တခါတလေ တရားခံတွေ
ထပ်နေတတ်တယ်။
ဘဝမှာ စိတ်အနှောက်အယှက်ဖြစ်ရတိုင်းအရင်းအမြစ်တွေချရေးကြည့်။တခါတလေ တရားခံတွေထပ်နေတတ်တယ်။ 😅 Phyo Paing @ Derek
ဘဝမှာ စိတ်အနှောက်အယှက်ဖြစ်ရတိုင်းအရင်းအမြစ်တွေချရေးကြည့်။တခါတလေ တရားခံတွေထပ်နေတတ်တယ်။ 😅 Phyo Paing @ Derek
သူငယ်တန်းကလေး အယောက် ၁၀၀ ဝိုင်းဖြေလဲဆယ်တန်းကအောင်မှာမဟုတ်ဘူး။အဲ့လိုပဲ ကိုယ့်လုပ်ငန်းမှာလူအယောက် ၁၀၀ ရှိတာကောင်းတယ်။အဲ့အယောက် ၁၀၀ မှာA player ကောင်းကောင်းပြဿနာဖြေရှင်းနိုင်စွမ်းမြင့်တဲ့သူဘယ်နှစ်ယောက် ရှိလဲ အရေးကြီးတယ်။ ကိုယ့်ရဲ့ ဦးဆောင်တဲ့ team ရဲ့brain power ကို အဓိကမြင့်ထားဖို့လိုတယ်။ လူတော်တွေကို train မှလုပ်ငန်းခုန်ပျံကျော်လွှားတိုးတက်မှာ။ လူတွေမှာ A player, B player, C player ရှိတယ်။စွမ်းဆောင်ရည်၊ စွမ်းအင်၊ စိတ်ဓာတ်၊စဥ်းစားပုံ မတူကြဘူး။ ဒီ စ “၄” လုံးမတူတဲ့အတွက် သင်တန်းမပေးခင်အဆင့်အလုပ်ခေါ်တဲ့အဆင့်၊ရွေးချယ်တဲ့အဆင့်က သင်တန်းပေးတဲ့အဆင့်ထက် ပိုအရေးကြီးတယ်။ ဒီလို လူတော်တွေ A player တွေလာအောင်ကိုယ့်လုပ်ငန်းက C player တွေအများကြီး မဖြစ်နေဖို့လိုတယ်။နောက် ဦးဆောင်သူကလဲကိုယ့်ကိုကိုယ် ဖြည့်ထားဖို့အရေးကြီးတယ်။ Phyo Paing @
ပြဿနာဖြေရှင်းနိုင်စွမ်းမြင့်တဲ့သူ
ဘယ်နှစ်ယောက် ရှိလဲ အရေးကြီးတယ်။ Read More »
သတင်းအချက်အလက်တွေပေါ်မူတည်ပြီး“သေချာစုစည်း” နိုင်ရင် “ပညာ”ဖြစ်တယ်။ပညာက အရာရာကို သတိပြုနားလည်သဘောပေါက်ခွဲခြားစိတ်ဖြာလုပ်ဆောင်နိုင်စွမ်းကိုပေးတယ်။ ဒီ ပညာကို နေ့စဥ်အသုံးချမှုလုပ်ဆောင်ပြီးလေ့ကျင့်ရင် အချိန်တစ်ခုရောက်ရင်ကျွမ်းကျင်မှု တစ်ခုဖြစ်တယ်။ နေ့စဥ် သတင်းအချက်အလက်အသစ်တွေနဲ့ကိုယ့်ရဲ့ “ပညာဘဏ်” knowledge bank ကို တိုးတက်အောင် လုပ်ပြီးကိုယ်လုပ်တဲ့အလုပ် နေ့စဥ်ပိုကျွမ်းကျင်ရမယ်။Skill ပိုတိုးတက်လာရမယ်။ Phyo Paing @ Derek
“သတင်းအချက်အလက်” တွေက
လူတွေကို အပြောင်းအလဲဖြစ်စေနိုင်တယ်။ Read More »
ဒီနေ့ခေတ်လို ရွေးချယ်စရာတွေများတဲ့ခေတ်မှာကိုယ့်ကို ကိုယ့်လုပ်ငန်း၊ ကုန်ပစ္စည်း၊အမှတ်တံဆိပ်ကို လူတွေမှတ်မိခံစားနိုင်ဖို့ကွဲထွက်နေဖို့လိုတယ်။ ကိုယ်က post တွေတက်လိုက်တယ်။လူတွေမြင်အောင် boost လိုက်တယ်။မြင်တော့မြင်တယ် မတွေ့သွားဘူး။ လူတွေထင်တာ မြင်တိုင်းတွေ့တယ်လို့ထင်တာ။မဟုတ်ပါဘူး။ဒါကြောင့် မားကတ်တင်းမှာSee-Think-Do ဆိုတဲ့ framework လေးရှိတယ်။ မြင်ပြီးတွေ့ဖို့ ကိုယ်တင်လိုက်တဲ့စာ၊ ဓာတ်ပုံ၊ ဗီဒီယို content တစ်ခုကလူတွေကို ခဏရပ် စဉ်းစားသွားစေဖို့လိုတယ်။ မြင်ကားမြင်၏ မတွေ့ ဒီလိုမဖြစ်အောင် စနစ်လိုတယ်။ Phyo Paing @ DerekGuerrilla Marketing Coach Low cost, high impact စရိတ်နည်းပါးထိရောက်မှုဆပွါး #gmc#sapwar
LV သွားဝယ်ရင် အိတ်ကို လက်ဗလာနဲ့ မကိုင်ဘူး။ လက်အိတ်စွပ်ပြီးကိုင်တယ်။ဒီအတိုင်း ကောင်တာပေါ်မချဘူး။Tray ပေါ်တင်ပြီးမှ ချတယ်။ Item လို့မသုံးဘူး။ Collection ဆိုတဲ့ စကားလုံးသုံးတယ်။ စျေးလျော့မလားလို့ ဘယ်သူမှမပေးဘူး။မရောင်းရရင် ဖျက်စီးလိုက်တယ်။ဒစ်စကောင့်မပေးဘူး။ Luxury ဆိုတာရောင်းတဲ့အခါ Brand မှာ အထာလေးတွေ ရှိတယ်။ Apple ဘယ်တော့မှ ကောင်မလေးတွေPromo တွေခေါ်ပြီးဆိုင်ရှေ့မှာ ကတာလုပ်တာ မတွေ့ဖူးဘူး။ လော်စပီကာအကျဲကြီးနဲ့အော်ပြီးစျေးတွေချတာ မလုပ်ဘူး။ လုပ်ငန်းတိုင်းမှာ အထာလေးတွေရှိတယ်။ကိုယ့်လုပ်ငန်းအထာက ကိုယ်ဆက်သွားမည့် ရည်မှန်းချက်ပန်းတိုင်နဲ့ကိုက်သလား။ စျေးကြီးတိုင်း luxury brand မဖြစ်ဘူး။Brand တိုင်းမှာ အထာလိုတယ်။စျေးကြီးမှ brand ဖြစ်တာလဲမဟုတ်ဘူး။ လုပ်ငန်းတိုင်းမှာ ကိုယ်တိုင်ရဲ့အထာလိုတယ်။ နာမည်မကြီးခင်ကတည်းကကိုယ့် brand ရဲ့ရပ်တည်ချက်ကိုသေချာသိဖို့လိုတယ်။ သူများတွေလုပ်တိုင်း လိုက်မယောင်မိဖို့လိုတယ်။ ကတာမကောင်းဘူးပြောချင်တာတော့မဟုတ်ဘူး။ကိုယ့် brand ရဲ့အထာဆိုရင်လုပ်တာမမှားဘူး။ ကိုယ့်အထာနဲ့ကိုယ်။ အနာနဲ့
ကိုယ့်မားကတ်တင်းမအောင်မြင်တာ“Me Too” ဖြစ်နေလို့။ သူက အဲ့စျေးလား၊ ငါလဲ အဲ့စျေးပေးတယ်။ သူ့ ပုံစံအတိုင်း ငါလုပ်ပေးလို့ရတယ်။ဒါဆို “Me Too” ဖြစ်နေပြီ။ မားကတ်တင်းမှာ Differentiate or Die လို့ကျွန်တော်ကတော့ နာမည်ပေးထားတယ်။ မတူအောင်လုပ်မှာလား၊ ကျဆုံးမှာလား။ မတူအောင်လုပ်တာကို မားကတ်တင်းမှာ positioning လိုခေါ်တယ်။ လူတွေရဲ့ နှလုံးသားတစ်ထောင့်မှာဘယ်လို ပုံစံနေရာယူမလဲဆိုတဲ့ ကြိုးစားအားထုတ်မှုပဲ။ ဘယ်လိုပုံစံ positioning လုပ်ကြသလဲဆိုအလွယ်ကူဆုံး 7 P နဲ့လုပ်တယ်။ ၁။ ဒီဇိုင်းကာလာ ဘာညာအနေအထားနဲ့မတူညီအောင်လုပ်လို့ရတယ်။ ဒါကို Product လို့ခေါ်တယ်။ ဖောက်သံမလိုတဲ့ နို့ဆီဗူးဆို One Tea ကို ပြေးမြင်သလိုပေါ့။ ၂။ ပေါချောင်ကောင်းဖုန်းလို့ပြောလိုက်ရင်ကွာလတီကောင်းပြီး စျေးသက်သာတယ်ဆိုတဲ့Xiaomi ဖုန်းတွေကို ပြေးမြင်တတ်ကြတယ်။ ဒါကိုတော့ စျေးနှုန်း Price
ကိုယ့်ဖောက်သည်တွေကို တခြားသူတွေထက် အနားလည်ဆုံးဖြစ်အောင်ကြိုးစားအားထုတ်တာ။ ကိုယ့်ဖောက်သည်တွေကို သူတို့နားလည်တာထက် ပိုနားလည်နေတာ။ ဒါက အရေးအကြီးဆုံးပဲ။ ပြီးမှ ကျန်တာလာတယ်။ Guerrilla Marketing Coach Low cost, high impact စရိတ်နည်းပါးထိရောက်မှုဆပွါး #gmc#sapwar
လူတိုင်းကိုယ့်က သဘောကျရမယ်ဆိုတာမဖြစ်နိုင်ဘူးလေ။ ပုထုဇဥ်ဖြစ်တဲ့အတွက် အမှားကလဲလုပ်မိမှာပဲ။ လူမှုကွန်ယက်မှာလဲ အလားတူပဲ။မီးလောင်ကျွမ်းတာ အင်မတန်မြန်တယ်။ ပျံ့နှံ့မှု လောင်ကျွမ်းမှု မြန်ဆန်တဲ့အတွက်Social Media PR ကလဲ အရေးကြီးတယ်။ လူတွေကိုယ့်ကို အထင်လွဲရင်ဒီအထင်လွဲတဲ့ အထင်အမြင်ကိုဘယ်လို ပြန်ဖြည်မလဲ reframe လုပ်မလဲ။ ကိုယ်စဥ်းစားတဲ့ပုံစံကို လူတွေနားလည်အောင်ဘယ်လို ပြန်ပြောမလဲ တော်တော် အရေးကြီးတယ်။ ဘဝမှာလဲ အကြိမ်ကြိမ် လူမှုကွန်ယက် မီးတွေကြုံရခဲ့ဖူးတယ်။လူတွေရဲ့ narrative ကိုပြန်ပြောင်းဖို့ အတတ်ပညာလိုတယ်လို့ထင်တယ်။ဒါကတော့ Social Media PR ပဲ။ Guerrilla Marketing Coach Low cost, high impact စရိတ်နည်းပါးထိရောက်မှုဆပွါး #gmc#sapwar
ဒီလို အတွေးအခေါ်ရှိတဲ့သူတွေကိုMarketing Thought Leaders လို့ခေါ်တယ်။ ဟိုးအရင် ခေတ်ကဆို လူတွေကို စိတ်ညစ်အောင်လုပ်ပြီးမားကတ်တင်းလုပ်ကြတယ်။ TV ဇာတ်ကားကြည့်လို့ကောင်းနေချိန်ကြော်ငြာကြီးထိုးပြတာမျိုး။ ဆိုင်ထိုင်နေတဲ့အချိန် အာရုံစိုက်မှုမရရအောင် နှောက်ယှက်ပြီး မားကတ်တင်း လုပ်တာမျိုး။မသိတဲ့သူတွေရဲ့ ဖုန်းတွေခေါ်မားကတ်တင်းလုပ်တာမျိုး။ Cold call လုပ်တာမျိုးပေါ့။ ဒါတွေကို Interrupted Marketing လို့ခေါ်တယ်။ Email တွေခေတ်မစားခင်မှာ Seth Godin ကခွင့်တောင်းပြီး မားကတ်တင်းလုပ်ဖို့ Permission Marketing စာအုပ်ကိုရေးတယ်။ဝက်ဝက်ကွဲအောင်မြင်တယ်။MBA အတန်းတွေမှာ ခုထိသင်ရတယ်။ Email Marketing လုပ်တဲ့အခါဆို Marketing funnel မားကတ်တင်းကတော့တည်ဆောက်တဲ့အခါOpt in လို့သုံးတယ်။ ဒီ PDF လေး download free ယူမလား၊email ထားခဲ့။ အဲ့ဒီ စနစ်မျိုးကို သွားတယ်။ အဲ့လို မားကတ်တင်းပိုင်းမှာလဲ
အဘိုးခေတ်မှာ မားကတ်တင်းမလိုဘူး။ကုန်ပစ္စည်းရှိသူက ဆရာပဲ။ အဲ့ဒီခေတ်က ထုတ်သာထုတ်စမ်းပါကွာဆိုတဲ့ထုတ်လုပ်မှုအသားပေးခေတ်။ Production Concept လို့ခေါ်တယ်။ နောက် အဖေ၊ အမေ လက်ထက်ကျတော့လက်ဟောင်းပဲ ယူချင်တယ်။စထုတ်တုန်းအရည်အသွေးကောင်းပြီးရောင်းရပြီး နာမည်ကြီးရင် အရည်အသွေးညံံ့သွားတတ်လို့ဆိုတဲ့ကုန်ပစ္စည်းအရည်အသွေးအသားပေး Product Concept ဆိုတာ ရောက်လာတယ်။ အထက်က နှစ်ခုကို Marketing 1.0 လို့ခေါ်တယ်။ မားကတ်တင်း version 1 ဆိုပါတော့။ Product-centric marketing ကုန်ပစ္စည်းအသားပေး မားကတ်တင်းလို့ခေါ်တယ်။ကျွန်တော်ကတော့ “Me Marketing” လို့အတိုကောက်နာမည်ပေးတယ်။“ငါတော်တယ်၊ ငါမိုက်တယ်၊ ငါ့အသားပေး”မားကတ်တင်းပေါ့။ သာကောတို့ လက်ထက်ရောက်တော့ရွေးချယ်စရာတွေက စများလာပြီလေ။ ထုတ်လုပ်နိုင်လာပြီ။ စက်မှုတိုးတက်မှုက ရေနွေးငွေ့နဲ့တိုးတက်တဲ့ Industrial revolution 1.0 လျပ်စစ်မီးပေါ်လာတဲ့ Industrial revolution 2.0 အင်တာနက်နဲ့ အိုင်တီပေါ်တဲ့ Industrial revolution 3.0