Heal. Let go. Master Your Flow.
ဘဝသစ်တစ်ခုကို သွားချင်ရင်အတိတ်က ဒဏ်ရာတွေကို နေ့တိုင်း သယ်သွားလို့မရဘူး။ တချို့အရာတွေကိုမေ့ပစ်ဖို့ မလိုဘူး။ မှန်တယ်လို့လည်းလက်ခံပေးဖို့ မလိုဘူး။ ဒါပေမယ့်ကိုယ့်ဘဝကို ဆက်ပြီးထိန်းချုပ်ခွင့်မပေးတော့ဖို့လိုတယ်။ ဒီ ၁၂ ခုကိုတဖြည်းဖြည်း ခွင့်လွှတ်ပြီး Healing လုပ်ကြည့်ပါ။ ၁။ ကိုယ့်မိဘကို ခွင့်လွှတ်ပါ။ သူတို့မပေးနိုင်ခဲ့တဲ့ အချစ်၊နားလည်မှု၊ လုံခြုံမှုတွေရှိနိုင်တယ်။ သူတို့လည်း သူတို့သိသလောက်၊သူတို့ရဲ့ဒဏ်ရာတွေနဲ့အသက်ရှင်ခဲ့ကြတာ ဖြစ်နိုင်တယ်။ ၂။ ကိုယ့်ငယ်ဘဝကို ခွင့်လွှတ်ပါ။ ကိုယ်ရွေးချယ်လို့မရခဲ့တဲ့ပတ်ဝန်းကျင်တွေရှိတယ်။ အတိတ်ကို ပြန်မရွေးနိုင်ပေမယ့်ဒီနေ့ဘယ်လိုနေမလဲကိုတော့ပြန်ရွေးလို့ရတယ်။ ၃။ ကိုယ့်ကိုနာကျင်စေခဲ့တဲ့သူတွေကို ခွင့်လွှတ်ပါ။ ခွင့်လွှတ်တယ်ဆိုတာသူတို့လုပ်ခဲ့တာ မှန်တယ်လို့ပြောတာမဟုတ်ဘူး။ သူတို့လုပ်ခဲ့တာကိုကိုယ့်စိတ်ထဲမှာ ဆက်ပြီးနေရာပေးမထားတော့တာ။ ၄။ ကိုယ့်ကိုစွန့်ခွာခဲ့တဲ့သူတွေကို ခွင့်လွှတ်ပါ။ လူတိုင်း ကိုယ့်ဘဝထဲအမြဲရှိနေဖို့မလာဘူး။ တချို့က ခရီးတစ်ပိုင်းအတွက်ပဲလာတယ်။ ၅။ ကိုယ့်ကိုသစ္စာဖောက်ခဲ့တဲ့သူတွေကို ခွင့်လွှတ်ပါ။ သစ္စာဖောက်ခံရတာကဒဏ်ရာဖြစ်နိုင်တယ်။ ဒါပေမယ့်အဲ့ဒီဒဏ်ရာကြောင့်နောက်လူတိုင်းကို မယုံနိုင်တော့တာကကိုယ့်အနာဂတ်ကိုပါ ပေးဆပ်နေရတာ။ ၆။ ကိုယ်ချစ်ခဲ့ပေမယ့်
