ဒီနေ့ဆို Jan 2023 ကုန်ပြီ
ဒီနေ့ဆို Jan 2023 ကုန်ပြီ။တစ်လ၊ တစ်လဆိုတာ ကုန်တာအရမ်းမြန်တယ်။ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊အလုပ်အကိုင်၊ အချစ်ရေးဘာတွေများ တိုးတက်လာလဲ? တချို့တွေ အသက် ၆၀ ဆိုအိုနာကျိုးကန်းဖြစ်နေပြီးတချို့တွေ အသက် ၆၀၊ ၇၀ ဆိုမိုက်နေတုန်း။ တကယ်လို့ အက်စီးဒန့်ကြောင့်မဟုတ်ရင်အသက် ၁၀၀ ကျော်ထိနေချင်တယ်။ကမ္ဘာပေါ်မှာ လူတွေကိုအများဆုံးသေစေတာနှလုံးရောဂါ၊ အဆုပ်ရောဂါ၊ကင်ဆာ၊ လေဖြတ်တာ၊ ဦးနှောက်သွေးကြောပေါက်တာ၊အူမကြီးရောဂါ၊ ဆီးချို၊ သူငယ်ပြန်တာ၊တုတ်ကွေး၊ ကျောက်ကပ်နဲ့စိတ်ကျရောဂါ။ အများစုက ဘဝနေထိုင်မှုပုံစံပြောင်းရင်ကာကွယ်လို့ရတယ်။ဆေးလိပ်မသောက်နဲ့။အရက်မသောက်နဲ့။ဝိုင်အနီကို တစ်ရက် ၅ အောင်စ၊နှစ်ခွက်ထက်ပိုမသောက်နဲ့ (အမျိုးသား)အမျိုးသမီးဆို တစ်ခွက်။အသားမှာ endotoxin ပါလို့ယောင်ရမ်းစေတဲ့အတွက် လျော့စား။ပိုးသတ်ဆေးတွေရှောင်။Salmon စားတာ ကျန်းမာတယ်ဆိုပြီးမွေးထားတဲ့ farmed salmon လား၊Wild salmon လားမသိစားကြတယ်။မွေးထားတဲ့ farmed Salmon မှာပိုးသတ်ဆေး ဆယ်ဆပိုများတဲ့အတွက်ကင်ဆာဖြစ်စေနိုင်တယ်တဲ့။အသီးအရွက်များများစား။လေ့ကျင့်ခန်းလုပ်။စိတ်ထားတတ်အောင်နေ။ ဘဝအဓိပ္ပာယ်ကိုရှေ့တန်းမှာထား။ဒါက ငွေရေး၊ ကြေးရေးတစ်ခုတည်းအတွက်အများကြီးအရေးကြီးတယ်။အသက်ရှည်ချင်ရင်စိတ်ရှည်ဖို့လိုတယ်။သည်းခံဖို့လိုတယ်။လူကြောနပ်ဖို့လိုတယ်။စောက်ပြဿနာတွေကို ငြီးဖို့ထက်ဖြေရှင်းတတ်ဖို့လိုတယ်။ Phyo
