Dr. Phyo Paing

https://yec.company

စာတစ်ကြောင်းက
သော့တစ်ချောင်းနဲ့တူတတ်တယ်

စာတစ်ကြောင်းကသော့တစ်ချောင်းနဲ့တူတတ်တယ်။ကိုယ်က အတွေးထောင်ချောက်ထဲပိတ်နေတာကို ဖွင့်ပေးနိုင်တယ်။ Phyo Paing @ Derek

စာတစ်ကြောင်းက
သော့တစ်ချောင်းနဲ့တူတတ်တယ်
Read More »

လူတွေမမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲဖို့
တိုးတက်ရေး (Personal Development) မှာ
ရင်းနှီးမြုပ်နှံပါ

လူတိုင်း တချိန်မဟုတ်တစ်ချိန်စိတ်ဓာတ်ကျဖူးတတ်ကြတယ်။ကိုယ့်ကိုကိုယ် အားမလိုအားမရဖြစ်ဖူးတယ်။လူတွေကြောင့်စိတ်အနှောက်အယှက်ဖြစ်ဖူးတယ်။ အချိန်တွေ ဘာမှန်းမသိကုန်ဖူးတယ်။လူရှေ့သူရှေ့စကားပြောဖို့ ကြောက်ဖူးတယ်။ကိုယ့်ဘဝမှာ ဘာစိတ်ဝင်စားမှန်းမသိလမ်းပျောက်ဖူးကြတယ်။ ရည်မှန်းချက်ပန်းတိုင်တွေ ချပြီးမဖြစ်တဲ့အချိန်တွေအများကြီးရှိဖူးတယ်။ ကိုယ့်ဘဝ ကိုယ်နဲ့ဆိုင်တဲ့အတွက်ကိုယ့်ကိုကိုယ် ၁၀၀ ရာခိုင်နှုန်းတာဝန်ယူဖို့ကကိုယ်နဲ့ပဲဆိုင်တယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ် ကူညီဖို့အတွက်self-help တက်ကျမ်းဆိုတဲ့စာအုပ်အမျိုးအစား category တစ်ခုပေါ်လာတယ်။​ တက်ကျမ်း self-help ဆိုတာလူတွေ ကိုယ့်ဘဝကိုယ်တာဝန်ယူတတ်ဖို့၊အချိန်စီမံခန့်ခွဲတတ်ဖို့၊စွမ်းဆောင်ရည်မြင့်ဖို့၊​ပေါင်းသင်းဆက်ဆံတတ်ဖို့လမ်းညွန်ပေးတဲ့ စာအုပ်တွေဖြစ်တယ်။ ကမ္ဘာ့သူကြွယ်ကြီး ဘီရီယံနာဝါရင်းဘာဖက် Warren Buffett ကသူ့ဘဝမှာ အကောင်းဆုံးရင်းနှီးမြုပ်နှံမှုကဒေးကာနဂျီ Dale Carnegie ရဲ့လူရှေ့ထွက်စကားပြောနည်းသင်တန်းPublic speaking ဖြစ်တယ်လို့ဆိုတယ်။ တက်ကျမ်း self-help ကိုကိုးတန်း၊ ဆယ်တန်းမှာ ဆရာကြီးပီမိုးနင်းရဲ့ အားလပ်သောအချိန်ကလေးများမြန်မာစာမှာ စတွေ့တယ်။အဲ့မှာ အမေရိကန်ရဲ့နိုင်ငံတည်ဆောက်သူလဲဖြစ်၊သိပ္ပံပညာရှင်လဲဖြစ်တဲ့ဘင်ဂျမင်ဖလင်ကလင် Benjamin Franklinအကြောင်းနဲ့ အချိန်မဖြုန်ဖို့လူတွေရဲ့ ဘဝအပြောင်းအလဲလုပ်ပေးတာကညနေ အလုပ်က အိမ်ပြန်ရောက်တဲ့အချိန်ဖြစ်ကြောင်း ရေးထားတယ်။ ဒီတက်ကျမ်း self-help ဆိုတာလွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀

လူတွေမမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲဖို့
တိုးတက်ရေး (Personal Development) မှာ
ရင်းနှီးမြုပ်နှံပါ
Read More »

Coach ဆိုတာ နည်းပြ။

နည်းလမ်းကိုပြပေးတာ နည်းပြ။ နည်းလမ်းမျိုးစုံရှိတယ်။ တရားထိုင်တာတရားထိုင်နည်းမျိုးစုံရှိတယ်။ကျန်းမာရေးအတွက်လေ့ကျင့်ခန်းနည်းမျိုးစုံရှိတယ်။စီးပွားရေးစီမံခန့်ခွဲမှုအတွက်စီမံခန့်ခွဲမှုနည်းလမ်းမျိုးစုံရှိတယ်။ တိုးတက်ရေးအတွက်တိုးတက်ရေးနည်းလမ်းမျိုးစုံရှိတယ်။မားကတ်တင်းလုပ်တဲ့အခါမားကတ်တင်းလုပ်နည်းမျိုးစုံရှိတယ်။ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ကိုယ့်နဲ့ကိုက်ညီတဲ့ နည်းလမ်းကိုအသုံးပြုဖို့၁။ စာဖတ်ပြီး လုပ်လို့ရတယ်။၂။ ဗွီဒီယိုကြည့်ပြီး လေ့လာလိုက်လုပ်ကြည့်လို့ရတယ်။၃။ သင်တန်းတက်ပြီးလိုက်လုပ်ကြည့်လို့ရတယ်။ ဒီအပေါ် ၃ ခုကို DIY လို့ခေါ်တယ်။Do-it-yourself ကိုယ်တိုင်လုပ်နည်းပေါ့။သူက လုပ်လိုက်၊ ဆန်းစစ်လိုက်၊​ ပြန်ပြင်လိုက်ကိုယ်တိုင် ကြည့်ကျက်လုပ်တဲ့အတွက်အချိန်နည်းနည်းကြာတယ်။​ နောက်တစ်နည်းကနည်းပြနဲ့သွားတဲ့နည်း။ဘောလုံးကို ဘယ်လိုကန်ဆိုတာပြပေးလိုက်တယ်။ကန်တာကို ဘေးကကြည့်တယ်။လိုအပ်တာကို ပြန်လည်ပြောပြ feedback ပေးတယ်။ဒီကတစ်ဆင့်တိုးတက်အောင်လုပ်သွားကြတယ်။နည်းပြနဲ့ လုပ်ဆောင်သူ အတူတူသွားတဲ့အတွက်ဒါကို Do-it-with-you ကိုယ်နဲ့အတူလို့ခေါ်တယ်။​DIWY business model လို့လဲခေါ်တယ်။ နောက်တစ်နည်းက ဖြစ်ချင်တာပြော။အကျိုးအကြောင်းအတိအကျမေး။နောက်မျက်စိမှိတ်ထားလိုက်တော့ကျွန်တော်တို့ အကုန်လုပ်သွားမယ်။ဒီနည်းနဲ့ ဖောက်သည်ပြဿနာဖြေရှင်းပြီးရည်မှန်းချက်ပန်းတိုင်ရောက်အောင်သွားတာကိုAgency လို့ကြမ်းဖျင်းခေါ်လို့ရတယ်။တချို့က Consulting နဲ့ Agency တွဲလုပ်တယ်။တချို့ Consulting က အကြံပဲပေးတယ်။တချို့က အကောင်ထည်ဖော် Implementation ပါပါတယ်။Harvard Business Reviews ကလဲConsulting is more

Coach ဆိုတာ နည်းပြ။ Read More »

တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်ဖို့
တစ်ဖက်ကမ်းခပ်ကျွမ်းကျင်မှုတစ်ခု
လိုကောင်းလိုနိုင်တယ်

ဘဝမှာ အထာကျကျနေရဖို့တစ်ဖက်ကမ်းခပ်ကျွမ်းကျင်မှုတစ်ခု လိုကောင်းလိုနိုင်တယ်။ဒါကို mastery လို့ခေါ်တယ်။ လူတိုင်းမှာ မွေးရာပါအားသာချက်တွေရှိတယ်။ လူတွေလိုအပ်နေတဲ့ပစ္စည်းအရှာတော်တာဖြစ်နိုင်သလို၊လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးမှာဆရာကျတာလဲဖြစ်နိုင်တယ်။ ဒါမှမဟုတ် နည်းပညာပိုင်းကျွမ်းကျင်တာဖြစ်နိုင်သလို၊ဘာတစ်ခုခုမှားနေလဲဆိုတာမျက်စိရှင်တွေ့တာဖြစ်နိုင်တယ်။ ဘယ်ပစ္စည်းကိုဘယ်နားမှာဘယ်စျေးပေါက်နေတယ်ဆိုတာဦးနှောက်ကအလိုလိုထောက်လှမ်းနေတတ်တာမျိုးဖြစ်နိုင်သလိုမတူညီတဲ့အရာတွေကိုဆက်စပ်စဥ်းစားနိုင်တာမျိုးလဲဖြစ်နိုင်တယ်။​ ဒီလိုမွေးရာပါ အားသာချက်ကိုပါဝါဥပဒေသ ၄၈ ခု48 laws of power ရေးတဲ့ကမ္ဘာကျော်စာရေးဆရာရောဘတ်ဂရင်း Robert Greene ကnatural inclination လို့ခေါ်တယ်။ ဒီ ကိုယ့်မွေးရာပါအားသာချက်ကိုနယ်ပယ်တစ်ခုကို အာရုံစိုက်ရင်းနှီးပြီးသေချာရှာဖွေပြုစုပျိုးထောင်ပေးနိုင်ရင်စူပါပါဝါကြီးတစ်ခုဖြစ်လာမယ်။ကိုယ့်ကိုကိုယ် တန်ဖိုးရှိတယ်။Special ဖြစ်တယ်လို့ခံစားလာရမယ်။ ဆရာဝန်စိတ်ပညာရှင်ဖြစ်တဲ့တစ်ကိုယ်ရေတကာယ စိတ်ပညာindividual psychology ကို တီထွင်ခဲ့တဲ့အော်စတွီးယန်း Austrian ဖြစ်တဲ့အဲ့ဖတ်အဒလာ Alfred Adler ကလူတွေရဲ့ အပြုအမူဟာပေါင်းသင်းဆက်ဆံရေးမှာအောက်ကျနောက်ကျဖြစ်တဲ့ ခံစားချက်feeling of inferiority ကိုကျော်လွှားချင်ရာမှလာတယ်လို့ဆိုတယ်။ တချို့လူတွေက ဒီသိမ်ငယ်စိတ်၊အားငယ်စိတ်၊ အောက်ကျနောက်ကျဖြစ်စိတ်ကိုကျော်လွှားဖို့ တခြားသူတွေရဲ့အောင်မြင်မှုကို ဟာသအနေနဲ့ ဟားတိုင်တာပြောင်တာမျိုးလုပ်ပြီး ကျော်လွှားကြတယ်။ တချို့တွေက အောင်မြင်နေတဲ့သူကိုကြည့်နေ ဘယ်အချိန်အောက်ပြုတ်ကျမလဲဒီစိတ်ထားနဲ့

တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်ဖို့
တစ်ဖက်ကမ်းခပ်ကျွမ်းကျင်မှုတစ်ခု
လိုကောင်းလိုနိုင်တယ်
Read More »

ကိုယ်လိုချင်တာရတာထက်
ကိုယ်နဲ့ထိုက်တန်တာပဲရကြတယ်

လိုချင်တာရဖို့လူတွေကြိုးစားကြတယ်။တချို့ကရတယ်။တချို့က မရကြဘူး။ ဘာကြောင့်လဲ​အဖြေရှာရင်လိုချင်တာရဖို့ ကိုယ်လိုချင်တဲ့အရာနဲ့“ထိုက်တန်တဲ့သူ” ဖြစ်ဖို့လိုတယ်။​ တချို့ Law of attractionကိုယ်လိုချင်တာကို အာရုံပြုဘဝထဲကို တဖြည်းဖြည်းရောက်လာမယ်ယုံကြည်ကြတယ်။မှန်သင့်သလောက်မှန်တယ်။ တချို့က Law of actionလိုချင်တာရဖို့ ကြိုးစားအားထုတ်မှုလိုတယ်။လိုချင်တာရဖို့ အလုပ်ကိုအပြင်းအထန်လုပ်တယ်။ဒါကလဲ မှန်သင့်သလောက်မှန်တယ်။ ကမ္ဘာကျော်စာအုပ် ဖြစ်တဲ့စာရေးဆရာ ဂျိမ်းကလိယာ James Clear ရဲ့Atomic Habits စာအုပ်ထဲမှာလူတွေက ကိုယ်လိုချင်တာ (outcome) ရဖို့အမြဲလုပ်ရတဲ့လုပ်ငန်းစဥ် (process) တွေရှိတယ်။ဒီလုပ်ငန်းစဥ်တွေကို လုပ်ဖြစ်တာ၊မလုပ်ဖြစ်တာက Identity လို့ခေါ်တဲ့ကိုယ်ဘယ်သူလဲဆိုတဲ့ အမြင်နဲ့ဆိုင်သွားတယ်။ လိုချင်တာအာရုံပြုရုံနဲ့ရမယ်ဆိုရင်ကမ္ဘာ့ဘောလုံးအသင်းတိုင်းကမ္ဘာ့ဖလားရနေမှာမဟုတ်လား။Law of attraction ဆိုတာစိတ်ပညာအရ ကိုယ်ယုံကြည်တာကိုမြင်တဲ့confirmation bias က လာတယ်လို့ဆိုတယ်။ ဒါကြောင့် ကိုယ်လိုချင်တာရဖို့စိတ်ကူးပဲယဥ်နေလို့မရဘူး။ကိုယ်လိုချင်တာရဖို့လိုချင်တာနဲ့ ထိုက်တန်တဲ့သူဖြစ်အောင်ဒီဇိုင်းလုပ်ဖို့လိုတယ်။ ကိုယ်လိုချင်တဲ့ဘဝပုံစံနဲ့ထိုက်တန်တဲ့သူဖြစ်ဖို့၁။ နေ့စဥ် ဘာတွေလုပ်ရမလဲ။​၂။ ဘာတွေ ခေါင်းထဲထည့်ရမလဲ။၃။ ဘာတွေယုံကြည်ရမလဲ။၄။ ဘာတွေကို ရှောင်ရှားရမလဲ။၅။ ဘယ်သူတွေနဲ့

ကိုယ်လိုချင်တာရတာထက်
ကိုယ်နဲ့ထိုက်တန်တာပဲရကြတယ်
Read More »

ကိုယ်မပါပဲလည်ပတ်တဲ့လုပ်ငန်းလုပ်နိုင်ဖို့

ကိုယ်မပါပဲလည်ပတ်တဲ့လုပ်ငန်းလုပ်နိုင်ဖို့ အတားအဆီးတစ်ခုကတော့ ကိုယ်ကပဲအရာရာကိုလိုက်လုပ်နေတာဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ပါ။ တစ်လတစ်လ ကိုယ့်အနေနဲ့ ဘယ်အပိုင်းကို အချိန်အပေးဆုံးလဲ။ Design လုပ်ငန်းကို ဒီဇိုင်းလုပ်တဲ့အချိန်Decide ဘယ်အပိုင်းတွေကို တာဝန်ခွဲဝေပေးမလဲ၊ ဘယ်ကိစ္စကိုဘယ်လိုလုပ်မလဲဆုံးဖြတ်ချက်ချတဲ့အချိန်Delegate လုပ်ငန်းဆောင်တာတွေကို တာဝန်ခွဲဝေလွဲပြောင်းပေးတဲ့အချိန်Do ကိုယ့်အတွက်အရေးကြီးတာကိုပဲ အဓိကလုပ်တဲ့အချိန် Akyanpay.com ရဲ့ ရည်ရွယ်ချက်က Design > Delegate > Decide > Do ကိုယ့်လုပ်ငန်းအတွက် အရေးမပါတာတွေကို အရာပေးနေသမျှ လွတ်မြောက်ဖို့ မလွယ်ကူဘူး။ (တချို့လို အခွင့်အလမ်းပေါ်တုန်း အမိအရငွေရှာရတဲ့လုပ်ငန်းတွေအနေနဲ့ကတော့ ငွေမြန်မြန်များများရှာရတာကို ကိုယ်မပါပဲလည်ပတ်ပြီးငွေရှာပေးတဲ့Money-Making Machine ထဲပြန်ထည့်တာရွေးချယ်မှုကောင်းတစ်ခုဖြစ်နိုင်တယ်။) Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

ကိုယ်မပါပဲလည်ပတ်တဲ့လုပ်ငန်းလုပ်နိုင်ဖို့ Read More »

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်း အဆင့် ၇ ဆင့်

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်း အဆင့် ၇ ဆင့် ၁။ အစအစအရာရာကိုယ်ဝင်ပါနေတဲ့အဆင့်၂။ တချို့အရေးမကြီးတဲ့အပိုင်းလေးတွေလက်လွဲလို့ရတဲ့အဆင့်၃။ အရေးကြီးတဲ့ အပိုင်းတွေလက်လွဲတဲ့အခါ ရင်တမမ အဆင့်၄။ အရေးကြီးတဲ့အပိုင်းတွေကို လက်လွဲလို့ရတဲ့အဆင့်၅။ နေ့စဉ်လည်ပတ်မှု operations မှာ ကိုယ်မပါပဲလည်ပတ်တဲ့အဆင့်၆။ ကိုယ့်လုပ်ငန်းဆက်ခံသူကိုလက်လွဲပြီး လည်ပတ်တဲ့အဆင့်၇။ လုပ်ငန်းက ပုံမှန်ဝင်ငွေယူနေတာ၊ ဒါမှမဟုတ် ရောင်းချပြီးအောင်ပွဲခံတဲ့အဆင့် Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်း အဆင့် ၇ ဆင့် Read More »

လျစ်လျူရှုတတ်အောင် လေ့ကျင့်ပါ။

တစ်နေ့တစ်နေ့ စိတ်ကသိကအောင့်လာဖြစ်စေတဲ့အရာကတော့အလိုက်မသိ၊ လူလုပ်နည်းမသိတဲ့သူတွေကြောင့်ဖြစ်တတ်ကြတယ်။ ကိုယ်နဲ့မဆိုင်ဝင်ပါတတ်တဲ့သူတွေဖြစ်တတ်ကြသလိုလောကကြီးကို စိတ်တိုင်းမကျကိုယ့်မှာရှိတဲ့အမှိုက်ကို သူများဆီလာပစ်ချင်တဲ့သူတွေဖြစ်တတ်ကြတယ်။ ပြဿနာသေးသေးလေးကိုပုံကြီးချဲ့ပြောတတ်ကြသလို၊တခါတခါ ကိုယ်မကြိုက်တဲ့စကားကိုမှထပ်ခါထပ်ခါပြောတတ်ကြတယ်။ အဲ့လိုလူတွေက သူစိမ်းတွေဖြစ်တတ်ကြသလို၊အရင်းနီးဆုံးသူတွေလဲဖြစ်နိုင်တယ်။ မဆီမဆိုင် ကိုယ်နဲ့လဲမသိကိုယ့်အကြောင်းဖြစ်ရပ်မှန်လဲနားမလည်ကိုယ့်ကိုကောက်ချက်ချ စိတ်အနှောက်အယှက်ပေးချင်သူလဲဖြစ်နိုင်တယ်။ ဒီလိုလူတွေနဲ့ အကောင်းဆုံးထိုက်တန်တာကကိုယ့်ရဲ့ အာရုံ attention မဟုတ်ပါဘူး။သူတို့နဲ့ထိုက်တန်တာ ကိုယ့်ရဲ့လျစ်လျူရှုမှုပါ။ The only way to win with a toxic person, isnot to play. ဒါလေးကြားဖူးကောင်းကြားဖူးလိမ့်မယ်။ ဒါကြောင့် ကိုယ့်ကိုလာဘူစေမည့်သူToxic person တွေကို ban/block လုပ်လို့ရသလိုမကောင်းတတ်တဲ့သူတွေဆို unfollow လုပ်တာအကောင်းဆုံးရွေးချယ်မှုဖြစ်ကောင်းဖြစ်မယ်။ အရင်းအနှီးဆုံးနေ့စဉ်တွေ့နေရတဲ့သူတွေဆိုသူတို့ရဲ့ ထောက်ပံ့မှုက လွတ်မြောက်ဖို့ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်အောင်လုပ်ပါ။ ကိုယ်တာဝန်ယူထားရတဲ့သူဆိုရင်တော့လစဉ်ထောက်ပံ့ပေးနိုင်တဲ့ငွေအစီအရင်လုပ်ပြီးငြိနှိုင်းမှုတစ်ခုပြုလုပ် ထားခဲ့တာမှန်ကန်တဲ့ရွေးချယ်မှုတစ်ခုဖြစ်ကောင်းဖြစ်နိုင်တယ်။ Phyo Paing @ Derek

လျစ်လျူရှုတတ်အောင် လေ့ကျင့်ပါ။ Read More »

ကိုယ့်လက်ရှိဘဝက
ကိုယ့်ရွေးချယ်မှုစုစုပေါင်းရဲ့
ရလဒ်ပဲ။

ဘယ်မှာနေမယ်၊ ဘာအလုပ်လုပ်မယ်၊ဘယ်သူတွေနဲ့ပေါင်းမယ်၊ ဘာစာအုပ်တွေဖတ်မယ်၊ဘဝကို ဘယ်လိုပုံစံနေထိုင်မယ်၊ဒီရွေးချယ်မှုတွေရဲ့ရလဒ်ပဲ။ တချို့က ဒါကို သေချာဒီဇိုင်းလုပ်တယ်။တချို့က ဖြစ်သလိုနေတယ်။ နေသလိုဖြစ်တဲ့ဘဝမှာ ဖြစ်သလိုနေတာက အချိန်တစ်ခုထိပဲကောင်းတယ်။ကိုယ့်ဘဝ ကိုယ်မှ တာဝန်မယူရင်ဘယ်သူမှ လာယူပေးမှာမဟုတ်ဘူး။ ရွေးချယ်မှုကောင်းတွေလုပ်နိုင်ဖို့ ကျွန်တော်စဥ်းစားနေ P နှစ်လုံးရှိတယ်။တစ်ခုက Possibility ဖြစ်နိုင်ခြေ၊နောက်တစ်ခုက Probability ဖြစ်နိုင်စွမ်း။ ကြိုးစားရင် ဘုရားတောင်ဖြစ်နိုင်တယ်လို့ဆိုကြတယ်။ဒါက ဖြစ်နိုင်ခြေ possibility.ကျောက်တူးရင်း ကျောက်အောင်နိုင်တယ်။နည်းပညာလုပ်ငန်းလုပ်ပြီးလဲကိုယ်လိုချင်တဲ့ နေ့စဥ်အသုံးပြုသူရနိုင်တယ်။ ဒါပေမယ့်ပြန်စဥ်းစားရမှာဖြစ်နိုင်စွမ်း probability. ဘယ်လောက်ဖြစ်နိုင်လဲ။ ရာခိုင်နှုန်းအားဖြင့်။ ရေခံမြေခံ ကာလံဒေသံနဲ့လဲဆိုင်နိုင်တယ်။ အချိန်နဲ့လဲ ဆိုင်နိုင်တယ်။ ဒီနှစ်ခုကို ချိန်ငြိစဥ်းစားပြီးရင်ကိုယ့်အနေနဲ့ probability ဖြစ်နိုင်စွမ်းတွေကိုမြင့်အောင်၊ များအောင် ဘာတွေလုပ်ဆောင်လို့ရမလဲ စဥ်းစားကြည့်လို့ရတယ်။ ဒီအပေါ်မူတည်ပြီး ရွေးချယ်မှုပြုလုပ်တယ်။ နေ့စဥ်ကိုယ့်ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်လေလေ၊ ပိုပျော်၊ ပိုလွတ်လပ်၊ ပိုတိုးတက်၊ပိုရင်ခုန်ပြီး၊ ပိုလတ်ဆတ်တဲ့ဘဝဖြတ်သန်းရလေလေပဲ။ Phyo Paing @ Derek

ကိုယ့်လက်ရှိဘဝက
ကိုယ့်ရွေးချယ်မှုစုစုပေါင်းရဲ့
ရလဒ်ပဲ။
Read More »

စည်း Boundaries

မတူညီတဲ့လူတွေနဲ့ တွေ့တဲ့အခါမတူညီတဲ့ အပြုအမူတွေဖြစ်သွားတတ်တယ်။မတူညီတဲ့ ကိုယ်ရည်ကိုယ်သွေးတွေဖြစ်သွားတတ်တယ်။ ကြုံဖူးလားတော့မသိဘူး။ ကိုယ့်အဖေ၊ အနေနဲ့နေရင်တစ်မျိုး၊သူစိမ်းတွေနဲ့တွေ့တဲ့အချိန်တစ်မျိုး၊ငယ်ပေါင်းတွေနဲ့ တွေ့တဲ့အခါတစ်မျိုး၊ ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ အပြုအမူက အမျိုးမျိုးအပြောင်းအလဲဖြစ်နေတတ်ကြတယ်။ နောက်ဆုံး သမီးရည်းစားထားရင်တောင်တစ်ဖက်လူရဲ့ပုံစံပေါ်မူတည်ပြီးကိုယ့်ရဲ့ အပြုအမူနဲ့ ထုတ်ဖော်ပြမှုကိုယ်ရည်ကိုယ်သွေးအပေါ်သက်ရောက်မှုရှိတယ်။ မတူညီတဲ့ နေရာတွေသွားလို့မတူညီတဲ့ လူတွေနဲ့ တွေ့တဲ့အခါမတူညီတဲ့ အပြုအမူနဲ့ ကိုယ်ရည်ကိုယ်သွေးတွေဖြစ်သွားတတ်တယ်။ အကြောင်းအရင်းကဦးနှောက်မှာ mirror neurons မှန်လိုဆဲလ်တွေရှိတယ်။အတုမြင် အတတ်သင်ချင်တယ်လို့ပြောတာမျိုးကြားဖူးလိမ့်မယ်။ တခြားသူတွေပြုမူနေတာမျိုးကြည့်ပြီးသင်ယူမှုဖြစ်ပေါ်တဲ့ Social Learning ကြောင့်အပြုအမူပေါ်လွမ်းမိုးတယ်။ အပေါင်းအသင်းကြားဝင်ဆန့်ဖို့ Peer Pressure ကြောင့်အပြုအမူပေါ်လွမ်းမိုးတယ်။စိတ်ခံစားမှုကူးစက်တတ်မှု Emotional Contagion နဲ့စဥ်းစားပုံစဥ်းစားနည်းအပြောင်းအလဲCognitive Changes ကြောင့်လဲလူတွေရဲ့ ကိုယ်ရည်ကိုယ်သွေးက ကိုယ်နဲ့ပေါင်းတဲ့သူတွေပေါ်မူတည်ပြီးအပြောင်းအလဲဖြစ်တယ်။ ကိုယ်နဲ့ အနီးစပ်ဆုံးသူတွေကို သေချာရွေးချယ်တတ်ဖို့လိုအပ်တဲ့အချိန်တွေ လူတိုင်းမှာရှိတတ်တယ်။ ကိုယ့်ရဲ့ Inner Circle အတွင်းစည်းထဲဝင်ဖို့ လူတိုင်းကိုအလွယ်တကူ လက်မခံလိုက်နဲ့။ တချို့က ဒါကို စည်း boundaries

စည်း Boundaries Read More »