Dr. Phyo Paing

https://yec.company

ကိုယ့်ရဲ့ mental model အရေးကြီးတယ်။

၂၃ နှစ်ပြည့်တဲ့လမှာပဲ ဘွဲ့ရတယ်။အဲ့အချိန် ကိုယ့်မှာထမင်းစားပညာဆိုလို့ဆေးကုတတ်တာပဲရှိတယ်။ မေးခွန်းက ခဏလောက် ဆေးကုပြီးအသက်မွေးဝမ်းကြောင်းပြုပြီးတစ်ဖက်ကစီးပွားရေး စီမံခန့်ခွဲမှုပညာလေ့လာမလား။တခါတည်းအချိန်မြန်မြန်ပေးပြီးနောက်ဆုံးနှစ်နဲ့ညီတဲ့ ဒီပလိုမာတစ်ခုမြန်မြန်ရအောင်လုပ်မလား။ ဆေးကုသတဲ့အလုပ်ကိုတော့ကိုယ်တိုင်မလုပ်ဖြစ်ဖို့က ၉၀% သေချာတယ်။ဒီတော့ တကယ်လို့ နှစ်ခုလုပ်မယ်ဆိုဝင်ငွေရမယ်။ဒါပေမယ့် ဒီပလိုမာရဖို့ အချိန်ကြာမယ်။ဒါဆို နောက် career တစ်ခုကိုကူးဖို့အချိန်ပိုကြာသွားနိုင်တယ်။​ဒီလို စဥ်းစားတာကို second order thinking လို့ခေါ်ကြတယ်။​ ပိုကြာသွားရင် ဘာမှန်းမသိတဲ့အနာဂတ်မှာအလုပ်ခွင်ဝင်ဖို့ အချိန်ပိုကြာသွားမယ်။အချိန်ပိုကြာသွားရင်ကိုယ်ဖြစ်ချင်တဲ့ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့နှောင့်နှေးသွားမယ်။ ကိုယ့်ကိုကိုယ် အားမလိုအားမရဖြစ်မယ်။နောက်ဆက်တွဲတွေ များတယ်။ကိုယ့်ရွယ်တူတွေနဲ့ ယှဥ်တိုင်းနောက်ကောက်ကျနေတဲ့ ခံစားချက်ကကိုယ့်ကို ပျော်စေမှာ မဟုတ်ဘူး။ဒီ Third order thinking ကို စဥ်းစားကြည့်ပြီးတစ်ခုတည်းကို အာရုံစိုက်ပြီးလေးငါးလလောက် လုပ်ပြီးအချိန်ပိုင်း စာပြန်သင်ခဲ့တယ်။ ကိုယ်ဘယ်လို စဥ်းစားလဲကိုယ့်ရဲ့ mental model အရေးကြီးတယ်။ ဘဝမှာ အမှားတွေ လုပ်မိမှာပဲ။ဒီအမှားတွေရဲ့ နောက်ဆက်တွဲပိုမကြီးအောင် စဥ်းစားနည်းလိုတယ်။​ Phyo Paing @

ကိုယ့်ရဲ့ mental model အရေးကြီးတယ်။ Read More »

အနာဂတ်အတွက် ဝှက်ဖဲတွေလိုတယ်။

ကိုယ်စီထားတဲ့ ဝှက်ဖဲတွေကကိုယ့်ဘဝကို တစ်ဆင့်တစ်ဆင့်တက်တက်သွားစေနိုင်တယ်။ ဆေးကျောင်းတက်ရင်းဖုန်းဆော့ဝဲတွေလုပ်ပေးတော့ကျောင်းတက်ရင်းမှာသာမကကျောင်းပြီးတော့လဲရပ်တည်ဖို့အတွက် ငွေရှာပေးတယ်။​ ဆေးကုမ္ပဏီလုပ်ရင်းအချိန်ပိုင်းစာသင်တော့အလုပ်ထွက်တဲ့အခါသင်တန်းကျောင်းစတင်လို့ရတယ်။ သင်တန်းကျောင်းသင်နေရင်းရန်ကုန်သွားလိုက်၊ မန္တလေးသွားလိုက်ရက်တို training ပေးတော့teaching ကနေ training ပိုင်းပြောင်းလို့ရတယ်။​ ရက်တိုသင်တန်းပေးနေရင်းနည်းပညာကုန်ပစ္စည်တွေ ပြင်ဆင်တော့Covid-19 ဖြစ်တဲ့အခါပေါက်ကွဲမှုအားကောင်းတဲ့online learning app လုပ်လို့ရလာတယ်။​ Online Course တွေလုပ်နေရင်းCoaching တွေတဖက်ကလုပ်ရင်းနာရီပေါင်း ၃၀၀၀ ကျော်ရင်းလုပ်ငန်းရှင်တွေ အတွက်လိုအပ်တဲ့စနစ်တွေ ဖန်တီးပေးခွင့်ရတယ်။​ ဒီ Coaching လုပ်နေရင်းစနစ်တွေဖန်တီးတဲ့ နည်းပညာလုပ်ရင်းAkyanpay လုပ်လို့ရလာတယ်။ အကြံပေးလုပ်ရင်းတဖက်က နည်းပညာ၊ ကျောင်းနဲ့after-school program သင်တန်းတွေမှာinvestment လုပ်တဲ့ firm မှာပါဝင်လုပ်ရင်းဘာတွေ ဆက်ဖြစ်မလဲ ကိုယ်လဲသေချာမသိဘူး။ သေချာတာတစ်ခုကတော့ဖဲတစ်ချက်တည်းနဲ့ မရဘူး။အနာဂတ်အတွက် ဝှက်ဖဲတစ်ချက်အနည်းဆုံးလိုတယ်။​ Phyo Paing @ Derek

အနာဂတ်အတွက် ဝှက်ဖဲတွေလိုတယ်။ Read More »

အယူမမှားဖို့ အမှားမယူမိဖို့လိုတယ်။

First Principle Thinking ဆိုတာ ခဏခဏကြားဖူးလိမ့်မယ်။ SpaceX ကို လုပ်တော့ အီလွန်မက်တို့အသုံးပြုတဲ့ စဥ်းစားတဲ့စနစ်ဆိုပြီး။ဒါက ဆိုကရေတီးလက်ထက်ကတည်းကအသုံးပြုခဲ့တဲ့ စနစ်တစ်ခုဖြစ်တယ်။Aristotle က အခြေခံအယူအဆကိုမေးခွန်းထုတ်ပြီး First Principle Thinking လို့ဖြစ်လို့လာတယ်။ ၂၀၀၅ မှာ နိုဘယ်ဆုရခဲ့တဲ့ အော်စတေးလျ ရောဂါဗေဒပညာရှင်Robin Warren နဲ့ Barry J. Marshall တို့ကFirst Principle Thinking အသုံးပြုခဲ့တဲ့ပုံစံလေး ပြောပြချင်တယ်။ ပုံမှန် ဆေးပညာမှာ အယူအဆတစ်ခုရှိတယ်။အစာအိမ်က အက်ဆစ်ဓာတ်များတဲ့အတွက်သန့်စင်တယ် sterile ဖြစ်တယ်ဆိုတဲ့အယူအဆရှိတယ်။အက်ဆစ်ဓာတ်များတဲ့အတွက် ရောဂါပိုး ဘက်တီးရီးယားတွေ မရှင်သန်နိုင်ဘူးဆိုတဲ့အခြေခံအယူအဆရှိခဲ့ကြတယ်။ အစာအိမ်ယောင်တာ၊ အစာအိမ်မှာ အနာဖြစ်ရင်စပ်တဲ့အစားအစာတွေစားလို့တို့၊ စိတ်ဖိဆီးမှုများလို့တို့ ကြောင့်ဖြစ်တာဆိုတဲ့အယူအဆရှိတယ်။ဒါကြောင့်ကုသတဲ့အခါ စိတ်ဖိဆီးမှုများဖို့နဲ့အနာကျက်ဖို့ပဲ အဓိက ကုသကြတယ်။ Robin Warren နဲ့ Barry J.

အယူမမှားဖို့ အမှားမယူမိဖို့လိုတယ်။ Read More »

ဘဝဖြတ်သန်းမှု လေးဆင့်

ဖြစ်ချင်တာတွေဖြစ်ဖို့မလုပ်ချင်တာတွေကို မျက်စိမှိတ်အံကြိတ်ပြီးလုပ်ခဲ့တဲ့ ဘဝဖြတ်သန်းမှုအချိန်တစ်ခုရှိတယ်။ဥပမာ စာမကျက်ချင်ပဲ စာမေးပွဲအောင်ဖို့ စာကျက်ရတာမျိုး။ လုပ်ချင်တာတွေပဲလုပ်ပြီး ဖြစ်ချင်တာ မဖြစ်တဲ့အချိန်။ ဥပမာ ကိုယ်ဝါသနာပါတဲ့အလုပ်လုပ်ပြီးဖြစ်ချင်တဲ့ ရည်မှန်းချက်တွေမဖြစ်လာသေးတဲ့အချိန်။ လုပ်ချင်တာတွေပဲလုပ်ပြီး ဖြစ်ချင်တာတွေကို အကောင်အထည်ဖော်တဲ့အချိန်တစ်ခုရှိတယ်။ ဥပမာ ကိုယ်ဝါသနာပါတဲ့အလုပ်လုပ်ပြီးဖြစ်ချင်တဲ့ ရည်မှန်းချက်တွေဖြစ်လာတာမျိုး။ ဖြစ်ချင်တယ်ဆိုတာ မရှိတော့ဘူး။ဘဝကို “ပစ္စုပ္ပာန်” မှာပဲ အာရုံစိုက်ငါရုံခြောက်ပါးကို သမာဓိရှိရှိနဲ့ဖြတ်သန်းနိုင်တာမျိုး။ဥပမာ ဆရာတော်တွေ၊ သီလ၊ သမ္မာဓိ၊ ပညာနဲ့ ပြည့်စုံပြီးလောကုတ္တရာ အားထုတ်တဲ့ ပုဂ္ဂိုလ်တွေ။ Phyo Paing @ Derek

ဘဝဖြတ်သန်းမှု လေးဆင့် Read More »

AI မော်ဒယ်တွေလာပြီ။

AI တွေကြမ်းလာချက်ကတရုတ်မှာ အရုပ်ကနေဓာတ်ပုံဖန်တီးပေးတဲ့ မော်ဒယ်မလိုတော့တဲ့အေအိုင်တွေ။အနာဂတ်က နည်းပညာတွေကြောင့်အပြောင်းအလဲကြီးလာမယ်အားတီ၊ အာမေတို့။ Phyo Paing @ Derek

AI မော်ဒယ်တွေလာပြီ။ Read More »

အဆင့်မြင့်မားကတ်တင်းဆိုတာ
ဘိတ်သိတ်ပညာပဲ။

ငညံ့ မားကတ်တင်းသမားကတင်ချင်တာ တင်တယ်။ သာမာန်မားကတ်တင်းသမားကလူတွေစိတ်ဝင်စားမယ်ထင်တာတင်တယ်။ ငဂျွတ်မားကတ်တင်းသမားကကိုယ်တင်တာ လူတွေစိတ်ဝင်စားအောင်လုပ်တယ်။ အဆင့်မြင့်မားကတ်တင်းဆိုတာ ဘိတ်သိတ်ပညာပဲ။ မားကတ်တင်းဆိုတာ ကုန်ပစ္စည်းတွေပြိုင်တာမဟုတ်။အထင်အမြင်ကိုလွမ်းမိုးမှုပြိုင်ပွဲဖြစ်တယ်။ အိုင်ဒီယာတွေ ပြန့်အောင်လုပ်တာမားကတ်တင်း အတတ်ပညာ။ အိုင်ဒီယာတွေကို ကိုးကွယ်အောင်လုပ်တာဘိတ်သိတ်ခြင်းအနုပညာ။ ဆေးအောင်တဲ့ အိုင်ဒီယာတွေထွက်ပေါ်လာဖို့ မတူညီတဲ့အိုင်ဒီယာတွေကိုပေါင်းစပ်ဓာတ်ပြုဖို့လိုတယ်။ဒီလို ပေါင်းစပ်ဓာတ်ပြုတာကိုအိုင်ဒီယာ ဖိုထိုးတယ်လို့ခေါ်တယ်။ အိုင်ဒီယာဖိုထိုးအောင်မြင်သွားတာကိုဘိတ်သိတ်ခြင်းအတတ်ပညာနဲ့ပေါင်းစပ်ဘဝတွေကို အပြောင်းအလဲလုပ်မြှင့်တင်ပေးတယ်။ Guerrilla Marketing Coach Low cost, high impact စရိတ်နည်းပါးထိရောက်မှုဆပွါး #gmc#sapwar

အဆင့်မြင့်မားကတ်တင်းဆိုတာ
ဘိတ်သိတ်ပညာပဲ။
Read More »

AI ပေါ်လာတဲ့အခါ

AI ပေါ်လာတဲ့အခါ စီမံခန့်ခွဲမှု မော်ဒယ်တွေစီးပွားရေးလုပ်ဆောင်တဲ့ အယူအဆတွေကပြောင်းပြန်အုံးမယ်။ လူအယောက် ၁၀၀ အသုံးပြုပြီးတစ်လ သိန်း ၁၀၀၀ မြတ်တဲ့လုပ်ငန်းနဲ့ နည်းပညာအကူအညီယူ လူသုံးယောက်လောက်နဲ့သိန်း ၁၀၀၀ မြတ်တဲ့လုပ်ငန်း ကိုယ်သာဆို ဘယ်အရာကို ရွေးမလဲ။ အရင်ခေတ်က SME မ E ကို အသုံးပြု မြင်းကောင်ရေ၊ ဝန်ထမ်းဦးရေ၊ ရင်းနှီးမြုပ်နှံမှု၊ ဆိုင်ခွဲရှိမှုတွေနဲ့ တိုင်းတာကြတယ်။ နည်းပညာပေါ်လာတော့ ကမ္ဘာ့အကြီးဆုံး Taxi ကုမ္ပဏီကြီးမှာကိုယ်ပိုင် Taxi တစ်စီးမှုမရှိတော့ပဲUber ဖြစ်လာတယ်။ ကမ္ဘာ့အကြီးဆုံး တည်းခိုရေးလုပ်ငန်းစုကြီးမှာဟော်တယ်တွေ အစား website ဖြစ်လာတယ်။ အတွေးအခေါ် အရေးကြီးတယ်။ ၂၀၁၀ အတွေးအခေါ်နဲ့ ၂၀၂၀ အလွန်ကို သွားဖို့ ခက်လိမ့်မယ်ထင်တယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

AI ပေါ်လာတဲ့အခါ Read More »

ပိုက်ဆံမရှာခင် ပြဿနာရှာပါ။

ပိုက်ဆံမရှာခင် ပြဿနာရှာပါ။စီးပွါးရေးဆိုတာ ဖောက်သည်ပြဿနာကိုပိုက်ဆံယူပြီးဖြေရှင်းတာပါ။ဖောက်သည်က လိုချင်တာမရရင်ပြဿနာဖြစ်တယ်။လိုအပ်တာမရရင် ပြဿနာဖြစ်တယ်။ဒါကြောင့် ဖောက်သည်ရဲ့ ပြဿနာရှာပါ။နောက် အဖြေရှာပါ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

ပိုက်ဆံမရှာခင် ပြဿနာရှာပါ။ Read More »

အဆင့်မြင့်မားကတ်တင်းဆိုတာ
ဘိတ်သိတ်ပညာပဲ။

ငညံ့ မားကတ်တင်းသမားကတင်ချင်တာ တင်တယ်။ သာမာန်မားကတ်တင်းသမားကလူတွေစိတ်ဝင်စားမယ်ထင်တာတင်တယ်။ ငဂျွတ်မားကတ်တင်းသမားကကိုယ်တင်တာ လူတွေစိတ်ဝင်စားအောင်လုပ်တယ်။ အဆင့်မြင့်မားကတ်တင်းဆိုတာ ဘိတ်သိတ်ပညာပဲ။ မားကတ်တင်းဆိုတာ ကုန်ပစ္စည်းတွေပြိုင်တာမဟုတ်။အထင်အမြင်ကိုလွမ်းမိုးမှုပြိုင်ပွဲဖြစ်တယ်။ အိုင်ဒီယာတွေ ပြန့်အောင်လုပ်တာမားကတ်တင်း အတတ်ပညာ။ အိုင်ဒီယာတွေကို ကိုးကွယ်အောင်လုပ်တာဘိတ်သိတ်ခြင်းအနုပညာ။ ဆေးအောင်တဲ့ အိုင်ဒီယာတွေထွက်ပေါ်လာဖို့ မတူညီတဲ့အိုင်ဒီယာတွေကိုပေါင်းစပ်ဓာတ်ပြုဖို့လိုတယ်။ဒီလို ပေါင်းစပ်ဓာတ်ပြုတာကိုအိုင်ဒီယာ ဖိုထိုးတယ်လို့ခေါ်တယ်။ အိုင်ဒီယာဖိုထိုးအောင်မြင်သွားတာကိုဘိတ်သိတ်ခြင်းအတတ်ပညာနဲ့ပေါင်းစပ်ဘဝတွေကို အပြောင်းအလဲလုပ်မြှင့်တင်ပေးတယ်။ Phyo Paing @ Derek

အဆင့်မြင့်မားကတ်တင်းဆိုတာ
ဘိတ်သိတ်ပညာပဲ။
Read More »

ဒီလိုဖြစ်ဖူးလား။

မော်တီဗေးရှင်းရဖို့အတွက် Youtube Video တွေကြည့်လိုက်။ခဏနေပျောက်သွားလိုက်။ Tik Tok Video တွေကြည့်လိုက်။ခဏနေပျောက်သွားလိုက်။ Motivational Speaker တွေရဲ့သင်တန်းတွေ တက်လိုက်။တက်ပြီး တက်ကြွကြက်ဖဖြစ်လိုက်။ခဏနေ မော်တီဗေးရှင်းပြန်ကုန်သွားလိုက်။ ဘာကြောင့်လဲ? စနစ်လိုအပ်နေလို့။ တိုးတက်ရေးဆိုတာ စနစ်တစ်ခုပဲ။နောက်ပြီး တိုးတက်ရေးဆိုတာ အဖြစ်အပျက်တစ်ခုမဟုတ်ဘူး။ အမြဲလုပ်နေရမည့် ဖြစ်စဥ်တစ်ခုပဲ။ လူတိုင်းမှာ အချိန်စီမံခန့်ခွဲတဲ့စနစ်၊ စွမ်းအင်စီမံခန့်ခွဲတဲ့စနစ်၊အလုပ်ပြီးမြောက်မှုစနစ်၊ စာဖတ်တဲ့စနစ်၊ မှတ်ဥာဏ်ကောင်းဖို့စနစ်၊ တွေးခေါ်မှုစနစ်၊ ရည်မှန်းချက်ပန်းတိုင်ချမှတ်မှုစနစ်တွေလိုတယ်။ စနစ်မရှိရင်ဘဝက ဖရိုဖရဲဖြစ်နေလိမ့်မယ်။ ဒီလိုစနစ်တပ်ဆင်ဖို့ Peak Productivity Coaching ဆိုတဲ့12-week program တစ်ခုကိုဖန်တီးပေးထားပါတယ်။ သင်တန်းသားပေါင်း ၁၀၀ ကျော်နဲ့ ပျော်ပျော်ပါးပါး လေ့လာပြီးစနစ်ဖန်တီးအသုံးချကြမယ်။ တကယ်လို့ ကိုယ့်ဘဝမှာသာ ကိုယ်နဲ့ကိုက်ညီတဲ့ နေ့စဥ်ဘဝနေထိုင်တဲ့စနစ်ရှိနေပြီး အလုပ်တွေပြီးနေမယ်ဆို ဘယ်လို ခံစားနေရမလဲ။ မိုက်နေမယ်ဟုတ်။ နေသလိုဖြစ်တဲ့ဘဝမှာဖြစ်သလိုနေတာ အချိန်တစ်ခုထိပဲကောင်းတယ်အားတီ၊ အားမေတို့။ Phyo

ဒီလိုဖြစ်ဖူးလား။ Read More »