August 2026

သင်လမ်းပျောက်တာ မဟုတ်ပါဘူး။

သင်လမ်းပျောက်တာ မဟုတ်ပါဘူး။ပိုက်ဆံမဝင်တာပါ။ပိုက်ဆံဝင်လေ လမ်းပိုရှင်းလေဖြစ်လာလိမ့်မယ်။ Phyo Paing @ Derek

သင်လမ်းပျောက်တာ မဟုတ်ပါဘူး။ Read More »

မကျေနပ်ချက်တွေနဲ့ကြီးလာတဲ့လူတွေက
လူတောမတိုးဘူး။

မကျေနပ်ချက်တွေနဲ့ကြီးလာတဲ့လူတွေကလူတောမတိုးဘူး။ ဥပမာ ငယ်ငယ်က ကိုယ်တိုင်ပဲဖြစ်ခဲ့တယ်။ အိမ်မှာ ညှင်းဆဲမှုတွေကြားမကျေနပ်ချက်တွေများတဲ့အခါကျောင်းမှာလဲ ဒါကလာသက်ရောက်မှုရှိတယ်။  လူတွေနဲ့ အဆင်မပြေဘူး။ antisocial လိုဖြစ်လာတယ်။ ကျောင်းပြေး၊ ရန်ဖြစ်၊ လူတွေနဲ့ အဆင်မပြေ။ ခင်တဲ့သူငယ်ချင်း တစ်ယောက်၊ နှစ်ယောက်ပဲရှိ။ လောကကြီးလည်ပတ်နေတာကြီးကဟုတ်မနေဘူးလို့စဥ်းစား။ အဲ့လိုလူတွေက အသက်ကြီးလာတဲ့အခါInstitution အဖွဲ့အစည်းတွေကို မယုံတာ၊ စနစ်နဲ့ အစဥ်အလာတွေကိုလိုက်နာရမှာမလုပ်ချင်ဘူး။ သမရိုးမကျမဟုတ်တဲ့ဘဝ၊ အလုပ်ဖြတ်သန်းချင်တယ်။ အတွေးအခေါ်ကလဲ အများနဲ့မတူတဲ့အခါနည်းနည်းအံဝင်ဖို့ ခက်တတ်တယ်။ လူအများစုလုပ်နေတာကို အပိုလို့ထင်နေတတ်သလိုလူတွေကလဲ ကိုယ်ဘာလုပ်နေလဲမသိဘူး။ Hacker လိုမျိုး စနစ်ယိုပေါက်ကိုကြည့်ဒါကို အသုံးချ အဲ့လိုလူတွေဖြစ်လာတတ်တယ်။ လူတွေရဲ့လောကအမြင်က မိဘဘိုးဘေးရဲ့ မျိုးရိုးဗီဇ၊ဘဝဖြတ်သန်းလာမှု၊ သင်ယူလေ့လာမှု၊ အပေါင်းအသင်းအသိုင်းအဝိုင်းဒီပေါ်မူတည်ပြီးဖြစ်လာတယ်။ ဒီ program ပရိုဂရမ်ကိုပြောင်းလို့ရတယ်။ ဖက်တွယ်ပြီး အကောင်းဆုံးသုံးလို့ရတယ်။ တခါတလေ အရာရာပိုကောင်းဖို့ဖြစ်လာတာလို့ကြည့်ရင်ဘဝရဲ့ပေးထားချက်တွေကို တွေ့လာမယ်။ Phyo Paing @ Derek

မကျေနပ်ချက်တွေနဲ့ကြီးလာတဲ့လူတွေက
လူတောမတိုးဘူး။
Read More Âť

Outer Game ကိုလည်း Level Up လုပ်။
Inner Game ကိုလည်း Level Up လုပ်။

တစ်ကမ္ဘာတည်းမှာ နေကြပေမယ့်နေထိုင်နေတဲ့ ကမ္ဘာတွေ မတူကြဘူး။ လူနှစ်ယောက်ကတစ်မြို့တည်းမှာ နေနိုင်တယ်။ ဒါပေမယ့်သူတို့မြင်နေရတဲ့ ကမ္ဘာက မတူဘူး။ တစ်ယောက်အတွက်ပိုက်ဆံ ၁၀ သိန်းက တစ်လစာဝင်ငွေဖြစ်နိုင်တယ်။ တစ်ယောက်အတွက်ညစာတစ်နပ်ဖိုး ဖြစ်နိုင်တယ်။ တစ်ယောက်အတွက်နိုင်ငံခြားသွားတာက ဘဝရဲ့အိပ်မက်။ တစ်ယောက်အတွက်တော့Weekend trip တစ်ခုပဲ။ ဒါက Economic Layer မတူတာ။ ဒါပေမယ့် ပိုစိတ်ဝင်စားစရာကပိုက်ဆံရှိတာ၊ မရှိတာထက် ပိုနက်တယ်။ Mental Layer တွေလည်း မတူကြဘူး။ အဖြစ်အပျက်တစ်ခုတည်းကိုလူနှစ်ယောက် ကြုံရတယ်။ တစ်ယောက်က ဒေါသထွက်တယ်။တစ်ယောက်က သင်ခန်းစာယူတယ်။ တစ်ယောက်က ပြိုင်ဆိုင်ချင်တယ်။တစ်ယောက်က ဂရုတောင်မစိုက်ဘူး။ တစ်ယောက်က လူတွေဘာပြောမလဲဆိုတာနဲ့တစ်နေ့လုံး စိတ်ပင်ပန်းနေတယ်။ တစ်ယောက်ကတော့ကိုယ်ထိန်းချုပ်လို့မရတဲ့အရာကိုလွှတ်ချလိုက်နိုင်တယ်။ ဦးနှောက်ရဲ့ အလုပ်လုပ်ပုံ၊အရာတွေကို အဓိပ္ပာယ်ဖွင့်ဆိုပုံ၊ကိုယ့်စိတ်ကို ကိုယ်ထိန်းချုပ်နိုင်မှုအပေါ်မူတည်ပြီးပျော်ရွှင်မှု၊ ကျေနပ်မှုနဲ့ အေးချမ်းမှုတွေ မတူကြဘူး။ ဒါကြောင့် ဘဝမှာ Layer နှစ်ခုရှိတယ်လို့

Outer Game ကိုလည်း Level Up လုပ်။
Inner Game ကိုလည်း Level Up လုပ်။
Read More Âť

ဘဝ ပြဿနာအများစုက
ကိုယ့်ကိုကိုယ် နားမလည်လို့ဖြစ်တာ။

လုပ်ငန်းတွေလုပ်ကြတယ်။ ကိုယ်က ဘယ်လိုစူပါပါဝါရှိလဲမလေ့လာကြဘူး။ ဘယ်လောက်တော်တဲ့သူပဲဖြစ်ဖြစ်ကိုယ်နဲ့ မကိုက်တဲ့အလုပ်ကိုလုပ်ရင်တိုင်ပတ်မှာပဲ။ တချို့က ဖန်တီးတာတော်တယ်။ လုပ်ငန်းအသစ်တွေလုပ်တယ်။တချို့က တောက်ပတာတော်တယ်။ စင်ပေါ်မှာပဲနေတယ်။တချို့က ထောက်ပံ့တာတော်တယ်။ ကိုယ်တိုင်လုပ်ငန်းမစဘူး။တချို့က ပွဲစား။ တချို့က ဝယ်တယ်၊ ရောင်းတယ်။ ကုန်သည်။ တချို့က ဖြေးဖြေးမှန်မှန် သေချာမှလုပ်တယ်။ စုဆောင်းသူ။တချို့က စနစ်နဲ့ တိတိကျကျအကုန်လုပ်တယ်။တချို့က တစ်ခုတည်းကို ကြီးအောင်လုပ်တယ်။ ဗျာမများဘူး။ ဒါကို wealth dynamics လို့ခေါ်တယ်။ ကိုယ့်အားသာချက်ကိုယ်သိရင်လုပ်ငန်းလုပ်ရတာလဲလွယ်သွားမယ်။ Phyo Paing @ Derek

ဘဝ ပြဿနာအများစုက
ကိုယ့်ကိုကိုယ် နားမလည်လို့ဖြစ်တာ။
Read More Âť

အခွင့်အလမ်းကို ဝယ်။

သူဌေးတွေက သူတို့သားသမီးတွေကိုစျေးကြီးတဲ့ကျောင်းတွေမှာထားတဲ့အခါမတန်ဘူးလို့ တချို့ကစဥ်းစားကောင်းစဥ်းစားလိမ့်မယ်။ အမှန်တော့ သူတို့ကကလေးတွေအတွက်အခွင့်အလမ်းကို ဝယ်ပေးတာ။ ဆရာ နဲ့ ထိတွေ့တဲ့ အသိုင်းအဝိုင်း။ တချို့ အခွင့်အလမ်းတွေကဝယ်ရတတ်တယ်။ Pay to Play ပေါ့။ ဒါကြောင့် ကိုယ့်ကို အသိပညာ၊ အတတ်ပညာ၊ငွေကြေး၊ လုပ်ဆောင်နိုင်စွမ်း၊ အခွင့်အလမ်းတွေဖွင့်ပေးရင်ဝယ်သင့်ဝယ်ရမှာပဲ။ အခုအချိန်မှာ တချို့သူတွေအတွက်အေအိုင်ကို လစဥ်ကြေးဝယ်တာကအကောင်းဆုံး အခွင့်အလမ်းဝယ်တာဖြစ်ရင်ဖြစ်မယ်။ တချို့အတွက်က ပညာရေး။ အရေးကြီးတာ ပိုက်ဆံရှာ၊ ရှာတဲ့ပိုက်ဆံနဲ့ တခြားသူတွေမမြင်တဲ့ဝယ်လို့ရတဲ့အခွင့်အလမ်းကိုဝယ်နောက်တစ်ဆင့်ပြန်သွား။ Phyo Paing @ Derek

အခွင့်အလမ်းကို ဝယ်။ Read More »

ကိုယ်နဲ့မကိုက်တဲ့အလုပ်တွေကလုပ်နေရင်
တိုင်တွေပတ်နေမှာ။

ကျရှုံးတာတွေများရင်လူက ထုံလာတတ်တယ်။ အောင်မြင်နေရင်ထပ်အောင်မြင်ဖို့မခက်ဘူး။ ငွေဝင်နေရင် ထပ်ငွေဝင်ဖို့မခက်ဘူး။ ကျရှုံးတာတွေများ၊ ဘူတာတွေများရင် ဒူဒူ လာတတ်တယ်။ ဒါကို ကျော်လွှားဖို့ကလုပ်နေတာတွေရပ်ဖို့ပဲ။ ကိုယ်နဲ့မကိုက်တဲ့အလုပ်တွေကလုပ်နေရင်တိုင်တွေပတ်နေမှာ။ ဒါကို alignment အလိုင်းမန့်လို့ခေါ်တယ်။ မလိုအပ်တဲ့ ပြဿနာတွေ ဖြေရှင်းနေရမှာ။ လူတွေရဲ့ဘဝမှာ အလိုင်းမန့်တွေလွဲလုပ်တဲ့အလုပ်တွေမှားနေလို့တိုင်ပတ်မှု အပေါင်း သရဖူဆောင်းနေတတ်ကြတာ။ ကိုယ်ဘာအားသာလဲ၊ ကိုယ်ဘာလုပ်မလဲ၊ ကိုယ့်အသက်မွေးမှုနဲ့ ကိုယ့်အတွေး၊ အကြံနဲ့ ဒီအလုပ်ကွတ်တိကျရင် အရာရာလွယ်သွားပြီ။ Phyo Paing @ Derek

ကိုယ်နဲ့မကိုက်တဲ့အလုပ်တွေကလုပ်နေရင်
တိုင်တွေပတ်နေမှာ။
Read More Âť

အောင်မြင်မှု အဓိပ္ပာယ်ဖွင့်ဆိုချက်က
အချိန်နဲ့အမျှပြောင်းနေတယ်။

အသက် ၇၀ လောက်ရောက်ရင်ကျန်းကျန်းမာမာ အသက်ရှင်နေရတာကို အောင်မြင်မှုတစ်ခုဖြစ်နေနိုင်တယ်။ အောင်မြင်မှုအဓိပ္ပာယ်တွေကအချိန်နဲ့ အမျှပြောင်းသွားလိမ့်မယ်။ ကျောင်းတုန်းက ဆုတွေရတာ၊ ဂုဏ်ထူးတွေထွက်တာအောင်မြင်မှု။ တက္ကသိုလ်ရောက်တော့ကျောင်းကောင်းကောင်းတက်လို့ရတာအောင်မြင်မှု။ အလုပ်ခွင်ဝင်တော့ အလုပ်ကောင်းကောင်းရတာအောင်မြင်မှု။ ကိုယ်တိုင်လုပ်ငန်းစတော့အသိအမှတ်ပြု အမြတ်ငွေရ ကြီးထွားတာအောင်မြင်မှု။ အိမ်ထောင်ရေးသာယာ ကလေးနဲ့ ခွေးနဲ့ ကိုယ်ပိုင်မြေလေးနဲ့ကအောင်မြင်မှု။ အသက်ငါးဆယ်၊ ခြောက်ဆယ်လောက်ကျကိုယ့်သားသမီးတွေရဲ့အောင်မြင်မှုကကိုယ့်ရဲ့အောင်မြင်မှု။ အသက် ၇၀ လောက်ရောက်လာတော့ကျန်းကျန်းမာမာ အသက်ရှင်နေသေးတာကအောင်မြင်မှု။ အသက် ၈၀ ကျော်လာတော့ အသက်ရှင်ပြီး ဘုရား၊ တရားနဲ့နီးနေတာလေးကလဲအောင်မြင်မှုဖြစ်နေနိုင်တယ်။ အသက်ထွက်တဲ့အခါ ဘဝကိုပြန်ကြည့်လို့ နောင်တရစရာတွေနည်းနည်းနဲ့ ဂုဏ်ယူစရာတွေ များများကလဲအောင်မြင်မှုဖြစ်နိုင်တယ်။ အောင်မြင်မှု အဓိပ္ပာယ်ဖွင့်ဆိုချက်ကအချိန်နဲ့အမျှပြောင်းနေတယ်။ Phyo Paing @ Derek

အောင်မြင်မှု အဓိပ္ပာယ်ဖွင့်ဆိုချက်က
အချိန်နဲ့အမျှပြောင်းနေတယ်။
Read More Âť

အတွေးအခေါ်ဘေးချော်ရင်
အရေးပေါ်ပြင်ဖို့လိုနိုင်တယ်။

တဖြေးဖြေးသိလာတာ လူတွေကို ပိတ်ထားတဲ့အတားအဆီးက“အတွေးအခေါ်” ပဲ။ ကျွန်တော်ကတော့ လုံးဝ အတွေးအခေါ်မတူညီတဲ့မိဘနှစ်ပါးနဲ့ ကြီးတယ်။ အမေက တစ်ခုခုဝယ်တော့မယ်ဆို အခုထိ စျေးကြည့်ပြီးအရာရာကို ခက်ခဲနေတယ်လို့ထင်တဲ့မိသားစုကလာတယ်။ အဖေက တစ်ခုခုဆို အကောင်းဆုံးကို ဝယ်တယ်။ အရာရာ ဖန်တီးလို့ရတယ်လို့ထင်တယ်။ လေးတန်းကနေ ဆေးကျောင်းပထမနှစ်လောက်ထိကမပြည့်မစုံနေခဲ့ရပေမယ့် ကိုယ်လိုချင်တာရဖို့ ခက်ခဲတယ်လို့ ဘယ်တုန်းကမှ မစဥ်းစားမိဘူး။ လိုချင်တာရှိရင် ဖန်တီးယူလို့ရတယ်ဒီနေ့အထိ အကြွင်းမဲ့ယုံကြည်တယ်။ ကားမရှိဘူး သေချာကြံဆရင်ဝယ်လို့ရတယ်။ အိမ်မရှိဘူး။ မြေမရှိဘူး။ကျွမ်းကျင်မှုမရှိဘူး။ လုပ်ငန်းမရှိဘူး။ငွေမရှိဘူး။ အကုန်လုံးက ကြံဆဖန်တီးယူလို့ရတယ်။ ဒီလောကအမြင်က အဖေဆီကရတာလို့လဲယူဆတယ်။ ငယ်ငယ် ညနေဗီဒီယိုဇာတ်ကားကြည့်ပြီးတိုင်းဆန်ချိုအေးဆို ၅ ကျပ်တန်မသောက်နဲ့၁၀ တန်သောက်။ သူနဲ့ မူဆယ်၊ မန္တလေး သူ့ကားနဲ့အမြဲလိုက်သွားတာ၊ မျက်စိရှေ့မှာ အိမ်ဝယ်၊ ကားဝယ်၊ ၁၂ ဘီးကားကနေသစ်စက်နဲ့ လုပ်ငန်းဖန်တီးတာမြင်ခဲ့ရတော့စီးပွားရေးလုပ်တာ ဘာမှခက်မနေဘူလို့အမြဲယူဆတယ်။ ကိုယ့်ကိုပျက်စီးစေနိုင်တဲ့ဆေးဝါးတို့ ဂရုစိုက်တယ်။

အတွေးအခေါ်ဘေးချော်ရင်
အရေးပေါ်ပြင်ဖို့လိုနိုင်တယ်။
Read More Âť

လိုမှ မလုပ်နဲ့။
မလိုခင်ကတည်းက ကြိုပြင်။

ဘဝမှာ အရေးအကြီးဆုံးက “အောင်မြင်မှု” မဟုတ်ဘူး။ ကျွန်တော့်ဘဝအတွက်အရေးအကြီးဆုံးက “ကိုယ့်ပြဿနာ ကိုယ်ဖြေရှင်းနိုင်ဖို့။” သမီးကိုလဲ ပြောတယ်။ ပညာသင်တဲ့ရည်ရွယ်ချက်က ကိုယ့်ပြဿနာ ကိုယ်ဖြေရှင်းနိုင်ဖို့။ လောကမှာ အသောမသတ် ပြဿနာတက်ရတာကိုယ့်ပြဿနာကိုယ် မဖြေရှင်းနိုင်ကြလို့။ ဘဝရဲ့ပြဿနာကိုဖြေရှင်းဖို့ကဒီနေ့ပြဿနာပဲ ထိုင်ဖြေရှင်းနေလို့မရဘူး။ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ပြဿနာအကုန်ချရေးပြီး ကြိုတင်ပြင်ဆင်ထားနိုင်ဖို့လိုတယ်။ အို၊ နာ၊ သေ။ ဒါကတော့ အားလုံးကြုံရမည့်ပြဿနာ။ ဒီကြားထဲမှာ စား၊ ဝတ်၊ နေရေး၊ ကျန်းမာရေး၊လှုံခြုံရေး၊ အထီးကျန်မှုပြဿနာဖြေရှင်းရေး၊ အသက်ရှင်ပြီး အသက်မဝင်တဲ့ပြဿနာဖြေရှင်းရေး။ ဒါတွေက လူဖြစ်နေရင်ကြုံရမည့်ပြဿနာတွေ။ ဒါတွေကို ဖြေရှင်းနိုင်တဲ့သူဖြစ်ဖို့အစွမ်းအစနဲ့ ကြိုတင်ပြင်ဆင်မှုလိုတယ်။ လိုမှ မလုပ်နဲ့။ မလိုခင်ကတည်းက ကြိုပြင်။ Phyo Paing @ Derek

လိုမှ မလုပ်နဲ့။
မလိုခင်ကတည်းက ကြိုပြင်။
Read More Âť

အလုပ်ကို တန်ဖိုးထားဖို့
တခါတလေ မေ့နေတတ်ကြတယ်။

အလုပ်ကို အလုပ်လိုလုပ်တတ်ရင်ကို အလုပ်က တစ်ဝက်ဖြစ်နေပြီ။ တာဝန်ကျေတာ၊ အချိန်တိကျတာ၊ အလုပ်ကို တန်ဖိုးထားတာ၊ အလုပ်ကို ဦးစားပေးတာဒီအချက်တွေက အလုပ်ကို အလုပ်လိုလုပ်တတ်တာပဲ။ ကိုယ့်နိုင်ငံက အရင်းအမြစ်ပေါများခဲ့တော့အလုပ်ကို တန်ဖိုးထားဖို့ တခါတလေ မေ့နေတတ်ကြတယ်။ Phyo Paing @ Derek

အလုပ်ကို တန်ဖိုးထားဖို့
တခါတလေ မေ့နေတတ်ကြတယ်။
Read More Âť