Dr. Phyo Paing

https://yec.company

ကိုယ်လိုချင်တာ ရအောင်ရနိုင်တဲ့သူနဲ့
ဘေးထိုင်ဘုပြောတဲ့သူနဲ့ကြားကွာခြားချက် (၉) ချက်

၁။ Energy လူတွေမှာရှိတဲ့ energy မတူကြဘူး။တချို့က ပျင်းရိနေတာပဲ။ စကားပြောလိုက်ရင် လေသံကအစအားမရှိ၊ တက်ကြွမှုမရှိတဲ့လေသံ။ တချို့ energy က အရမ်းမြင့်တယ်။သူအခန်းထဲဝင်လာတာနဲ့ သူ့ energy ကို ခံစားလို့ရတယ်။ ၂။ Habits of Doing more than paid for ယူတာထက်ပိုပေးတာနဲ့ ပေးသလောက်ပဲ လုပ်မယ်နဲ့ ပေးသလောက်ထက် လျော့လုပ်မယ်။ဒီသုံးခုရဲ့ ခံယူချက်ကမတူဘူး။ သူများဆီအလုပ်လုပ်ပြီးဆိုရင်ငါ့ကို ပေးထားတာထက် ဘာများပိုလုပ်ပေးရမလဲဆိုတဲ့ အချက်အမြဲ စဥ်းစားတဲ့သူတွေရှိတယ်။ သူတို့က Family type ဆိုပြီးသူတို့ Family တိုက်ဆောက်ဖို့ ငါ့ကို လိုတာထက် ပိုခိုင်းတယ်လို့စဥြးစားတဲ့သူ။ ဝတ်ကြေတမ်းကြေပဲလုပ်တဲ့သူသူတို့ရဲ့ စဥ်းစားပုံမတူသလို အနာဂတ်လားရာလဲ မတူဘူး။ ၃။ Law of increasing return ကော်ဖီဆိုင်မှာ၊

ကိုယ်လိုချင်တာ ရအောင်ရနိုင်တဲ့သူနဲ့
ဘေးထိုင်ဘုပြောတဲ့သူနဲ့ကြားကွာခြားချက် (၉) ချက်
Read More »

ဒီနေ့လုပ်တဲ့အလုပ်က
မနက်ဖြန်ရဲ့ အချိန်ကိုခြွေတာပေးရမယ်။

ရေပုံးနဲ့ ရေသယ်တာထက်ရေပိုက်သွယ်တာက ရေရှည်အတွက် ပိုကောင်းနိုင်တယ်။ တခြားသူတွေ ပုံးနဲ့ ရေသယ်ပြီးရေအများကြီးရတာ ကောင်းပါတယ်။ဒါပေမယ့် ကိုယ်ကစနစ်ချရေပိုက်သွယ်နေတယ်ဆိုရင်စိတ်ရှည်ဖို့လိုတယ်။ တနေ့ ရေပုံးတွေနဲ့သယ်မှရေရမှာမျိုးမဟုတ်တော့ပဲရေဖွင့်တာနဲ့ ရေလာနေရမယ်။ ဒီအတွက် ဒီနေ့လုပ်တဲ့အလုပ်ကမနက်ဖြန်ရဲ့ အချိန်ကိုခြွေတာပေးရမယ်။ Phyo Paing @ Derek

ဒီနေ့လုပ်တဲ့အလုပ်က
မနက်ဖြန်ရဲ့ အချိန်ကိုခြွေတာပေးရမယ်။
Read More »

ကိုယ့်ရဲ့ မပြီးသေးတဲ့ ပန်းချီကားနဲ့
သူများရဲ့ ပန်းချီကားသွားနှိုင်းမယှဥ်နဲ့။

အလုပ်လုပ်တာ မြန်တာနဲ့ စိတ်ရှည်တာ မတူဘူး။ စိတ်ရှည်တယ်ဆိုတာ အနာဂတ်ရည်မှန်းချက်ပန်းတိုင်အတွက်နေ့စဥ် အလုပ်လုပ် ကိုယ့်ကိုကိုယ် train နေကိုယ့် team ကို စိတ်ရှည်ရှည်နဲ့တည်ဆောက်နေတာ။ထိုင်စောင့်နေတာမဟုတ်ဘူး။ အလုပ်လုပ်တာ မြန်တာက အကောင်အထည်ဖော်တာလုပ်ရပ်တစ်ခုကို မြန်မြန်လုပ်ဆောင်တာဖြစ်တယ်။ လူတွေက စိတ်ရှည်တာ၊ စောင့်ဆိုင်းတာနဲ့အလုပ်လုပ်မြန်တာကို ရောထွေးနေတတ်တယ်။ တခြားသူတွေရဲ့ အခြေအနေနဲ့ကိုယ့်ရဲ့အခြေအနေသွားနှိုင်းမယှဥ်နဲ့။ကိုယ်နှိုင်းယှဥ်တဲ့ လေးထပ်အိမ်က မြင့်ကောင်းမြင့်လိမ့်မယ်။ဒါပေမယ့် ကိုယ်တည်ဆောက်နေတာကမိုးမျှော်တိုက်လဲ ဖြစ်ချင်ဖြစ်မယ်။ခုမှ foundation ချနေတာလဲဖြစ်ရင်ဖြစ်မယ်။ ကိုယ့်ရဲ့ မပြီးသေးတဲ့ ပန်းချီကားနဲ့သူများရဲ့ ပန်းချီကားသွားနှိုင်းမယှဥ်နဲ့။ Phyo Paing @ Derek

ကိုယ့်ရဲ့ မပြီးသေးတဲ့ ပန်းချီကားနဲ့
သူများရဲ့ ပန်းချီကားသွားနှိုင်းမယှဥ်နဲ့။
Read More »

လူအများအလုပ်လုပ်ဖို့ ပြင်ဆင်နေတဲ့အချိန်
ကိုယ့်ရဲ့ အလုပ်စနစ်ကိုစတင်လည်ပတ်နေမယ်

လူအများ အိပ်စက်နေချိန်မှာကိုယ်က နိုးထတရားထိုင်၊ စာဖတ်၊ journal ရေး၊ လေ့ကျင့်ခန်းလုပ်မယ်။ လူအများ အိပ်ရာထဲက ထဖို့ကြိုးစားနေတဲ့အချိန်ကိုယ်က ဘဝရှေ့ရေးအတွက်plan တွေစဥ်းစား ပြင်ဆင်နေမယ်။ လူအများစဥ်းစားချင်တာစဥ်းစားပြီးအတွေးဝင်္ကပါထဲ မှာချာချာလည်နေတဲ့အချိန်ကိုယ့် language skills တွေအတွက်App တွေနဲ့ လေ့ကျင့်နေမယ်။ လူအများအလုပ်လုပ်ဖို့ ပြင်ဆင်နေတဲ့အချိန်ကိုယ့်ရဲ့ အလုပ်စနစ်ကိုစတင်လည်ပတ်နေမယ်။ လူအများစုအနေနဲ့ တခြားသူတွေဘယ်လိုမြင်မလဲစဥ်းစားစိတ်ညစ်နေတဲ့အချိန်ကိုယ့်ရဲ့ သတ်မှတ်ဥပဒေသအတိုင်းဘူကောင်တွေကို ရှောင်မယ်။တစ်မိနစ်ထက်ပို စိတ်ညစ်စေတဲ့အရာမခံစားဘူး။ လူအများစု ဘဝရပ်တည်ရေးအတွက်ငွေကြေးကို ဦးတည်တဲ့အချိန်ကိုယ့်အနေနဲ့ ဘဝမှာကိုယ်ဖန်တီးချင်တဲ့အတ္တနဲ့ ပရအကျိုးသယ်ပိုးဖို့ အဓိပ္ပာယ်ကို အာရုံစိုက်မယ်။ ဒါတွေက ဒီစာကိုဖတ်နေတဲ့သူနဲ့ လူအများစုနဲ့ ကွာခြားချက် ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဘာကြောင့်အလုပ်တွေလုပ်နေရတာလဲ?အကောင်းဆုံးကိုယ့်ကိုကိုယ်ဖန်တီးဖို့ ကိုယ့်မှာ တာဝန်ရှိသလိုသံသရာထဲမှာ တခြားသူတွေကိုအလင်းနဲ့ positive energy ပြန်ပေးဖို့ ကိုယ်က energy sourceဖြစ်နေဖို့ ကိုယ့်ကိုကိုယ် အိုလံပစ် အားကစားသမားများလို train နေဖို့လိုတယ်။

လူအများအလုပ်လုပ်ဖို့ ပြင်ဆင်နေတဲ့အချိန်
ကိုယ့်ရဲ့ အလုပ်စနစ်ကိုစတင်လည်ပတ်နေမယ်
Read More »

လူတိုင်းဟာ ကိုယ်လိုချင်တာမရဘူး
ကိုယ်နဲ့ ထိုက်တန်တာပဲရတယ်

သမ္မတတွေ မဲအနိုင်ရရင်ရက် ၁၀၀ အတွင်းအစွမ်းပြဖို့အရေးကြီးသလိုနှစ်တစ်နှစ်အတွက်လဲပထမ တာတွက်တဲ့တစ်လကအရေးအင်မတန်ကြီးတယ်။ ကိုယ်သတ်မှတ်ထားတဲ့ကျန်းမာရေး၊ ချမ်းသာရေး၊ကျွမ်းကျင်မှု၊ အချစ်မေတ္တာနဲ့ပျော်ရွင်မှုတွေရောက်လာဖို့အမြဲတိုးတက်နေဖို့လိုတယ်။ လူတိုင်းဟာ ကိုယ်လိုချင်တာမရဘူး။ကိုယ်နဲ့ ထိုက်တန်တာပဲရတယ်။ကိုယ်က သံလိုက်လိုပဲ။ကိုယ်လိုချင်တာကို ဆွဲငင်နေတယ်။Million Dollar ရဖို့Millionaire identity ရှိဖို့လိုသလိုလိုအပ်တဲ့ အရည်အချင်းရှိဖို့လိုတယ်။မဟုတ်ရင် ရှာထားသမျှ အကုန်ပြန်ကုန်မှာပဲ။ People don’t attract what they want, butthat which they are တဲ့။ဒါကို ကမ္ဘာကျော် အောင်မြင်မှု classic စာအုပ်ဖြစ်တဲ့As a man thinketh စာအုပ်ရေးတဲ့James Allen က ရေးခဲ့တာ။ ဒီနေ့ ဖတ်တဲ့စာအုပ်ကတော့ပေါ့ပေါ့ပါးပါး The Inexplicable laws ofSuccess ဖြစ်ပြီး စာရေးသူကတော့Virend and Verusha ဖြစ်ပြီးစာရေးဆရာက သူ့နာမည်VERUsha ကို

လူတိုင်းဟာ ကိုယ်လိုချင်တာမရဘူး
ကိုယ်နဲ့ ထိုက်တန်တာပဲရတယ်
Read More »


partner ရဲ့ need ခြောက်ခု

အချစ်ဆိုတာ လိုအပ်မှုတစ်ခုပဲ ၁။ သေချာရေရာမှု ယုံကြည်မှုလိုတယ်Certainty ၂။ မတူညီကွဲပြားမှုလိုတယ်Varietyမတူညီတဲ့နေရာခရီးသွားတာမတူညီတဲ့ အဝတ်အစားပုံမှန်လုပ်နေကျတောထဲကထွက်တာ ၃။ အထင်ကြီးခံရတာ၊မင်းနဲ့အတူနေရင် ဘဝင်လေဟတ်တယ်ဆိုတာSignificance ဖြစ်တာ ၄။ ချစ်ခြင်းမေတ္တာနဲ့ တစ်ယောက်နဲ့တစ်ယောက်chemistry မိတာLove and connection ၅။ နှစ်ဖက်စလုံးတိုးတက်နေတာGrowth ၆။ ကိုယ့်အချစ်ရေး၊ အိမ်ထောင်ရေးမှာပေးဆပ်ပြီး ရင်းနှီးမြုပ်နှံမှုလုပ်တာContributionအချစ်ဆိုတာသွားယူတဲ့နေရာမဟုတ်ဘူး၊သွားပေးဆပ်တဲ့နေရာတဲ့။ ဒါက Tony Robbins ရဲ့6 human needs ကိုအခြေခံပြီးသူ့ရဲ့ ကမ္ဘာကျော် date with destinyprogram ကို design လုပ်ထားတာ။ ၆ ခုစလုံးကို ဖြည့်ဆည်းနိုင်မှawesome relationship ဖြစ်တာ။တချို့တွေအတွက် variety ကထိပ်ဆုံးဖြစ်နေတတ်တယ်။ ကိုယ့်ရဲ့ need ကို မဖြည့်ဆည်းနိုင်ခင်partner ရဲ့ need ခြောက်ခုကိုအရင်ဖြည့်ပြီးကိုယ့်ရဲ့ need လဲပြည့်ဖို့ပြောဖို့လိုတယ်တဲ့။ Phyo


partner ရဲ့ need ခြောက်ခု
Read More »

ကိုယ့်ကိုကိုယ် ဒုက္ခရောက်အောင်လုပ်တာရပ်။

အစားတွေတဖြဲနှစ်ဖြဲစားပြီးမကျန်းမာအောင်လုပ်တာရပ်။အဟာရမရှိတာတွေစားပြီးကိုယ့်ကိုကိုယ်ဒုက္ခပေးတာရပ်။ အပေါင်းအသင်းတွေနဲ့တွေ့ပြီးသဒင်္ဂသာယာမှုအတွက်ကိုယ့်ကိုကိုယ် ရေရှည်မှာဒုက္ခပေးမည့်အရာတွေလုပ်တာရပ်။ အပျင်းထူပြီး မလှုပ်မရှားနေတဲ့အမူအကျင့်ကိုရပ်။ကိုယ့်ကို ထမင်းကျွေးတဲ့အလုပ်ကိုမလေ့လာပဲနေတာရပ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် ဒုက္ခရောက်အောင်လုပ်တာရပ်။ Read More »

၂၀၂၃ မှာ အသုံးချလို့ရနိုင်မည့်
ကိုယ်လိုချင်တာရဖို့ အချက် ၈ ချက်

Intuition ကိုယ့်ရင်ဖက်ထက အသံကို သေချာနားထောင်ကြည့်ပါ။ ရင်ထဲကလာတဲ့ intuition ရဲ့ power ကို လျော့မတွက်ပါနဲ့။ လူတွေက လိုချင်တာရဖို့ အကြီးအကျယ် plan လုပ်တတ်ကြတယ်။ တခါတလေ အကောင်းဆုံးလုပ်ရပ်တွေက သဒင်္ဂစဉ်းစားလိုက်တဲ့ အတွေးတွေပေါ်မူတည်ပြီး ဖြစ်လာတတ်ကြတယ်။ ဒီ အလိုလိုသိစိတ်ရဲ့ စွမ်းအားကို အသုံးပြုနိုင်ဖို့ အရေးကြီးတယ်။ တရားထိုင်တာ၊ ခရီးသွားရင်း၊ ဆိတ်ငြိမ်တဲ့နေရာသွားတာမျိုးမှာ အလိုလိုသိစိတ်ရဲ့စွမ်းအားတိုးတက်လာတတ်လေ့ရှိတယ်။ Natural Inclination ကိုယ့်ဘဝမှာ ကိုယ့်ရဲ့ natural inclination လို့ခေါ်တဲ့ ကိုယ်အားသာတဲ့ အချက်တွေ၊ စိတ်ဝင်စားတဲ့အရာတွေရှိတတ်တယ်။ ဒီ natural or primal inclination ကို အသုံးချနိုင်ဖို့လိုတယ်။​ တချို့ ဘောလုံးပွဲစိတ်ဝင်စားတဲ့သူတွေ သုံးသပ်မှုတွေပြုလုပ်ရင်း အသက်မွေးဝမ်းကြောင်းအလုပ်မှာ အောင်မြင်တာမျိုး။ ကိုယ့်ရူးသွပ်မှုကို အခြေခံပြီး လုပ်ဆောင်တတ်ဖို့အရေးကြီးတယ်။ ဒီစကားလုံးကတော့

၂၀၂၃ မှာ အသုံးချလို့ရနိုင်မည့်
ကိုယ်လိုချင်တာရဖို့ အချက် ၈ ချက်
Read More »

တခြားသူတွေကို ပြင်ဖို့မကြိုးစားပါနဲ့။

တခါတလေ လောကမှာပြင်လို့ရတဲ့အရာတွေရှိသလိုတချို့အရာတွေက ပြင်လို့မရဘူး။ တခါတလေ ကိုယ့်မိဘကို၊​ကိုယ့်သားသမီးကို၊​ကိုယ့်ချစ်တဲ့သူတွေ၊ သမီးရည်းစား၊ပြင်လို့ရတာရှိမယ်။စိတ်ဘယ်လောက်ရှည်ရှည်ပြင်မရတာရှိမယ်။တခါတလေ ပြင်မရတဲ့သူတွေကိုပြင်လို့မရရင် စိတ်ဆင်းရဲခံပြီးပြင်မနေပါနဲ့တော့။ Vicktor Franklr ကတော့လူတွေက ပတ်ဝန်းကျင်ကို ပြောင်းလို့မရတဲ့အခါကိုယ့်ကိုကိုယ် ပြောင်းဖို့ကြိုးစားကြတယ်တဲ့။ ကိုယ့်ကိုကိုယ်ပဲ ပြောင်းဖို့ကြိုးစားကြည့်ပါ။ Phyo Paing @ Derek

တခြားသူတွေကို ပြင်ဖို့မကြိုးစားပါနဲ့။ Read More »

2023 တော့ရောက်လာပြီ။

နောက်လာမည့်နှစ်တွေအတွက်လူသားတွေမမြင်နိုင်တဲ့စွမ်းအင်တွေကို အသုံးပြုနိုင်ဖို့ကိုယ့်မှာ Vision Board တွေ၊Vision Statement တွေဖန်တီးပြီးပြီလား။ ကိုယ့်အနာဂတ်အမြင်တွေအကောင်အထည်မြန်မြန်ပေါ်ဖို့Vision Board ထားလေ့ရှိကြတယ်။ Vision Board ဆိုတာ ကိုယ်အနာဂတ်ငါးနှစ်၊ ဆယ်နှစ်၊ နှစ်နှစ်ဆယ်မှာဖြစ်ချင်တဲ့ အနာဂတ်ပုံရိပ်တွေကိုပုံဖော်ထားတာဖြစ်တယ်။ ပုံဆွဲလို့ရသလို၊ ငယ်ငယ်ကဆိုဂျာနယ်နဲ့ မဂ္ဂဇင်းမှာပါတဲ့ပုံတွေကိုဖြတ်ညပ်ကပ်လုပ်ပြီး နံရံမှာကပ်ထားလေ့ရှိတယ်။ဒီနေ့ခေတ်မှာတော့ Gigantic board ဖြစ်တဲ့တကယ့် Note တွေ၊ ဓာတ်ပုံတွေအများကြီးစုထားလို့ရတဲ့ tools တွေသုံးလို့ရတယ်။ဥပမာ Milanote တို့၊ Miro တို့၊ Canva တို့မှာကိုယ်အနာဂတ်မှာဖြစ်ချင်တဲ့ ပုံစံကိုဓာတ်ပုံတွေ အင်တာနက်မှာရှာအဲ့မှာဖြည့်ထားလို့ရတယ်။Pinterest လဲအသုံးပြုလို့ရတယ်။ အဲ့ဒီလို Vision Board လုပ်ရင်အရေးအကြီးဆုံးက ကိုယ်တကယ်ဖြစ်ချင်တဲ့အိမ်မက်တွေ ကိုယ့် inner voiceရင်ထဲကလာတဲ့ အသံနဲ့ ထပ်တူကျဖို့လိုတယ်။ Native American တွေဆိုရင်သူတို့ ယဥ်ကျေးမှုမှာ အရွယ်ရောက်တဲ့သူတွေဟာ သူတို့ဘဝရဲ့ လမ်းကြောင်းအတွက်သေချာရှင်းလင်းပုံပေါ်အောင်အချိန်တစ်ခုပေးပြီး

2023 တော့ရောက်လာပြီ။ Read More »