အတွေး၊ အကြံ၊ အလုပ်ကို ဂရုစိုက်။
စကားလုံးတွေမှာ ပါဝါရှိတယ်။ စကားလုံးတွေက မနောကံနဲ့ ဝစီကံဖြစ်စေပြီးကာယကံကိုလဲ နှိုးဆွတယ်။ ကောင်းမွန်းတဲ့ဘဝ တည်ဆောက်ဖို့ကိုယ်တိုင်ပြောနေတဲ့စကားလုံးတွေကို ပြန်ပြီး ဂရုစိုက်ရတယ်။ ကိုယ့်ရဲ့ ပါဆန်နယ် ပြောနေကျစကားလုံးတွေက ဘာတွေလဲ။ ကာယကံ၊ ဝစီကံ၊ မနောကံကိုကောင်းတဲ့နည်းနဲ့ နှိုးဆွပေးတဲ့စကားလုံးလား။ ကံခေစေမည့် စကားလုံးလား။ ကိုယ့်ဘဝ၊ ကိုယ့်ကံ၊ အတွေး၊ အကြံ၊ အလုပ်နဲ့ပဲဖိတ်ခေါ်တတ်ကြတယ်။ ကံခေတဲ့ဘဝက လွတ်ဖို့ကာယကံ၊ ဝစီကံ၊ မနောကံကိုဂရုစိုက်ပြင်။ ဒါကို ပြင်ဖို့ အတွေး၊ အကြံ၊ အလုပ်ကို ဂရုစိုက်။ Phyo Paing @ Derek
