Dr. Phyo Paing

https://yec.company

ကိုယ့်ရဲ့ “မတူညီကွဲပြားတဲ့ အားသာချက်” နဲ့
အသက်မွေးဝမ်းကြောင်း
ပြုတဲ့သူတွေက ဘဝမှာ
ပိုပြီးဝမ်းမြောက်ပျော်ရွင်တတ်ကြတယ်။

Seligman’s research ဆဲလမန်း သုတေသနအရ လူတွေမှာ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်သုံးချက်ရှိတယ်။၁။ အပြုသဘောဆောင်တဲ့စိတ်ခံစားမှုတွေလိုအပ်တာ၂။ ဘဝအဓိပ္ပာယ်နဲ့ရည်ရွယ်ချက်ပေးတဲ့အလုပ်တွေလုပ်ချင်တာ၃။ လူတွေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိနေချင်တာ ဒါကြောင့် Seligman က Positive Emotion, Engagement, Relationships, Meaning, and Accomplishment (PERMA™)ဆိုပြီး သူ့ framework ကို အမှတ်တံဆိပလုပ်ထားတယ်။ ဒီအချက်တွေဖြစ်လာဖို့အတွက်လူတွေဟာ အချိန်အများစု ကိုယ့်အားနည်းချက်တွေကိုပဲပြင်နေလို့မရဘူး။ ကိုယ့်ရဲ့အားသာချက်တွေပေါ်မူတည်ပြီးနေ့စဥ်လေ့ကျင့်လုပ်ဆောင်နေဖို့လိုတယ်။ စီးပွားရေးလုပ်တဲ့အခါလဲ လူတွေမှာအားသာချက်မတူကြဘူး။တချို့က ကိန်းဂဏန်းတွေကြည့်ရတာပျော်တယ်။တချို့က လူတွေနဲ့စကားပြောရတာပျော်တယ်။တချို့က ကုန်ပစ္စည်းအသစ်ဖန်တီးရတာပျော်တယ်။ လူတွေရဲ့ အားသာချက်တွေမတူကြတဲ့အတွက်ဘဝကိုဖြတ်သန်းတဲ့အခါ ဆရာကျကျအထာကျဖို့ Strength-based strategy (SBS) အားသာချက်အခြေပြု မဟာဗျူဟာနဲ့ဖြတ်သန်းတာ အကောင်းဆုံးနည်းတစ်ခုပဲ။ Phyo Paing @ Derek

ကိုယ့်ရဲ့ “မတူညီကွဲပြားတဲ့ အားသာချက်” နဲ့
အသက်မွေးဝမ်းကြောင်း
ပြုတဲ့သူတွေက ဘဝမှာ
ပိုပြီးဝမ်းမြောက်ပျော်ရွင်တတ်ကြတယ်။
Read More »

ကိုယ့်လုပ်ငန်းမှာ မတူညီတဲ့
Business Model တွေအသုံးပြုပါ။

ကိုယ့်လုပ်ငန်းမှာ မတူညီတဲ့ Business Model တွေအသုံးပြုပါ။ ဒီနေ့ခေတ်က Business Model တွေရောစပ်အသုံးပြုတဲ့ခေတ်ဖြစ်လာပါတယ်။ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ အစားအသောက်ရောင်းပြီး ငွေရှာလို့ရသလို စားသောက်သူတွေများလာရင် TV ဖန်သားပြင်နဲ့ display နေရာတွေမှာကြော်ငြာနဲ့လဲ ငွေရှာလို့ရပါတယ်။နောက် ကုန်ပစ္စည်းတွေဖြစ်တဲ့လက်ဖက်ခြောက်နဲ့ တခြားအိမ်ပြန်ရင်ဝယ်သွားလို့ရတဲ့အမှတ်တံဆိပ်တွေအတွက် နေရာငှားရမ်းခြင်း၊ကော်မရှင်ယူခြင်းဖြင့်လဲ ငွေရှာလို့ရပြန်သေးတယ်။ ဒါမှမဟုတ် အလှူပွဲ၊ မင်္ဂလာပွဲတွေအတွက်တည်ခင်ကျွေးမွေးခြင်း catering လုပ်ဆောင်ပေးရင်းလဲငွေရှာလို့ရပြန်တယ်။လုပ်ငန်းတစ်ခုမှာ မတူညီတဲ့စီးပွားရေးပုံစံတွေနဲ့ ငွေရှာလို့ရပါတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

ကိုယ့်လုပ်ငန်းမှာ မတူညီတဲ့
Business Model တွေအသုံးပြုပါ။
Read More »

လုပ်ငန်းရှင်အများစုကတော့ လုပ်ရင်းသင်ရင်းနဲ့ သွားကြတာများတယ်။

လုပ်ငန်းလုပ်တဲ့ရည်ရွယ်ချက်က ကိုယ်လိုချင်တဲ့ဘဝပုံစံတည်ဆောက်ဖို့ဆိုရင်မမှားဘူး။ ဒီလိုလုပ်ငန်းလုပ်တဲ့အခါ လုပ်ငန်းကို ဗရမ်းဗတာလုပ်လို့ရသလို၊ ဒီဇိုင်းသေချာလုပ်ပြီးသွားလို့ရတယ်။ လုပ်ငန်းရှင်အများစုကတော့ လုပ်ရင်းသင်ရင်းနဲ့ သွားကြတာများတယ်။ ဒီ “learning by doing” လုပ်ရင်းသင်ယူရင်းသွားတဲ့လမ်းကြောင်းမှာ လေ့လာသင်ယူမှုဖြစ်စဉ်မြန်ဖို့လိုတယ်။ ဒီလိုမြန်မှ လုပ်ငန်းကို ဒီဇိုင်းလုပ်တာ ပိုမြန်ပြီး ကိုယ့်လုပ်ငန်းရုပ်လုံးပိုကြွလာမှာဖြစ်တယ်။ ဒီလို လုပ်ငန်းကို ဒီဇိုင်းလုပ်တဲ့အခါ အပြင်အကြံပေးတွေ၊ Coach တွေအသုံးပြုကြသလို ကုန်ကျစရိတ်တွေလဲ များတတ်ကြတယ်။ ဒါကြောင့် ကိုယ်ထူကိုယ်ထ လုပ်ငန်းရှင်တွေအတွက် ကိုယ့်လုပ်ငန်းကို စိတ်ကြိုက်ဒီဇိုင်း ကိုယ်တိုင်လုပ်ဆောင်လို့ရအောင် www.Akyanpay.com ကို ဖန်တီးထားခြင်းဖြစ်ပါတယ်။ Akyanpay.com မှာ အမှတ်တံဆိပ်တည်ဆောက်တဲ့အခါ စဉ်းစားရမည့် လမ်းစဉ် framework ကစလို့၊ marketing နဲ့ မဟာဗျူအဆုံးအကုန်ထည့်သွင်းထားပေးတဲ့ business design website ဖြစ်ပါတယ်။ ကိုယ်က ကိုယ့်လုပ်ငန်းထက်ကြီးသွားပြီး လုပ်ငန်းကိုသေချာ design

လုပ်ငန်းရှင်အများစုကတော့ လုပ်ရင်းသင်ရင်းနဲ့ သွားကြတာများတယ်။ Read More »

မတူညီတဲ့လူတွေက
spirituality ကိုအဓိပ္ပာယ်အမျိုးမျိုးဖွင့်ကြတယ်။

Spirituality ဆိုတာ ကိုယ့်ရဲ့နှလုံးသားအသံကို ပြန်နားထောင်တာ။ တချို့အတွက်က လောကကြီးယူနီဗာ့ Universe က ပြောတဲ့အသံကို ပြန်နားထောင်တာ။ တချို့အတွက်ကျတော့အာရုံငါးပါးထက်ကျော်ပြီးအဆင့်မြင့်အသိဥာဏ်ကိုရတာလဲဖြစ်ကောင်းဖြစ်မယ်။ မတူညီတဲ့ ဆရာတွေနဲ့မတူညီတဲ့လူတွေက အဓိပ္ပာယ်အမျိုးမျိုးဖွင့်ကြတယ်။ Carl Jung ကာယွန်းကတော့ Synchronicity ဆိုပြီးဆိုတယ်။ဘဝမှာ ရုန်းကန်ခြင်း၊ ဘဝပေးကံကြမ္မာမှာအရာရာပိုကောင်းဖို့ဖြစ်လာတာပါဆိုတဲ့စိတ်နဲ့အဖြစ်အပျက်တွေကို အဓိပ္ပာယ်ဖွင့်တတ်ကြတယ်လို့ဆိုတယ်။ Osho အိုရှိုး ကလဲတခြားသူတွေရဲ့ ငှားထားတဲ့အသိပညာborrowed knowledge တွေနဲ့spirituality ကိုယ့်ကိုကိုယ်ပြန်မရှာနဲ့။ တရားထိုင်၊ ကိုယ့်ကိုကိုယ်ပြန်လေ့လာ၊တွယ်တာမှု attachment တွေလျော့လို့ဆိုတယ်။လူတွေက ကိုယ်ပိုင်းဆိုင်ရင်၊စိတ်ပိုင်းဆိုင်ရာနဲ့ ဝိညာဉ်ရေးရာလွတ်လပ်မှုတွေရှိတယ်တဲ့။physical, emotional and spiritual freedom တဲ့။ ဗုဒ္ဓဘာသာမှာတော့ spiritual practice မှာသီလ၊ သမာဓိ၊ ပညာကောင်းဖို့ အသိ၊ သတိအစရှိတဲ့ မဂ္ဂင်ရှစ်ပါးနဲ့ကြိုးစားအားထုတ်ရင် အမှန်တရားnature of reality ဖြစ်တဲ့အနိစ္စ၊ ဒုက္ခ၊ အနတ္တ

မတူညီတဲ့လူတွေက
spirituality ကိုအဓိပ္ပာယ်အမျိုးမျိုးဖွင့်ကြတယ်။
Read More »

ကိုယ်ကဘယ်လိုစွန့်ဦးတီထွင်မျိုးလဲ။

ကိုယ်ကဘယ်လိုစွန့်ဦးတီထွင်မျိုးလဲ။ တချို့လုပ်ငန်းရှင်တွေက စျေးကွက်အခွင့်အလမ်းကိုအမိအရဖမ်းဆုပ်ဖို့အားသန်တဲ့ opportunity-based entrepreneur တွေဖြစ်တယ်။တချို့လုပ်ငန်းရှင်တွေက ကိုယ်စိတ်ဝင်စားတဲ့နောက်လိုက်တဲ့ဝါသနာအဖြေပြု passion-based entrepreneur တွေဖြစ်တယ်။ တချို့လုပ်ငန်းရှင်တွေက ခံယူချက်နဲ့စီးပွားရေးလုပ်ကြတဲ့ mission-based entrepreneur ဖြစ်တယ်။တချို့ကတေော့ ဘဝပေးတဲ့ကြုံရာလုပ်တဲ့စွန့်ဦးတီထွင် undetermined entrepreneur တွေဖြစ်တတ်ကြတယ်။တချို့ကျတော့ အထက်ပါအချက်တွေရောစပ်နေတဲ့စွန့်ဦးတီထွင်တွေလဲဖြစ်နိုင်တယ်။ ကိုယ်မပါပဲလည်ပတ်တဲ့လုပ်ငန်းတည်ဆောက်ဖို့ကိုယ်က ဘယ်လိုစွန့်ဦးတီထွင်ဖြစ်တယ်ဆိုတာ ပြန်လည်သုံးသပ်ရှာဖွေဖို့လိုတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

ကိုယ်ကဘယ်လိုစွန့်ဦးတီထွင်မျိုးလဲ။ Read More »

အတွေးအခေါ်အရေးကြီးတယ်။

အတွေးအခေါ်အရေးကြီးတယ်။ အယူအဆ မှားတာကြောက်ဖို့ အင်မတန်ကောင်းပါတယ်။ အတွေးအခေါ် ဘေးချော်သွားရင် အရေးပေါ်ပြင်ဖို့လိုတယ်။ အောင်မြင်တဲ့လုပ်ငန်းရှင်နဲ့ ကျရှုံးတဲ့စီးပွါးရေးလုပ်ငန်းရှင် စဉ်းစားတဲ့ပုံစံမတူဘူး။ အောင်မြင်တဲ့လုပ်ငန်းရှင်က အလုပ်မဖြစ်တာကိုထားခဲ့တယ်။အလုပ်ဖြစ်တဲ့နည်းလမ်းတွေကို မဖြစ်ဖြစ်အောင် ရှာဖွေနေတယ်။ ကျရှုံးတဲ့လုပ်ငန်းရှင်ကျတော့ အလုပ်မဖြစ်တာတွေကို စဉ်းစားစိတ်ညစ်နေတတ်ကြတယ်။ ကျွန်တော်တို့က ပစ္စည်းအရည်အသွေးပိုကောင်းတယ်။အထူးတလည်ကြော်ငြာနေမှ အောင်မြင်မှာမဟုတ်ဘူး။ဒါကလဲ အရမ်းမမှန်တဲ့ အတွေးအခေါ်တစ်ခုဖြစ်တယ်။ ကိုယ့်ပစ္စည်းကောင်းရင် လူတွေပိုသိအောင်လုပ်ရမှာဆိုတာအားလုံးသိပြီးဖြစ်ပါတယ်။လူတွေမသိရင် ကိုယ့်လောက်မကောင်းတဲ့ပစ္စည်းတွေကိုပဲသုံးမိနေတာမျိုးဖြစ်နေနိုင်တယ်မဟုတ်လား။ ဖောက်သည်ပြဿာနာတွေကို အကောင်းဆုံးဖြေရှင်းပေးနိုင်သူကစျေးကွက်မှာ အောင်မြင်မှုရတာပဲ။ ကိုယ်က အကောင်းဆုံးဖြေရှင်းနိုင်တယ် အောင်မြင်မှုမရသေးဘူးဆိုရင် ကိုယ့်ကိုလူသိနည်းနေတာဖြစ်နိုင်တယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

အတွေးအခေါ်အရေးကြီးတယ်။ Read More »

ဒါတွေဖြစ်ဖူးလား။

ဒါတွေဖြစ်ဖူးလား။ ပြိုင်ဖက်တွေက ကိုယ်လုပ်တဲ့အတိုင်း တစ်ပုံစံတည်းလိုက်လုပ်ကြတယ်။ နည်းနည်းလေးမှတောင် တီထွင်ဆန်းသစ်မှုမရှိကြဘူး။တခါတလေ စီးပွါးရေးတောင်မလုပ်ချင်တော့ဘူး။ ကျွန်တော်၊ ကျွန်မက သူများနဲ့ တူတာလုံးဝမလုပ်ချင်ဘူး။ ကိုယ့်လုပ်ငန်းကလဲ Boost လုပ်ကြော်ငြာမှပဲရောင်းချရတယ်။ ဝန်ထမ်းတွေကလဲ မမြဲဘူး။တော်တဲ့ဝန်ထမ်းတွေကိုလဲ ပြိုင်ဖက်က စျေးကောင်းပေးပြီးအမြဲခေါ်တယ်။ လုပ်ငန်းကို စနစ်ချရတာ အဆင်မပြေဘူး။ ချလိုက်ပြောင်းလိုက်။ကိုယ့်လုပ်ငန်းအတွက် plan ချတိုင်း ဖြစ်မှမဖြစ်လာတာ။ Plan မချတော့ဘူး။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

ဒါတွေဖြစ်ဖူးလား။ Read More »

လူတွေက အိမ်မက်မက်ကြတယ်။
Dream တွေပဲရှိနေလို့မရဘူး။

ကိုယ်ချထားတဲ့စည်းကမ်းကိုယ်လုပ်နာနိုင်ဖို့အရေးကြီးတယ်။ဒါကို discipline လို့ခေါ်တယ်။ ကိုယ့်ကိုကိုယ်တောင် ကောင်းအောင်မတည်ဆောက်သေးပဲတခြားသူတွေကို လိုက်ဝေဖန်နေရင်ဥာဏ်နည်းရာကျနိုင်တယ်လို့ယူဆတယ်။ လူတွေက အိမ်မက်မက်ကြတယ်။Dream တွေပဲရှိနေလို့မရဘူး။ ဒီအိမ်မက်တွေ အကောင်အထည်ပေါ်ဖို့Discipline စည်းကမ်းလိုတယ်။ Phyo Paing @ Derek

လူတွေက အိမ်မက်မက်ကြတယ်။
Dream တွေပဲရှိနေလို့မရဘူး။
Read More »

ကျွန်တော်တို့လုပ်ရပ်တိုင်းရဲ့
နောက်ကွယ်မှာ ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေရှိတယ်။

လုပ်ရပ်တိုင်းရဲ့နောက်ကွယ်မှာကောင်းမွန်တဲ့ရည်ရွယ်ချက်တွေရှိတယ်။ ဒါကသိပ်လက်မခံချင်လဲ သေချာနှလုံးသွင်းနိုင်ရင်ဘဝကိုနေပျော်စေနိုင်တဲ့ အယူအဆတစ်ခုပဲ။ NLP မှာတော့Every behaviour has a positive intentionလို့ဆိုတယ်။ အချိန်ဆွဲ Procrastination တဲ့ရည်ရွယ်ချက်ကရှုံးနိမ့်မှာကြောက်တဲ့စိတ်၊ တခြားသူတွေထားတဲ့မျှော်မှန်းချက်အတိုင်းမလုပ်နိုင်မှာစိုးတဲ့အတွက်စိတ်ဖိစီးမှုများပြီး အချိန်ဆွဲတာဖြစ်ကောင်းဖြစ်မယ်။ အစားအစာအများကြီးစားဖြစ်တဲ့ overeating ကစိတ်ဖိဆီးမှုများတာတွေကို ဖြေဖျောက်ဖို့ကြိုးစားတာဖြစ်ကောင်းဖြစ်မယ်။ လူတွေကို အားနာတတ်တာဟာ သူ့ကိုသဘောကျစေလိုတဲ့စိတ်ကြောင့်ဖြစ်ကောင်းဖြစ်နိုင်တယ်။ ကျွန်တော်တို့လုပ်ရပ်တိုင်းရဲ့နောက်ကွယ်မှာ ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေရှိတယ်။ အပြောကြမ်းတာဟာ ကိုယ့်ကိုမနိုင်စားအောင် ကာကွယ်တာဖြစ်ကောင်းဖြစ်မယ်။ ကိုယ့်ရဲ့မကောင်းတဲ့အပြုအမူတွေရှိရင်ကိုယ့်ကိုကိုယ် အရမ်းအပြစ်မတင်လိုက်ပါနဲ့။အရင်းအမြစ်ကို သေချာစဥ်းစားကြည့်ပြီးဖြေရှင်းကြည့်ပါ။ တခြားသူတွေကို စာနာပေးသလိုကိုယ့်ကိုကိုယ် စာနာပေးကြည့်ပါ။ Phyo Paing @ Derek

ကျွန်တော်တို့လုပ်ရပ်တိုင်းရဲ့
နောက်ကွယ်မှာ ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေရှိတယ်။
Read More »

အမှားတစ်ခုလုပ်လိုက်မိရင်

တချို့အမှားတွေကပိုက်ဆံပေးဖြေရှင်းလို့ရတယ်။ တချို့အမှားတွေကျအချိန်ပေးဖြေရှင်းရတယ်။ တချို့အမှားတွေကျတော့လဲအရာရာပိုကောင်းဖို့ဖြစ်လာတာလို့နှလုံးသွင်းပြီး အမှားထဲကအမြတ်ပြန်ထုတ်ဖို့ စဥ်းစားရပြန်တယ်။ အမှားတစ်ခုလုပ်လိုက်မိရင်ဒီသုံးခုမှာ တစ်ခုတော့ပေးပြီးဖြေရှင်းတာ ဘဝရဲ့ဥပဒေသဖြစ်နေပါပြီလေ။ Phyo Paing @ Derek

အမှားတစ်ခုလုပ်လိုက်မိရင် Read More »