Dr. Phyo Paing

https://yec.company

ဘယ်လိုပုံစံနဲ့ လုပ်ငန်းလုပ်မှာလဲ။

ဘယ်လိုပုံစံနဲ့ လုပ်ငန်းလုပ်မှာလဲ။ ကိုယ်ဘယ်လိုပုံစံ စီးပွားရေးလုပ်မလဲဆိုတာသတ်မှတ်ဖို့လဲလိုတယ်။ ဝယ်ရောင်းလုပ်ချင်တာလား။ဖန်တီးပြီးရောင်းချင်တာလား။ ကြားထဲကပွဲစားပုံစံလုပ်ချင်တာလား။ စနစ်တစ်ခုတည်ဆောက်ပြီး စနစ်ပေါ်ကငွေရှာချင်တာလား။ကုန်ပစ္စည်းရောင်းချင်တာလား။ဝန်ဆောင်မှုလုပ်ငန်းလုပ်ချင်တာလား။ ပွဲတွေဖန်တီးပြီး ငွေရှာချင်တာလား။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

ဘယ်လိုပုံစံနဲ့ လုပ်ငန်းလုပ်မှာလဲ။ Read More »

ဒီလေးခုလိုတယ်။

လုပ်ငန်းတစ်ခုကိုချဲ့ထွင်နိုင်ဖို့People, Strategy, Technology, Money ဒီလေးခုလိုတယ်။ ဒီလေးခုကို မှန်အောင်လုပ်နိုင်ရင်စျေးကွက်ရှိတဲ့နေရာမှာ မအောင်မြင်တဲ့ရာခိုင်နှုန်း အရမ်းနည်းသွားပြီ။ လူတိုင်းက မတူညီတဲ့ ဂိမ်းတွေမှာကစားနေကြတယ်။ မတူညီတဲ့ဂိမ်းတွေမှာကစားဖို့မတူညီတဲ့အတွေးအခေါ်တွေလိုတယ်။မတူညီတဲ့လူတွေနဲ့တွေ့ဖို့လိုတယ်။မတူညီတဲ့ ယုံကြည်မှုအသစ်တွေလိုတယ်။မတူညီတဲ့ ကိုယ်ဘယ်သူဆိုတဲ့ identity အသစ်လိုကောင်းလိုမယ်။ လက်ရှိကိုယ်ဆော့နေတဲ့ဂိမ်းကလွန်ခဲ့တဲ့နှစ်ကနဲ့ အတူတူပဲလား။ ဘယ်လောက်တိုးတက်လာသလဲ။တိုးတက်မှုကို အားရရဲ့လား။ ဒုံရင်းဒုံရင်းနဲ့ သေမထူးနေမထူး ရှေ့ဆက်နေတာလား။ ကျေနပ်လား။ စိတ်တိုင်းကျလား။မကျရင် ဘာတွေလုပ်ဖို့လိုမလဲ။ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ဖို့လိုကောင်းလိုနိုင်တယ်။ လွန်ခဲ့တဲ့သုံးလေးငါးနှစ်လိုရှိရင်းစွဲကမတက်လာတာ တီထွင်ဆန်းသစ်မှုမရှိလို့၊အလုပ်မဖြစ်တာတွေကို လွတ်မချရဲလို့၊အသစ်အဆန်းတွေ မစမ်းသပ်ရဲလို့၊အကောင်အထည်ဖော်တဲ့နေရာမှာကြောက်စိတ်အတားအဆီးတွေကြောင့်ဖြစ်ကောင်းဖြစ်နိုင်တယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

ဒီလေးခုလိုတယ်။ Read More »

ဆရာဝန်တစ်ယောက်လိုစဉ်းစားကြည့်ပါ

ပြဿနာတစ်ခုကြုံတဲ့အခါဆရာဝန်တစ်ယောက်ဟာထိုင်ငြီးနေလို့မရဘူး။ပြဿနာ အဖြေရှာရတယ်။တာဝန်ယူရတယ်။ဒါကြောင့် ကိုယ့်ဘဝကိုတာဝန်ယူပါ။ခိုလိုပဲထိုင်ငြီးမနေပါနဲ့. ကိုယ်ဖြေရှင်းနိုင်တဲ့ပြဿနာမဖြေရှင်းနိုင်တဲ့ ပြဿနာခွဲသိပါ။ယုံကြည်မှုလွန်ကဲပြီးကိုယ့်ကျွမ်းကျင်မှုနဲ့ ဖြေရှင်းလို့မနိုင်တဲ့ပြဿနာကို လိုအပ်ရင်ကိုယ့်ထက်ကျွမ်းကျင်သူကိုလွဲပေးပါ။ကိုယ်အားသာတဲ့အချက်အားမသာတဲ့အချက်ကို ခွဲသိပါ။Know your niche. စာနာစိတ်ထားပါ။ဆရာဝန်တစ်ယောက်ရဲ့တာဝန်ကလူနာကို တိုင်ပင်ဆွေးနွေးသူ့ပြဿနာကိုဖြေရှင်းဖို့ဖြစ်တယ်။လူနာကိုစိတ်မဝင်စားရင်ပြဿနာအရင်းအမြစ်ကိုသေချာသိဖို့ခက်တယ်။ဒါကြောင့် စာနာစိတ်နဲ့စိတ်ဝင်စားပါ။ ကိုယ့်အထင်အမြင်တွေကိုအထောက်အပံ့ပြုတဲ့ အချက်အလက်ရှာပါ။ကိုယ်ထင်တာကိုဆန်းစစ်ဖို့လိုအပ်ရင် ရောဂါရှာဖွေခြင်း diagnosis လုပ်ရပါတယ်။လိုအပ်တဲ့ စစ်ဆေးတိုင်းတာမှုတွေပြုလုပ်ရပါတယ်။ကိုယ့်ယုံကြည်တာယုံကြည်တာဆိုတာနားလည်ပါ။ဒီ ယုံကြည်မှုတွေမှန်မမှန် confirmation bias မဖြစ်အောင်data-driven decision အချက်အလက်အခြေပြုဆုံးဖြတ်ချက်ချတတ်အောင်လေ့ကျင့်ပါ။ အဖွဲ့နဲ့အလုပ်ပူးတွဲလုပ်တတ်အောင်လေ့လာသင်ယူဖို့လိုတယ်။တစ်ယောက်တည်းနဲ့ ဥုံဖွလုပ်လို့မရဘူး။ကျွမ်းကျင်သူတွေစုပြီး အလုပ်လုပ်ရတဲ့အတွက်မတူညီတဲ့လူတွေရဲ့မတူညီတဲ့လိုအပ်ချက်တွေကိုသိပါ။ နောက်ဆက်တွဲကိုကြိုတင်စဥ်းစားပါ။ရောဂါတစ်ခုကို ကုသ treatment ပေးပြီးတိုင်းမှာသက်သာတိုးတက်မှု prognosis ဆိုတာရှိသလိုနောက်ဆက်တွဲ complications ဆိုတာလဲရှိတယ်။လုပ်ရပ်တိုင်းရဲ့နောက်မှာ နောက်ဆက်တွဲတွေရှိတာဖြစ်တဲ့အတွက်ဒီနောက်ဆက်တွဲ consequences တွေကိုကြိုတင်စဥ်းစားပါ။ စကားပြောတတ်ပါစေ။ဒီခွဲစိတ်မှုပြုလုပ်ရင် သေဖို့ 10% ရှိတယ်ဆိုတာနဲ့ဒီခွဲစိတ်မှုကြောင့် ပြန်ကောင်းနိုင်ခြေ 90% ရှိတယ်အဓိပ္ပာယ်တူပေမယ့်အသုံးပြုတဲ့ စကားအထားအသို syntax နဲ့ semantics ကွာရင်အဓိပ္ပာယ်အထင်အမြင်ကွာသွားတတ်တာအားလုံးအသိဖြစ်တဲ့အတွက်ဆက်သွယ်ပြောဆိုတတ်ဖို့လိုတယ်။ ဘဝပြဿနာတွေကို ဆရာကျကျအဖြေရှာနိုင်ဖို့ ဆရာဝန်တစ်ယောက်လို့စဥ်းစားချင်တဲ့ အားတီ၊

ဆရာဝန်တစ်ယောက်လိုစဉ်းစားကြည့်ပါ Read More »

Root cause analysis (RCA)

ဆေးတက္ကသိုလ်က ကျောင်းတော်ကြီးကသင်ပေးလိုက်တဲ့စဥ်းစားမှုပုံစံ mental model ကတော့ပြဿနာအဖြေရှာနည်းပဲဖြစ်တယ်။ ပြဿနာတစ်ခုနဲ့ကြုံလာတဲ့အခါအမှတ်လက္ခဏာ signs & symptoms ကိုခွဲခြားသိပြီးပြဿနာရဲ့အရင်းအမြစ်ကိုခွဲခြမ်းစိတ်ဖြာပြီး ရှာဖွေတာဖြစ်တယ်။ဒါကို Root cause analysis (RCA) လို့ခေါ်တယ်။ ဒီလိုလုပ်နိုင်ဖို့ လူတစ်ယောက်အကြောင်းနားလည်ဖို့Zoology သတ်တဗေဒ၊Botany ရုက်ခဗေဒ၊Physics ရူပဗေဒ၊Chemistry ဓာတုဗေဒ ကို အခြေခံပြီးAnatomy ခန်ဓာဗဒေ၊Biochemistry ဇီဝဓာတုဗေဒ၊Microbiology အဏုဇီဝဗေဒ၊Pharmacology ဆေးဝါးဗေဒ၊Pathology ရောဂါဗေဒ၊Forensics မှုခင်းနဲ့ ဥပဒေရေးရာဆေးပညာ၊Medicine ဆေးဝါး၊Surgery ခွဲစိတ်၊Obstetrics and Gynaecology (O&G) သားဖွားမီးယပ်၊Pediatrics ကလေးအထူးကု ဆေးပညာစုံစုံလင်လင်သင်ပြီး ပြဿနာအဖြေရှာနိုင်အောင်လေ့ကျင့်ပျိုးထောင်ပေးတယ်။ ဒီကတစ်ဆင့် Evidence-based medicine လို့ခေါ်တဲ့ရောဂါကို စစ်ဆေးဖို့ diagnosis လုပ်ပြီးရင်ကုသဖို့ treatment options လမ်းကြောင်းတွေကိုအထင်အမြင်တစ်ခုတည်းမဟုတ်ပဲသုသေတနတွေ့ရှိချက်တွေ (Research)ကိုယ့်ကျွမ်းကျင်မှုအတွေ့အကြုံ (Expertise)လူနာရဲ့တန်ဖိုးထားစဥ်းစားမှု (Patient’s Values)ပေါ်မူတည်ပြီး ကုသမှုပြုလုပ်ကြတယ်။

Root cause analysis (RCA) Read More »

လူတွေဘဝ ပိုပျော်၊ ပိုတော်၊
ပိုသိ၊ ပိုလွယ်ကူ၊ ပိုချိတ်ဆက်နိုင်ဖို့လိုတယ်

ကိုယ်ဖန်တီးလိုက်တဲ့အရာတွေကြောင့်လူတွေဘဝ ပိုပျော်၊ ပိုတော်၊ပိုသိ၊ ပိုလွယ်ကူ၊ ပိုချိတ်ဆက်နိုင်ဖို့လိုတယ်လို့ခံယူထားတယ်။ Creators create ဆိုသလို၊ကိုယ့်ကိုကိုယ် ဖန်တီးသူတစ်ယောက်လို့သတ်မှတ်တဲ့အတွက် နေ့တိုင်းဖန်တီးမှုအသစ်တစ်ခု အနည်းဆုံးလုပ်တယ်။ ဖန်တီးမှုလုပ်တိုင်းမှာလူတွေ ကိုယ့်ကြောင့် အဆိပ်အတောက်မဖြစ်စေရဘူးလို့ အမြဲစဥ်းစားတယ်။ ကိုယ်ဖန်တီးလိုက်တဲ့ ကုန်ပစ္စည်းဝန်ဆောင်မှုတွေကြောင့်လူတွေ “မဒူ”၊ “မဘူ” စေရဘူးဆိုတဲ့အဆောင်ပုဒ်ထားထားတယ်။ ဥပမာ ကိုယ်က မူးယစ်စေတဲ့အရာရောင်းတယ်။လူတွေပိုဒူသွားမယ်။ဥာဏ်တွေထုံထိုင်းဒူသွားမယ်ဆို မလုပ်ဘူး။လူတွေရဲ့ သိမ်ငယ်တဲ့အငုံ့စိတ်inferiority complex ကိုအသုံးချပြီးnegative အဆိပ်အတောက်ဖြစ်စေတဲ့အကြောင်းအရာတွေပဲတင်ရင်လူတွေ ပိုဘူသွားမယ်။ဒီနှစ်ခုမဖြစ်အောင် ရှောင်ရမယ်လို့ကျွန်တော်တို့ Team YEC ခံယူထားတယ်။ ကျွန်တော်တို့ ဖန်တီးတဲ့ ကုန်ပစ္စည်း၊ဝန်ဆောင်မှုတိုင်း “မဒူ”၊ “မဘူ”စေဖို့ခံယူချက်ထားတယ်။ နောက်ကိုယ့်ဖန်တီးမှုတိုင်းက လူတွေကို“ပိုပျော်၊​ ပိုတော်၊ ပိုသိ၊ ပိုလွယ်ကူ၊ပိုချိပ်ဆက်” ဘယ်အရာကိုလုပ်ပေးလဲအမြဲပြန်သုံးသပ်ကြည့်မိတယ်။ Phyo Paing @ Derek

လူတွေဘဝ ပိုပျော်၊ ပိုတော်၊
ပိုသိ၊ ပိုလွယ်ကူ၊ ပိုချိတ်ဆက်နိုင်ဖို့လိုတယ်
Read More »

ဘဝမှာ ဘာကြောင့်နေလဲ
အဓိပ္ပာယ်သေချာမသိရင်
သေဖို့အသက်ရှင်နေရသလိုပဲ
ဖြစ်နေနိုင်တယ်

ဘဝမှာ ပိုက်ဆံအရေးကြီးတယ်။ဒါမရှိရင် ကျန်တာတော်တော်များများဆက်လုပ်လို့မလွယ်ဘူး။သွားချင်တဲ့နေရာမသွားနိုင်ဘူး။ချစ်ခြင်းမေတ္တာကိုဖော်ပြလို့မရနိုင်ဘူး။ကိုယ်အထောက်အပံ့ပြုချင်သူတွေကိုအထောက်အပံ့ပြုဖို့ မလွယ်ပြန်ဘူး။ဒီတော့ ဘဝမှာ လူဖြစ်တဲ့အခိုက်အတန့်ပိုက်ဆံ money ရှိဖို့လိုတယ်။ ဒီ ပိုက်ဆံရှိဖို့ ကိုယ့်အချိန်နဲ့လဲလို့ရတယ်။ဒါက အကောင်းဆုံးနည်းတော့မဟုတ်ဘူး။ကုမ္ပဏီမှာ အချိန်နဲ့ လုပ်အားရောင်းပြီးပိုက်ဆံရှာတာ။တကယ်လို့ ကိုယ်တကယ်ဝါသနာပါတဲ့အလုပ်၊အနာဂတ်အတွက် အခွင့်အလမ်းတွေရှိတယ်ဆိုရင်တောင်နောက်ဝင်ငွေတစ်ခုအမြဲကြိုစဥ်းစားထားဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့ ကိုယ်ကသာကုမ္ပဏီကိုချစ်တာကုမ္ပဏီက ကိုယ့်ကို ဘယ်အချိန်အချစ်ရပ်မယ်မသိနိုင်ဘူး။ ပိုက်ဆံကိုရှာလို့ရတယ်။ပိုက်ဆံကိုယ့်ဆီလာအောင်လုပ်လို့ရတယ်။ကိုယ်က ဘယ်မဟာဗျူဟာနဲ့ ငွေရှာမလဲဘယ်လိုရှာရင် ပိုပျော်သလဲသိဖို့လိုမယ်။ နောက်တစ်ခုကတော့ ဘဝအဓိပ္ပာယ်။ဒီ ဘဝအဓိပ္ပာယ် meaning ဆိုတာmoney မရှိရင် ရှာဖို့အတော်ခက်တယ်။ သေချာတာတစ်ခုက ကိုယ်မွေးတဲ့နေရာအတွက်တစ်ခုခုကောင်းတာတော့ပြန်လုပ်ပေးရမယ်။ဒါမှလဲ ကိုယ်လူဖြစ်လာတာကိုယ့်နေတဲ့နေရာအတွက် တန်ဖိုးရှိမှာ။ လောကမှာ ကိုယ်တိုက်ရိုက်ထိန်းချုပ်လို့ရတာများများစားစားမရှိဘူး။လုပ်ပေးနိုင်တာကတော့ကိုယ်ကျွမ်းကျင်လိမ္မာရာနဲ့လူတွေကို ကူညီပေးတာပဲ။ Phyo Paing @ Derek

ဘဝမှာ ဘာကြောင့်နေလဲ
အဓိပ္ပာယ်သေချာမသိရင်
သေဖို့အသက်ရှင်နေရသလိုပဲ
ဖြစ်နေနိုင်တယ်
Read More »

မားကတ်တင်းမလေ့လာပါနဲ့။

ကိုယ်ကလုပ်နေတဲ့အလုပ်၊ရနေတဲ့ရောင်းအား၊လက်ရှိပုံစံ status quo ကိုသဘောကျတယ်၊ ရောင့်ရဲတယ်ဆို မားကတ်တင်းကို မလေ့လာပါနဲ့။ ဘာကြောင့်လဲဆိုတော့ မားကတ်တင်းဆိုတာ အပြောင်းအလဲတွေကိုမြန်နှုန်းမြင့်စေတဲ့ အတတ်ပညာတစ်ခုဖြစ်တဲ့အတွက်ကြောင့်ပဲ။ မားကတ်တင်းအတတ်ပညာကိုဘယ်သူတွေအသုံးပြုကြသလဲသေချာစဥ်းစားကြည့်ရင်စီးပွားရေးလုပ်ငန်းတွေပဲအသုံးပြုတာ မဟုတ်ဘူးဆိုတာ တဖြည်းဖြည်းနားလည်လာလိမ့်မယ်။ နိုင်ငံရေးသမားတွေ မဲဆွယ်တဲ့နေရာအသုံးပြုတယ်။အုပ်ချုပ်သူတွေက လူတွေရဲ့အပြုအကျင့်ကိုပုံသွင်းချင်တဲ့အချိန်အသုံးပြုတယ်။လုပ်ငန်းတစ်ခုကို အထင်အမြင်ကောင်းစေချင်တဲ့အချိန်အသုံးပြုတယ်။ ကိုယ့်ကို လူသိစေချင်ရင်၊သတ်မှတ်ထားတဲ့သူတွေ သဘောကျစေချင်ရင်၊ယုံစေချင်ရင်အသုံးပြုတယ်။ကိုယ့်ကုန်ပစ္စည်းဝယ်စေချင်ရင်အသုံးပြုတယ်။ အလုပ်မှာ ရာထူးမြန်မြန်တိုးဖို့ကိုယ့်အပေါ်အထင်အမြင်ကောင်းအောင်လုပ်ဆောင်တာကလဲ မားကတ်တင်း။လုပ်ငန်းတွေ ရောင်းအောင်းအောင်လူတွေစိတ်ဝင်စားအောင်လုပ်တာလဲမားကတ်တင်း။ လူတွေအထင်လွဲနေတာကို အမြင်ပြန်ကောင်းအောင်လုပ်တာလဲမားကတ်တင်း။ ကိုယ့်ရဲ့ရပ်တည်ချက်ကိုလူတွေသိအောင်စိတ်ဝင်စားအောင်လုပ်တာလဲမားကတ်တင်း။ အပြောင်းအလဲကို ပုံဖော်လိုသူတိုင်းအတွက်မားကတ်တင်းအတတ်ပညာလိုတယ်။ ဒါကြောင့် Marketing for Change ဆိုပြီးဟောပြောပွဲတွေမှာ ပါဝင်ခဲ့ဖူးတယ်။ လူတွေကို ရေသုံးအိပ်သာတွေသုံးစေချင်တော့အမြင်ပြောင်းအောင် အသိပညာပေးလုပ်ရတယ်။လမ်းဘေးအမှိုက်မပြစ်အောင်အသိပေးတွေလုပ်ရတယ်။အလားတူပဲ ကိုယ့်ကုန်ပစ္စည်း၊ ဝန်ဆောင်မှု၊အမှတ်တံဆိပ်၊ ကုမ္ပဏီက ဘာတွေလဲ၊ ဘာလုပ်လဲ လူတွေကိုအသိပေးလုပ်ရတယ်။နောက်အမြင်ပြောင်းရတယ်။ဒီကမှတစ်ဆင့် ဖြစ်စေချင်တဲ့ကောင်းမွန်တဲ့လုပ်ရပ်ဖြစ်အောင် ပုံဖော်ရတယ်။ ဒါက မားကတ်တင်းအတတ်ပညာရဲ့ရည်ရွယ်ချက်ပဲ။ဒါကြောင့် မားကတ်တင်းဆိုတာ အမြင်ပြောင်းပညာလို့ပြောရင်မမှားဘူး။ Guerrilla Marketing စရိတ်နည်းပါးထိရောက်မှုဆပွါး #gmc#sapwar

မားကတ်တင်းမလေ့လာပါနဲ့။ Read More »

လုပ်ငန်းရဲ့ DNA ကိုရှာဖွေပါ။

လုပ်ငန်းရဲ့ DNA ကိုရှာဖွေပါ။ လုပ်ငန်းတစ်ခုမှာ ဓူဝံကြယ် north star ရှိဖို့လိုတယ်။ဒါမှ ကိုယ်ဘယ်လမ်းကြောင်းသွားနေတယ်ဆိုတာကိုယ့်ဝန်ထမ်းတွေသိမှာဖြစ်တယ်။ ကိုယ့်လုပ်ငန်းက နောက်လေးငါး၊ ဆယ်နှစ်မှာဘယ်ကိုရောက်နေမလဲဆိုတဲ့ အနာဂတ်အမြင် vision ကိုသတ်မှတ်ဖို့လိုတယ်။ကိုယ့်လုပ်ငန်းရဲ့ရပ်တည်ချက်ခံယူချက် mission ကိုသတ်မှတ်ဖို့လိုတယ်။ကိုယ့်လုပ်ငန်းအတွက် အရေးအကြီးဆုံးအရာတွေကဘာလဲတန်ဖိုးထားမှု core values တွေကို သတ်မှတ်ဖို့လိုတယ်။ကိုယ့်လုပ်ငန်းမှာရှိတဲ့ လူတွေဘယ်လိုပုံစံမျိုးပြုမူနေထိုင်ပြောဆိုနေမလဲဆိုတဲ့ credo လိုတယ်။ နောက်ကိုယ့်လုပ်ငန်းရဲ့အနာဂတ်အမြင်ရောက်ဖို့ဘယ်လိုမဟာဗျူဟာမျိုးနဲ့သွားမလဲဆိုတဲ့ မဟာဗျူဟာကိုပုံပြင်တစ်ပုဒ်လိုပြောပြတဲ့strategic narrative လိုတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

လုပ်ငန်းရဲ့ DNA ကိုရှာဖွေပါ။ Read More »

ဝင်ငွေလမ်းကြောင်း ၃ ခု ထက်ပိုလိုတယ်။

ဒီနေ့ခေတ်က ကိုယ့်အလုပ်တစ်ခုဝင်ငွေနဲ့ပဲ ရပ်တည်တာဟာ အန္တရာယ်တော်တော်များလှတယ်။ လူတွေရဲ့သဘောတရားအရကငွေဝင်လေ ပိုသုံးလေဖြစ်တတ်တယ်။ငွေပိုသုံးလေ ကိုယ့်ရဲ့လူနေမှုအဆင့်အတန်းlifestyle အတွက် ငွေပိုရှာရလေဖြစ်တတ်တယ်။ ဒါကြောင့် ကိုယ့်ရဲ့ဝင်ငွေကိုအလုပ်တစ်ခုထက်ပိုထားသင့်တယ်လို့မြင်တယ်။ဒါကို Multiple income streams (MIS) လို့ခေါ်တယ်။ ကိုယ်တိုင်အလုပ်လုပ်လို့ ဝင်တဲ့ဝင်ငွေActive income ကိုယ်တိုင်အလုပ်မလုပ်ပဲ အိပ်နေလဲငွေရှာပေးနေတဲ့ဝင်ငွေPassive incomeကိုယ့်လုပ်ငန်းကို အလုံးလိုက်အကောင်လိုက်ပြန်ရောင်းတဲ့အခါ ပြန်ရတဲ့ဝင်ငွေValue of the company ဒီသုံးခုပေါ်မူတည်ပြီး ဝင်ငွေတည်ဆောက်ထားဖို့လိုတယ်။ ဥာဏလုပ်သားတစ်ယောက်နဲ့ ဥပမာပေးကြည့်မယ်။ လုပ်ငန်းတစ်ခုက Digital Marketerတစ်ယောက်ဆိုပါတော့။ သူ့လုပ်ငန်းမှာ ဝန်ထမ်းလုပ်တဲ့အတွက်လစာ salary ရမယ်။ သူ့အလုပ် ကျွမ်းကျင်မှုနဲ့SME လုပ်ငန်းတွေကို ဒီဂျစ်တယ်မားကတ်တင်းအလွတ်တန်းသမား freelancer အဖြစ်ရုံးချိန်ပြင်ပမှာ side gig အဖြစ်လုပ်မယ်။ ဒါဆိုရင် သူ့ရဲ့ active income တိုးတက်လာမယ်။ Page တစ်ခုလုပ်မယ်။ကုမ္ပဏီတစ်ခုမှာ digital

ဝင်ငွေလမ်းကြောင်း ၃ ခု ထက်ပိုလိုတယ်။ Read More »

မပျော်တာဘယ်လောက်ကြာပြီလဲ။

တခါတလေ ငါကတော့ ဒီအလုပ်လေးပြီးပြီပျော်မယ်ဆိုပြီးစဥ်းစားတဲ့အခါ ကိုယ့်ဘေးနားကလူတွေက ထဖောက်တာမျိုးကျွန်တော်တို့ တခါမဟုတ်တခါ ကြုံဖူးတတ်ကြတယ်။ လူတွေက အနာဂတ်ကိုစဥ်းစားတဲ့အခါအဖြစ်အပျက်တွေကို စဥ်းစားတာမှန်နိုင်ပေမယ့်အနာဂတ်မှာ ဘယ်လိုခံစားနေရမယ်ကိုစဥ်းစားတဲ့အခါ တက်တက်စင်လွဲတတ်တယ်တဲ့။ ဒါကတော့ Harvard Professor ဖြစ်တဲ့Stumbling on Happiness စာအုပ်ရေးတဲ့စာရေးဆရာ Daniel Gilbert ရေးထားတာလေး။ မပျော်တာဘယ်လောက်ကြာပြီလဲ။ ဒီမေးခွန်းပြန်မေးကြည့်တဲ့အခါတချို့တွေက အမြဲပျော်နေတာတွေ့လိမ့်မယ်။တချို့ကျတော့လဲ တချို့အချိန်တွေပျော်တယ်။တချို့ကျတော့ အချိန်တော်တော်များများဘူနေတတ်ကြတယ်။ ပျော်ရွင်မှုဆိုတာ စိတ်ကျန်းမာကိုယ်ချမ်းသာပြီး စိတ်နဲ့ကိုယ်တစ်သားတည်းကျနေတာလို့အဓိပ္ပာယ်ဖွင့်လို့ရတယ်။ ပျော်ရွင်ခြင်းက ရောင့်ရဲခြင်းကလဲလာတယ်။တချို့သိပ္ပံပညာရှင်တွေကပျော်ရွင်ခြင်းဆိုတာ ဂျင်း gene ကြောင့်တချို့သူတွေကအမြဲ ကိုယ့်မှာရှိတာနဲ့အမြဲရောင့်ရဲ့ပျော်တတ်ကြတယ်။ပျော်ရွင်ခြင်းက ဘဝပေးအခြေအနေမှာကိုယ့်ဘဝ ကိုယ်ကျေနပ်တာကလဲလာတယ်။နောက် အပေါင်းအသင်းကြောင့်လဲလာသလို၊မိသားစု၊ အချစ် relationship ကလဲလာတယ်။ ပျော်ရွင်ခြင်းက အပြင်ပိုင်းရုပ်ဝတ္ထုတွေနဲ့ဆက်စပ်နေတာများတယ်။ Joy ပီတိဖြစ်ခြင်းကပျော်ရွင်ခြင်းတစ်မျိုးပဲ။ဒါပေမယ့်သူက အပေါ်ယံပကာသနတွေ၊အခြေအနေနဲ့သိပ်မဆိုင်ဘူး။ Joy ဆိုတာ ဘဝနဲ့ ကိုယ့်ရဲ့ဖြစ်တည်မှုမှာပြီးပြည့်စုံတဲ့ဆိုတဲ့စိတ်၊ကျေးဇူးတင်စိတ်နဲ့နေတာ၊ စိတ်ငြိမ်းချမ်းမှုဖြစ်တယ်။အပေါ်ယံပကာသနတွေပေါ်မှာ မမူတည်တဲ့အတွက်ကြာရှည်ခံတယ်။ Happiness ပျော်ရွင်မှုဆိုတာ

မပျော်တာဘယ်လောက်ကြာပြီလဲ။ Read More »