Dr. Phyo Paing

https://yec.company

System is the solution.

စနစ်က အဖြေပဲ။System is the solution. လိုချင်တဲ့ ရလဒ်ရဖို့စနစ်အရေးကြီးတယ်။စက်ဘီးစီးတဲ့သူတော်တော်များများPeter Keen ကိုသိကြလိမ့်မယ်။British စက်ဘီးအသင်းကို 2003 ကနေ 2008 ထိစွမ်းဆောင်ရည်မြင့်ဖို့ performance director အနေနဲ့နည်းပြ coach လုပ်လာခဲ့တာ။အဲ့မတိုင်ခင်က British team ကကမ္ဘာ့အဆင့်ထဲရောက်ဖို့ အဆင့်မရှိခဲ့ဘူး။ သူရောက်လာတဲ့နောက်မှာစနစ်နဲ့ အားကစားသမားတွေရဲ့နေ့စဥ်လုပ်ဆောင်ပုံ culture တွေကိုလေ့လာပြီး သေချာတည်ဆောက်တယ်။ အမြဲမမြတ်တိုးတက်နေဖို့အတွက်ဂျပန်တို့ရဲ့ Kaizen အတွေးအခေါ်continuous improvement လုပ်တယ်။ ဒေတာပေါ်မူတည်ပြီး ဆုံးဖြတ်ချက်ချတယ်။data-driven decision လုပ်တယ်။ နောက်ပြီး team ထဲမှာ စုပေါင်းလုပ်ဆောင်နိုင်ဖို့collaboration နဲ့ communicationကောင်းအောင်လုပ်တယ်။ ဒီစနစ်တွေ သေချာလုပ်ပြီးတဲ့နောက် British Cycling Federation က ကမ္ဘာကျော်ဖြစ်သွားတယ်။ အတိတ်ကတော့ ပြီးသွားပြီ။အနာဂတ်ဆိုတာလဲ မရောက်သေးဘူး။ပစ္စုပ္ပန်ဆိုတာပဲ အစိုးရတဲ့အတွက်အနာဂတ်မှာ ကိုယ်လိုချင်တဲ့ရလဒ်ရဖို့ပစ္စုပ္ပန်စနစ်ကို

System is the solution. Read More »

Tik Tok ပေါ်လာတဲ့နောက်ပိုင်း
မားကတ်တင်းက သေသွားပြီလို့တောင်
ပြောလို့ရနိုင်တယ်။

Tik Tok ပေါ်လာတဲ့နောက်ပိုင်းမားကတ်တင်းက သေသွားပြီလို့တောင်ပြောလို့ရနိုင်တယ်။ Facebook မှာဆို အသက်အရွယ်ဘယ်လောက်ဘာစိတ်ဝင်စားတဲ့သူ၊ဘာဖုန်းကိုင်ပြီး၊ ဘယ်မှာနေတဲ့သူကို ဒီကြော်ငြာလေးကို ဘယ်အချိန်မှာဘယ်လိုပြပေးပါ ဆိုတာမျိုးကြော်ငြာရကြတယ်။ နောက် ကိုယ့်စီးပွားရေးလုပ်ငန်းပေ့ ဖော်လိုဝါ တက်ဖို့အတွက်ဆိုလဲ တော်တော်လေး လုပ်ကြရတယ်။ Tik Tok ပေါ်လာတဲ့အခါ သူ့ AI အစွမ်းအံ့မခန်းတွေ ဖြစ်ပြီး ကိုယ့်လုပ်ငန်းနဲ့ ဆိုင်တဲ့အရာ “ဘာလုပ်လုပ် တင်” ရုံနဲ့ အစွမ်းတွေ ပြနိုင်ကြလာတယ်။ AI ပေါ်လာပြီးတဲ့နောက်ပိုင်းမှာ ပလက်ဖောင်းတွေကောင်းလာရင်အမှတ်တံဆိပ်တည်ဆောက်ခြင်းနဲ့ မားကတ်တင်းဆိုတာ ပုံပြင်ပြောခြင်းအနုပညာ တစ်ခုပိုဖြစ်လာမယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#akyanpay

Tik Tok ပေါ်လာတဲ့နောက်ပိုင်း
မားကတ်တင်းက သေသွားပြီလို့တောင်
ပြောလို့ရနိုင်တယ်။
Read More »

ဘာလို့မလုပ်ဆောင်နိုင်လဲဆိုရင်
အဖြေကတော့ “သေချာ မသိ” လို့ပဲ။

မြန်မာပြည်မှာ လုပ်ငန်းသေးလေးစတင်လုပ်ဆောင်ရတာ မြက်စားရသလိုပါပဲ။ အထူးသဖြင့် စီးပွားရေးမလုပ်တတ်တဲ့အခါမျိုးမှာပေါ့။ အောင်မြင်တဲ့သူတွေကလဲ အရမ်းအောင်မြင်ပြီးစီးပွားရေးနဲ့ အကျိုးမပေးဘူးဆိုပြီးစိတ်ညစ်နေတဲ့သူတွေကလဲ ဒုနဲ့ ဒေး။ ဘာကြောင့်လဲဆိုရင်အမှတ်တံဆိပ်တည်ဆောက်ခြင်းမားကတ်တင်းလုပ်ခြင်းအရောင်းဝန်ဆောင်မှုစနစ်ငွေကြေးရေးရာလုပ်ငန်းလည်ပတ်မှုစနစ်ဝန်ထမ်းတွေကို ဦးဆောင်မှုစနစ်ပြန်လည်ကြည့်ကြပ်တဲ့စနစ်ဒီစနစ်တွေ သေချာမလုပ်ဆောင်နိုင်လို့ဖြစ်တယ်။ ဘာလို့မလုပ်ဆောင်နိုင်လဲဆိုရင်အဖြေကတော့ “သေချာ မသိ” လို့ပဲ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

ဘာလို့မလုပ်ဆောင်နိုင်လဲဆိုရင်
အဖြေကတော့ “သေချာ မသိ” လို့ပဲ။
Read More »

တစ်ခုခုကို တင်းလာရင်
ကိုယ့်ကိုကိုယ် challenge သာလုပ်လိုက်။

လွန်ခဲ့တဲ့နှစ်နှစ်ကစပြီး အိမ်မက်တွေတော်တော် မှောင်သွားခဲ့တယ်။ ခံစားချက်တွေကို ခဏအာရုံလွဲဖို့တစ်ရက်တစ်အုပ် စာဖတ်ဖို့ကိုယ့်ကိုကိုယ်စိန်ခေါ်တယ်။အစပိုင်းတစ်ရက် ၈ နာရီလောက်ကြာတယ်။ဖတ်လိုက်၊ မှတ်လိုက်၊ video ရိုက်လိုက်လုပ်လာတာ ဒီနေ့က 577 ရက်မြောက်နေ့ပဲ။တစ်ခုခုကို တင်းလာရင်ကိုယ့်ကိုကိုယ် challenge သာလုပ်လိုက်။ Phyo Paing @ Derek

တစ်ခုခုကို တင်းလာရင်
ကိုယ့်ကိုကိုယ် challenge သာလုပ်လိုက်။
Read More »

ဖလော် (philosophy) လို့ပြောလိုက်ရင်
ကျောင်းမှာ အရူးမေဂျာလို့ထင်ကြတယ်။

မားကတ်တင်းလို့ပြောလိုက်ရင်အရင်က တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်ပစ္စည်းလိုက်စပ်တဲ့သူပဲ မြင်တတ်ကြတယ်။စွန့်ဦးတီထွင်လို့ပြောလိုက်ရင်လောကနဲ့အဆက်ပြတ်ပြီး မြောက်ကြွမြောက်ကြွအကြွားသန်တဲ့သူလို့ မြင်တတ်ကြတယ်။ လူတွေက စကားလုံးတွေရဲ့ သရုပ်ဖော်မှုကိုမတူညီတဲ့ အမြင်တွေနဲ့ မြင်ကြတယ်။ ကားလို့ပြောလိုက်ရင် တစ်ယောက်နဲ့တစ်ယောက်မြင်တဲ့ကားပုံစံ၊ အမှတ်တံဆိပ်၊ အရောင်းမတူသလိုပေါ့။ မတူညီတဲ့လူတွေကို လေ့လာကြည့်တော့စကားလုံးတစ်ခုအပေါ်အာရုံခံစားနိုင်စွမ်း တစ်ယောက်နဲ့ တစ်ယောက်မတူကြတာတွေ့ရတယ်။ လူမှုကွန်ယက် Social Media လို့ပြောလိုက်တဲ့အခါမတူညီတဲ့လူတွေက လုပ်လို့ရတဲ့စွမ်းပကားနဲ့အဓိပ္ပာယ်ဖွင့်ဆိုမှု အမျိုးမျိုးရှိတတ်ကြတယ်။ တချို့တွေက သူငယ်ချင်းတွေနဲ့ ချိပ်ဆက်တဲ့နေရာ။တချို့တွေက စီးပွားရှာလို့ရတဲ့နေရာ။တချို့တွေက ဝါဒဖြန့်လို့ရတဲ့နေရာ။ တချို့တွေက ဒေဒါတွေစုဆောင်းလို့ရတဲ့နေရာ။တချို့တွေက အိုင်ဒီယာတွေအလုပ်ဖြစ်မဖြစ်အမြန်ဆုံး စမ်းသပ်လို့ရတဲ့နေရာ။ လူတွေရဲ့ အမြင်တွေက ကိုယ့်ခေါင်းတည်းထည့်ထားတဲ့အတွေးအခေါ်အပေါ်မူတည်ပြီး မတူကြဘူး။ ဗုဒ္ဓရဲ့ အဆုံးအမအရ ဘဝဆိုတာဒုက္ခတဲ့။ တချို့က ဘဝမှာ ပြဿနာတွေတော့ရှောင်လွဲလို့မရဘူး။ဒုက္ခက ရှောင်လွဲလို့ရတယ်တဲ့။ ဒုက္ခကိုရှောင်လွဲလို့ရတယ်ဆိုတဲ့သူကိုလဲ အယူမှားလို့ ဒိဌိတဲ့။ လူတွေ မြင်တဲ့အမြင်မတူကြဘူး။ လူအများ အမြင်တူစေချင်ရင်တော့ မြောက်ကိုးရီးယားလို ခေါင်းထဲရောက်သွားစေနိုင်တဲ့ မီဒီယာတွေကို ထိန်းချုပ်နိုင်မှပဲရချင်ရမယ်။

ဖလော် (philosophy) လို့ပြောလိုက်ရင်
ကျောင်းမှာ အရူးမေဂျာလို့ထင်ကြတယ်။
Read More »

နှလုံးသားချင်တူရင်ယူ
မကြိုက်ရင် လျစ်လျူရှု။

ဆိုကရေးတီးပြောသလိုပဲမင်းဘာသိလဲဆိုရင် ငါသိတာကတော့ ငါဘာမှမသိတာပဲတဲ့။ မသိတာတွေကို မေးခွန်းတွေမေးအဖြေရှာစဥ်းစားရင်း ဒီ page မှာ note ထုတ်ထားတယ်။ နှလုံးသားချင်တူရင်ယူမကြိုက်ရင် လျစ်လျူရှု။ သူများလို နာမည်ကြီးလဲမဟုတ်သလိုလူအထင်ကြီးအောင် လုပ်တဲ့ page လဲမဟုတ်။ ခေတ်ပျက်ကြီးထဲမှာ ဘူကောင်ရှောင် community တစ်ခုကို ဖန်တီးချင်တဲ့သူတစ်ယောက်ဆိုမမှားဘူးလို့ထင်တာပဲ။ Phyo Paing @ Derek

နှလုံးသားချင်တူရင်ယူ
မကြိုက်ရင် လျစ်လျူရှု။
Read More »

Journaling ဆိုတာ တော်တော်
စွမ်းအားကြီးတယ်။

မနက်ရောက်တိုင်းမှာ ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်တဲ့ဖြစ်စဥ်နဲ့ စတင်တာဟာ ကိုယ်လုပ်နေတဲ့ အမှား၊ အမှန်တွေကိုသတိပြုမိပြီး လမ်းပြန်တည့်ပေးတယ်။ ကျွန်တော့်ရဲ့ DJS (Derek’s Journaling System မှာ) မနေ့ကဖြစ်သွားတဲ့အကြောင်း၊စဥ်းစားနေတဲ့အရာတွေ၊မနေ့က အကောင်းဆုံးဖြစ်ခဲ့တဲ့အရာ၊မနေ့ကလုပ်ခဲ့တဲ့ ဂုဏ်အယူဆုံးအရာ၊ မနေ့ကပေးလိုက်တဲ့ သင်ခန်းစာ၊ဒီနေ့လုပ်ချင်တဲ့အရာ၊အသစ်တွေ့ရှိမှု new discoveryကိုယ့်ကိုကိုယ်ဒီနေ့မေးမည့်မေးခွန်းအသစ်ဘဝကိုအပြောင်းအလဲဖြစ်စေမည့် သတင်းအချက်အလက်ဘဝအတွက် ဥပဒေသမသိစိတ်က ဘာလုပ်လိုက်လို့ပြောနေလဲ။ “What’s on your mind?”“Best things that happened yesterday”“Things that I did yesterday that make me proud”“Things that will make me proud today?”“Lessons from yesterday”“Things I love to do today”“New discovery 💡”“New

Journaling ဆိုတာ တော်တော်
စွမ်းအားကြီးတယ်။
Read More »

ပြဿနာ + စိတ်ခံစားမှု = ဒုက္ခ

ဘဝဆိုတာ သင်္ချာပုစ္ဆာတစ်ခုလိုပဲ။ပေးထားချက်တွေကြားမှာပြဿနာကို အဖြေရှာရတာမျိုး။ ဘဝဆိုတာ ဒုက္ခလို့ဗုဒ္ဓက ဆိုမိန့်တယ်။ ပြဿနာကို စိတ်ခံစားမှုထည့်ရင်ဒုက္ခဖြစ်တယ်လို့ ယူဆတယ်။ ပြဿနာ + စိတ်ခံစားမှု = ဒုက္ခ အသက်ရှင်တုန်း ဒုက္ခရဲ့အီကွေးရှင်းကို ချိန်ဆဖို့ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်းမြင့်အောင်နေ့စဉ်လေ့ကျင့်နေသလို၊စိတ်ခံစားမှုတွေကို ကွပ်ကဲထိန်းချုပ်နိုင်အောင်သတိ၊ အသိ၊ ပညာကလဲ အရေးကြီးတယ်လို့ခံယူထားတယ်။ Phyo Paing @ Derek

ပြဿနာ + စိတ်ခံစားမှု = ဒုက္ခ Read More »

ကိုယ်နဲ့အနီးဆုံးလူတွေက

ကိုယ်နဲ့အနီးစပ်ဆုံးသူတွေကိုဂရုစိုက်ပြီးမှ အတွင်းစည်းInner circle ထဲဝင်တာလက်ခံဖို့လိုတယ်။ကိုယ်နဲ့အနီးဆုံးလူတွေကကိုယ့်ရဲ့ အတွေး၊ ခံစားချက်၊စွမ်းအင်နဲ့ ဆုံးဖြတ်ချက်တွေအပေါ်သက်ရောက်မှုရှိတယ်။ Phyo Paing @ Derek

ကိုယ်နဲ့အနီးဆုံးလူတွေက Read More »

စျေးမရောင်းတတ်ရင်
စီးပွါးရေးမလုပ်နဲ့။

စျေးမရောင်းတတ်ရင် စီးပွါးရေးမလုပ်နဲ့။ဖောက်သည်၊ ဝန်ထမ်း၊ရင်းနှီးမြုပ်နှံသူ၊ ကုန်သည်တွေကိုကိုယ့်အိုင်ဒီယာလက်ခံအောင်အမြဲရောင်းနေရမှာမို့စီးပွါးရေးလုပ်မယ်ဆိုအရောင်းပညာတတ်အောင်သင်ပါ။ဝါရင်းဘူဖက် တောင် သူ့ရဲ့အကောင်းဆုံးရင်းနှီးမြုပ်နှံမှုက လူရှေ့သူရှေ့ထွက်စကားပြောသင်တန်းတက်တာတဲ့။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

စျေးမရောင်းတတ်ရင်
စီးပွါးရေးမလုပ်နဲ့။
Read More »