မြန်မြန်နဲ့ မှန်မှန်ရောက်ဖို့ အကြံပေးလိုတတ်တယ်။
လိုရာခရီရောက်ဖို့ Google Map သလိုလုပ်ငန်းရည်မှန်းချက်ပန်းတိုင်တွေမြန်မြန်နဲ့ မှန်မှန်ရောက်ဖို့ အကြံပေးလိုတတ်တယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay
လိုရာခရီရောက်ဖို့ Google Map သလိုလုပ်ငန်းရည်မှန်းချက်ပန်းတိုင်တွေမြန်မြန်နဲ့ မှန်မှန်ရောက်ဖို့ အကြံပေးလိုတတ်တယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay
ကိုယ့်ကို အာရုံခဏခဏလာနှောက်ရင်ဘဝ equation ထဲက ထုတ်လိုက်တယ်။ခံစားနေဖို့ အချိန်သိပ်မရှိဘူး။တစ်ကိုယ်ကောင်းဆန်သလိုလိုဖြစ်ပေမယ့်ဘဝမှာ နေရထိုင်ရတာ လတ်ဆတ်ချင်ရင်တော့ လုပ်ရမှာပဲ။ Phyo Paing @ Derek
ဖြစ်သလိုနေတာ အချိန်တစ်ခုထိပဲကောင်းတယ်ဆိုတဲ့စာသားကို ကြိုက်ကြတယ်ပြောတယ်။တချို့သင်တန်းကြော်ငြာတွေမှာလဲယူသုံးကြတာတွေ့လို့ဝမ်းသာမိတယ်။ ကျွန်တော်ကတော့ ဘယ်သူယူသုံးသုံး ကိုယ်ပိုင်တယ်လို့လဲမယူဆပါဘူး။အိုင်ဒီယာဆိုတာ အဲ့လိုပါပဲ။
မနေ့ကဆိုတာ ဒေတာပဲ။မနေ့ကကို သင်ခန်းစာယူမှပစ္စုပ္ပန်နဲ့ အနာဂတ်ကိုပိုကောင်းအောင် တည်ဆောက်နိုင်မှာ။ လူသုံးမျိုးရှိတယ်။တချို့က မနေ့ကဆိုတာကို မေ့လိုက်တယ်။တချို့က မနေ့ကဆိုတာမေ့ပြီး ပစ္စုပ္ပန်ကိုအာရုံစိုက်တယ်။တချို့က မနေ့ကဆိုတာကနေ သင်ခန်းစာယူတယ်။ပစ္စုပ္ပန်ကိုအာရုံစိုက်ပြီး၊ အနာဂတ်အတွက်စီမံကိန်းချတယ်။ ကိုယ်ကဘယ်လိုလူမျိုးလဲ။ Phyo Paing @ Derek
ကျန်တဲ့ ၅၀ % ကိုကံတရားကိုပဲ အဆုံးအဖြတ်ပေးခိုင်းကြည့်ပါ။ ကိုယ်တာဝန်ယူတဲ့ ၅၀% ကဘယ်အရာကိုဘယ်အချိန်မှာ ဘယ်လိုအာရုံစိုက်ပြီးအကောင်းဆုံးလုပ်မလဲဆိုပြီးလုပ်တာ။ ကျန်တဲ့ ၅၀% ကတော့ကံတရားကပေးတဲ့ မက်ဆေ့ကိုလိုက်နာတာ။ Coca Cola က ဆေးကုမ္ပဏီတစ်ခုအနေနဲ့စတင်ခဲ့တာပဲ။ကံတရားက ကမ္ဘာ့အကြီးဆုံးအချိုရေကုမ္ပဏီဖြစ်သွားစေတယ်။ Tiffany &a Co. က စာရေးကိရိယာတွေရောင်းတဲ့ Stationary Store လုပ်တယ်။ စိန်တိုက်ကြီးဖြစ်သွားတယ်။ Raytheon Company က ရေခဲသေတ္တာရောင်းတဲ့ အလုပ်လုပ်ရင်း စစ်နဲ့ ကာကွယ်ရေးလက်နက်တွေထုတ်တဲ့ကုမ္ပဏီဖြစ်သွားတယ်။ ကိုယ့်ဘဝကို ၅၀% တာဝန်ယူပါ။၅၀% ကို ကံတရားကိုဆုံးဖြတ်ခိုင်းကြည့်ကြည့်ပါ။ အပြောင်းအလဲလုပ်ရတဲ့အချိန်ခေါင်းသိပ်မာမနေနဲ့လို့ပဲ ပြောရမယ်။ ဒါကို တချို့သူတွေပဲနားလည်မယ်ထင်တယ်။ Phyo Paing @ Derek
J.K. Rowling က Harry Potter နဲ့ အရမ်းအောင်မြင်တော့ သူ့အရေးအသားတွေကြောင့်ပဲနာမည်ကြီးတာမျိုးလိုချင်တယ်။သူ့နာမည်ကြောင့် နာမည်ကြီးတာမျိုးမဖြစ်ချင်တာကြောင့် ကလောင်နာမည်အသစ်နဲ့ The Cuckoo’s Calling ဆိုပြီးထုတ်တယ်။စာအုပ်ဖတ်ပြီးတဲ့ သူတွေက လက်ကမချချင်လောက်အောင်အရမ်းကောင်းတယ်လို့ပြောတယ်။ဒါပေမယ့် ပထမသုံးလမှာ စာအုပ်ရေ ၁၅၀၀ ပဲရောင်းရတယ်။ တစ်ရက်မှာ အရောင်းရဆုံးစာအုပ်အဖြစ်ဘိတ်ချီးလောက်ကနေ Best-seller ဖြစ်သွားတယ်။ ဘာကြောင့်လဲဆိုတော့ သိတဲ့သူတစ်ယောက်က ဒီစာအုပ်ကိုရေးတဲ့သူက J.K. Rowling ဖြစ်တယ်ဆိုတာဖော်ထုတ်လိုက်လို့ဖြစ်တယ်။ ဒါကြောင့် နာမည်တစ်လုံးတည်ဆောက်ဖို့အရေးကြီးတယ်။ ဒါကို ငွေကြေးနဲ့ trade-off လုပ်တာရေတိုကို ကြည့်လွန်းရာရောက်တယ်။ နာမည်တည်ဆောက်ဖို့အတွက် အချိန်တစ်ခုပေးရတယ်။ လူသိဖို့ exposure လိုတယ်။Social Psychology မှာ ကိုယ့်ကိုပိုတွေ့လေလေသဘောကျလေလေတဲ့။ ဒါကြောင့် ကိုယ့်ရဲ့ မလှဘူးထင်တဲ့ရုပ်မကောင်းဘူးထင်တဲ့ စာတွေကြောက်ပြီး ဖွက်မထားနဲ့။ တင်သာတင်။ တွေ့တာများရင် ရင်းနှီးသဘောကျပြီးကိုယ့် customer ဖြစ်လာနိုင်တယ်ဆိုတဲ့သဘောပဲ။
အဲလက်ဆန်းဒါး ဒဂရိတ်ကစစ်မဟာဗျူဟာပိုင်းမှာတစ်ဖက်ကမ်းခပ်ကျွမ်းကျင်တဲ့အပြင်နယ်မြေသစ်ပေါင်းများစွာကိုအောင်နိုင်တယ်။တနေ့ နေမြေသစ်တွေကို အောင်နိုင်ပြီးအိမ်အပြန်လမ်းမှာ နာမကျန်းဖြစ်ပြီးသေခြင်းတရားနဲ့ ရင်ဆိုင်ရတယ်။ အဲ့အခါမှာ သူတွေ့ချင်တဲ့ သူအမေကို နောက်ဆုံးအနေနဲ့လဲမတွေ့နိုင်တော့ဘူး။ ဒါနဲ့ သူ့ဗိုလ်ချုပ်ကြီးကိုခေါ်တယ်။ ငါမသေခင် သုံးခုလုပ်ပေးကွာတဲ့။ ၁။ ငါသေရင် ငါ့အလောင်းကို ဆရာဝန်ကိုယ်တိုင်ပဲသယ်ရမယ်။၂။ ငါ့ကိုသဂြိုလ်တဲ့အခါ အသုဘချတဲ့လမ်းမှာ ငါ့ဘဝမှာ ရှာဖွေအောင်နိုင်ရရှိခဲ့တဲ့ကျောက်သံ၊ ရွှေငွေ၊ ရတနာတွေနဲ့ ခင်းကြင်းထားရမယ်။၃။ ငါ့လက်နှစ်ဖက်ကို အခေါင်းအပြင်ကိုထုတ်ထားပေးတဲ့။ လူတွေကို သိစေချင်တာသုံးချက်ရှိတယ်။ ပထမတစ်ချက်ကဘယ်လောက်ပဲအောင်မြင်အောင်မြင်ဘယ်လို ဘုရင်ကြီးဖြစ်နေပါစေမင်းအသက်ကို ဆရာဝန်ကအကုန်လုံးကုနိုင်မှာ မဟုတ်ဘူး။ဘဝဆိုတာ တိုတယ်။ ဘဝမှာ ကိုယ်ဖြစ်ချင်တာကိုယ်လုပ်ပါ။သာမာန်သမရိုးကျဘဝနဲ့ မသေပါနဲ့။ ဘဝမှာ တရားသေပြောလို့မရဘူး။ အချိန်မဖြုန်းနဲ့။ ဒုတိယတစ်ချက်က မင်းဘာတွေ ဘယ်လောက်ရှာခဲ့ရှာခဲ့နောက်ဆုံးထားခဲ့ရမှာပဲ။ ချမ်းသာကြွယ်ဝမှုတစ်ခုနောက်ပဲလိုက်ပြီး ဘဝကို အဆုံးမသတ်ပါနဲ့။ တတိယအချက်က လူတိုင်းက လက်ဗလာနဲ့လောကထဲလာတယ်။လက်ဗလာနဲ့ ပြန်တယ်။ကမ္ဘာကြီးမှာ မင်းဘယ်သူ့ကို ဘယ်လို အနိုင်ယူခဲ့ယူခဲ့နောက်ဆုံးလက်ဗလာနဲ့ပဲပြန်လည်ထွက်ခွာရမယ်ဆိုတာ သိတယ်တဲ့။ Phyo
၁။ Post များများတင်၂။ လူများများမြင်အောင်လုပ်၃။ လူများများ မှတ်မိအောင်လုပ်၄။ ဝယ်လို့လွယ်အောင်လုပ် ပြန်လည်ဆန်းစစ်မှုသာရှိမယ်ဆိုရင်Post များများတင်လေ လက်ရေတက်လေ။ များများတင်လေ များများမြင်ဖို့အခွင့်အရေးရလေ။ များများမြင်လေ များများမှတ်မိဖို့အခွင့်အရေးရလေ။ များများမှတ်မိပြီး စိတ်ဝင်စားစုံစမ်းမေးမြန်းလေများများရောင်းရလေပဲ။ Guerrilla Marketing Coach Low cost, high impact စရိတ်နည်းပါးထိရောက်မှုဆပွါး #gmc#sapwar
လမ်းပျောက်နေတာတွေ။ စိတ်ခဏခဏ ညစ်နေတာတွေ။တွေဝေနေတာတွေ။ ကိုယ့်ကိုကိုယ် စိတ်တိုင်းမကျတာတွေ။ အချိန်ဆွဲတတ်တာတွေ။ဒါတွေကို နှုတ်ဆက်ဖို့ အချိန်တန်ပြီ။ နောက်ပြီး ကိုယ့်ရဲ့အကောင်းဆုံး version ကိုတည်ဆောက်ဖို့ အချိန်တန်ပြီ။ လူတွေမမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲဖို့ အချိန်တန်ပြီ။ ဘာတွေစလုပ်ရမလဲ?၁။ ကိုယ့်ကိုကိုယ် သေချာလေ့လာဖို့အချိန်တန်ပြီ။ Find your flow၂။ ကိုယ်ဘဝကိုယ် သေချာ ဒီဇိုင်းလုပ်ဖို့ အချိန်တန်ပြီ။ Design your destiny၃။ ဘဝကို အထာကျဖို့ စနစ်တစ်ခုထည့်ဖို့ အချိန်တန်ပြီTWR စနစ်ဆိုတာ တစ်ရက်တာကို သုံးပိုင်းခွဲပြီးမနက်ကို Train နေ့လည်ကို Work ညနေကို Recharge လုပ်တဲ့စနစ်။
ကိုယ့်ရဲ့အကောင်းဆုံး version ကို
တည်ဆောက်ဖို့ အချိန်တန်ပြီ။ Read More »