Dr. Phyo Paing

https://yec.company

ဗုဒ္ဓဘာသာကိုးကွယ်ပြီးတချို့တွေ တစ်ကိုယ်ကောင်း
ဆန်သွားတတ်ကြတယ်။

ဗုဒ္ဓက သတ္တဝါတွေကို ကယ်တင်ဖို့ လေး အသင်္ချေ နှင့် ကမ္ဘာတစ်သိန်းပါရမီဖြည့်ခဲ့တယ်။ သတ္တဝါတွေအပေါ်မေတ္တာထားခဲ့တယ်။ ကျွန်တော်တို့က ကိုယ့်နောက်ဘဝကောင်းဖို့တခြားသူတွေကို ဒုက္ခပေးပြီး ရတဲ့ငွေနဲ့ ဒါနကောင်းရင် နောက်ဘဝကောင်းတယ်ဆိုပြီးတစ်ကိုယ်ကောင်းဆန်တဲ့ အတွေးအခေါ်တချို့ ဝင်ဝင်လာတတ်ကြတယ်။ ဗုဒ္ဓဘာသာကိုးကွယ်ပြီးမေတ္တာတရားခေါင်းပါးနေတတ်ကြတယ်။ ဗုဒ္ဓက ပစ္စုပ္ပန်ကို အာရုံစိုက်ဖို့သင်ကြားခဲ့ပေမယ့်အတိတ်ကံကို ရိုးမယ်ဖွဲ့နေတတ်တယ်။နောက်ဘဝဆိုတာကြီးကို လိုတာထက်ပိုအာရုံစိုက်နေတတ်ကြတယ်။ Phyo Paing @ Derek

ဗုဒ္ဓဘာသာကိုးကွယ်ပြီးတချို့တွေ တစ်ကိုယ်ကောင်း
ဆန်သွားတတ်ကြတယ်။
Read More »

ငယ်တုန်းမှာ ဖြစ်ချင်တာတွေ
ဖြစ်အောင် မြန်မြန်အကောင်အထည်ဖော်။

လောကီမှာလိုချင်တဲ့ စိတ်ဆန္ဒ၊ တပ်မက်မှု၊ တဏှာတွေကိုဖြည့်ဆည်းရင်းစိတ်ကျေနပ်မှုကိုရှာဖွေကြတယ်။ ကိုယ်ဖြစ်ချင်တာဖြစ်လာတော့ပျော်တယ်။ကိုယ်ဖြစ်ချင်စေချင်တာဖြစ်မလာတော့ ဝမ်းနည်းတယ်။ မဖြစ်စေချင်တာ ဖြစ်လာတော့ဒေါသထွက်တယ်။ ချစ်တယ်။ ကြိုက်တယ်။လိုချင်တယ်။ တောင်းတတယ်။လူတွေအထင်ကြီးစေချင်တယ်။လူတွေအထင်အမြင်သေးရင်စိတ်ညစ်မယ်။ ကိုယ်ကသာနေရင်ပျော်မယ်။နောက်ကောက်ကျနေရင်အားငယ်မယ်။ လောကုတ္တရာကျတော့ကိုယ့်ရဲ့ဖြစ်တည်မှု ပကတိအခြေအနေမှာပစ္စုပ္ပာန်တည့်တည့်ကိုရှုတဏှာနဲ့ တပ်မက်မှုတွေကကိုယ့်စိတ်ကိုလာရောက်နှိုးဆွတာကိုဥာဏ်နဲ့ရှုတယ်။ ဆင်ခြင်တယ်။ သုံးသပ်တယ်။ ငယ်တုန်းမှာ ဖြစ်ချင်တာတွေဖြစ်အောင် မြန်မြန်အကောင်အထည်ဖော်။နောက် စိတ်ထားတတ်အောင်လေ့ကျင့်။ Phyo Paing @ Derek

ငယ်တုန်းမှာ ဖြစ်ချင်တာတွေ
ဖြစ်အောင် မြန်မြန်အကောင်အထည်ဖော်။
Read More »

နောက်ဘဝထက်
နောက်မျိုးဆက်အရေးကြီးတယ် ဆိုတဲ့
စိတ်လေးထားတတ်ဖို့လိုတယ်လို့မြင်တယ်။

လူမျိုးတစ်မျိုးမှာ တူညီတဲ့အိမ်မက်တွေ၊ခံယူချက်တွေနဲ့ ကိုယ့်လူမျိုးကိုချစ်ဖို့ငါတို့အနာဂတ်ကလေးငယ်တွေအတွက်ဆိုတဲ့စိတ်လိုတယ်။ နောက်ဘဝထက်နောက်မျိုးဆက်အရေးကြီးတယ် ဆိုတဲ့ စိတ်လေးထားတတ်ဖို့လိုတယ်လို့မြင်တယ်။ မသေခင်တော့ ငါမြန်မာကဆိုပြီးဂုဏ်ယူပြီးပြောကြည့်ချင်သေးတယ်။ Phyo Paing @ Derek

နောက်ဘဝထက်
နောက်မျိုးဆက်အရေးကြီးတယ် ဆိုတဲ့
စိတ်လေးထားတတ်ဖို့လိုတယ်လို့မြင်တယ်။
Read More »

အလုပ်ဆိုတာ ကိုယ့်ဘယ်သူလဲဆိုတဲ့
အနာဂတ်ကိုယ့်ကို ဖော်ဆောင်ပေးတဲ့အရာပဲ။

ကိုယ်လုပ်နေတဲ့အလုပ်က ကိုယ့်ကို အသစ်ဖြစ်လာတဲ့new version, next version ဖန်တီးပေးနေတဲ့ လေ့ကျင့်ရေးစင်တာကြီးလို့မြင်တယ်။အလုပ်ဆိုတာ ပိုက်ဆံအသပြာရတာတစ်ခုတည်းထက်အများကြီး အများကြီးပိုတယ်။ ကိုယ့်ဘဝရဲ့ နုပျိုမှု၊ အကျိုးရှိတဲ့အချိန်တွေကို အသပြာတစ်ခုတည်းအတွက် မရောင်းလိုက်နဲ့။ မနက်ဖြန်ဖြစ်လာမည့်ကိုယ့်အတွက် ဖြစ်နေဖို့ အရေးကြီးတယ်။ Phyo Paing @ Derek

အလုပ်ဆိုတာ ကိုယ့်ဘယ်သူလဲဆိုတဲ့
အနာဂတ်ကိုယ့်ကို ဖော်ဆောင်ပေးတဲ့အရာပဲ။
Read More »

တချို့နာကျင်မှုတွေက
ကိုယ့်ဘဝလမ်းကြောင်းကို
အများကြီးအပေါင်းအလဲဖြစ်သွားစေတယ်။

ကိုယ့်ကိုအပြောင်းအလဲဖြစ်သွားစေတဲ့နာကျင်မှုတွေကို ကျေးဇူးတင်ပါ။ တချို့နာကျင်မှုတွေက ကိုယ့်ဘဝလမ်းကြောင်းကို အများကြီးအပေါင်းအလဲဖြစ်သွားစေတယ်။မြန်နှုန်းလဲမြင့်သွားစေနိုင်တယ်။ ဒီဘဝရဲ့နာကျင်မှုတွေ ကြုံလာတဲ့အခါတိုင်းခါးခါးသီးသီးရှောင်ရှားနေတာထက်ဒါကို လှေကားထစ်လို့မြင်ပြီးနောက်တစ်ဆင့်တက်သွားကြည့်ပါ။ ဘဝမှာ the pain that changes you တွေကြောင့်သန်မာတဲ့လူတွေ ဖြစ်လာတတ်ကြတယ်။ Phyo Paing @ Derek

တချို့နာကျင်မှုတွေက
ကိုယ့်ဘဝလမ်းကြောင်းကို
အများကြီးအပေါင်းအလဲဖြစ်သွားစေတယ်။
Read More »

တချို့လူတွေအတွက် စိန်ခေါ်မှုလိုတယ်။

တချို့လူတွေအတွက်လွယ်တဲ့အလုပ်တွေပဲလုပ်နေရင်ပျက်စီးတတ်တယ်။ တချို့လူတွေအတွက် စိန်ခေါ်မှုလိုတယ်။ဒီ စိန်ခေါ်မှုအသစ် challenge တွေမရှိရင်ဘဝက နေရထိုင်ရတာ အရသာမရှိဖြစ်တတ်တယ်။ဒီ စိတ်ခေါ်မှုတွေကို သတ်မှတ်ပြီးအနိုင်ယူနေတာက တိုးတက်မှုဖြစ်လာတယ်။ ဘဝမှာ လွယ်တာတွေပဲ ထိုင်လုပ်နေတာကဘဝအဓိပ္ပာယ်ထွက်ပေါ်လာမှာမဟုတ်ဘူး။ ကိုယ်ဖြစ်ချင်တဲ့ အိမ်မက်တွေဖြစ်လာဖို့လွယ်တာတွေပဲ နေ့စဥ်ထိုင်လုပ်မနေနဲ့။ခက်တာတွေကို လုပ်ဖို့ မရှက်နဲ့။မကြောက်နဲ့။ မပျင်းနဲ့။ Phyo Paing @ Derek

တချို့လူတွေအတွက် စိန်ခေါ်မှုလိုတယ်။ Read More »

နေ့စဥ် ကိုယ့်ကို ဘယ်လိုလူဖြစ်အောင်

ကိုယ့်ကို ကန့်သတ်ထားတာကိုယ့်ရဲ့ အတွေးအခေါ်ပဲဆိုတာမှန်တယ်။အရေးကြီးတာ ဘဝပြဿနာတွေကိုကိုယ်ဘယ်လောက်မြန်မြန်နဲ့အထာကျကျ၊ ဥာဏ်ရှိရှိ ဖြေရှင်းကျော်လွှားခဲ့လဲ။နေ့စဥ် ကိုယ့်ကို ဘယ်လိုလူဖြစ်အောင်ကြိုးစားအားထုတ်နေလဲဆိုတာပဲ။ကိုယ်လိုချင်တာရတယ်ဆိုတာထက်ထိုက်တန်တာကိုပဲ ရတတ်ကြတယ်။ Phyo Paing @ Derek

နေ့စဥ် ကိုယ့်ကို ဘယ်လိုလူဖြစ်အောင် Read More »

ကိုယ့်ကိုကိုယ် human programmer လို့
စဥ်းစားကြည့်

ကလေးပျက်ကျသွားတဲ့ လူတစ်ယောက်ကmiscarriage ဖြစ်တာကို ယူကြုံးမရဖြစ်တဲ့psycho ဝင်ပြီး ဆေးခန်းတွေပြဆေးတွေ သောက်နေရတတ်တယ်။ဒါက သူ့အတွေးကြောင့်ဖြစ်တတ်တယ်။ငါ့မမွေးသေးတဲ့သားလေး၊ သမီးလေးအမေ့ကြောင့်ဆို ယူကြုံးမရဖြစ်ရင်ဖြစ်မယ်။ဒါမှမဟုတ် ကိုယ့်ယောကျာ်းကိုအားနာစိတ်ကြောင့်ဝမ်းနည်းတာဖြစ်ရင်ဖြစ်မယ်။ တကယ်လို့ အဲ့ဒီကလေးလေးကသာကိုယ်လက်အင်္ဂါမစုံပဲ ဒုက္ခိတအနေနဲ့မမွေးခဲ့တာဥာဏ်ရည်မမီဖြစ်တဲ့ကလေးလေးအနေနဲ့မမွေးခဲ့တာ သူ့အတွက် ပိုကောင်းပါတယ်လေလို့reframe စဥ်းစားပုံပြောင်းလိုက်တာနဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ပြောင်းသွားနိုင်တယ်။​ ဒီလို အဓိပ္ပာယ်ဖွင့်ဆိုချက်ပြောင်းတာကိုLogotherapy ဆိုပြီး Dr. Viktor Frankr ကတည်ထွင်ခဲ့တယ်။ ကိုယ့်ကိုကိုယ် human programmer လို့စဥ်းစားကြည့်။ လူတွေသာ ကွန်ပြူတာတွေဖြစ်မယ်ဆိုသူတို့အတွေးတွေက code ကုတ်တွေအဖြစ်အဆက်မပြတ် run နေတယ်။ တချို့အချိန်တွေမှာ အမှားတွေဖြစ်error တက်တဲ့အခါ ရှေ့မဆက်နိုင်ပဲတိုင်ပတ် looping လည်နေတတ်တယ်။ အဲ့အချိန်မှာ အတွေးအခေါ်တစ်ခုကဒီ looping အတွေးတိုင်ပတ်နေတာကိုဖြေရှင်းပေးလိုက်နိုင်တဲ့အခါအလင်းပွင့်သွားတာမျိုးဖြစ်တတ်တယ်။ ဘဝမှာ တိုင်ပတ်မှုအပေါင်း သရဖူမဆောင်းဖို့ကိုယ့်ရဲ့အတွေး code တွေကိုကိုယ်တိုင် fix လုပ်နိုင်ဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် human programmer လို့
စဥ်းစားကြည့်
Read More »

Love & Relationship မှာ
ချိတ်ဆက်မှုသုံးခုလိုတယ်

၁။ Physical connectionရုပ်ပိုင်းဆိုင်ရာ ချိတ်ဆက်နိုင်စွမ်းလှတယ်၊ မိုက်တယ်၊ သန်မာတယ်၊ရုပ်ပိုင်းဆိုင်ရာလက်ခံနိုင်တယ်။ပူးကပ်ကပ်နေတယ်။ဒါက physical connection ၂။ Emotional connectionကိုယ့်လိုအပ်ချက်ကိုသိတာ၊ခံစားချက်ကို နားလည်တာ၊တစ်ယောက်နဲ့တစ်ယောက်ခံစားချက်တွေနားလည်ပြီးဖေးမပေးတတ်တာ။ ၃။ Spiritual connectionငါတို့နှစ်ယောက်ပေါင်းကတစ်ယောက်တည်းထက်ပိုတယ်။ဒါက universe ကပေးလိုက်တာတို့။ကိုယ်မမြင်ဖူးတဲ့ ကမ္ဘာကိုပြပေးလိုက်တာ၊အတွေ့အကြုံကို ပြပေးလိုက်တာ။ဒါက spiritual connection. ဒါတွေကိုပိတ်ဆို့နေတာကcultural confusionယဥ်ကျေးမှုနဲ့ ကိုယ်နေထိုင်တဲ့နေရာကသတ်မှတ်ချက်တွေကြောင့်ရှုပ်ထွေးမှုတွေဖြစ်လာတယ်။မင်းကတော့ လှည်းကြိုးထမ်းရတော့မယ်တို့၊သူ့အိမ်က background ကချမ်းသာတယ်တို့၊ဒီ survival level နဲ့ social levelရှင်သန်မှုနဲ့ ပွဲတက်တဲ့အခါလူအထင်ကြီးမှုမှာလူအများစုက ပိတ်မိနေကြတယ်။ဒီကတဆင့် spiritual level မရောက်တော့ဘူး။ လူနှစ်ယောက်ပေါင်းစည်းတဲ့အခါနှစ်ယောက်ပေါင်းပြီး ကမ္ဘာကြီးကိုမြင်တဲ့world view က ပိုကောင်းသွားတာဖြစ်နိုင်တယ်။ပိုဆိုးသွားတာလဲဖြစ်နိုင်တယ်။ ပိုကောင်းသွားဖို့ ဒီ cultural confusion ဖြစ်စေတဲ့လူတွေကို ဦးနှောက်ဆေးတဲ့အဆိပ်အသောက်ဖြစ်စေတဲ့အပေါ်ယံဆန်တဲ့ social media ကတွေ့သမျှကို ယုံကြည်ခံစားနေလို့မရဘူး။ ဒါကတော့ သာကောရဲ့အချစ်အတွက် ထုတ်ထားတဲ့

Love & Relationship မှာ
ချိတ်ဆက်မှုသုံးခုလိုတယ်
Read More »

Relationship တစ်ခုက
ကိုယ်ဘယ်သူဖြစ်လာမလဲဆိုတဲ့ဖြစ်စဥ်မှာ
အကြီးကြီးအရေးပါတယ်

Relationship တစ်ခုကကိုယ်ဘယ်သူဖြစ်လာမလဲဆိုတဲ့ဖြစ်စဥ်မှာအကြီးကြီးအရေးပါတယ်။ ဘာကြောင့်လဲဆိုတော့ကိုယ်ဘယ်သူလဲဆိုတဲ့ identity နဲ့ relationship ကအနည်းနဲ့အများသက်ဆိုင်နေတယ်။ ကိုယ်ဘယ်လိုလူကိုရွေးချယ်သလဲ၊ပြဿနာတွေကို ဘယ်လိုဖြေရှင်းကြလဲ၊အနာဂတ်အမြင်ကဘယ်လိုလဲ၊ဘဝအပေါ်မြင်တဲ့အမြင်နဲ့အတွေးအခေါ်က ဘယ်လိုလဲဒီအပေါ်မူတည်ကြတယ်။ Jim Rohn ပြောတာမင်းဟာမင်းနဲ့ပေါင်းတဲ့လူငါးယောက်ရဲ့သာမာန် average ပဲတဲ့။ အဲ့ငါးယောက်ထဲမှာ အရေးကြီးတဲ့relationship ပါတယ်။ Phyo Paing @ Derek

Relationship တစ်ခုက
ကိုယ်ဘယ်သူဖြစ်လာမလဲဆိုတဲ့ဖြစ်စဥ်မှာ
အကြီးကြီးအရေးပါတယ်
Read More »