Dr. Phyo Paing

https://yec.company

ဘဝတစ်ခုကို ဒီိဇိုင်းလုပ်တာ အချိန်ပေးရတယ်။

အသက် ၈၀ အထိနေရမယ်ဆိုရင်ရက်ပေါင်း ၂၉၂၀၀ နေရမယ်။ အသက် ၂၀ ဆို ရက်ပေါင်း ၇၅၀၀ ကုန်ပြီ။အသက် ၂၅ ဆို ရက်ပေါင်း ၉၁၂၅ ကုန်ပြီ။ အသက် ၃၀ ဆို ရက်ပေါင်း ၁၀၉၅၀ ကုန်ပြီ။အသက် ၃၅ ဆို ရက်ပေါင်း ၁၂၇၅၅ ကုန်ပြီ။အသက် ၄၀ ဆို ရက်ပေါင်း ၁၄၆၀၀ ကုန်ပြီ။ ရက်ပေါင်း ၁၀၀၀၀ လောက်က ကျောင်းတက်လိုက်၊ အလုပ်ရှာလိုက်၊ အသည်းကွဲလိုက်၊ တိုင်ပတ်လိုက်နဲ့ဘဝဆိုတဲ့ သဘောတရားနားလည်ဖို့သင်ယူတဲ့ အချိန်ကာလလို့ဆိုလို့ရတယ်။ ရက်ပေါင်း ၁၀၀၀၀ ကျော်ပြန်တော့အိမ်ထောင်ကျ၊ သားမွေးဖြစ်ပြန်တော့တာဝန်အသစ်တွေနဲ့ သားကျွေးမှု၊ မယားကျွေးမှုနဲ့ ဘဝရဲ့လတ်ဆတ်တဲ့ ဟန်နီးမွန်းအချိန်နဲ့ ဘဝရဲ့ ဒီလိုပါပဲဆိုတဲ့ ငြီးငွေ့တဲ့အချိန်၊ ဘဝမှာ နေသားကျပြီးဖြတ်သန်းတဲ့အချိန်၊ဘဝကို ကျင့်သားရတဲ့အချိန်တစ်ခုကိုဖြတ်သန်းရကောင်းဖြတ်သန်းရနိုင်တယ်။

ဘဝတစ်ခုကို ဒီိဇိုင်းလုပ်တာ အချိန်ပေးရတယ်။ Read More »

ငါ့ကြောင့်လူတွေ မျက်ရည်ကြီးငယ်
မကျရဘူးလို့ အမြဲစဥ်းစားတယ်။

ကိုယ်နဲ့သိကျွမ်းတဲ့သူတိုင်းအကျိုးရှိစေရမယ်။ အဲ့စိတ်ပဲ အမြဲထားတယ်။ စေတနာနဲ့ ကိုယ်မျှဝေပေးနိုင်တာလုပ်တယ်။ ကိုယ်နဲ့သိကျွမ်းလို့ အကျိုးယုတ်တယ်ဆိုတာမရှိရဘူး။ အဲ့လိုစိတ်နဲ့ပဲ ဘဝကို ဖြတ်သန်းလိုက်တယ်။ ကိုယ်လဲ စင်းလုံးချောကောင်းတဲ့သူဟုတ်ချင်မှဟုတ်မယ်။ အတ္တတွေ၊ မာန်မာနတွေ၊ အတွေးတွေနဲ့လူဖြစ်တဲ့အတွက် ကိုယ့်ကိုကိုယ် အမြဲပြန်ဆန်းစစ်တယ်။ ငါ့ကြောင့်လူတွေ မျက်ရည်ကြီးငယ်မကျရဘူးလို့ အမြဲစဥ်းစားတယ်။ Phyo Paing @ Derek

ငါ့ကြောင့်လူတွေ မျက်ရည်ကြီးငယ်
မကျရဘူးလို့ အမြဲစဥ်းစားတယ်။
Read More »

နေ့စဉ် Checklist

၁။ ဒီနေ့ ကိုယ့်ကိုကိုယ်ပြန်လေ့လာဖို့journaling လုပ်ပြီးပြီလား။၂။ ဒီနေ့စာဖတ်ပြီးပြီလား။၃။ ဒီနေ့ content စာရေးပြီးပြီလား။၄။ ဒီနေ့ လေ့ကျင့်ခန်းလုပ်ပြီးပြီလား။၅။ ဒီနေ့တရားထိုင်ပြီးပြီလား။၆။ ဒီနေ့ ဘာသာစကားသစ်လေ့ကျင့်ပြီးပြီလား။၇။ ဒီနေ့ ကိုယ့်အတွက် ဝင်ငွေရမည့်အလုပ်လုပ်ပြီးပြီလား။၈။ ဒီနေ့ အနာဂတ်အတွက် ဝင်ငွေရမည့်အလုပ်အတွက် အချိန်ပေးပြီးပြီလား။၉။ ကိုယ်ချစ်တဲ့သူတွေအတွက် အချိန်ပေးပြီးပြီလား။ Phyo Paing @ Derek

နေ့စဉ် Checklist Read More »

မြတ်ဗုဒ္ဓသင်ကြားပေးလိုက်တဲ့ အချက် ၆ ချက်

၁။ ရည်မှန်းချက်ပန်းတိုင် သူ့လူ့ထွတ်ထားနတ်ဘုရားဖြတ်ရမယ်လို့ရည်မှန်းချက်ပန်းတိုင်ထားခဲ့တယ်။ လူတွေမှာ ရည်မှန်းချက်ပန်းတိုင်မရှိရင်အပြင် အသံတွေ၊ ဝေဖန်မှု၊ အပျက်တွေnoise တွေကြားမှာ မျောနေနိုင်တယ်။ဒီအခါ ကိုယ့်နှလုံးသားထဲကလာတဲ့ အသံvoice ကို နားမထောင်နိုင်တော့ဘူး။ဒါကြောင့် အာရုံတွေမထွေပြားနေဖို့လူတိုင်းမှာ ကိုယ့်ဘဝမှာတိတိကျကျ သတ်မှတ်ထားတဲ့ရည်မှန်းချက်ပန်းတိုင်လိုတယ်။ ၂။ ရည်ရွယ်ချက် ရည်ရွယ်ချက်ကတော့ သတ္တဝါတွေကိုကယ်တင်ဖို့။ လူတစ်ယောက်ရဲ့ ရည်ရွယ်ချက်ကကိုယ့်ရဲ့ ဒူဝံကြယ်လို ဘယ်ကိုသွားနေလဲဆိုတာလမ်းပြပေးတယ်။ဘဝအဓိပ္ပာယ်ပိုရှိစေတယ်။ တချို့တွေက အငတ်ဘေးပျောက်ဖို့။တချို့အတွက်က ဆင်းရဲမွဲသေမှုပပျောက်ဖို့။တချို့အတွက်က အရေအသွေးမြင့်ပညာရေးလူတွေတတ်မြောက်ဖို့။လူတွေရဲ့ ရည်ရွယ်ချက်တစ်ယောက်နဲ့တစ်ယောက်မတူကြဘူး။ကိုယ့်ရဲ့ ဒူဝံကြယ်ကို သိဖို့လိုကောင်းလိုနိုင်တယ်။​ ၃။ ကျင့်ကြံအားထုတ်မှု ဘဒ္ဒကမ္ဘာမှ ပြန်ရေတွက်ရင်လေးသင်္ချေ နှင့် ကမ္ဘာတစ်သိန်းထက်ပါရမီဖြည့်ခဲ့တယ်။တစ်ဘဝစာကိုကြည့်ရင် ပိုင်ဆိုင်မှုတွေအကုန်စွန့်လွတ်ပြီး ရည်မှန်းချက်ပန်းတိုင်အတွက်အသစ်တဖန်စတင်ဖို့ reinvent လုပ်ဖို့ဝန်မလေးဘူး။ ဇွဲနဲ့ ပေးဆပ်မှုမရှိပဲ သာမာန်ထက်ပိုတဲ့ရလဒ်ရဖို့ သိပ်မလွယ်ဘူး။ဒါကြောင့် ပေးဆပ်မှု၊ စိတ်ရှည်မှု၊ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့အနစ်နာခံမှု၊ ဒူပေဒါ(ဒဏ်)ပေခံမှုလိုတယ်။ ၄။ အမြဲမပြတ်လေ့လာဆန်းစစ်မှု ဒုက္ကရစရိယာ ကိုလေ့ကျင့်တယ်။နည်းလမ်းအမျိုးမျိုးစမ်းသပ်တယ်။စမ်းသပ်ကျင့်ကြံမှုကို အမြဲမပြတ်လေ့လာဆန်းစစ်တယ်။နောက်ဆုံးမှာ အလုပ်ဖြစ်တဲ့

မြတ်ဗုဒ္ဓသင်ကြားပေးလိုက်တဲ့ အချက် ၆ ချက် Read More »

ဘဝမှာ အာရုံနဲ့ လုပ်ရပ်ကို
ဘယ်မှာထားမလဲ အရေးကြီးတယ်

ကိုယ့်ဘဝမှာဖြစ်ချင်တဲ့အရာDream list တွေကိုချရေးလိုက်။အာရုံကို အဲ့အပေါ်မှာ အပြည့်စိုက်။တစ်ခုပြီးတစ်ခု အကောင်အထည်ဖော်သွား။ လူတိုင်းက ပေးထားချက်မတူဘူး။တချို့အတွက် ဒီ Dream list ကကိုယ်ပိုင်အိမ်ကားဝယ်ဖို့ဖြစ်ရင်ဖြစ်မယ်။တချို့အတွက်က တခြားတစ်နေရာမှာအခြေချဖို့ ဖြစ်ရင်ဖြစ်မယ်။ ဘဝမှာ အာရုံနဲ့ လုပ်ရပ်ကိုဘယ်မှာထားမလဲ အရေးကြီးတယ်။ Phyo Paing @ Derek

ဘဝမှာ အာရုံနဲ့ လုပ်ရပ်ကို
ဘယ်မှာထားမလဲ အရေးကြီးတယ်
Read More »

အရေးမပါတာတွေ အရာမပေးတော့နဲ့။

Result နဲ့ Reason တစ်ခုပဲရမှာပဲ။ ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့နေ့တိုင်းက training ပဲ။ကိုယ့်ထမင်းကျွေးတဲ့အလုပ်မှာဆရာကျဖို့ နေ့တိုင်းလေ့ကျင့်နေဖို့တော့လိုတယ်။ Phyo Paing @ Derek

အရေးမပါတာတွေ အရာမပေးတော့နဲ့။ Read More »

ဒီနေ့ဒါဖြစ်အောင်လုပ်မယ်ဆိုတာကို
ဖြစ်အောင်လုပ်တာ။

ကိုယ့်ကိုကိုယ် သတ်မှတ်ထားတဲ့စည်းကမ်းအတိုင်းနေရတဲ့ခံစားချက်က အရမ်းကောင်းတယ်။မလုပ်ဘူးဆိုတဲ့အရာကို လုံးဝမလုပ်တာ။ဒီနေ့ဒါဖြစ်အောင်လုပ်မယ်ဆိုတာကိုဖြစ်အောင်လုပ်တာ။ ကိုယ့်ကိုကိုယ် ကောင်းအောင်မလုပ်နိုင်ပဲ သူများတွေကိုထိုင်ဟားဖို့ အဆင့်မရှိသေးဘူးလို့ခံယူထားတာပဲ။ မှန်မမှန်တော့ သေချာမသိဘူး။ Phyo Paing @ Derek

ဒီနေ့ဒါဖြစ်အောင်လုပ်မယ်ဆိုတာကို
ဖြစ်အောင်လုပ်တာ။
Read More »

ကိုယ့်အတွေးနဲ့ကိုယ်တော့
High နေတာပဲ။

ဗုဒ္ဓရဲ့အဆုံးအမအရအတိတ်နဲ့ အနာဂတ်တွေမှာမနေနဲ့။ပစ္စုပ္ပန်ကိုရှုတဲ့။ အာရုံကို တစ်ခုတည်းမှာပဲထားတာကောင်းတဲ့အလုပ်လို့မြင်တယ်။၂၀၁၉ နှစ်အစထိက ကြော်ငြာတွေအဓိက run တဲ့ paid ad marketer ပေါ့။ကြော်ငြာတွေရေးလိုက်၊ ကြော်ငြာလိုက်နဲ့။ တစ်ဒေါ်လာထည့်တိုင်း ငွေပြန်ထွက်နေတော့ကြော်ငြာရေးတာနဲ့ ကြော်ငြာတဲ့ ရလဒ်တွေကိုအဓိက ထားသွားတယ်။ ပြဿနာက ကြော်ငြာစရိတ်က ပိုပိုတက်လာတသလို လူတွေကို ကြော်ငြာတစ်ခုတည်းနဲ့ သွားလို့မရတော့ဘူးနားလည်လာတယ်။ ၂၀၁၉ က စလို့ ကြော်ငြာ run တဲ့အလုပ်ကိုတဖြည်းဖြည်းလျော့လာတယ်။ နောက် content ဖန်တီးတာကိုပဲအဓိက ဖိလုပ်တယ်။ အာရုံတွေအကုန်လုံးကို အဲ့အပိုင်းပဲပေးတယ်။ ကျန်တဲ့အပိုင်းလွဲစရာရှိတာလွဲလိုက်တယ်။ အာရုံစီမံခန့်ခွဲမှုက အရေးကြီးတယ်။ Phyo Paing @ Derek

ကိုယ့်အတွေးနဲ့ကိုယ်တော့
High နေတာပဲ။
Read More »

တချို့အလုပ်တွေက သိမှလုပ်တယ်။

တချို့အလုပ်တွေက သိမှလုပ်တယ်။တချို့အလုပ်တွေကျလဲ လုပ်ရင်းနဲ့သိသွားတယ်။ လုပ်ရင်းနဲ့သိ learning by doing ကစွန့်ဦးတီထွင်တို့ရဲ့ သင်ယူမှုပုံစံပဲ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

တချို့အလုပ်တွေက သိမှလုပ်တယ်။ Read More »

Survival, Social, Spiritual

ဘဝမှာ ရှင်သန်ဖို့ ထမင်းစားဖို့အတွက်အလုပ်လုပ် ပိုက်ဆံရှာရတယ်။ နောက်ပေါင်းသင်းဆက်ဆံရေးလူမှုအသိုင်းအဝိုင်းထဲဝင်ဆန့်ဖို့လုပ်ရပြန်တယ်။ နောက်စိတ်ငြိမ်းချမ်းမှုအတွက်ဘဝအဓိပ္ပာယ်ရှာရပြန်တယ်။ ဒါကြောင့် အကြွေးတွေဝိုင်းနေပြီးတရားထိုင်လို့မရတာဟာ ရှင်သန်မှု Survival မှာ စာမေးပွဲမအောင်ပဲ စိတ်ငြိမ်းချမ်းမှု Spiritual ကိုအဆင့်တက်လို့ဖြစ်တယ်။ ဒါကြောင့် ဖြစ်နိုင်သမျှ တစ်ကိုယ်ရည်အကြွေး personal debt ကိုတတ်နိုင်သမျှ ရှောင်ဖို့အရေးကြီးတယ်။ Personal နဲ့ Business ငွေခွဲထားဖို့အရေးကြီးတယ်။ အကြွေးတွေ ပတ်လည်ဝိုင်းနေပြီးစိတ်ဒုက္ခတွေရောက်နေရင်productivity စွမ်းဆောင်ရည်အပေါ်လဲသက်ရောက်မှုရှိသလို သွားချင်တဲ့ Spiritual လဲရောက်ဖို့မလွယ်ဘူး။ Phyo Paing @ Derek

Survival, Social, Spiritual Read More »