လူ၊ နေရာ၊ အိုင်ဒီယာ အရေးကြီးတယ်။
ကျွန်တော့်ဘဝက ကံမကောင်းခဲ့ဘူး။ ကိုယ့်ကိုကိုယ် ဥာဏ်ကောင်းတယ်လို့တော့ထင်တယ်။ ဒီတော့ ကံကြမ္မာဆိုတာကို hack လုပ်ဖို့စဉ်းစားမိတယ်။ ပထမဆုံးလုပ်ဖြစ်တာကကံကောင်းတဲ့သူတွေကို လေ့လာတာပဲ။ ဒါကိုလေ့လာဖို့ မင်းသိင်္ခခြံထိလဲရောက်ဖူးသလိုဗေဒင်ဆရာနဲ့ ယဩာချေတာတွေဂဏန်းဗေဒင်နဲ့ပတ်သက်လို့ လေ့လာလိုက်ကာဆီနိုမှာ Russian Roulette ကစားလိုက်၊ ဘောလုံးပွဲလောင်းလိုက်၊ အခါတော်ပေးအချိန်နဲ့ အပြောင်းအလဲကိုကြည့်လိုက်နဲ့၂၀၀၅ ကတည်းက ၂၀၀၉ ထိလုပ်ခဲ့တယ်။ ဒါနဲ့အတူ new thought movement ဆိုတာကိုလဲလေ့လာခဲ့တယ်။ နောက်ပိုင်း သိပ္ပံနည်းကျစာအုပ်တွေဖတ်တယ်။ မြန်မာစာနဲ့ရေးထားတဲ့ ကံအကြောင်းမှာဆို အာမခံက ဒေါက်တာမောင်မောင်သိန်းရေးခဲ့တဲ့ ကံကောင်းအောင်လုပ်နည်းဆိုတဲ့ စာအုပ်ရှိတယ်။နိုင်ငံတကာမှာလဲ luck နဲ့ ပတ်သက်လို့ လိုက်လေ့လာကြည့်တယ်။ ထီပေါက်ပြီး ပြန်မွဲသွားတဲ့လူတွေအကြောင်းလေ့လာကြည့်တယ်။ တရုတ် ဖုန်းဆွေကိုလဲ လေ့လာကြည့်တယ်။ နှစ်ပေါင်း ၃၀၀၀ ကြာမျက်နှာဖတ်နည်း အင်္ဂါဝိဇ္ဇာ Face-reading (面相) လေ့လာကြည့်တယ်။ နောက်ပိုင်း လက်တွေ့ပိုကျတဲ့ ကံကောင်းတဲ့သူတွေကို […]
