Dr. Phyo Paing

https://yec.company

တစ်ရက်တစ််ရက် တိုက်ပွဲဝင်နေရတယ်။

ကိုယ်နှလုံးသားထဲက ဖြစ်ချင်တဲ့စိတ်ကူးတွေကို သွေဖယ်သွားစေမည့်အတွေးအခေါ် အယူအဆတွေ၊ခန္ဓာကိုယ် စေ့ဆော်မှု၊စိတ်ခံစားချက်တွေ၊ပတ်ဝန်းကျင် ပြင်ပ ပယောကတွေ၊ကိုယ်နဲ့အနီးစပ်ဆုံးလူတွေနဲ့ထိတွေ့ဆက်ဆံမှုတိုင်းကဘဝရဲ့ တိုက်ပွဲဖြစ်တယ်။ ပထမဆုံးက ကိုယ့်ရဲ့အတွေးအခေါ်ကိုကိုယ်အနိုင်ယူဖို့ တိုက်ယူရတယ်။​ဒုတိယ ကိုယ့်ရဲ့ စိတ်ခံစားချက်ကိုကိုယ်လိုချင်သလို ပုံသွင်းနိုင်ဖို့၊တတိယက ကိုယ့်အပြုအမူကိုကိုယ်လိုချင်သလို ပုံသွင်းနိုင်ဖို့နေ့စဥ် လေ့ကျင့်ယူနေရတယ်။ ဒါမှ ပြင်ပ လွမ်းမိုးမှုတွေကိုတွန်းလှန်နိုင်မှာ။ ကျွန်တော်တို့ရဲ့ အတွင်းပိုင်းtraining အားနည်းရင်အပြင်က ကိုယ်မစားသင့်တဲ့အစားအစာတွေကို စားမိမယ်။မပေါင်းသင့်တဲ့ သူတွေနဲ့ပေါင်းမိမယ်။မလုပ်သင့်တာတွေကို တဒင်္ဂစိတ်ခံစားမှုကြောင့် လုပ်မိမယ်။ ဘဝရဲ့ တိုက်ပွဲမှာ အနိုင်ရဖို့ကိုယ့်ကိုကိုယ် နေ့စဥ် trainနေဖို့လိုတယ်။ Phyo Paing @ Derek

တစ်ရက်တစ််ရက် တိုက်ပွဲဝင်နေရတယ်။ Read More »

အရင်နှစ် March လောက်က

စာအုပ်စဖတ်တဲ့ Day 251 မှာ ပြင်ဦးလွင်က မန္တလေးအဆင်း ည ကိုးနာရီမှာcar accident ဖြစ်တယ်။ ကားပက်လက်လှန်မှောက်သွားသလို အရှေ့မှန်ကအစ ကွဲပြီး လက်မှာပုလင်းကွဲတွေ ရှပြီး ကားထဲက မနည်းထွက်လာရတယ်။နောက် ရဲတွေဘာတွေနဲ့ ငြိပြီး အနီးနားက Eighteen Restaurant and Hotel မှာတည်းလိုက်တယ်။ နောက်တစ်ရက် Day 252 မှာ Unthetered Soul ဆိုတဲ့ Spiritual နဲ့ ဆိုင်တဲ့ စာအုပ်ကို ဖတ်ပြီး video ရိုက်တဲ့ ဖြစ်စဥ်ပြန်လုပ်ရတယ်။ ပုံမှန် stress များတဲ့ ကိစ္စတွေကြုံပြီးရင်Post-traumatic stress disorder (PTSD) ဆိုတာကြုံရတတ်တယ်။ ဒါကို ဖယ်ရှားဖို့ Clearing ဆိုတဲ့ ဖြစ်စဥ်လုပ်ရတယ်။ ဒီလို stress

အရင်နှစ် March လောက်က Read More »

ကျွန်တော် perfect မဖြစ်ဘူး။
တစ်သက်လုံးလဲ ဖြစ်မှာမဟုတ်ဘူး။

Perfectionism ဆိုတာ အင်မတန်toxic ဖြစ်တဲ့ စကားလုံးပဲ။ ကျွန်တော်တို့ culture က ဒီ အယူအဆကို ဆုပ်ကိုင်ထားတယ်။ Perfect ဖြစ်နေတယ်ဆိုတဲ့သဘောကတိုးတက်စရာမရှိတော့တဲ့သဘော။ ဒါပေမယ့် လူတွေသတ်မှတ်ထားတဲ့ပြီးပြည့်စုံတယ်ဆိုတဲ့ စံနှုန်းကအမြဲအပြောင်းအလဲဖြစ်နေတယ်။ Perfect ထက် အရေးကြီးတဲ့စကားလုံးကProgress ပဲ။ တိုးတက်နေဖို့လိုတယ်။ လူတွေက perfect တော့ဖြစ်စေချင်တယ်။တိုးတက်မှု progress လုပ်နေချိန်မှာတော့အရိုးများတယ်၊ ချီးခါးတယ်နဲ့ဝေဖန်ချင်ကြတယ်။ ကျွန်တော့်အယူအဆကတော့ရှင်းတယ်။တခြားသူတွေ ဘယ်နေရာရောက်နေနေအရေးမကြီးဘူး။ အရေးကြီးတာ ကိုယ့်ရဲ့အကောင်းဆုံးversion ဖြစ်ဖို့ နေ့တိုင်း တိုးတက်အောင်တည်ဆောက်နေဖို့ပဲ။ Insider Note Video စလုပ်တုန်းက စကားပြောတာမြန်တယ်။ နားထောင်ရတာတောင်မောတယ်။Video အခု ၁၀၀ ရက်တစ်ရာရောက်တဲ့အထိ ဝေဖန်တဲ့သူရှိတာပဲ။ ဒီနေ့လို 465 ရက်ရောက်တော့ကော်?ဘယ်လိုနေလဲ?Speed, Quality တိုးတက်လာမှာပဲ။ လူရှေ့သူရှေ့စကားပြောတဲ့အချိန်သောက်တလွဲဖြစ်မှာပဲ။ လူတွေကို ပထမဆုံးစီမံခန့်ခွဲတဲ့အချိန်သောက်တလွဲဖြစ်တာမဆန်းဘူး။ ရင်းနှီးမြုပ်နှံမှုတွေ ပထမဆုံးလုပ်တဲ့အချိန်သောက်တလွဲဖြစ်တာ မဆန်းဘူး။

ကျွန်တော် perfect မဖြစ်ဘူး။
တစ်သက်လုံးလဲ ဖြစ်မှာမဟုတ်ဘူး။
Read More »

ဒါကတော့ subjective experience ပေါ့

လူတွေမှာ energy တွေရှိတယ်။ဒါကို ဖုန်းရွှေနဲ့ ရှေးတရုတ်တွေကframework တွေထုတ်ကြသလို၊မြန်မာမှာဆို ဓမ္မ၊သောက၊အင်း၀၊ရာဇာဒီလို အယူအဆမျိုးရှိကြတယ်။ ဒါဟာ လူတွေရဲ့ pattern-makingသဘောတရားကြောင့်Thinking fast and slow ရေးတဲ့စာရေးဆရာ Daniel Kahneman ပြောတဲ့System I အလုပ်လုပ်တာကြောင့်လဲဖြစ်နိုင်တယ်။ ကျွန်တော်ကတော့ ဒီ pattern ကိုတဖြည်းဖြည်းနားလည်လာတယ်။တချို့လူတွေနဲ့ တွေ့တဲ့အခါလောဘကြီးလာတတ်တယ်။တချို့လူတွေနဲ့တွေ့တဲ့အခါစိတ်ငြိမ်းချမ်းတာမျိုးဖြစ်တယ်။တချို့လူတွေနဲ့တွေ့တဲ့အခါလွတ်လပ်ပြီး တီထွင်ဆန်းသစ်မှုရှိလာတာမျိုးဖြစ်တယ်။ ဘဝမှာ ကြုံဆုံတဲ့သူတိုင်းနဲ့စကားပြောပြီးတဲ့အခါတိုင်းခံစားရတဲ့ energy နဲ့ကိုယ့်ကိုဖြစ်ပေါ်စေတဲ့အတွေးရသွားတဲ့ ရလဒ်နဲ့ ဒါတွေကိုအမြဲ မှတ်ထားတယ်။ အိုင်ဒီယာအသစ်တွေလိုနေရင်ဘယ်သူနဲ့ စကားပြောဖို့လိုတယ်၊လောဘကြီးချင်ရင်ဘယ်သူနဲ့ ဆက်သွယ်ဖို့လိုတယ်။ ဘယ်သူ့ကိုတော့ ဘယ်အချိိန်မှာမှဆက်သွယ်မယ်။ဒီလို သတ်မှတ်ထားတယ်။ ဥပမာ အမေ့ကို ဖုန်းဆက်ရင်အလုပ်တွေ အကုန်ပြီးတဲ့ညနေပိုင်းအချိန်မှာ ဆက်တယ်။အဓိက အကြောင်းအရင်းကအမေရဲ့ personality အရစိုးရိမ်တတ်ပြီး security-oriented ဖြစ်တဲ့energy ဖြစ်တဲ့အတွက်စွမ်းအင်တွေ စုပ်ယူသွားသလိုခံစားရတယ်။သူကတော့ ငါ့သားနဲ့စကားပြောပြီးရင်တက်ကြွလာတယ်တဲ့ 😀 နှစ်ပေါင်းများစွာကြာလာတဲ့အခါကိုယ့်ဘေးနားရှိတဲ့လူတွေရဲ့အားသာချက်နဲ့ energy

ဒါကတော့ subjective experience ပေါ့ Read More »

ရေရှည်ကျန်ဖို့အတွက်

ဘယ်ပယ်နယ်မဆို တစ်ချိန်ကျအလုပ်ဝမ်းစာပြည့်တဲ့သူတွေပဲရေရှည်ကျန်ခဲ့တာပဲ။ လုပ်ငန်းနယ်ပယ်တစ်ခု ကောင်းတုန်းသာအများအပြားဝင်လာတတ်တယ်။ရေရှည်ကျန်ဖို့အတွက်ကိုယ့်ကို ထမင်းကျွေးတဲ့အလုပ်ကိုအလုပ်လို တကယ်လုပ်တတ်ဖို့လိုတာပဲ။ Phyo Paing @ Derek

ရေရှည်ကျန်ဖို့အတွက် Read More »

strategy တစ်ခုအောင်မြင်ရင်

လူတွေရဲ့ ဝင်ငွေက1 သိန်း၊ 2 သိန်း၊ 3 သိန်းအဲ့လိုတိုးတက်နေတာမဟုတ်ဘူး။​အဲ့လိုတိုးတက်တာကသူများအလုပ်လုပ်မှ အဲ့လိုတိုးတက်တာ။ ဝင်ငွေတွေရဲ့ တိုးတက်မှုကရပ်ရင်လဲ ရပ်နေမယ်။strategy တစ်ခုအောင်မြင်ရင်၂ ဆ၊ ၃ ဆ၊ ၄-၅ ဆ ကနေ၁၀ ဆ မကတိုးတက်သွားလိမ့်မယ်။ ဒီလိုလုပ်ဖို့ တီထွင်ဆန်းသစ်မှုနဲ့ဖောက်သည်ရှိလာဖို့နဲ့အဟောင်းထိန်းသိမ်းဖို့အပြင်မဟာဗျူဟာပြောင်းဖို့လိုကောင်းလိုနိုင်တယ်။ Timing မှန်ဖို့လဲအရေးကြီးတယ်။ဒီလိုမှန်ဖို့စျေးကွက်ကို ကြိုခန့်မှန်းနိုင်တဲ့အရည်အချင်းရှိလာဖို့အချိန်ပေးရတယ်။ Phyo Paing @ Derek

strategy တစ်ခုအောင်မြင်ရင် Read More »

ဘဝမှာ ကိုယ်ဘာဖြစ်ဖြစ်
အရှိကို အရှိအတိုင်းလက်ခံတဲ့သူတွေနဲ့
တွေ့ဆုံရတာ ဘဝရဲ့ ကောင်းချီးပဲ။

မဆင်းရဲဖူးရင်လူတွေအကြောင်းမသိနိုင်ဘူး။မကျဆုံးဖူးရင်လဲ လူတွေရဲ့မျက်နှာဖုံးတွေကို ဖယ်ပြီးမမြင်နိုင်ဘူး။ တချို့လူတွေကသင့်ကိုအရှိကိုအရှိအတိုင်းလက်ခံတယ်။တချို့က အတိတ်ကသင့်ကိုလက်ခံတယ်။တချို့က အနာဂတ်မှာဖြစ်မယ့်သင့်အတွက်စောင့်စားမျှော်လင့်တယ်။ ဘဝမှာ ကိုယ်ဘာဖြစ်ဖြစ်အရှိကို အရှိအတိုင်းလက်ခံတဲ့သူတွေနဲ့တွေ့ဆုံရတာ ဘဝရဲ့ ကောင်းချီးပဲ။ Phyo Paing @ Derek

ဘဝမှာ ကိုယ်ဘာဖြစ်ဖြစ်
အရှိကို အရှိအတိုင်းလက်ခံတဲ့သူတွေနဲ့
တွေ့ဆုံရတာ ဘဝရဲ့ ကောင်းချီးပဲ။
Read More »

အမူအကျင့်တစ်ခုလုပ်တိုင်း

ဒီနေ့ခေတ် ဦးနှောက်နဲ့ပတ်သက်တဲ့သုတေသနတွေ၊ တွေ့ရှိချက်တွေကလူတွေကို ကိုယ်လိုချင်တဲ့ပုံစံဖြစ်အောင်design လုပ်ဖို့ ကူညီပေးတယ်။ ရှေးခေတ်အယူအဆဖြစ်တဲ့gene မျိုးရိုးက ညံ့လို့ကိုယ်ကညံ့တာ၊စာညံ့တဲ့သူက အမြဲညံ့နေမှာဒါမျိုးထက် ဦးနှောက်ဟာပြုပြင်ကြီးထွားတိုးတက်အောင်လုပ်လို့ရပါတယ်။ဒါဟာ Neuroplasticity အယူအဆဖြစ်တယ်။Genetics တို့အရေးကြီးတာမှန်သလိုသူ့လိုပဲ ဦးနှောက်ကို လေ့ကျင့်ပျိုးထောင်လို့ရတယ်ဆိုတဲ့အယူအဆကအရေးကြီးတယ်။ ကိုယ်လိုချင်တဲ့ အမူအကျင့်ကိုလိုချင်သလို ဒီဇိုင်းလုပ်လို့ရတယ်။ကိုယ်ပုံမှန်ခံစားချင်တဲ့ခံစားချက်တွေဖြစ်အောင် သေချာဒီဇိုင်းလုပ်လို့ရတယ်။ လူတွေရဲ့ ဦးနှောက်ဆဲလ်ကိုneuron လို့ခေါ်တယ်။သူ့မှာ ခန္ဓာကိုယ်ပိုင်း axon နဲ့အမြီးပိုင်းတွေမှာ dendrite ဆိုတာရှိတယ်။ဒီ neuron တွေတစ်ခုနဲ့ တစ်ခုဆက်သွယ်ဖို့ကြားမှာ synapse ဆိုတာရှိတယ်။Electrical activity ဖြစ်တိုင်းneurotransmitters တွေထွက်တယ်။အဲ့မှာ dopamine တို့၊ serotonin တို့ပါတယ်။ အမူအကျင့်တစ်ခုလုပ်တိုင်း၊ပညာရပ်တစ်ခုကို လေ့လာတိုင်းdendritic connections ဆိုတာဖြစ်တယ်။ဦးနှောက်ထဲက dendrites တွေဆက်လာတယ်။ဒါကို ဆေးကျောင်းဒုတိယနှစ်physiology ဇီဝကမ္မဗေဒလေ့လာကတည်းကအရမ်းစိတ်ဝင်စားစရာကောင်းတဲ့အပိုင်းဖြစ်တယ်။ Neurons that fire together, wire together တဲ့။အဖြစ်အပျက်တစ်ခုဖြစ်သွားတိုင်းမှာဦနှောက်က

အမူအကျင့်တစ်ခုလုပ်တိုင်း Read More »

ေနာက်တစ်ခုကျ ကျရှုံးမယ်ဆို
မြန်မြန်ကျရှုံး၊ မြန်မြန်ပြန်ထ

ဘယ်အတွေးအခေါ်မှ ကိုယ့်ကိုလာကန့်သတ်လို့မရဘူး။လာကန့်သတ်တဲ့ ယုံကြည်ဆိုအကုန်စွန့်လွတ်လိုက်တယ်။ genghis khan လက်ထက်မတူညီတဲ့ မွန်ဂိုလူမျိုးစုတွေကိုထိန်းချုပ်ချင်တော့ Sherman သုံးတယ်။ လူထုကို လွမ်းမိုးချင်ရင်ဝါဒဖြန့်တာသုံးတယ်။ ကိုယ့်အတွေးအခေါ် ယုံကြည်မှုကိုယ့်ကိုကိုယ် ဒီဇိိုင်းလုပ်တယ်။တချို့စဉ်းမျဉ်းက အသစ်ရေးသင့်ကိုယ့်အတွက် ကိုယ်ရေးရမှာပဲ။ လိုချင်တာ မရရင် အရှုံးလို့တချို့တွေက ထင်တတ်ကြတယ်။လိုချင်တာမရရင်ပိုကောင်းတာရလိမ့်မယ်။ နောက်တစ်ခုကျ ကျရှုံးမယ်ဆိုမြန်မြန်ကျရှုံး၊ မြန်မြန်ပြန်ထ။Fail fast, Fast Forward ပဲ။ Phyo Paing @ Derek

ေနာက်တစ်ခုကျ ကျရှုံးမယ်ဆို
မြန်မြန်ကျရှုံး၊ မြန်မြန်ပြန်ထ
Read More »

ဘယ်အတွေးအခေါ်မှ ကိုယ့်ကို
လာကန့်သတ်လို့မရဘူး။

လာကန့်သတ်တဲ့ ယုံကြည်ဆိုအကုန်စွန့်လွတ်လိုက်တယ်။ genghis khan လက်ထက်မတူညီတဲ့ မွန်ဂိုလူမျိုးစုတွေကိုထိန်းချုပ်ချင်တော့ Sherman သုံးတယ်။ လူထုကို လွမ်းမိုးချင်ရင်ဝါဒဖြန့်တာသုံးတယ်။ ကိုယ့်အတွေးအခေါ် ယုံကြည်မှုကိုယ့်ကိုကိုယ် ဒီဇိိုင်းလုပ်တယ်။တချို့စဉ်းမျဉ်းက အသစ်ရေးသင့်ကိုယ့်အတွက် ကိုယ်ရေးရမှာပဲ။ လိုချင်တာ မရရင် အရှုံးလို့တချို့တွေက ထင်တတ်ကြတယ်။လိုချင်တာမရရင် ပိုကောင်းတာရလိမ့်မယ်။ နောက်တစ်ခုကျ ကျရှုံးမယ်ဆိုမြန်မြန်ကျရှုံး၊ မြန်မြန်ပြန်ထ။Fail fast, Fast Forward ပဲ။ Phyo Paing @ Derek

ဘယ်အတွေးအခေါ်မှ ကိုယ့်ကို
လာကန့်သတ်လို့မရဘူး။
Read More »