Dr. Phyo Paing

https://yec.company

ကိုယ့်လုပ်ငန်းဘာကြောင့်
ဖရိုဖရဲ စီမံခန့်ခွဲမှုလုပ်မရသလဲ။

ကိုယ့်လုပ်ငန်းဘာကြောင့် ဖရိုဖရဲ စီမံခန့်ခွဲမှုလုပ်မရသလဲ။ ၁။ ချရေးထားတဲ့ လုပ်ငန်းဖွဲ့စည်းပုံမရှိလို့၂။ ချရေးထားတဲ့ ဝန်ထမ်းတစ်ယောက်ချင်းစီက ဘာမျှော်လင့်တယ်၊ဘာလိုချင်တယ်၊ ဘာလုပ်ပေးရမယ်၊ဘာပြန်ပေးမယ်ဆိုတဲ့ စာရွက်စာတမ်းမရှိလို့၃။ ပိုင်ရှင်ကိုယ်တိုင် စီမံခန့်ခွဲမှုကို အချိန်ပေးမလေ့လာဖူးလို့။၄။ PAR လို့ခေါ်တဲ့ planning စီမံကိန်းချခြင်းaction လုပ်ဆောင်ခြင်းreporting ပြန်လည်တင်ပြခြင်း ဖြစ်စဥ်မရှိလို့။၅။ ဘယ်လမ်းကြောင်းကို သွားနေလဲဆိုတဲ့ရည်မှန်းချက်ပန်းတိုင် တိတိကျကျ ချရေးထားတာမရှိလို့၆။ ငါ့တို့လုပ်ငန်းမှာ အလုပ်လုပ်ရင်ဘယ်လိုပုံစံမျိုး ပြုမူနေထိုင်ပြောဆိုရမယ်၊တန်ဖိုးထားမှုတွေက ဘာဆိုတာ ချရေးထားတာ၊ တစ်လလေးခါအနည်းဆုံးအသိပေးတာမရှိလို့။၇။ လူခန့်တဲ့နေရာမှာ အချိန်ပေးမရွေးချယ်လို့။၈။ ကိုယ့်လုပ်ငန်းမှာ လူတွေအလုပ်လာလုပ်ချင်အောင်ကိုယ့်လုပ်ငန်းကို လူတွေစိတ်ဝင်စားအောင်လုပ်ဆောင်တဲ့ နည်းစနစ် မရှိ၊ မသိ၊ မလုပ်လို့။၉။ ဝန်ထမ်းတွေအနေနဲ့ လုပ်ငန်းမှာ လုပ်ဆောင်နေရတာ ဂုဏ်မယူလို့။၁၀။ ပိုင်ရှင်ရဲ့ သြဇာအာဏာမသက်ရောက်လို့။၁၁။ နည်းပညာအသုံးချနိုင်စွမ်းနည်းလို့၁၂။ မီတင်လုပ်တဲ့အခါ ဘယ်ပြီးဘာသွားမယ်format မရှိလို့။၁၃။ ဘယ်သူဘာလုပ်မလဲဆိုတာ ပြန်လည်ကြီးကြပ်မည့်သူ တိတိကျကျမရှိ၊ အရေးယူမှုမရှိလို့။၁၄။ ဘူကောင်

ကိုယ့်လုပ်ငန်းဘာကြောင့်
ဖရိုဖရဲ စီမံခန့်ခွဲမှုလုပ်မရသလဲ။
Read More »

ပရိုဂရမ်မာလို ဘယ်လိုစဥ်းစားမလဲဆိုတဲ့
မာကတ်တာ ရေးတဲ့ မှတ်စုကြမ်း။

V. Anton Spraul ရေးတဲ့ Think like a programmer စာအုပ်ဖတ်ပြီးတော့ Programming ကိုမြင်တဲ့အမြင်ပြောင်းသွားတယ်။ Programming ကိုစတင်လေ့လာတော့မယ်ဆိုရင်ဘယ် programming language က စတင်လေ့လာရမလဲစဥ်းစားတတ်ကြတယ်။ ငယ်ငယ်ကလဲ အလုပ်သင်ဆရာဝန်လုပ်နေရင်းJava Programming တွေသွားသင်တယ်။ သေချာမလေ့လာခဲ့မိတာ Programmer တစ်ယောက်လို ဘယ်လိုစဉ်းစားမလဲ။ မားကတ်တင်းသမားတစ်ယောက်စဥ်းစားတဲ့ပုံစံနဲ့ Programmer တစ်ယောက်စဥ်းစားတဲ့ပုံစံမတူတဲ့အပိုင်းတွေအများကြီးရှိတယ်။ ဒီစာအုပ်မှာဖတ်ပြီး နာမည်တစ်ခုပေးရရင်Programming = Problem-solving with codes ပြဿနာကို programming framework ထဲက Code တွေနဲ့ဖြေရှင်းတာ။ ပြဿနာဖြေရှင်းတဲ့အခါ Problem statement တစ်ခုကိုနားလည်အောင်လုပ်တာConsulting လုပ်တာနဲ့ ပုံစံတူတယ်။ တခါတလေ ပြဿနာကို နောက်ပုံစံတစ်မျိုးနဲ့ Restate လုပ်ခိုင်းတာ၊ပြဿနာကို define လုပ်ခိုင်းတာ၊ပြဿနာကို သိပြီဆိုရင်မတူညီတဲ့လမ်းကြောင်းတွေနဲ့ ဖြေရှင်းဖို့

ပရိုဂရမ်မာလို ဘယ်လိုစဥ်းစားမလဲဆိုတဲ့
မာကတ်တာ ရေးတဲ့ မှတ်စုကြမ်း။
Read More »

ဒီနေ့ခေတ်မှာ asset တွေအပေါ်မြင်တဲ့
အမြင်က ပြောင်းလဲလာပြီ။

သိန်း ၃၀၀၀ တန် ကွန်ဒိုဝယ်ထားပြီးရန်ကုန်လိုနေရာမှာပြန်ငှားရင်အကြမ်းဖျင်း ၁၀ သိန်းကနေ ၁၅ သိန်းကြားရမယ်။ တကယ်လို့ ကိုယ်ကျွမ်းကျင်တဲ့ digital asset တစ်ခုမှာ သိန်း ၅၀ -၂၀၀ လောက်ရင်းရင် စနစ်ရှိရင် ဒီဝင်ငွေက ၆ လအတွင်း ချက်ချင်းပြန်ရနိုင်တယ်။ ဒီနေ့ခေတ်မှာ asset တွေအပေါ်မြင်တဲ့အမြင်က ပြောင်းလဲလာပြီ။ Asset ပိုင်ဆိုင်မှုဆိုတာ ကိုယ့်အိတ်ထဲပိုက်ဆံထည့်ပေးတဲ့အရာတွေကိုခေါ်တာ။ အိမ်ဝယ်ပြီး ပြန်ငှား passive income ရတာကဒါလဲ asset တစ်ခုပဲ။ Youtube channel တစ်ခုလုပ်ကြော်ငြာကနေ ဝင်ငွေရ ဒါလဲ asset တစ်ခုပဲ။ ဒီနေ့ခေတ်မှာ Digital Asset တွေက အရေးကြီးတယ်လို့မြင်တယ်။ကိုယ့် Facebook Page နဲ့ Social media channel တွေ၊Website,

ဒီနေ့ခေတ်မှာ asset တွေအပေါ်မြင်တဲ့
အမြင်က ပြောင်းလဲလာပြီ။
Read More »

Branding လုပ်တယ်ဆိုတာ

ပိုက်ဆံရှာတာထက်ပိုက်ဆံလာအောင်လုပ်တာက အမှတ်တံဆိပ်တည်ဆောက်ခြင်းပဲ။Branding လုပ်တယ်ဆိုတာသံလိုက်ဓာတ်တည်ဆောက်တာ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

Branding လုပ်တယ်ဆိုတာ Read More »

ကိုယ်မပါရုံတင်မဟုတ်ဘူး။
အိပ်နေလဲ ငွေဝင်တဲ့လုပ်ငန်းတွေပါ
တည်ဆောက်လို့ရတယ်။

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတည်ဆောက်လို့အရမ်းမခက်တဲ့ လုပ်ငန်းတွေထဲမှာ “Digital Business” တွေပါဝင်ပါတယ်။ ကိုယ်မပါရုံတင်မဟုတ်ဘူး။အိပ်နေလဲ ငွေဝင်တဲ့လုပ်ငန်းတွေပါတည်ဆောက်လို့ရတယ်။ Digital Product/ Service လုပ်တဲ့ထဲမှာApp, software, website ကစလို့သတင်းအချက်အလက် ကုန်ပစ္စည်းInformation products တွေ ပါဝင်တယ်။Digital content library ကို ငှါးတဲ့လုပ်ငန်းတွေ ပါဝင်တယ်။ တစ်ခါတည်းရောင်းတဲ့ model သွားသလို၊SaaS လို့ခေါ်တဲ့ Software-as-a-Service သွားတယ်။Content-as-a-service သွားတယ်။PaaS လို့ခေါ်နဲ့ Platform-as-a-service သွားတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

ကိုယ်မပါရုံတင်မဟုတ်ဘူး။
အိပ်နေလဲ ငွေဝင်တဲ့လုပ်ငန်းတွေပါ
တည်ဆောက်လို့ရတယ်။
Read More »

လုပ်ငန်းနှစ်မျိုးရှိတယ်။

လုပ်ငန်းနှစ်မျိုးရှိတယ်။ တစ်မျိုးက အကြီးကြီးလုပ်ချင်တာ။တမျိုးက ကိုယ်မပါပဲလည်ပတ်တဲ့လုပ်ငန်းလုပ်ချင်တာ။ ရည်ရွယ်ချက်ပေါ်မူတည်ပြီးဒီိဇိုင်းလုပ်တဲ့ပုံစံမတူဘူး။ ပထမတစ်ခုအတွက် စျေးကွက်ကြီးတဲ့ mass market ကိုသွားတယ်။ ဒုတိယတစ်ခုအတွက်ဒိုင်လျိုလေး niche market ကိုသွားတယ်။ Niche Market ကိုကြားဖူးလားအမျိုးတို့။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#akyanpay

လုပ်ငန်းနှစ်မျိုးရှိတယ်။ Read More »

ကိုယ်အစွမ်းအစရှိသလောက်ပဲ
ကိုယ့်လုပ်ငန်းတိုးတက်တယ်။

အလုပ်ထွက်မည့်သူကိုအသစ်ဝင်မည့်သူအား training ပေးခိုင်းတာဖြစ်နိုင်ရင် မလုပ်တာကောင်းတယ်။ ထွက်တော့မည့်သူက ကုမ္ပဏီကိုချစ်ကောင်းချစ်လိမ့်မယ်။ ဒါပေမယ့် သူ့မှာ ပိုကောင်းတဲ့ သို့ပိုကောင်းတယ်လို့ ယူဆတဲ့ အခွင့်အလမ်းတစ်ခုရှိလို့ ကုမ္ပဏီက ထွက်တတ်ကြတယ်။ အဲ့ဒီအချိန် ထွက်မည့်ဝန်ထမ်းကို အသစ်ဝင်တဲ့ဝန်ထမ်းကိုအစအဆုံးသင်ပေးလိုက်ဆိုပြီးအလွယ်လုပ်မိတတ်ကြတယ်။ Over ပေးတာပေးလို့ရပေမယ့်နှစ်ယောက်ထဲလွတ်ထားတာကုမ္ပဏီအတွက် ရေရှည်မကောင်းဘူးလို့ယူဆတယ်။ ဘာကြောင့်လဲဆိုတော့လူဟောင်းကထွက်သွားပေမယ့်လူဟောင်းရဲ့ အိုင်ဒီယာတွေကလူသစ်မှာ ကျန်နေခဲ့နိုင်တယ်။ ကိုယ်အစွမ်းအစရှိသလောက်ပဲကိုယ့်လုပ်ငန်းတိုးတက်တယ်။ တချို့အတွေအတွက်ကကိုယ်မပါရင် ကုန်သွားလိမ့်မယ်။ ဒါကို လုပ်ငန်းကို တကယ်လုပ်ဖူးတဲ့လုပ်ငန်းရှင်တွေပဲ နားလည်လိမ့်မယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#akyanpay

ကိုယ်အစွမ်းအစရှိသလောက်ပဲ
ကိုယ့်လုပ်ငန်းတိုးတက်တယ်။
Read More »

ဘဝကို ဘာကြောင့် အထာကျကျ
ဖြတ်သန်းဖို့ အချက် ၁၅ ချက်

၁။ ဘူကောင်တွေကိုရှောင်။၂။ လိုချင်တာတွေကိုပဲ အာရုံစိုက်။၃။ ကိုယ့်ကို စိတ်ဒုက္ခပေးနိုင်မည့်သူတွေရဲ့ အဝေးမှာနေ။၄။ ဖြစ်ချင်တာဖြစ်ဖို့ မလုပ်ချင်တဲ့အလုပ်ကို စိတ်ပါပါမပါပါ လုပ်။၅။ နေ့စဥ် ကိုယ့်ကိုကိုယ် ပိုကောင်းအောင်ပဲတည်ဆောက်။၆။ စိတ်ရှည်။၇။ စိတ်မှတ်ရှိ။၈။ ကိုယ့်အတွက် အရေးမပါတဲ့လူတွေရဲ့အထင်အမြင်ကို အရာမပေးနဲ့။၉။ အတွေးအခေါ်တွေကို ဂရုစိုက်။၁၀။ အကြွေး personal debt မယူနဲ့။၁၁။ ပိုက်ဆံကို လျှောက်မသုံးနဲ့။ အကုန်လုံးမရင်းနှီးလိုက်နဲ့။ ငွေဆိုတာ စွမ်းအင်ဆိုတာ သတိပြု။ သူ့ကိုချစ်မှ သူပြန်ချစ်မှာ။ ၁၂။ နေ့စဥ် ကိုယ်သွားနေတဲ့ ပန်းတိုင်နဲ့ ပိုနီးအောင်လုပ်။ ငွေတစ်ခုတည်းအတွက် အလုပ်မလုပ်နဲ့။ ငွေထက်ပိုအရေးကြီးတာ အချိန်။ ၁၃။ အချိန်မဆွဲနဲ့။၁၄။ စိတ်ညစ်စရာရှိရင် ဖြေရှင်း။ Feel ခံမနေနဲ့။ ၁၅။ အခြေအနေကို ပြောင်းလို့မရရင် အတွေးအခေါ်ကိုပြောင်း။ Phyo Paing @

ဘဝကို ဘာကြောင့် အထာကျကျ
ဖြတ်သန်းဖို့ အချက် ၁၅ ချက်
Read More »

ကိုယ့်ကိုကိုယ် အမြဲမှန်တယ်ထင်တဲ့
သူတွေကြောင့် အဖွဲ့အစည်းက
ရှေ့မရောက်တတ်ကြဘူး။

လူတစ်မျိုးရှိတယ်။ ကိုယ့်ကိုကိုယ် အမြဲမှန်တယ်ထင်တာ။ စွန့်ဦးတီထွင်တွေ၊ စွမ်းဆောင်ရည်မြင့်တဲ့သူတွေ၊ စွမ်းဆောင်ရည်မြင့်တဲ့ ဦးဆောင်သူတွေကဘယ်တော့မှ သူတို့ကိုယ်သူတို့ အမြဲမှန်တယ်လို့ မထင်ဘူး။ ဒီတော့ ပြုပြင်ပြောင်းလဲရမှာဘယ်တော့မှ မကြောက်ဘူး။ ငါထင်တဲ့ ယူဆချက် assumption တွေမမှန်ကြောင်း ရလဒ်တွေကပြတဲ့အခါသွားနေတဲ့လမ်းကြောင်း၊ လုပ်ရပ်တွေကို ပြောင်းရဲတဲ့သတ္တိရှိတယ်။ အမြင်သာဆုံးက လီကွမ်းယူပဲ။ သူတို့ချမှတ်ထားတဲ့ စီမံကိန်းတွေအလုပ်မဖြစ်တာတွေဖြစ်လာတဲ့အခါခေါင်းခံပြီး ငြင်းမနေဘူး။ ဟုတ်တယ်အလုပ်မဖြစ်ဘူး။ ငါတို့ ဒီကနေ သင်ခန်းစာယူမယ်။ဘာသင်ခန်းစာတွေရသလဲ။နောက်တစ်ခါ ဘယ်လိုပိုကောင်းအောင်လုပ်မလဲ စဥ်းစားတယ်။ ဒါကြောင့် အောင်မြင်ရေး ဖော်မြူလာကအလုပ်ဖြစ်တာ၊ မဖြစ်တာသိ။ အလုပ်ဖြစ်တာလုပ်တဲ့။ ကိုယ့်ကိုကိုယ် အမြဲမှန်တယ်လို့ထင်တဲ့သူတွေကြောင့် အဖွဲ့အစည်းကရှေ့မရောက်တတ်ဘူး။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် အမြဲမှန်တယ်ထင်တဲ့
သူတွေကြောင့် အဖွဲ့အစည်းက
ရှေ့မရောက်တတ်ကြဘူး။
Read More »