Dr. Phyo Paing

https://yec.company

မော်ဒယ်မှားရင် မယ်တော်လဲ
မကယ်နိုင်ဘူး။

ခေတ်အခါနဲ့ ကိုက်တဲ့ business model လိုတယ်။မော်ဒယ်မှားရင် မယ်တော်လဲမကယ်နိုင်ဘူး။နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နည်းပညာအပြောင်းအလဲဖြစ်တိုင်း ကိုယ့်ရဲ့ business model ကို ပြန်ဆန်းစစ်ဖို့လိုတယ်။ Business ဆိုတာ စီးပွားရေး။ဖောက်သည်ပြဿနာကို အမြတ်ယူပြီးဖြေရှင်းပေးတာ။ ဒီတော့ သူများ “မ see တာကို see မှ ပွားတာ”။ မော်ဒယ်ဆိုတာ ဖောက်သည်ရဲ့ ပြဿနာ (လိုအပ်ချက်၊ လိုချင်မှု)ကိုဘယ်လိုဖြေရှင်းမလဲဆိုတဲ့ ပုံစံ။ဘယ်လိုအသိပေးမလဲဆိုတဲ့ပုံစံ။ဘယ်လောက်ယူပြီး ဘယ်လောက်ကုန်ကျမလဲဆိုတဲ့ပုံစံ။ မော်ဒယ်မှားရင် မယ်တော်လဲ မကယ်နိုင်ဘူး။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

မော်ဒယ်မှားရင် မယ်တော်လဲ
မကယ်နိုင်ဘူး။
Read More »

ခံယူချက်ပေါ်မူတည်ပြီး
ခံစားချက်တွေ ဖြစ်ပေါ်မယ်

ငါ့မိသားစုအသိုင်းအဝိုင်းမှမရှိတာဘယ်လောက်များဖြစ်နိုင်မှာလဲဆိုတဲ့ခံယူချက်ထားလိုက်တဲ့အခါအားငယ်တဲ့ ခံစားချက်၊ပိုနေမြဲကျားနေမြဲနေမယ်ဆိုတဲ့ခံစားချက်ဖြစ်နိုင်တယ်။ ဘယ်လိုမွေးမွေး ငါ့ဘဝငါနဲ့ဆိုင်တဲ့ဆိုတဲ့ခံယူချက်ထားတဲ့အခါကိုယ့်အားကိုယ်ကိုးမယ်။ကိုယ့်ကိုကိုယ် တာဝန်ယူမယ်ဆိုတဲ့ခံစားချက်ဖြစ်နိုင်မယ်လို့ထင်တယ်။ ခံယူချက်တွေပေါ်မူတည်ပြီးခံစားချက်တွေ ကွာသွားတယ်။ Phyo Paing @ Derek

ခံယူချက်ပေါ်မူတည်ပြီး
ခံစားချက်တွေ ဖြစ်ပေါ်မယ်
Read More »

မတူညီတဲ့ identity တွေနဲ့နေကြည့်တယ်

ကိုယ့်ရဲ့ တစ်ရက်တာကိုဘယ်လိုဖြတ်သန်းချင်သလဲ။ကိုယ့်ရဲ့ တစ်ရက်တာကိုဘယ်လို မဖြတ်သန်းချင်ဘူးလဲ။ ကိုယ့်ရဲ့တစ်ရက်တာမှာဖြတ်သန်းခဲ့တဲ့ ဘယ်လိုပုံစံကိုကြိုက်သလဲ၊ဘယ်လိုပုံစံကို မကြိုက်ဘူးလဲ။ ကျွန်တော်မြင်တာကတော့နေ့တစ်နေ့က စုဗူးတစ်ခုလိုပဲ။ဥစ္စာ၊ ပညာ၊ ကျန်းမာ၊ ခံစားမှုအတွေ့အကြုံအကုန်လုံး တိုးတက်နေရမယ်။ ဒါကြောင့် တစ်နှစ်တစ်ခါမတူညီတဲ့ identity တွေနဲ့နေကြည့်တယ်။ Phyo Paing @ Derek

မတူညီတဲ့ identity တွေနဲ့နေကြည့်တယ် Read More »

ကိုယ့်ဘဝမှာ ဘယ်အရာတွေကို
နှုတ်လိုက်ရင်

ကိုယ့်ဘဝမှာ ဘယ်အရာတွေကိုနှုတ်လိုက်ရင် ကိုယ်နေ့စဉ်နေထိုင်ချင်တဲ့ပုံစံ၊ခံစားမှုတွေ မရတော့ဘူးလဲ စဥ်းစားကြည့်တယ်။ ၁။ ကျန်းမာရေး၂။ ငွေရေးကြေးရေး၃။ မိသားစု သို့ အချစ်ရေး၄။ အလုပ်အကိုင်၅။ စီးပွားရေး၆။ တိုးတက်ရေးနဲ့ အောင်မြင်ရေး Phyo Paing @ Derek

ကိုယ့်ဘဝမှာ ဘယ်အရာတွေကို
နှုတ်လိုက်ရင်
Read More »

တိုးတက်မှုက အောင်မြင်မှုပဲ

ကျွန်တော့်အတွက် အောင်မြင်မှုထက်တိုးတက်မှုက ပိုအရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့တိုးတက်မှုက အောင်မြင်မှုပဲ။ အောင်မြင်မှုဆိုတာ အဖြစ်အပျက်။တိုးတက်မှုဆိုတာ ဖြစ်စဉ်။ နေ့စဉ် တိုးတက်နေတာအောင်မြင်တာပဲ။ ဒါနဲ့ မတိုးတက်တာ ဘယ်လောက်ကြာပြီလဲ?စီးပွါးရေး၊ အလုပ်အကိုင်၊တစ်ကိုယ်ရည်တိုးတက်ရေး။ Phyo Paing @ Derek

တိုးတက်မှုက အောင်မြင်မှုပဲ Read More »

လူတွေက လမ်းပျောက်နေတာမဟုတ်ဘူး

လူတွေက လမ်းပျောက်နေတာမဟုတ်ဘူး။တစ်ဖက်ကမ်းခပ် ကျွမ်းကျင်မှုမရှိတာ။တစ်ဖက်ကမ်းခပ် ကျွမ်းကျင်တဲ့လူအများစုကလမ်းမပျောက်တတ်ကြဘူး။ဒါကြောင့် ဘဝကြီးလမ်းပျောက်နေတယ်ဆိုတစ်ဖက်ကမ်းခပ် ကျွမ်းကျင်မှုတစ်ခုရှိအောင် ပြုစုပျိုးထောင်ပါ။ Phyo Paing @ Derek

လူတွေက လမ်းပျောက်နေတာမဟုတ်ဘူး Read More »

Spirituality ဆိုတာ

ကျွန်တော့်ဘဝရဲ့ အောင်မြင်မှုဆိုတာကိုယ်နေချင်တဲ့ ဘဝနေထိုင်မှုပုံစံအတိုင်းနေ့တိုင်းဖြတ်သန်းနေရတာပဲ။ Spirituality ဆိုတာ ဘဝမှာစိတ်နဲ့ ခန္ဓာ alignment ညီတာကိုခေါ်တယ်လို့ကိုယ့်ကိုကိုယ် အဓိပ္ပာယ်ဖွင့်ထားတယ်။ Phyo Paing @ Derek

Spirituality ဆိုတာ Read More »

မြင်ယောင်ကြည့်၊
ကြားယောင်ကြည့်၊
ခံစားကြည့်ကြည့်

မှန်ထဲမှာကြည့်တိုင်း မြင်နေတဲ့ကိုယ်ကဒီနေ့ကိုယ်ပဲ။မျက်စိမှိတ်ထားပြီးကိုယ့်ကိုကိုယ်ပုံဖော်ကြည့်။အဲ့ဒါက အနာဂတ်ကိုယ်ဖြစ်နိုင်တယ်။ အနာဂတ်ကို စဉ်းစားကြည့်ရင်ဘယ်တွေမြင်လဲ၊ဘာတွေကြားလဲ၊ဘယ်လိုခံစားရသလဲ၊မြင်ယောင်ကြည့်၊ကြားယောင်ကြည့်၊ခံစားကြည့်ကြည့်။ Phyo Paing @ Derek

မြင်ယောင်ကြည့်၊
ကြားယောင်ကြည့်၊
ခံစားကြည့်ကြည့်
Read More »

“စွန့်လွတ်ရမှာ မကြောက်ပါနဲ့”

ဆရာတော် သစ်နော့ဟန်ကိုအင်္ဂလိပ်ဂျာနယ်လစ်တစ်ယောက်ကမေးတယ်။ဆရာတော်ဘုရား ကမ္ဘာပေါ်မှာအဓိကဖြစ်နေတဲ့ ပြဿနာကဘာလို့ ထင်ပါသလဲ ဘုရား။အငတ်ဘေးလား၊ ဆင်းရဲမွဲတေမှုလား၊သဘာဝပတ်ဝန်းကျင် ပြဿနာလား။ ဆရာတော သစ်နော့ဟန်ကဒါနဲ့ အင်္ဂလိပ်ဂျာနယ်လစ်ကိုမေးတယ်။​“သင်က ဘယ်သူလဲ?”ကျွန်တော်က ဂျာနယ်လစ်လေ။ဒါက “သင့်ရဲ့ အလုပ်လေ”။ကျွန်တော်က အင်္ဂလိပ်လူမျိုး။ဒါက “သင့်ရဲ့ လူမျိုး”။ဒါဆို ကျွန်တော်က လူပေါ့။​“ဒါက သင့်ရဲ့ species မျိုးရိုး”။ဟင် ဒါဆို ကျွန်တော်က ဘယ်သူလဲ။အဲ့ဒါပဲလို့ ဆရာတော် သစ်နော့ဟန်ကဆိုတယ်။လောကမှာ ကြုံတွေနေရတဲ့အကြီးမားဆုံးပြဿနာက လူတွေကကိုယ်ဘယ်သူလဲဆိုတာ မသိတဲ့ပြဿနာပဲတဲ့။ ဗုဒ္ဓကတော့ “ငါ”ဆိုတာမရှိဘူး။“အနတ္တ”လို့ ဟောတယ်။​“အနိစ်စ၊ ဒုက်ခ၊ အနတ်တ”။အနတ်တဆိုတာ non-self. ဒီနေ့မှာ ကိုယ့်ရဲ့အချစ်ဆုံးမိသားစု၊ သမီးရည်းစား၊ လင်မယားကလဲတချိန် ခွဲခွာရမှာပဲ။ရှင်ကွဲနဲ့ သေကွဲပဲကွာတယ်။​ နောက် ဒီနေ့ကိုယ့်ကိုကိုယ်ထင်ထားမြင်ထားတဲ့အထင်အမြင်တွေကလဲတစ်နေ့ ပြောင်းသွားအုံးမှာပဲ။ဆယ်ကျော်သက်တုန်းကကိုယ်နဲ့နှစ်ဆယ်ကျော်၊​ သုံးဆယ်၊ လေးငါးခြောက်ဆယ်မတူတော့ဘူးမဟုတ်လား။ ဒီနေ့မှာ ကိုယ်ဝန်ဆောင်မှုပေးနေရတဲ့ဖောက်သည်ကလဲ မနက်ဖြန်ကိုယ့်ဖောက်သည် ဟုတ်ချင်မှဟုတ်တော့မယ်။အရေးကြီးတာ ကိုယ်နဲ့တွေ့တုန်းအကောင်းဆုံးဝန်ဆောင်မှုပေးခဲ့ဖို့ပဲ။ ဒါကြောင့် ကိုယ့်ရဲ့အရင်

“စွန့်လွတ်ရမှာ မကြောက်ပါနဲ့” Read More »

စီမံခန့်ခွဲမှုဆိုတာ

စီမံခန့်ခွဲမှုဆိုတာ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ စီမံကိန်းချပြီး၊ ရအောင်လုပ်တာကို စီမံခန့်ခွဲမှုလို့ခေါ်တာပဲ။ လူတစ်ယောက် စီမံခန့်ခွဲမှုကောင်းမကောင်း၁။ အချိန်မှန်မမှန်၂။ ပြောတဲ့အတိုင်း စီမံထားတဲ့အတိုင်းအကောင်အထည်ဖော်ဖြစ်မဖြစ်၃။ အလုပ်လုပ်တဲ့အခါ ဘယ်လောက်ထိရောက်မှုရှိမရှိ၄။ မယောင်ရာဆီလူးလား၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ လုပ်နေလားကြည့်လို့ရတယ်။ စီမံခန့်ခွဲမှုသင်တာကလွယ်တယ်။POLC တို့၊ PDCA တို့၊PESTLE တို့၊ Porter’s 5 force တို့၊Balanced Scorecard တို့ Blue Ocean Strategy တို့ အော်နေလို့ရတယ်။ အရေးကြီးတာ လိုချင်တာကိုရအောင် အကောင်အထည်ဖော်နိုင်မဖော်နိုင်ကြည့်တာပဲ။ ဖော်ရှော မန့်နေမန့်လား၊ တကယ်လုပ်တဲ့ မန့်နေ့မန့်လားဆိုတာ ပေါ်လာမယ်။ စီမံခန့်ခွဲမှုမှာ အဆိုးဆုံးအချက်က မယောင်ရာ ဆီလူးတဲ့ အချက်ပဲ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

စီမံခန့်ခွဲမှုဆိုတာ Read More »