Dr. Phyo Paing

https://yec.company

လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးဆိုတာ
လူတစ်ယောက်ရဲ့ မှတ်ဥာဏ်ပဲ။

အတိတ်မေ့ amnesia ဖြစ်သွားခဲ့ရင် သူ့ရဲ့အမူအကျင့်တွေ ပုံစံပြောင်းသွားနိုင်တယ်။ လောကကိုမြင်တဲ့ အထင်အမြင်ပေါင်းသင်းဆက်ဆံတဲ့ပုံစံပြုမူတဲ့ပုံစံတွေ အကုန်ပြောင်းသွားနိုင်တယ်။ ကျွန်တော့်ဘဝမှာ ကိုယ့်ကိုကိုယ် ၂ ခါ ကိုယ်ရည်ကိုယ်သွေးပြောင်းဖူးတယ်။ တက္ကသိုလ်တက်ကတည်းက သိတဲ့သူငယ်ချင်းတွေဆိုရင် ၂၀၁၅ မှာတစ်ခါကိုယ်ရည်ကိုယ်သွေးအကြီးအကျယ်ပြောင်းလဲခဲ့တာတွေ့ရလိမ့်မယ်။ ဒုတိယတစ်ကြိမ်က ၂၀၂၁ အောက်တိုဘာလမှာစပြီး ကိုယ်ရည်ကိုယ်သွေးအသစ်ပြန်ဒီဇိုင်းလုပ်ခဲ့တယ်။ ဒီလို ကိုယ်ရည်ကိုယ်သွေးအသစ်ပြန်ဒီဇိုင်းလုပ်ဖို့ ကိုယ်ဘယ်သူလဲဆိုတဲ့ identityနောက်လောကကိုမြင်တဲ့အမြင် perception အယူအဆအတွေးအခေါ် philsophyယုံကြည်မှု belief တွေအပြောင်းအလဲအများကြီးလုပ်ရတယ်။ အရေးအကြီးဆုံးအချက်ကကိုယ့်ရဲ့ အတိတ်ကမှတ်မိနေတဲ့ခံစားချက်နဲ့အတွေးအခေါ်တွေကိုမေ့ရတယ်။ ဥပမာ အားနာတတ်တဲ့ ခံစားချက်ကိုမေ့အောင်လုပ်ရတယ်။ကိုယ့်ကိုကိုယ် ဒုက္ခရောက်ခံပြီး သူများကို သနားတတ်တဲ့ခံစားချက်ကိုမေ့အောင်လုပ်ရတယ်။ နောက်ခံစားချက်အသစ်တွေဖြစ်တဲ့တုံးတိုက်တိုက်ကျားကိုက်ကိုက်လုပ်တာ၊ပြတ်သားကြမ်းတမ်းတဲ့ခံစားချက်၊ စမ်းသပ်မှုတွေလုပ်ပြီးရင်ခုန်တဲ့ခံစားချက်ပြန်ထည့်တယ်။ Breaking the habits of being yourself ကို 2013 မှာဖတ်ပြီး စမ်းသပ်မှုတွေပြုလုပ်ခဲ့တယ်။ Identity by Design သင်တန်းကို 2018 […]

လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးဆိုတာ
လူတစ်ယောက်ရဲ့ မှတ်ဥာဏ်ပဲ။
Read More »

အရာရာဟာ တစ်ခုခုပိုကောင်းတာ
လုပ်ဖို့ ဖြစ်လာတာပါ။

အဲ့လိုစဥ်းစားကြည့်တဲ့အခါ တိုက်ဆိုင်တဲ့ အဖြစ်အပျက်တိုင်းကိုအကောင်းမြင်စိတ်နဲ့ ကျော်လွှားလာနိုင်တယ်။ ဒါကြောင့် ကောင်းတာဖြစ်ဖြစ်၊ ဆိုးတာဖြစ်ဖြစ် တစ်ခုခုဖြစ်လာရင်ငါ့ကို ဘာလုပ်စေချင်လို့ ဒီဖြစ်ရပ် ဖြစ်လာတာလဲလို့ ပြန်မေးပြီးလုပ်သာလုပ်ချလိုက်။ Phyo Paing @ Derek

အရာရာဟာ တစ်ခုခုပိုကောင်းတာ
လုပ်ဖို့ ဖြစ်လာတာပါ။
Read More »

အချိန်ရဲ့ကန့်သတ်မှုကို ကျော်လွန်ပြီး
စဥ်းစားကြည့်ဖို့လိုတယ်။

လူတွေမမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲဖို့အတွက် အကန့်အသတ်သုံးခုရှိတယ်။ ၁။ ပတ်ဝန်းကျင်၂။ ခန္ဓာကိုယ်၃။ အချိန် ၁။ ပတ်ဝန်းကျင် ကျွန်တော်၊ ကျွန်မက အင်္ဂလိပ်လိုကောင်းကောင်းမသင်ခဲ့ရလို့ အားနည်းတယ်ရှင့်။ ဒီလိုနိုင်ငံမှာနေတာ ဘာများဖြစ်နိုင်မှာလဲ။သားကြီး ဒီနိုင်ငံနေပြီးဘာများဖြစ်ဖို့ မျှော်လင့်နေမှာလဲ။ ဒီကောင်တွေ ဒီလိုတက်တာ နိုင်ငံခြားမှာ ကျောင်းတက်ခဲ့လို့ဟ။ ဒါတွေက ကိုယ့်အတွေးအခေါ်က ပတ်ဝန်းကျင်ထက်မကြီးသေးလို့။ 1999 တုန်းက တိုက်ခန်းအစုတ်လေးမှာ သူ့ဝန်ထမ်းဆယ်ယောက်ကျော်ကို ကုတ်အင်္ကျီကြီးဝတ်ပြီး ငါတို့ တရုတ်တွေရဲ့ ဦးနှောက်ကအမေရိကန်တွေထက်ပိုကောင်းတယ်။Ebay ပြီးရင် Yahoo သူပြီးရင်Google ဒါပြီးရင် Alibaba မဖြစ်နိုင်ဘူးမပြောနိုင်ဘူးဆိုပြီးဝန်ထမ်းတွေကို လစာပေးတာတောင်ငတ်တလှည်ပြတ်တလှည့်အချိန်မှာဂျက်မာ တရုတ်လိုပြောထားတဲ့ ဗီဒီယိုကြည့်ရင် ဒီတရုတ်ဗေလုဝက အဲ့အချိန် တရုတ်လိုအစုပ်အပြတ်နိုင်ငံလေးကနေသူ့ပတ်ဝန်းကျင်ထက်အများကြီးကြီးအောင်တွေးနိုင်တာကိုတွေ့လိမ့်မယ်။ သူများတော့မသိဘူး။ ကိုယ်တော့ အဲ့ဒါကြည့်ပြီး ကြက်သီးတောင်ထတယ်။ 2014 IPO လုပ်တော့ ယူအက်သမိုင်းမှာ အကြီးဆုံး IPO ဖြစ်ခဲ့တယ်။ နောက်တစ်ယောက်က

အချိန်ရဲ့ကန့်သတ်မှုကို ကျော်လွန်ပြီး
စဥ်းစားကြည့်ဖို့လိုတယ်။
Read More »

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်း တည်ဆောက်ပါ။

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်း တည်ဆောက်ပါ။ ကိုယ်မပါပဲလည်ပတ်တဲ့လုပ်ငန်းဆိုတာ ၁။ ကိုယ့်အနေနဲ့ နေ့စဥ် လုပ်ငန်းလည်ပတ်မှုမှာ ပါဝင်စရာမလိုတော့တာ၂။ လုပ်ငန်းကို တစ်ဆိုင်ပြီးတစ်ဆိုင် ချဲ့ထွင်လို့ရတာ၃။ ပုံမှန်လည်ပတ်ပြီး ဝင်ငွေရနေတာ မျိုးကို ခေါ်တာဖြစ်ပါတယ်။ ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတည်ဆောက်ဖို့၁။ လုပ်ငန်းဒီဇိုင်းလုပ်တဲ့ပုံစံ၂။ လုပ်ငန်းလည်ပတ်မှုစနစ် ၃။ ဝန်ထမ်းကောင်းတွေကို ရှာဖွေ၊ ထိန်းသိမ်းမှုစနစ်၄။ စျေးကွက်ရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုအသစ်ဖန်တီးမှုစနစ်များလိုအပ်ပါတယ်။ လုပ်ငန်းဒီဇိုင်းပုံစံ လုပ်ငန်းဒီဇိုင်းပုံစံ စဥ်းစားတဲ့အခါ ကိုယ့်လုပ်ငန်းလည်ပတ်မည့် သဘောတရားကို စဥ်းစားကြည့်ဖို့လိုပါတယ်။ ကိုယ့်ရဲ့အားသာချက်ပေါ်အခြေတည်တာမျိုးဖြစ်ရင်ပိုကောင်းပါတယ်။ လုပ်ငန်းကို ဒီဇိုင်းလုပ်တဲ့အခါ ၁။ လုပ်ငန်းအတွက် အတွေးအခေါ်၊ ၂။ စီးပွားရေးမော်ဒယ် Business Model နဲ့ ၃။ အိုင်ဒီယာကိုဖြစ်နိုင်မဖြစ်နိုင် စမ်းသပ်မှု (idea validation) လိုပါတယ်။ ၁။ လုပ်ငန်းအတွက် အတွေးအခေါ် ကိုယ့်ရဲ့

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်း တည်ဆောက်ပါ။ Read More »

စီမံခန့်ခွဲမှုလုပ်တဲ့ ရည်ရွယ်ချက်ကနှစ်ခုပဲ။

စီမံခန့်ခွဲမှုလုပ်တဲ့ ရည်ရွယ်ချက်ကနှစ်ခုပဲ။ ၁။ ရလဒ်ရဖို့ Result၂။ ရှိတဲ့လူတွေ ထိန်းထားဖို့ Retain ဒီနှစ်ခုလုပ်ဖို့ အမူအကျင့်လေးခုလိုတယ်။ ၁။ ကိုယ်စီမံခန့်ခွဲမည့်လူတွေအကြောင်းသိဖို့လိုတယ် Know၂။ စွမ်းဆောင်ရည်အတွက် မှတ်ချက်ပေးဖို့လိုတယ် Feedback၃။ ကိုယ်တိုင်လုပ်ချင်စိတ်ကို ဖျောက် လက်လွဲဖို့လိုတယ် Delegate၄။ လုပ်ဆောင်နိုင်စွမ်းပိုလာအောင် လုပ်ဆောင်ပေးဖို့လိုတယ် Coaching လူတွေက စီမံခန့်ခွဲမှုလုပ်ကြပေမယ့်စီမံခန့်ခွဲမှု စာအုပ်တွေမဖတ်ကြတာ မထူးဆန်းဘူးလား စဥ်းစားကြည့်။ ကိုယ်မသိတဲ့နေရာမှာ ကိုယ်သွားချင်တဲ့နေရာရောက်ဖို့ Google Map မကြည့်ရင် ကိုယ့်အတွေ့အကြုံ၊ အထင်အမြင်နဲ့ တွေ့ကရာလမ်းသွားနေရာ အချိန်ကြာ၊ လူပင်ပန်းတာပေါ့။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

စီမံခန့်ခွဲမှုလုပ်တဲ့ ရည်ရွယ်ချက်ကနှစ်ခုပဲ။ Read More »

အတွေးအခေါ် ဘေးချော်ရင်
အရေးပေါ်ပြင်ဖို့လိုတယ်။

လူဖြစ်ရတာ လွယ်တော့မလွယ်ဘူး။ကိုယ့်ခေါင်းထဲမှာ ပုံရိပ်တွေတစ်ခုပြီးတစ်ခုပေါ်နေတယ်။နားထဲတစ်ခုပြီးတစ်ခုကြားနေတယ်။ ကိုယ့်ကိုကိုယ် စကားပြောနေတတ်တယ်။ ဒီပုံတွေ၊ အသံတွေက ကောင်းရင်ကိုယ့်ဘဝကလဲ ကောင်းသွားတယ်။ ဒီပုံတွေ၊ အသံတွေက ဘေးဖြစ်စေခဲ့မယ်ဆိုရင်ကိုယ့်ဘဝလဲ တိုင်ပတ်သွားမယ်။ခေါင်းထဲထည့်တဲ့ အတွေးအခေါ်တွေတော်တော် အရေးကြီးတယ်။ အတွေးအခေါ် ဘေးချော်ရင်အရေးပေါ်ပြင်ဖို့လိုတယ်။ Phyo Paing @ Derek

အတွေးအခေါ် ဘေးချော်ရင်
အရေးပေါ်ပြင်ဖို့လိုတယ်။
Read More »

ငွေရှာဖို့ Marketing နဲ့ Management
အရေးကြီးတယ်

သိန်းတစ်ထောင်ကို နှစ်ထောင်တစ်သောင်းကို နှစ်သောင်းပွားနိုင်ပြီးမြန်မြန်ပွားနိုင်တဲ့ ကျွမ်းကျင်မှုရှိလေလေပိုကောင်းလေလေပဲ။ ဒီလိုလုပ်ဖို့ တခြားသူတွေရဲ့အချိန်နဲ့ ကျွမ်းကျင်မှုကို အသုံးချနိုင်ဖို့လိုတယ်။ ဒီအဆင့်ကျွမ်းကျင်သွားရင်တခြားသူတွေရဲ့ ငွေကိုပါပွားပေးပြီးရာခိုင်နှုန်းယူလို့ရပြီ။ ဒါကြောင့် Other People’s Time, Other People’s Experience,Other People’s Money ကို အသုံးချနိုင်ဖို့ စီမံခန့်ခွဲမှုတို့၊မားကတ်တင်းတို့၊ မဟာဗျူဟာတို့လေ့လာခဲ့တာပဲ။ ခုထိသင်ယူနေတုန်း။ စီမံခန့်ခွဲမှုဆိုတာ ဒိုရေမီဖာလိုပဲ။ အခြေခံကျတဲ့ သင်ခန်းစာသင်ပြီးစီမံခန့်ခွဲတဲ့ စွမ်းရည်ကတော့ ကိုယ်နဲ့ပဲ ဆိုင်တယ်။ တရုတ်နယ်မြို့လေးက supermarket လည်ပတ်ပုံကြည့်လိမ့်ရင်ဒီကောင်တွေရဲ့ စွမ်းဆောင်ရည်ဘယ်လောက်တိုးတက်လာလဲတွေ့လိမ့်မယ်။ အလောင်းအစားလုပ်တာတောင်ဒိုင်ပဲနောက်ဆုံးနိုင်တာဒါကလဲ စီမံခန့်ခွဲမှုနဲ့ statistics ပဲ။ ငွေရှာဖို့ Marketing နဲ့ Management အရေးကြီးတယ် အားတီ၊ အားမေတို့။ Phyo Paing @ Derek

ငွေရှာဖို့ Marketing နဲ့ Management
အရေးကြီးတယ်
Read More »

ကိုယ့်ကိုကိုယ် လူကောင်းလို့
ဘယ်တုန်းကမှ မထင်ဘူး။

ကိုယ်နဲ့သိတဲ့လူတွေကတော့ကိုယ့်ကြောင့် အကျိုးမယုတ်စေရဘူးဆိုတဲ့ ယုံကြည်မှုကတော့ ငယ်ငယ်ကတည်းက ရှိတယ်။ ကိုယ်ဖန်တီးထားတဲ့အရာတွေကကိုယ်သေသွားလဲ ဆက်ရှိနေရမယ်။ ပီမိုးနင်းတို့၊ ဆရာကြီးရွှေဥဒေါင်းတို့၊ Jim Rohn တို့တွေကြည့်ကြည့်ဘယ်လောက်မိုက်လဲ။ သေသွားလဲ သူတို့အတွေးအခေါ်တွေရှင်ကျန်နေတယ်။ ကိုယ်တိုင်ကလဲ စက်ရုပ်တစ်ခုပဲ။ ကိုယ့်ကိုကိုယ် program လုပ်နေရတယ်။ ကိုယ့်ရဲ့ ပုံပန်းသွင်ပြင်၊ အမူအကျင့်တွေက ခေါင်းထဲထည့်တဲ့ အတွေးတွေကဖြစ်လာတာဖြစ်တဲ့အတွက် အတွေးတွေက ရေရေလည်လည် အရေးကြီးတယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် လူကောင်းလို့
ဘယ်တုန်းကမှ မထင်ဘူး။
Read More »

လူတွေကို စာနာတတ်ဖို့ အရေးကြီးတယ်။

လူတွေအကြောင်းပိုသိလာလေလေလူတွေကို ပိုစာနာတတ်လာလေလေ။ လူတိုင်းက ငယ်ဘဝနာကြင်မှုတွေနဲ့ကြီးပျင်းလာကြတာ။ဒါကို သတိမထားမိတော့ အသက်ကြီးလာတော့လဲ တိုင်ပတ်ကြတယ်။ ဒါကြောင့် NLP မှာ timeline therapy ဆိုတာရှိတယ်။ငယ်ဘဝ သို့ ပထမမှတ်ဥာဏ် SEE လို့ခေါ်တဲ့ Significant emotional event ကို သွားပြင်တာ။ လူတွေကို စာနာတတ်ဖို့ အရေးကြီးတယ်။ Phyo Paing @ Derek

လူတွေကို စာနာတတ်ဖို့ အရေးကြီးတယ်။ Read More »

Marketing ပြီးရင်
ဆရာကျရမည့်အရာက Management

ကိုယ်ပေးချင်တဲ့ message ကို လူသန်းချီတွေ့အောင်လုပ်နိုင်တာ၊ကိုယ်လိုချင်တဲ့ရလဒ်ရအောင်လူထောင်၊ သောင်းချီကို အုပ်ချုပ်နိုင်တာဒါက ပါဝါတစ်ခုပဲ။ ဒါကို leverage လို့ခေါ်တယ်။ ဘယ်လောက်တော်တဲ့သူတစ်ယောက်ဖြစ်ဖြစ်တစ်ယောက်အားနဲ့ ပိရမစ်ကို မတည်ဆောက်နိုင်ဘူး။ ကြီးမားတဲ့ project တစ်ခုလုပ်ဖို့ လူတွေကို စီမံခန့်ခွဲနိုင်ဖို့လိုတယ်။ ဒါကြောင့် marketing ပြီးရင်ဆရာကျရမည့်အရာက management လို့ထင်တယ်။ Phyo Paing @ Derek

Marketing ပြီးရင်
ဆရာကျရမည့်အရာက Management
Read More »