July 2026

ပညာသင်တဲ့ရည်ရွယ်ချက်က
ပြဿနာဖြေရှင်းနိုင်ဖို့။

ပညာဘာကြောင့်သင်လဲကျွန်တော့်အမြင်ပြောကြည့်မယ်။ ပညာသင်တဲ့ရည်ရွယ်ချက်ကပြဿနာဖြေရှင်းနိုင်ဖို့။ ပညာကို ကျောင်းကသင်တယ်၊ ဆရာတွေဆီကသင်တယ်၊ စာအုပ်စာပေတွေဆီကသင်တယ်။ ဘဝထဲကသင်တယ်။စာတွေ့နဲ့သင်လို ငါတွေ့နဲ့လဲသင်တယ်။ ပညာကိုတန်ဖိုးထားတဲ့လူ့အဖွဲ့အစည်းဖြစ်တဲ့အတွက်ပညာရွှေအိုးလူမခိိုးတို့လို ဆိုရိုးတွေရှိခဲ့ကြတယ်။ ဒီနေ့ခေတ် ပညာသင်တယ်ဆိုတာ ဘယ်တက္ကသိုလ်က ဘာဘွဲ့ကိုယူခဲ့တယ်။ ဘယ်လိုလူတွေနဲ့သိတယ် status signaling တစ်ခုဖြစ်လာတယ်။ လူတွေအထင်ကြီးစေတယ်။ ဒါကလဲ ဘဝအတွက် အများကြီးသက်သောင့်သက်သာဖြစ်စေတယ်။ အရင်ခေတ်တုန်းကဆို ဆေးကျောင်းပေါ့။ ဒီနေ့ခေတ်က Ivy League တက္ကသိုလ်တွေပေါ့။ ပညာသင်တဲ့ရည်ရွယ်ချက်က ဆရာပြောတာကိုပဲ နားထောင်ဖို့မဟုတ်ဘဲကိုယ်ကြုံတွေ့နေရတဲ့ ကိုယ်ကြုံတွေ့ရမည့် ပြဿနာကိုဖြေရှင်းနိုင်ဖို့။ ကိုယ့်သားသမီးအတွက်ပညာရေးဘယ်လိုမြင်လဲဆို သူ့ပြဿနာ သူဖြေရှင်းတတ်ပြီးပျော်ရင်ရပြီ။ လူတစ်ယောက်ပြဿနာကကျန်းမာကြံ့ခိုင်ရေး၊ငွေးကြေး၊ အလုပ်အကိုင်၊ စီးပွား၊ ပေါင်းသင်းဆက်ဆံရေး၊ ကျွမ်းကျင်မှု (ဘာသာစကားနဲ့ အသက်မွေးမှုပါတာပေါ့) စိတ်ငြိမ်းချမ်းရေး ဒီပြဿနာတွေ။ တခါတလေ ကျောင်းတက်ရင်းပညာဘာကြောင့် သင်လဲမေ့သွားတတ်တယ်။ ကျွန်တော်တို့ ဘဝမှာဆန္ဒတွေရှိနေသမျှဆန္ဒတွေမပြည့်ရင် ဝေဒနာတွေဖြစ်နေမယ်။ ဒီ ဆန္ဒတွေကို အကောင်အထည်ဖော်ဖို့ပြဿနာတွေ ဖြေရှင်းရမယ်။ […]

ပညာသင်တဲ့ရည်ရွယ်ချက်က
ပြဿနာဖြေရှင်းနိုင်ဖို့။
Read More »

မနပ်ရင် ငတ်မယ်။

မနပ်ရင် ငတ်မယ်။လူကြောမနပ် လူတွေကြောင့်တိုင်ပတ်၊ဝန်းထမ်းကြောမနပ် ဝန်ထမ်းကြောင့်တိုင်ပတ်၊စီးပွါးရေးကြောမနပ် စီးပွါးရေးကြောင့်တိုင်ပတ်၊ငွေကြောမနပ် ငွေကြောင့်တိုင်ပတ်။ Phyo Paing @ Derek

မနပ်ရင် ငတ်မယ်။ Read More »

လုပ်ငန်းရှင်တစ်ယောက်အတွက်
အရေးကြီးတဲ့ ပညာနှစ်ခုက

ငွေရှာချင်ရင်ကြိုးစားရုံနဲ့ မလုံလောက်ဘူး။ လူတွေကို စီမံနိုင်ဖို့လိုတယ်။စျေးကွက်ကို နားလည်ဖို့လိုတယ်။ တစ်ယောက်တည်း ကြိုးစားပြီးလုပ်ငန်းကြီးလာတာ မရှိဘူး။ ဝန်ထမ်းတွေကိုမှန်မှန်ကန်ကန် ခန့်နိုင်ဖို့၊သင်ပေးနိုင်ဖို့၊တာဝန်ပေးနိုင်ဖို့၊စနစ်တကျ ဦးဆောင်နိုင်ဖို့ လိုတယ်။ ဒါက Leadership နဲ့ Management ပညာ။ တစ်ဖက်မှာလည်းစျေးကွက်ကို မနားလည်ရင်ဘယ်လောက်ကောင်းတဲ့ Product ဖြစ်ဖြစ်ရောင်းဖို့ ခက်တယ်။ Customer ဘာလိုချင်လဲ။ဘာပြဿနာကို ရင်ဆိုင်နေလဲ။ဘာကြောင့် မဝယ်သေးတာလဲ။ဘယ်လို စကားလုံးတွေကို တုံ့ပြန်လဲ။ ဒါတွေကို နားလည်ဖို့လိုတယ်။ ငွေဆိုတာလူတွေရဲ့ ပြဿနာကိုမှန်ကန်တဲ့နည်းလမ်းနဲ့ဖြေရှင်းပေးနိုင်တဲ့သူဆီကို စီးသွားတာပါ။ ဒါကြောင့်လုပ်ငန်းရှင်တစ်ယောက်အတွက်အရေးကြီးတဲ့ ပညာနှစ်ခုက ၁။ လူကို စီမံခန့်ခွဲတဲ့ပညာ။ ၂။ စျေးကွက်ကို နားလည်တဲ့ပညာ။ ဒီနှစ်ခု တတ်လာလေလေဝင်ငွေတိုးလာလေလေပါပဲ။ Phyo Paing @ Derek

လုပ်ငန်းရှင်တစ်ယောက်အတွက်
အရေးကြီးတဲ့ ပညာနှစ်ခုက
Read More »

ကိုယ့်ရဲ့ပထမဦးစားပေးက

2023 ကစတင်ပြီးကိုယ့်ရဲ့ပထမဦးစားပေးက ပိုက်ဆံပဲ။ အရင်တုန်းကလိုစေတနာတွေ မေတ္တာတွေဖယ်ပြီးပြတ်ပြတ်သားသားပဲကိုယ်နဲ့မကိုက်တဲ့အရာမလုပ်ဘူး။ ထူးဆန်းတာတစ်ခုက ပိုက်ဆံကို တန်ဖိုးထားမှုမှာထိပ်ဆုံးထားလိုက်တာ ဘဝက ပိုအပြောင်းအလဲဖြစ်လာတယ်။ နေ့စဥ်နေ့လည်တစ်ခါညတစ်ခါ ပိုက်ဆံနဲ့ပဲတိုင်းတာတယ်။ ဘယ်လုပ်ငန်းက ဝင်ငွေဘယ်လောက်ရှိပြီလဲ၁၂ တစ်ခါည ၈ တစ်ခါ တစ်ချက်ကြည့်တယ်။ တချို့ ကိုယ်တိုင်မပါနေတဲ့လုပ်ငန်းတွေဆို တစ်ပတ်တစ်ခါ။ ပိုက်ဆံကို ချစ်တယ်။ သုံးလဲသုံးတယ်။ ရှာလဲရှာတယ်။ မရှာဘဲ လာနိုင်အောင်လဲအမှတ်တံဆိပ်တည်ဆောက်တယ်။ ပိုက်ဆံကို ချစ်တာ ပြဿနာမဟုတ်ဘူး။ ကိုယ်နဲ့မထိုက်တာကို ရချင်တဲ့ မတော်လောဘကမှ ပြဿနာ။ ရှိရင်မလွယ်နဲ့ မရှိရင်မလွယ်ဘူးတဲ့။ ကျွန်တော်ကတော့ အချိန်ရှိတုန်းများများရှာ၊မြန်မြန်ရှာ။ များလို့ မကောင်းဘူးဆိုတာမရှိဘူး။ ရှိရင် ကူညီချင်တဲ့သူကူညီပေးလို့ရတယ်။မရှိရင် ကိုယ့်ကိုကိုယ်တောင် ကူညီဖို့မလွယ်ဘူး။ ပိုက်ဆံက လေသံတွေကိုအပြောင်းအလဲဖြစ်စေတယ်။ဆက်ံဆံပုံတွေကို အပြောင်းအလဲဖြစ်စေတယ်။ Phyo Paing @ Derek

ကိုယ့်ရဲ့ပထမဦးစားပေးက Read More »

ခေတ်ပြောင်းရင် စနစ်ပြောင်းပါတယ်။

AI ကို သုံးနေသူနဲ့AI ကို စနစ်တကျ အသုံးချနိုင်သူကြားက ကွာခြားချက်ကလာမယ့်နှစ်အနည်းငယ်အတွင်း အရမ်းကြီးမားလာပါလိမ့်မယ်။ ခေတ်ပြောင်းရင် စနစ်ပြောင်းပါတယ်။ AI ကို Tool တစ်ခုအနေနဲ့ပဲ မြင်နေသေးရင်နောက်ကျသွားနိုင်ပါတယ်။ အခုက Prompt ရေးတဲ့ခေတ်ကို ကျော်လွန်ပြီးAI ကို Workflow တစ်ခုလုံး စဉ်းစားခိုင်း၊ အလုပ်လုပ်ခိုင်းတဲ့ ခေတ်ကို ရောက်လာပါပြီ။ ဒီဗီဒီယိုမှာ ChatGPT 5.6 ရဲ့ အရေးကြီးတဲ့ အပြောင်းအလဲတွေ၊ OpenAI ရဲ့ မဟာဗျူဟာအသစ်နဲ့ လုပ်ငန်းရှင်တွေအနေနဲ့ Productivity နဲ့ Profit တိုးဖို့ AI ကို ဘယ်လိုအသုံးချသင့်လဲဆိုတာ မျှဝေထားပါတယ်။ မိတ်ဆွေကတော့ ChatGPT 5.6 ကို စသုံးပြီးပြီလား။အသစ်ထဲက ဘယ် Feature ကို အကြိုက်ဆုံးလဲဆိုတာ Comment မှာ

ခေတ်ပြောင်းရင် စနစ်ပြောင်းပါတယ်။ Read More »

Mind Your Own Business

ဘဝမှာ ဒူနေ၊ ဘူနေတာအမုန်းဆုံးပဲ။ ကိုယ်လဲ အရင်က ဒူတယ်။တော်တော်လေးလဲ ဘူတယ်။ ပထမဆုံးဒူကိုကျော်လွှားဖို့ဦးနှောက်ကောင်းဖို့နည်းလမ်းရှာတယ်။ မှတ်ဥာဏ်ကောင်းအောင်ဘယ်လိုလုပ်မလဲ၊ဦးနှောက်ကို စဥ်းစားတာမြန်အောင်ဘယ်လိုလုပ်မလဲနည်းလမ်းတွေရှာ လေ့ကျင့်မှုတွေလုပ်တယ်။ လူရှေ့သူရှေ့စကားထွက်ပြောခြင်းသင်တန်းတွေတက်တယ်။ ကိုယ်တိုင်လဲ အခွင့်အခါသင့်တိုင်းလူရှေ့ထွက်စကားပြောကြည့်တယ်။ နေ့စဥ်စာဖတ်တယ်။ မေးခွန်းတွေမေးတယ်။ အဖြေတွေရှာတယ်။ ဒူတာနည်းလာတယ်။ ဘူတာကို ကျော်လွှားဖို့ကအပြစ်မတင်ဘဲ အဖြေရှာတယ်။ဘဝမှာ ထိန်းချုပ်လို့မရတဲ့ “ကံ”ရှိတယ်။ ထိန်းချုပ်လို့ရတဲ့ “ကံ” ရှိတယ်။ ထိန်းချုပ်လို့ရတဲ့ “ကံ” က အလုပ်။ အဲ့တော့ MYOB လုပ်တယ်။Mind Your Own Business အားရင်အများဆုံးစဥ်းစားတာကိုယ့်အကြောင်း။ ဘာဆက်လုပ်မလဲ၊ ကိုယ်ဘယ်လိုစဥ်းစားလဲ၊ မနက်ဖြန်ကို ဒီနေ့ထက်ပိုကောင်းအောင်ဘယ်လိုလုပ်မလဲ။ လုပ်မိတဲ့အမှားတွေကို ကိုယ့်ကိုကိုယ် ခွင့်လွတ်တယ်။ သင်ခန်းစာယူတယ်။ ကိုယ်နဲ့တွေ့တဲ့ လူတွေ၊ နေရာတွေ၊ အိုင်ဒီယာတွေကိုဂရုစိုက်ရွေးချယ်တယ်။ ဘူကောင်၊ ဘူနေရာ၊ ဘူအိုင်ဒီယာကိုရှောင်တယ်။ ဒီနည်းနဲ့ ဒူတာနဲ့ ဘူတာကိုတဖြည်းဖြည်းကျော်လွှားလာခဲ့တယ်။

Mind Your Own Business Read More »

ဘာလုပ်လုပ် အကောင်းဆုံး
ပြန်ပေးခဲ့ဖို့လိုတယ်လို့ထင်တယ်။

ကိုယ့်ကို ယုံကြည်လို့ အားပေးခဲ့သူတွေ ဘယ်တော့မှ နောင်တမရစေရဘူး။ ဒါကတော့အမြဲထားတဲ့ စိတ်ထားပဲ။ ဥပမာ အမေအနေနဲ့ ၁၀ တန်းအဆောင်ပို့ပေးတယ်။ သူ့အတွက် ရင်းထားတာထက်အကောင်းဆုံးပြန်ရပေးနိုင်ရမယ်။ ကိုယ့်ကို လူမှန်သိတတ်အောင်မွေးခဲ့တယ်။ ဘာတွေ ဘယ်လောက်ပဲလုပ်လုပ်သူ့အတွက် သေတဲ့အထိကြည့်ပေးရမည့်တာဝန်ရှိတယ်။ အလားတူပဲ ကိုယ့်အပေါ်မှာ ယုံကြည်တဲ့သူတိုင်းကို အကောင်းဆုံးပြန်ပေးမယ်ဆိုတဲ့စိတ်ကတော့ငယ်ငယ်တည်းကပဲ။ ကိုယ်နဲ့စီးပွားရေးလုပ်လိုက်လို့မရှုံးစေရဘူး။ ဝန်ထမ်းတွေ၊ ပါတနာတွေ၊ မိသားစု၊ ဖောက်သည်အကုန်ပဲ။ ဘဝဆိုတာ သေတဲ့အထိကစားရမည့် ဂိမ်းတစ်ခုပဲလေ။ ဗုဒ္ဓဘာသာအရဆို သံသရာတစ်ခုလုံးကစားရမှာ။ ဘာလုပ်လုပ် အကောင်းဆုံးပြန်ပေးခဲ့ဖို့လိုတယ်လို့ထင်တယ်။ ဒါက ပါရမီပေါ့။ ကိုယ်ကောင်းရင် ကိုယ့်ဘေးနားကောင်းတဲ့သူတွေနဲ့ဝန်းရံနေမှာပဲ။ Phyo Paing @ Derek

ဘာလုပ်လုပ် အကောင်းဆုံး
ပြန်ပေးခဲ့ဖို့လိုတယ်လို့ထင်တယ်။
Read More »

ပိုက်ဆံရှာမည့် ပညာရှာ။

ပညာရှာရမလား၊ ပိုက်ဆံရှာရမလား။ ပိုက်ဆံရှာမည့် ပညာရှာ။ ဥပမာ ကိုယ့်ကိုကိုယ် တိုင်မပတ်အောင်personal development ကစလို့အသက်မွေးမှုလုပ်ပေးနိုင်မည့်ဝမ်းစာအတွက် professional development နောက်ကြီးပွားရေးအတွက် စီးပွားရေးbusiness development အသက်ကြီး သေခါနီးအတွက်ပြင်ဆင်ဖို့spiritual development Phyo Paing @ Derek

ပိုက်ဆံရှာမည့် ပညာရှာ။ Read More »

AI ခေတ်မှာ နောက်ကျမကျန်ခဲ့ဖို့

AI ခေတ်မှာ နောက်ကျမကျန်ခဲ့ဖို့ကျွန်တော်ဖက်က လေ့လာထားတာကို အားတီ၊ အားမေတို့ကို ပြန်လည်မျှဝေပေးတယ်။ နားလည်ပါတယ်။ AI ကို လိုက်စမ်းနေဖို့ အချိန်မရှိဘူး။ ငွေကြေးအများကြီးမသုံးချင်ဘူး။ ဘယ်ကစရမှန်းမသိဘူး။ ဒီအတွက် ကျွန်တော် AI နဲ့ပတ်သက်လို့သုံးလို့ရမည့်အချက်တွေအများကြီး မျှဝေလာခဲ့ပါတယ်။ အခုလဲ တစ်နာရီခွဲစာ အခမဲ့လေ့လာလို့ရအောင်၂၀၂၆ update တွေကို ဒီ ဗီဒီယိုမှာ တင်ထားပေးပါတယ်။ Phyo Paing @ Derek

AI ခေတ်မှာ နောက်ကျမကျန်ခဲ့ဖို့ Read More »

သင် ဘဝကို မပြောင်းနိုင်သေးခင်
ကိုယ့်ရဲ့ Emotional Pattern ကို ပြောင်းနိုင်ပါတယ်။

ခဏခဏ စိတ်ညစ်တတ်လားဒါကဘာကြောင့်လဲ။ တချို့လူတွေ ဘာကြောင့် အမြဲစိတ်ကျနေသလို ဖြစ်ပြီး၊ တချို့လူတွေကတော့ ဘာကြောင့် အမြဲစွမ်းအင်ပြည့်နေကြတာလဲ? တစ်ခါတလေ သတိထားမိဖူးလား။ တချို့လူတွေက ပြဿနာတစ်ခု ကြုံတာနဲ့“ပြီးပြီ… ငါမရတော့ဘူး။” တချို့လူတွေကတော့“အဆင်ပြေတယ်။ ဒီတစ်ခေါက် ဘာသင်ယူရမလဲ?” အဖြစ်အပျက်က အတူတူပဲ။ဒါပေမယ့် ခံစားချက်က မတူဘူး။ ဒါဟာ ကံကောင်းတာ၊ ကံဆိုးတာ မဟုတ်ဘူး။လူတိုင်းမှာ ကိုယ်ပိုင် Emotional Pattern (စိတ်ခံစားမှုပုံစံ) တစ်ခုစီ ရှိတတ်ပါတယ်။ သုတေသနတွေအရ လူတစ်ယောက်ရဲ့ စိတ်ခံစားမှုကို အဓိက လွှမ်းမိုးတဲ့ အရာတွေက— ၁။ မွေးရာပါ Temperament (စိတ်သဘောထား) တချို့လူတွေက မွေးကတည်းက အေးဆေးတယ်။တချို့က စိတ်လှုပ်ရှားလွယ်တယ်။တချို့က စိုးရိမ်လွယ်တယ်။တချို့က စူးစမ်းလိုစိတ်၊ စွမ်းအင်ပိုများတယ်။ ၂။ Personality (ကိုယ်ရည်ကိုယ်သွေး) စိတ်ပညာမှာ လူတစ်ယောက်ရဲ့ Personality

သင် ဘဝကို မပြောင်းနိုင်သေးခင်
ကိုယ့်ရဲ့ Emotional Pattern ကို ပြောင်းနိုင်ပါတယ်။
Read More »