Dr. Phyo Paing

https://yec.company

အလုပ်ခွင်ထဲမှာတော့ ကိုယ်က
ဦးဆောင်တဲ့ ခေါင်းဆောင်တာဝန်။

အလုပ်ခွင်ထဲမှာတော့ ကိုယ်ကဦးဆောင်တဲ့ ခေါင်းဆောင်တာဝန်။ဖောက်သည်တွေနဲ့တွေ့တော့ ကိုယ်တော့ လုပ်ငန်းရှင်တာဝန်။ ကိုယ့်သား၊ သမီးနဲ့တွေ့တော့ ကိုယ်က ဖေဖေ၊ မေမေတာဝန်။ သမီးရည်းစား၊ လင်မယားဆိုတော့ကိုယ်က လင်၊ မယားတာဝန်။ ကိုယ့်အဖေ၊ အမေအတွက်ကျကိုယ်က သားသမီးတာဝန်။ကိုယ့်မောင်၊ နှမအတွက်ကျကိုယ်က အစ်ကို၊ အစ်မ၊ မောင်၊ နှမ တာဝန်။ နိုင်ံအတွက် ကိုယ်က နိုင်ငံသားတာဝန်။ အသက်ကြီးလာလေ တာဝန်များလာလေ။ လူတွေက တာဝန်တွေ အများကြီးယူထားရတတ်ကြတယ်။ ဒါကြောင့် နေရာတစ်ခုမှာ တခါတလေ တာဝန်မကျေသလိုဖြစ်သွားရင်ကိုယ့်ကိုကိုယ် အရမ်းမပစ်မတင်ပါနဲ့။ ဘဝမှာ တာဝန်တွေက အများကြီးမဟုတ်လား။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

အလုပ်ခွင်ထဲမှာတော့ ကိုယ်က
ဦးဆောင်တဲ့ ခေါင်းဆောင်တာဝန်။
Read More »

လူငယ် (မော်ဒီဖိုင်း ဗားရှင်း)

သတ္တိကောင်းတယ်။အမြဲလေ့လာ စူးစမ်းနေတယ်။ အမှားလုပ်ရမှာ မကြောက်ဘူး။သင်ခန်းစာယူတယ်။ပြဿနာတွေမှာ တွေဝေမနေဘူး။အဖြေတွေရှာတယ်။ ပိုက်ဆံအိတ်ထဲအများကြီး မရှိဘူး။အနာဂတ်အတွက် ပြန်ရင်းနှီးထားတယ်။ PhyO Paing @ Derek

လူငယ် (မော်ဒီဖိုင်း ဗားရှင်း) Read More »

ဘဝရဲ့ ရည်မှန်းချက်ပန်းတိုင်က

ကိုယ့်ရဲ့ အကောင်းဆုံး version တည်ဆောက်ဖို့။ ကိုယ့်ရဲ့အကောင်းဆုံး ဗားရှင်းတည်ဆောက်တဲ့ ဖြစ်စဉ်တိုင်းမှာအပြောင်းအလဲတွေရှိတယ်။ ဒါကတော့လူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲတဲ့အပြောင်းအလဲ။ လူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲဖို့၁။ Personal Development ၂။ Professional Development၃။ Business Development လိုတယ်။ Phyo Paing @ Derek

ဘဝရဲ့ ရည်မှန်းချက်ပန်းတိုင်က Read More »

ဦးနှောက်ကြွက်သားပဲ အားနည်းနေရင်

ခန္ဓာကိုယ်က ကြွက်သားတွေအကုန်ကိတ်ပြီးဦးနှောက်ကြွက်သားပဲ အားနည်းနေရင်အင်ဂျင်ညံ့တဲ့ ကားလှကြီးနဲ့တူနေနိုင်တယ်။ Phyo Paing @ Derek

ဦးနှောက်ကြွက်သားပဲ အားနည်းနေရင် Read More »

မိဘတွေက သားသမီးတွေကို
လေးစားဖို့လိုတယ်။

ဒီနေ့ခေတ်မျိုးဆက်ကတော့အသိတွေရှိလာကြပါပြီ။ မြန်မာပြည်ရဲ့ ပုံစံအရမိဘအများစုက သားသမီးတွေကိုပြီးပြည့်စုံစေချင်ကြတယ်။ဒါက ကောင်းတဲ့အချက်ဖြစ်တယ်။ နောက်ပြီး ကိုယ့်ဘဝမှာအကောင်အထည်မဖော်ဖြစ်ခဲ့တဲ့အိမ်မက်တွေကို သား၊ သမီးတွေကိုအကောင်အထည်ဖော်စေချင်တယ်။ ဒီတော့ ကြိုးစားဖို့အတွက်သားသမီးတွေကို မခံချင်စိတ်ထည့်ပေးဖို့လိုတယ်ဆိုတဲ့ အတွေးတချို့ရှိတတ်ကြတယ်။ မခံချင်အောင် ပြောတတ်ကြသလို၊အောင်မြင်မှုတစ်ခုရတဲ့အခါလဲအသိအမှတ်ပြုမှုကိုဖော်ပြဖို့ ဝန်လေးတတ်ကြတယ်။ စိတ်ကျေနပ်မှုပြလိုက်ရင်မကြိုးစားတော့ဘူးဆိုတဲ့အယူအဆရှိတတ်ကြတယ်။ နောက် ကိုယ့်သားသမီးရဲ့ဖြစ်တည်မှုထက်သူ့လုပ်ဆောင်မှုကနေဖြစ်တဲ့အောင်မြင်မှုပေါ်မှာသာယာ ဂုဏ်ယူတတ်ကြတယ်။ နောက်ပိုင်း ကိုယ့်သား၊ သမီးပျော်ပျော်မပျော်ပျော်ဒါလုပ်လို့ ကိုယ်ပျော်ရင်ကိုယ့်ပျော်ရွင်မှုကို ပိုအလေးပေးမိတတ်ကြတယ်။ လူတွေရဲ့ ဘဝအမူအကျင့်ကိုငယ်ဘဝဖြတ်သန်းမှုကအကြီးအကျယ်လွမ်းမိုးမှုရှိတယ်။ မိဘလုပ်နည်းမသိပြန်ရင်လဲစိတ်ဓာတ်ရာတွေနဲ့ ဖြတ်သန်းရနိုင်တယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ်လဲအမြဲသတိထားရတယ်။ သား၊ သမီးမွေးထားတဲ့အခါကိုယ့်ရည်ရွယ်ချက်ကသူတို့ဘဝကို ကိုယ်သတ်မှတ်ထားတဲ့အောင်မြင်မှုရဖို့ မဟုတ်ဘူး။ အဓိက ရည်ရွယ်ချက်ကသူတို့ဘဝလေးတွေ ပျော်ဖို့။ ပျော်ဖို့အတွက်လေးစားမှုလိုတယ်။သူတို့ရဲ့ ဖြစ်တည်မှုအတွက်ဂုဏ်ယူတယ်ဆိုတာ သူတို့သိဖို့လိုတယ်။ဘဝမှာ ရပ်တည်နိုင်တဲ့အသိပညာ၊ အတတ်ပညာတွေသင်ပေးလိုက်ဖို့လိုတယ်။ လက်ပါတဲ့ မိသားစုမှာကြီးပြင်းလာတဲ့ မိသားစုနဲ့နွေးထွေးမှုနဲ့ ကြီးလာတဲ့မိသားစုကသား၊ သမီးတွေမှာမတူညီတဲ့ တုန့်ပြန်မှုပုံစံတွေရှိတတ်တယ်။ သတိပြုပြီး ပြင်နိုင်ရင်ဘဝကို ဒီဇိုင်းလုပ်တဲ့အချိန်ပိုထိရောက်လာမယ်။ Phyo Paing @

မိဘတွေက သားသမီးတွေကို
လေးစားဖို့လိုတယ်။
Read More »

အသုံးချတဲ့ ကုမ္ပဏီက
ပိုအောင်မြင်နိုင်တယ်။

နည်းပညာ ထုတ်တဲ့ကုမ္ပဏီထက်ဒီနည်းပညာကို ကိုယ့်ကုန်ပစ္စည်းပိုရောင်းရအောင်အသုံးချတဲ့ ကုမ္ပဏီကပိုအောင်မြင်နိုင်တယ်။ Geotagging နည်းပညာကိုအသုံးပြုUber အောင်မြင်သွားတယ်။ ရေခဲ့သေတ္တာကုမ္ပဏီတွေထက်ရေခဲသေတ္တာနည်းပညာကိုအသုံးပြုတဲ့Coca Cola က ပိုအောင်မြင်သွားတယ်။ ရေခဲသတ္တာနည်းပညာကို အသုံးပြုပြီးချမ်းသာသွားတဲ့ ရေခဲသတ္တာကုမ္ပဏီတွေရှိတယ်။Kelvinator Company လဲတစ်ခုပါခဲ့တယ်။ ရေခဲသေတ္တာနည်းပညာကို အသုံးပြုပြီးအချိုရည်ရောင်းတဲ့ ကုမ္ပဏီတွေရှိတယ်။ သူတို့က ရေခဲသေတ္တာကုမ္ပဏီတွေထက်ပိုချမ်းသာသွားကြတယ်ဆိုတာ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီစာရင်းသိရင်သိနိုင်တယ်။ ဥပမာ Coca Cola Company အလားတူပဲ။ecommerce နည်းပညာအသုံးပြုပြီးစာအုပ်ရောင်းတဲ့ ကုမ္ပဏီက A to Z ရတဲ့ everything storeAmazon ဖြစ်သွားတယ်။ Search နည်းပညာသုံးတဲ့ Google က လူအများသုံးတဲ့နည်းပညာ ဒီမိုကရေစီပေးတဲ့ ကုမ္ပဏီကြီးဖြစ်သွားတယ်။ Streaming နည်းပညာသုံးတဲ့Netflix က Blockbuster ကိုအစားထိုးသွားတယ်။ ဒီနေ့ခေတ်မှာ AI ထုတ်တဲ့ကုမ္ပဏီတွေအောင်မြင်သလို AI ကိုအသုံးချပြီး အောင်မြင်သွားတဲ့ ကုမ္ပဏီတွေလဲပိုထွက်လာနိုင်တဲ့အတွက်တစ်ကမ္ဘာလုံးမှာတရုတ်မှာ

အသုံးချတဲ့ ကုမ္ပဏီက
ပိုအောင်မြင်နိုင်တယ်။
Read More »

အိပ်နေလဲ ငွေဝင်တဲ့လုပ်ငန်း
တည်ဆောက်ပါဆိုတော့

အိပ်နေလဲ ငွေဝင်တဲ့လုပ်ငန်းတည်ဆောက်ပါဆိုတော့ညတရေးနိုးတော့Dream Lab 2.0 အတွက် စဉ်းစားမိတယ်။ YEC Company ကို Edu + Tech အတွက်သွားရင်းတိုးတက်ရေးသုံးခုဖြစ်တဲ့ Personal Development ToeTet – တိုးတက် Professional Development Guerrilla Marketing Coach – MyanmarSapwar Marketing – ဆပွား မားကတ်တင်း Business Development AKyanPay – အကြံပေး Dream Lab – နေ့စဥ် စာတစ်အုပ်ဖတ်ပါ။ ကိုPet Project အနေနဲ့ပဲ စခဲ့တာ။ အဓိကရည်ရွယ်ချက်က ၁။ လစဉ်ကြေး၊ နှစ်စဉ်ကြေးစနစ်ကို စမ်းဖို့၂။ Content Library တည်ဆောက်တဲ့အမြန်ဆုံးနည်းကိုစမ်းသပ်ဖို့၃။ ဒီ model ကိုအသုံးပြုမည့် လုပ်ငန်းရှင်တွေအတွက်အကောင်းဆုံးဖြစ်မည့်

အိပ်နေလဲ ငွေဝင်တဲ့လုပ်ငန်း
တည်ဆောက်ပါဆိုတော့
Read More »

တခြား မတူညီတဲ့ ပေါင်းစပ်လို့ရတဲ့
အရာတွေ အများကြီးရှိသေးတယ်

ဘဝက ဗျာဆန် + အုန်းသီး + ကြက်ဥပေးထားတယ်ဆိုပါတော့မီးဖိုချောင်မှာ ကိုယ်ဘယ်လိုလုပ်မလဲ။ တစ်ယောက်က ကြက်ဥပြုတ်၊ထမင်းနဲ့ စားရင်စားမယ်။ တစ်ယောက်က ထမင်းနဲ့ ကြက်ဥရောကြော်ပြီး စားရင်စားမယ်။​ တချို့က အုန်းထမင်းလုပ်၊ကြက်ဥပေါင်းလေးနဲ့ စားရင်စားမယ်။ တခြား မတူညီတဲ့ ပေါင်းစပ်လို့ရတဲ့အရာတွေ အများကြီးရှိသေးတယ်။ တကယ်လို့ ကိုယ်ကမချက်တတ်ခဲ့ရင်ချက်တတ်တဲ့သူငယ်ချင်းတွေကိုအုန်းထမင်းလုပ်စားရအောင်၊ငါအုန်းသီး၊ ထမင်းနဲ့ ကြက်ဥတွေရှိတယ်။နင်တို့ဘာတွေယူခဲ့မလဲအဲ့လိုစီစဥ်လိုက်တာလဲ ဖြစ်ရင်ဖြစ်မယ်။ ကိုယ့်ဘဝလဲ အဲ့လို ပဲဖြစ်နိုင်တယ်။ ကိုယ့်မှာရှိထားတဲ့ ဘဝပေးထားချက်တွေချရေးကြည့်လိုက်။နောက် ဘာတွေ ပေါင်းစပ်လို့ရမလဲစဥ်းစားကြည့်။ ဒါကို Creative Thinking လို့ခေါ်တယ်။​ ဥပမာ ကျွန်တော့်အနေနဲ့ စဥ်းစားကြည့်တယ်။​ ကိုယ်ပြောတဲ့ ဘာသာစကားဘဝအတွေ့အကြုံလုပ်နေတဲ့ အလုပ်တွေ ပေါင်းစပ်လိုက်တဲ့အခါကိုယ် ဘယ်လို လူမျိုးဖြစ်နိုင်သလဲ။​ ဘဝပေးထားတဲ့ ပြဿနာတွေကိုအကောင်းဆုံး မတူတဲ့ပုံနဲ့ဖြေရှင်းဖို့ Creative Thinking လိုတယ်။ သူများတွေ လုပ်နေတဲ့ ပုံစံတစ်သွေမသိမ်း

တခြား မတူညီတဲ့ ပေါင်းစပ်လို့ရတဲ့
အရာတွေ အများကြီးရှိသေးတယ်
Read More »

တစ်ရက်တာ အတွက်
မနက်အခါကစ အရေးကြီးတယ်

မနက်ထတဲ့ အခါ၁။ ကိုယ့်ဘဝမှာ ကိုယ့်ကို ဂုဏ်ယူစေတဲ့အရာ၂။ ကိုယ့်ကို ကျေးဇူးတင်စေတဲ့အရာ၃။ ကိုယ့်ဘဝမှာ မဖြစ်မနေအကောင်အထည်ဖော်မည့်အရာဒီသုံးကို နေ့တိုင်း စဉ်းစားခံစားပြီးလေ့ကျင့်ပါ။ဒါကို စိတ်ပညာမှာ priming လို့ခေါ်ပါတယ်။ Phyo Paing @ Derek

တစ်ရက်တာ အတွက်
မနက်အခါကစ အရေးကြီးတယ်
Read More »

အမူအကျင့်တည်ဆောက်ဖို့
နည်းလမ်းလေးတစ်ခုလိုနေလို့ပါ

လေ့ကျင့်ခန်းလုပ်မယ်ဆိုပြီးပျက်ပျက်သွားလို့ကိုယ့်ကိုကိုယ် အပြစ်ခဏခဏတင်ဖူးလား။ ပုံမှန်စာဖတ်တဲ့အကျင့်လုပ်မယ်ဆိုပြီးမဖတ်မိဘူးဖြစ်နေသလား။ ဘာကြောင့်လဲ။ အမူအကျင့်တည်ဆောက်ဖို့နည်းလမ်းလေးတစ်ခုလိုနေလို့ပါ။ အမူအကျင့်တည်ဆောက်တဲ့အခါလုပ်ရပ်ကိုပဲအာရုံမစိုက်ပါနဲ့။ရချင်တဲ့ ရလဒ်ကိုပဲ အာရုံမစိုက်ပါနဲ့။ငါဘယ်သူလဲဆိုတဲ့ identity ကိုအာရုံစိုက်ပါ။ ငါလေ့ကျင့်ခန်းလုပ်ရအုံးမယ်အစားငါက အားကစားလိုက်စားတဲ့သူ။ ငါစာဖတ်ရအုံးမယ်အစားငါက နေ့စဉ်စာဖတ်တာကို မြတ်နိုးတဲ့သူ။ ဒီလို identity က စပြောင်းပါအားတီ၊ အားမေတို့။ ဒါက James Clear ရေးတဲ့ကမ္ဘာကျော်စာအုပ်ဖြစ်တဲ့Atomic Habits ထဲက ဖြစ်ပါတယ်။ Phyo Paing @ Derek

အမူအကျင့်တည်ဆောက်ဖို့
နည်းလမ်းလေးတစ်ခုလိုနေလို့ပါ
Read More »