Dr. Phyo Paing

https://yec.company

ကိုယ်ဖြစ်ချင်တာတွေဖြစ်ဖို့

မလုပ်ချင်တာတွေလုပ်ရတဲ့အခိုက်အတန့်တွေရှိမယ်။ ပြီးရင်ကိုယ့်ကိုကိုယ်ကျေးဇူးပြန်တင်နေလိမ့်မယ်။ Phyo Paing @ Derek

ကိုယ်ဖြစ်ချင်တာတွေဖြစ်ဖို့ Read More »

စနစ် + ဇွဲ + လုပ်ရပ် = ရလဒ်ပေါ်မူတည်တယ်

ဘဝမှာ နှစ်နှစ်လောက်ဝိတ်ချတဲ့စနစ်၊ ဝိတ်ထိန်းတဲ့စနစ်ကိုလိုက်ရှာတယ်။​တွေ့သွားတဲ့အချိန်ကျတော့ ၂ လ၊​ ၃ လပဲကြာတယ်။​ စာဖတ်လိုက်မေ့လိုက်နဲ့ တိုင်ပတ်ခဲ့တာနှစ်ပေါင်း အတော်ကြာပဲ။စနစ်တွေကိုတွေ့တော့ အချိန်ခဏပဲကြာတယ်။ စာဖတ်တာ တစ်အုပ်ပြီးဖို့ တစ်လလောက်ကြာတယ်။​နောက်ဖတ်ကျင့်ရှိလာတော့ တစ်ပတ်လောက်ကြာတယ်။နောက်စနစ်တွေ့သွားတော့ ဆယ်ဆလောက်ပိုမြန်လာတယ်။ ဘဝမှာ လိုချင်တဲ့ရလဒ်ရဖို့SCAR framework ဆိုပြီးထုတ်ထားတာရှိတယ်။​ System + Consistency + Action = Result စနစ်ရှိပြီး လုပ်ဆောင်ချက်မရှိရင် ရလဒ်မထွက်။စနစ်ရှိ လုပ်ဆောင်ချက်ရှိပြီးဖင်မမြဲ ဇွဲမရှိရင်လဲ ရလဒ်မရ။ဒါကြောင့် ရလဒ်တစ်ခုကစနစ် + ဇွဲ + လုပ်ရပ် = ရလဒ်ပေါ်မူတည်တယ်။ Phyo Paing @ Derek

စနစ် + ဇွဲ + လုပ်ရပ် = ရလဒ်ပေါ်မူတည်တယ် Read More »

high-performance ဖြစ်ဖို့

ချမ်းသာ၊ အောင်မြင်တာတွေ သာလူတွေပြောနေကြတာ။တကယ်တမ်းအများစုဖြစ်ချင်ကြတာအချိန်တိုင်းမှာ feel good နေလို့ထိုင်လို့ကောင်းချင်တာ။ ဒီလိုဖြစ်ဖို့ အလုပ်အပြင်၊ဖျော်ဖြည်ရေးတွေ၊ ခရီးသွားအလည်အပတ်၊လူတွေရဲ့အသိအမှတ်ပြု ဆုတံဆိပ်တွေ၊စျေးကြီးတဲ့အစားအစာနဲ့ ဇိမ်ခံပစ္စည်းတွေနောက်လိုက်ကြတယ်။ တချို့က ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်physiology ကို ပြုပြင်ဖို့ ကြိုးစားကြတယ်။အမြင်သာဆုံးကတော့ ကော်ဖီပေါ့။ကော်ဖီမှာ ကဖိန်းဓာတ်ပါတယ်။​ကဖိန်းဓာတ်က ခန္ဓာကိုယ်မှာပါတဲ့adenosine (အဒီနိုဇင်း) ကိုသွားပိတ်တယ်။​ဒီ adenosine ဆိုတဲ့ neurotransmitter ကခန္ဓာကိုယ်ကို ကြွက်သားတွေကိုလျော့ချပြီးအိပ်ချင်မှုကို ဖြစ်ပေါ်စေတယ်။ဒါကို ပိတ်လိုက်တော့ နိုးကြားမှုဖြစ်လာတယ်။ဒါပေမယ့် တခြားပြင်ပနိုးဆွတဲ့ဆေးဝါးတွေလိုပဲ ကြာလေ ဆေးမတိုးတော့လေဖြစ်လာတတ်တယ်။ သေချာသုံးတတ်ရင်တော့ bio hacking အပျော့စားအနေနဲ့ အသုံးပြုလို့ရတယ်။​ကဖီးဓာတ်က ခန္ဓာကိုယ်မှာ ၄ နာရီလောက်ခံတယ်။သူက ညနေအသုံးပြုမည့် စွမ်းအင်ကိုကြိုသုံးထားတာနဲ့ တူတယ်။​ဒါကြောင့် မနက်စောစောမှာ ကော်ဖီမသောက်ပဲနေ့လည်လောက်မှာ စွမ်းအင်ကျချိန်လောက်သောက်လို့ရသလိုခဏအိပ်စက်ခြင်းနဲ့ စနစ်ပေါင်းပြီးnappuccino (coffee + nap) လုပ်လို့ရတယ်။နေ့လည် စွမ်းအင်အနည်းဆုံးအချိန်ကော်ဖီသောက်ပြီး ၂၅ မိနစ်လောက်alarm

high-performance ဖြစ်ဖို့ Read More »

55 Questions to ask yourself, Across 8 Dimensions For A New You!

အားတီအားမေတို့အတွက်နာမည်ကြီး စာအုပ်ဖြစ်တဲ့ Coaching Questions 55 ခုပါတဲ့Manoj Chenthamarakshan ရဲ့55 Questions to ask yourself, Across 8 Dimensions For A New You! ကို တင်ပေးလိုက်တယ်။ Self-image Who am I? သင်ဘယ်သူလဲ? How do I view myself? Positive or negative? ကိုယ့်ကိုကိုယ် ဘယ်လိုမြင်သလဲ။ အကောင်းမြင်လား၊ အဆိုးမြင်လား။ Who are your top 3 role models? ကိုယ့်အားကျတဲ့ စံထားတဲ့ပုဂ္ဂိုလ်သုံးယောက်ဆို ဘယ်သူတွေဖြစ်မလဲ။ What are those qualities that you admire

55 Questions to ask yourself, Across 8 Dimensions For A New You! Read More »

အားတိုင်း အပျော်တွေပဲ ခံစားနေရင် ပျော်ရွှင်မှုဆေးမတိုးတာမျိုးဖြစ်တတ်တယ်

ဆေးမသုံးပဲ နေ့စဉ်နေလို့ထိုင်လို့ကောင်းချင်ရင်ကိုယ့်ကို နေမသိထိုင်မသာဖြစ်စေတဲ့အရာတွေနဲ့ train ပါ။ ဥပမာ သတ်မှတ်အချိန်အတွင်းပဲအစားအစာ စားတာမျိုး။မောပန်စေတဲ့ လေ့ကျင့်ခန်းလုပ်တာမျိုး။စိတ်မပါတဲ့ သင်ခန်းစာတစ်ခုကို၁၅ မိနစ်လောက်ပေးလေ့လာတာမျိုး။မဖြစ်မနေ တရားဆယ့်ငါးမိနစ်လောက်ပေးထိုင်ကြည့်တာမျိုး။ အားတိုင်း အပျော်တွေပဲ ခံစားနေရင် ပျော်ရွှင်မှုဆေးမတိုးတာမျိုးဖြစ်တတ်တယ်လို့မြင်တယ်။ Phyo Paing @ Derek

အားတိုင်း အပျော်တွေပဲ ခံစားနေရင် ပျော်ရွှင်မှုဆေးမတိုးတာမျိုးဖြစ်တတ်တယ် Read More »

အနာဂတ်အတွက်
နေ့စဥ်တိုးတက်ဖို့အတွက်
သန္ဓေတည်နေတယ်လို့ပဲ စဥ်းစားကြည့်တယ်။

Chatgpt နှစ်လအတွင်း သုံးတဲ့သူ သန်း ၁၀၀ ပြည့်သွားတာလူတိုင်း အံ့အားသင့်ကြတယ်။ ဒီအခြေအနေရောက်ဖို့ အောင်မြင်မှုအတွက် ၁၁ ဒီဇင်ဘာ ၂၀၁၅ ကသူတို့ သန္ဓေတည်ခဲ့ရတာ။ အခုအချိန်တောင် အောင်မြင်တယ်ပြောမရသေးဘူး။စစ်မျက်နှာပြင်ဖွင့်လိုက်တယ်လို့ပဲပြောလို့ရမှာ။ ကျွန်တော်ကတော့ဘဝမှာ အောင်မြင်မှုနောက်လိုက်ဖို့ဘယ်တုန်းကမှ မစဥ်းစားဖူးဘူး။ တိုးတက်မှုနောက်ပဲ လိုက်တယ်။ ဒါကြောင့်လဲ toetet ဒေါ့ကွမ်းနဲ့တိုးတက်နာမည်ပေးထားတာပေါ့။ ဘဝမှာ လူတွေကိုပျော်ရွင်စေတာတိုးတက်မှုပဲ။ လိုချင်တာရသွားလို့ အောင်မြင်မှုအတွက်အပျော်က ခဏတာပဲ။ အမြဲတိုးတက်နေမှ ပျော်တဲ့အပျော်ကတာရှည်ခံတာ။ မဟုတ်လဲ ကျွန်တော်တို့တွေ ဆယ်တန်းအောင်တာ၊ ဂုဏ်ထူးထွက်တာဘာညာ အားလုံးအောင်မြင်ဖူးကြတာပဲ။အကြာကြီးမှ မပျော်တာ။ အမြဲတိုးတက်နေမှ ပျော်တာ။ ဒါကြောင့် အနာဂတ်အတွက်နေ့စဥ်တိုးတက်ဖို့အတွက် သန္ဓေတည်နေတယ်လို့ပဲ စဥ်းစားကြည့်တယ်။ Phyo Paing @ Derek

အနာဂတ်အတွက်
နေ့စဥ်တိုးတက်ဖို့အတွက်
သန္ဓေတည်နေတယ်လို့ပဲ စဥ်းစားကြည့်တယ်။
Read More »

ရလဒ်တွေအတွက် မလောနဲ့။

လုပ်ရပ်တွေကိုတော့ လောလောလုပ်။ ကိုယ်တိုက်ရိုက်ထိန်းချုပ်နိုင်တာ လုပ်ရပ်။တိုက်ရိုက်ထိန်းချုပ်လို့မရတာ ရလဒ်။ Phyo Paing @ Derek

ရလဒ်တွေအတွက် မလောနဲ့။ Read More »

ဘူကောင်တွေကိုထားခဲ့ပြီးကတည်းက အခုတော့ ဘဝကြီးက ပိုပိုမိုက်လာတယ်။

ဘဝမှာ အချစ်သီချင်းတွေ အဓိပ္ပာယ်မရှိတဲ့အချိန်ရှိခဲ့ဖူးတယ်။ငါအသက်ကြီးသွားပြီလို့ ခံစားခဲ့ရဖူးတယ်။လူတွေကိုပြင်လို့မရတော့တဲ့အတွက်ဘဝကို ရေစုန်မြော စားချင်ရာစားပြီးဖက်တီးကြီးဖြစ်ခဲ့ဖူးတယ်။ပိုင်ဆိုင်တာတွေအကုန်စွန့်လွတ်ဘဝကို အသစ်ပြန်စဖူးတယ်။အရာရာထားခဲ့ပြီး နိုင်ငံခြားကို အပြီးဒိုးဖို့လဲအကြိမ်ကြိမ်စဉ်းစားခဲ့ဖူးတယ်။ ဘဝမှာ ကိုယ့်ကိုအရမ်းချစ်တဲ့သူတွေ့ဖူးသလိုကိုယ်အချစ်ဆုံးသူလဲကြုံဖူးတယ်။ကိုယ့်ကိုချစ်သလိုလိုနဲ့အမြတ်ထုတ်ဖို့ပဲသိတဲ့သူနဲ့လဲကြုံဖူးတယ်။ တဖြည်းဖြည်းနားလည်လာတာအဆင်ပြေရင် ရှေ့ဆက်။အဆင်မပြေရင် ၇ ကြိမ်အတ္တတွေဘေးဖယ်ပြီးပြင်ကြည့်။မရရင် ထားခဲ့လိုက်တော့။ ဘူကောင်တွေကိုထားခဲ့ပြီးကတည်းကအခုတော့ ဘဝကြီးက ပိုပိုမိုက်လာတယ်။ Phyo Paing @ Derek

ဘူကောင်တွေကိုထားခဲ့ပြီးကတည်းက အခုတော့ ဘဝကြီးက ပိုပိုမိုက်လာတယ်။ Read More »

ပုံကို ပြင်ဖို့
ပုံပြင်လိုတယ်။

ချမ်းသာတဲ့သူတွေ ပိုချမ်းသာတယ်။ တော်တဲ့သူတွေပိုတော်တယ်။ပျော်တဲ့သူတွေပိုပျော်တယ်ဆိုတာခေါင်းထဲမှာလည်ပတ်နေတဲ့ အတွေးစနစ်ကောင်းလို့။ ခေါင်းထဲထည့်ထားတဲ့ ပရိုဂရမ်တွေအရေးကြီးတယ်။အချိန်နဲ့အမျှ အတွေးတွေက ခေါင်းထဲဒရစက်ဝင်နေတယ်။ တစ်ရက်လူတစ်ယောက်ကအတွေးပေါင်း၁၂၀၀၀ ကနေ ၆၀၀၀၀ လောက်ထိတွေးကြတယ်တဲ့။ဒီအတွေးတွေကို လည်ပတ်စေတဲ့စနစ်ကိုသေချာ မတည်ဆောက်ထားရင်ဘဝက တိုင်ပတ်မှုအပေါင်းသရဖူဆောင်းသွားလိမ့်မယ်။ ဒီအတွေးတွေကိုပြောင်းဖို့ကိုယ့်ကိုကိုယ် ပြောနေတဲ့ပုံပြင်တွေကိုပြောင်းဖို့လိုတယ်။ ပုံကို ပြင်ဖို့ပုံပြင်လိုတယ်။ Phyo Paing @ Derek

ပုံကို ပြင်ဖို့
ပုံပြင်လိုတယ်။
Read More »

အရာရာပိုကောင်းဖို့ ဖြစ်လာတာလို့ထင်တာပဲ။

ဘဝမှာ လူတွေကို အလကားတွေ့တာတော့မဟုတ်ဘူးလို့ခံယူထားတယ်။အရာရာပိုကောင်းဖို့ ဖြစ်လာတာလို့ထင်တာပဲ။ Phyo Paing @ Derek

အရာရာပိုကောင်းဖို့ ဖြစ်လာတာလို့ထင်တာပဲ။ Read More »