲ့ Creator တွေအတွက် တကယ့်ကို “ရွှေခေတ်” ပါပဲ။ AI နည်းပညာကို စနစ်တကျ အသုံးချနိုင်ရင် လုပ်ငန်းတစ်ခုလုံးရဲ့ Content Workflow ကို အစကနေ အဆုံးထိ အချိန်တိုအတွင်း စနစ်တကျ တည်ဆောက်နိုင်ပြီဖြစ်ပါတယ်။ ဒီဗီဒီယိုထဲမှာ ChatGPT နဲ့ အခြား AI Tools တွေကို သုံးပြီး Brand Name ပေးတာ၊ Brand Guide ထုတ်တာကအစ… AI ပုံတွေမှာ မြန်မာစာမမှန်တာကို ပြန်ပြင်နည်းနဲ့ ဗီဒီယိုဖန်တီးနည်းအထိ လက်တွေ့ Short-cut Workflow တွေကို အသေးစိတ် ရှင်းပြပေးထားပါတယ်။ Phyo

AI ခေတ်မှာ သူများနောက်ကလိုက်မလား။
အရင်ဦးအောင် ပြေးမလား? 🚀
Read More »

တိုးတက် မှု

လုပ်ချင်တာလုပ်ပြီးရချင်တာရနေတာအောင်မြင်မှုပဲ။ ဘာမှထပ်မရချင်တော့တာငြိမ်းချမ်းမှု။ လုပ်ချင်ချင် မလုပ်ချင်ချင်လုပ်ပြီးရချင်တာရလာနေရင်တိုးတက်မှု။ Phyo Paing @ Derek

တိုးတက် မှု Read More »

ဘဝကောင်းဖို့ ရွေးချယ်မှုကောင်းဖို့လိုတယ်။

ဘဝကောင်းဖို့ ရွေးချယ်မှုကောင်းဖို့လိုတယ်။ ကိုယ့်အာရုံကို ဘယ်မှာထားမလဲ၊ဘယ်လိုထားမလဲရွေးချယ်နိုင်ရင်ကို ဘဝက တော်တော်ကောင်းနေပြီ။ ဒီလို အာရုံကို ထိန်းနိုင်ဖို့သမာဓိလိုတယ်။ သမာဓိကောင်းဖို့ တချို့ကတရားထိုင်တယ်။သမာအာဇီဝမဟုတ်တဲ့အလုပ်ရှောင်တယ်။ သူများဒုက္ခဖြစ်စေမယ့်အတွေး၊ အကြံ၊ အပြော၊ အလုပ်ရှောင်တယ်။ မှန်မှန်ကန်ကန် နှလုံးသွင်းနိုင်အောင်နေတယ်။ ဒါက ဗုဒ္ဓသင်ကြားပေးခဲ့တဲ့ မဂ္ဂင်ရှစ်ပါးပဲ။ Phyo Paing @ Derek

ဘဝကောင်းဖို့ ရွေးချယ်မှုကောင်းဖို့လိုတယ်။ Read More »

ကိုယ့်ရဲ့အဖြေကိုယ်ပဲသိတယ်။
ကိုယ့်ရွေးချယ်မှု။

နောက် ၁၀ နှစ်အတွင်း အခုဝင်ငွေနဲ့ ပိုင်ဆိုင်မှု ၂ ဆ ဒါမှမဟုတ်၁၀ ဆ နဲ့ အဆ ၁၀၀ မကတိုးတက်ပြောင်းလဲဖို့ ကိုယ်တစ်ဆင့်ချင်းလုပ်ရမလဲ။ ဒီအတိုင်းပဲ ဆက်သွားနေရင်တိုးတက်မလား။ ဘာတွေကိုရပ်ရမလဲ။ ဘာတွေကို ဆက်လုပ်ရမလဲ။ ဘာတွေကို ပိုလုပ်ရမလဲ။ ဘာတွေကို စမ်းသပ်ရမလဲ။ ဘယ်လိုနေရာတွေသွားရမလဲ။ဘယ်သူတွေနဲ့ တွေ့ရမလဲ။ဘာလိုတွေးခေါ်ကြံဆအိုင်ဒီယာတွေရှိရမလဲ။ တစ်ရက်တစ်ရက်ဘာတွေကို မဖြစ်မနေလုပ်ဖို့လိုမလဲ။ ကိုယ့်ကိုကိုယ် နေ့စဉ်မေးတဲ့မေးခွန်းတွေ။ ကိုယ့်ရဲ့အဖြေကိုယ်ပဲသိတယ်။ကိုယ့်ရွေးချယ်မှု။ Phyo Paing @ Derek

ကိုယ့်ရဲ့အဖြေကိုယ်ပဲသိတယ်။
ကိုယ့်ရွေးချယ်မှု။
Read More »

အနာဂတ်ရှိတဲ့အလုပ်ကိုလုပ်။
နေသလိုဖြစ်တဲ့ဘဝမှာ
ဖြစ်သလိုမနေနဲ့။

၂၄ နာရီတစ်ရက်မှာ၈ နာရီအိပ်၈ နာရီအလုပ်လုပ်၄ နာရီဝေယျာဝိစ္စလုပ် လမ်းသွားလမ်းလာကုန်၄ နာရီပဲ ထပ်အချိန်ပိုရမယ်။ ဒါကြာင့်အကောင်းဆုံး Life hack ကကိုယ်လုပ်တဲ့အလုပ်ကိုရွေးချယ်ခြင်းပဲ။ ကိုယ်လဲတော်လာမယ်၊အလုပ်လုပ်ရင်း ပျော်နေမယ်၊ဝင်ငွေတိုးပွါးမယ်၊ကုသိုလ်ရတဲ့ ပေးဆပ်မှုတစ်ခုလဲဖြစ်မယ်။ တော်၊ ပျော်၊ ပွါး၊ ပေးဖြစ်မယ်။ ပိုက်ဆံရှာ၊ပြီးရင် ကိုယ်ချစ်မြတ်နိုးငွေရပြီးအနာဂတ်ရှိတဲ့အလုပ်ကိုလုပ်။နေသလိုဖြစ်တဲ့ဘဝမှာဖြစ်သလိုမနေနဲ့။ Phyo Paing @ Derek

အနာဂတ်ရှိတဲ့အလုပ်ကိုလုပ်။
နေသလိုဖြစ်တဲ့ဘဝမှာ
ဖြစ်သလိုမနေနဲ့။
Read More »