Dr. Phyo Paing

https://yec.company

ပျော်ရွင်မှုရဲ့ ရန်သူက

ကိုယ်မထိန်းချုပ်နိုင်တဲ့အရာတွေကနေကိုယ်လိုချင်တဲ့ တုန့်ပြန်မှုတွေကိုမျှော်လင့်တောင်းတနေတတ်တဲ့စိတ်ပဲ။ Phyo Paing @ Derek

ပျော်ရွင်မှုရဲ့ ရန်သူက Read More »

လူရွေးပြီး စေတနာထားပါ။

အရင်တုန်းက လူတိုင်းအပေါ်ကိုယ်ချင်းစာတရားအပြည့်နဲ့ စေတနာထားတယ်။ ခဏခဏ အမြတ်ထုတ်ခံရတယ်။ အခု လူတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုအပေါ်စေတနာ မထားခင် တော်တော်သုံးသပ်တယ်။ပြီးမှ စေတနာအပြည့်ထားတယ်။ အရင်က လူတိုင်းစေတနာနဲ့ထိုက်တန်တယ်လို့ ယူဆတယ်။ လူတွေ အကြောင်းနောကျေလာတော့လူရွေးပြီး စေတနာထားတာဖြစ်လာတယ်။ Phyo Paing @ Derek

လူရွေးပြီး စေတနာထားပါ။ Read More »

ကိုယ့်ကိုကိုယ် မဖျက်စီးနဲ့။

လူဆိုတာ အကျင့်ပါတာ မတရားလွယ်တဲ့ သတ္တဝါ။အထူးသဖြင့် မကောင်းတဲ့အကျင့်ပေါ့။ ငါဒီနေ့တော့ စားလိုက်ပါအုံးမယ်ဆိုတဖြဲနှစ်ဖြဲစားတော့ နောက်နေ့စားချင်ပြန်ရော။နောက်ရက်ဆက်သွားရော။ ငါဒီနေ့တစ်ရက် နားလိုက်ပါအုံးမယ်ဆိုပြီးတစ်ရက်တစ်ရက် မဖြစ်မနေလုပ်ရမည့် ဝတ္တရားတွေ မလုပ်ပဲအလေလိုက်ပြန်တော့ အကျင့်ပါသွားရော။ နားရမည့်အချိန်နားသလိုအလုပ်လုပ်ရမည့်အချိန် အချောင်ခိုရင်နောက်ဆုံး ဒုက္ခရောက်မှာ ကိုယ်ပဲ။ ကိုယ့်ကိုကိုယ် မဖျက်စီးနဲ့။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် မဖျက်စီးနဲ့။ Read More »

Formula Man

ကိုယ့်ကို သိတဲ့သူတွေကကိုယ့်ကို Formula Man လို့ခေါ်ကြတယ်။ တစ်ခုခုလုပ်ပြီဆိုရင် ဒါကိုအလွယ်ဆုံး၊ အမြန်ဆုံးနဲ့ အထိရောက်ဆုံး ဘယ်လို replicate လုပ်လို့ရမလဲဆိုတဲ့formula ရှာတာ ငယ်ကတည်းကအကျင့်လိုဖြစ်နေပြီ။ စာမေးပွဲဖြေတိုင်း အမှတ်ကောင်းချင်တော့မြန်မြန်မှတ်လို့ရတဲ့ မြန်နှုန်းမြင့်လေ့လာနည်း formula ရှာတယ်။စာမြန်မြန်ဖတ်ချင်တော့ ကိုယ်နဲ့ကိုက်တဲ့ speed-reading formula ရှာတယ်။ဒီ accelerated learning formula တွေကcareer တစ်ခုက တစ်ခုပြောင်းတော့အင်မတန်အသုံးဝင်တယ်။ စိတ်ခဏခဏ ညစ်လို့ လူတွေရဲ့ပယောဂကြောင့် စိတ်ညစ်တာကင်းဝေးဖို့ formula လိုက်ရှာတယ်။ EFT, NAC, NLP, Quantum healing, Energy healing တွေ, Hypnosis, creative visualization စုံစိနေတာပဲ။ ပိုက်ဆံလဲ အတော်ကုန်။ နောက်ပိုင်း ကိုယ်နဲ့ ကိုက်တဲ့ formulaရသွားတယ်။ ဘဝကို အထာကျကျ

Formula Man Read More »

စျေးလျော့မှ ရောင်းရမယ်ဆိုတဲ့
အတွေးအခေါ်ကို တဖြည်းဖြည်းဖျောက်ပါ အမျိုးတို့။

စျေးလျော့မှ ရောင်းရမယ်ဆိုတဲ့အတွေးအခေါ်ကို တဖြည်းဖြည်းဖျောက်ပါအမျိုးတို့။စျေးချမှ ရောင်းရတဲ့ အခြေနေကိုအဆုံးသတ်ဖို့ Brand တည်ဆောက်ပါ။ 👇 Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

စျေးလျော့မှ ရောင်းရမယ်ဆိုတဲ့
အတွေးအခေါ်ကို တဖြည်းဖြည်းဖျောက်ပါ အမျိုးတို့။
Read More »

ကိုယ်လိုချင်တာမရတာ
ကိုယ်လိုနေသေးလို့။

တစ်ခုခုလိုနေလို့ လိုချင်တာ မရတာပဲ။ကံတရားတစ်ခုထဲကိုအပြစ်ပုံချလို့ မရဘူး။သတင်းအချက်မရှိလို့ဖြစ််နိုင်သလိုအပေါင်းအသင်းမရှိလို့ကြိုးစားအားထုတ်မှုမရှိလို့မလေ့လာလို့ အမျိုးမျိုးဖြစ်နိုင်တယ်။ Phyo Paing @ Derek

ကိုယ်လိုချင်တာမရတာ
ကိုယ်လိုနေသေးလို့။
Read More »

တရားခံက ကိုယ်ကိုတိုင်ပဲ။

လုပ်ငန်းထဲမှာ ပိတ်မိနေစေတဲ့ တရားခံက ကိုယ်ကိုတိုင်ပဲ။မလေ့လာ မသင်တာတာ။ကိုယ်နဲ့ အလုပ်ဖြစ်တဲ့နည်းမရှာတာ။ကိုယ်အရည်အချင်းရှိသလောက်ပဲကိုယ့်လုပ်ငန်းအောင်မြင်တာဖြစ်တယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

တရားခံက ကိုယ်ကိုတိုင်ပဲ။ Read More »

အတွေးရှင်းဖို့ philosophy ကို
လေ့လာဖို့လိုတယ်

လူတွေရဲ့ ပြဿနာအများစုဟာအတွေးမရှင်းရာက စတယ်။မယောင်ရာဆီလူးနေတတ်တယ်။လူအများသတ်မှတ်ထားတဲ့အောင်မြင်မှုဆိုတဲ့နောက်လိုက်ပြီးကိုယ့်ဘဝကို အနှစ်သာရအပြည့်နေဖို့ မေ့နေတတ်ကြတယ်။ အသက်ကြီးမှ နောင်တရတတ်ကြတယ်။ ပြဿနာအများစုရဲ့ အရင်းအမြစ်ကဒီ philosophical problem ပဲ။ အတွေးရှင်းဖို့ philosophy ကိုလေ့လာဖို့လိုတယ်။ Philosophy ဆိုတာ ဥာဏ်ပညာကိုချစ်မြတ်နိုးခြင်းဖြစ်တယ်။ Philosophy ကို အရှင်းဆုံးရှင်းပြရရင် ဘာကြောင့် ဒါလုပ်သလဲ။ ဒီမေးခွန်းပဲ။ ဘာကြောင့်အသက်ရှင်နေသလဲ။ဘာကြောင့် အလုပ်လုပ်နေသလဲ။ ဘာကြောင့်၊ ဘာကြောင့်၊ ဘာကြောင့်။ ဒါမသိရင် မယောင်ရာဆီလူး၊အရေးမပါတာတွေ အရာပေးနေမိတတ်တယ်။ Phyo Paing @ Derek

အတွေးရှင်းဖို့ philosophy ကို
လေ့လာဖို့လိုတယ်
Read More »

ကိုယ်က ကိုယ့်ဘဝရဲ့ trainer ပဲ

မွေးကတည်းက လမ်းလျှောက်သင်ရတယ်။နောက် စကားပြောသင်ရတယ်။စာရေးသင်ရတယ်။လူတွေနဲ့ ပြောဆိုဆက်ဆံတတ်ဖို့သင်ရတယ်။သင်္ချာ၊ ဓာတု၊ ရူပ၊ သမိုင်းသင်ရပြန်တယ်။အလုပ်ခွင်ဝင်ဖို့ အတတ်ပညာသင်ရပြန်တယ်။ ကျောင်းမှာ မသင်ခဲ့တဲ့ပြဿနာတွေကိုဖြေရှင်းနိုင်ဖို့ လိုအပ်တဲ့ ပညာရပ်တွေကိုဘဝ တက္ကသိုလ်က သင်ပေးပြန်တယ်။ ကျောင်းတက်တုန်းက တစ်တန်းပြီးတစ်တန်းတက်ဖို့ ကျောင်းသင်ခန်းစာတွေပြီးမြောက်အောင်မြင်ဖို့ ဆရာမတွေက train ပေးတယ်။ ဘဝတက္ကသိုလ်ထဲမှာကျတော့ train ပေးမည့်သူမရှိတဲ့အခါနောက်တစ်ဆင့်တက်ဖို့ train လုပ်ဖို့မေ့နေပြီး ရောက်နေတဲ့အတန်းမှာပျော်နေတတ်ကြတယ်။ ဘဝတက္ကသိုလ်မှာတော့ ကိုယ့်ကိုကိုယ်သာ ကိုးကွယ်ရာပဲ။ကိုယ့်ဘဝရဲ့ တစ်ရက်သာအတွက်training curriculum ကိုယ်တိုင်ဆွဲရတယ်။ ကျန်းမာရေး၊ ကျွမ်းကျင်မှုတိုးတက်ရေး၊အသိပညာတိုးတက်ရေး၊ ဝင်ငွေတိုးတက်ရေး၊အရာရာ ကိုယ်နဲ့ပဲဆိုင်တယ်။ Phyo Paing @ Derek

ကိုယ်က ကိုယ့်ဘဝရဲ့ trainer ပဲ Read More »