Dr. Phyo Paing

https://yec.company

ဘဝဆိုတာ system of living
လို့ယူဆတာပဲ

ဘဝက တိုတယ်။ဒါကြောင့်နေ့စဥ်၊အပတ်စဥ်၊ လစဥ်နဲ့ နှစ်စဥ်ကိုသုံးပိုင်းပိုင်းလိုက်တယ်။ နေ့စဥ် မနက်ပိုင်းကိုကိုယ့်ကိုကိုယ် train လုပ်တဲ့အချိန်နောက် အလုပ်လုပ်တဲ့အချိန်ညနေပိုင်း နားတဲ့ဘဝကို enjoy လုပ်တဲ့အချိန်။ တစ်ပတ်ကိုလဲ လေးရက်ကိုfixed schedule ထားတယ်။ကျန်သုံးရက်က လုပ်ရင်လုပ်မယ်။နားရင်နားမယ်။ တစ်လကို တစ်ခါအနည်းဆုံးပြည်တွင်းခရီးသွားမယ်။ တစ်နှစ်ကို တစ်ခါနိုင်ငံခြားခရီးသွားမယ်။​ ဘဝဆိုတာ system of livingလို့ယူဆတာပဲ။ အလုပ်လုပ်တဲ့အချိန်ပိုးစိုးပက်စက်လုပ်ဖို့လိုအပ်တယ်။ပြန်လည် recharge လုပ်တဲ့စနစ်လဲလိုတယ်။ Phyo Paing @ Derek

ဘဝဆိုတာ system of living
လို့ယူဆတာပဲ
Read More »

ကိုယ့်ကိုကိုယ် တည်ဆောက်ဖို့အရေးကြီးတယ်။

လူတွေက ကိုယ်လိုချင်တဲ့အရာရတာ မဟုတ်ဘူး။ကိုယ်နဲ့ ထိုက်တန်တဲ့အရာပဲရတာ။လူတွေက စိတ်ကူးလိုက်ရင်အရာရာ ဖြစ်လာမယ်လို့ထင်တယ်။စိတ်ကူးလိုက်လို့ ဆုတောင်းပြည့်ပြီးထီပေါက်ရင်တောင် ဒါကိုထိန်းသိမ်းထားနိုင်တဲ့ အစွမ်းအစမရှိရင်ရေရှည်ထိန်းထားနိုင်မှာမဟုတ်ဘူး။ကိုယ့်ကိုကိုယ် တည်ဆောက်ဖို့အရေးကြီးတယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် တည်ဆောက်ဖို့အရေးကြီးတယ်။ Read More »

တခါတလေ အချိန်ရှိပြီး
energy မရှိတာမျိုးကြုံရတတ်တယ်။
ဒီလိုမဖြစ်ဖို့ Energy လေးမျိုးကို
အသုံးချနိုင်ဖို့လိုတယ်။

၁။ Physical energy အတွက်အစားအသောက်၊ လေ့ကျင့်ခန်းနဲ့အိပ်ချိန်လုံလောက်ဖို့လိုတယ်။ ၂။ Emotional energy အတွက်စိတ်ခံစားမှုရေးရာမှာ negative emotion တွေကိုအတတ်နိုင်ဆုံး စီမံခန့်ခွဲနိုင်ရမယ်။Positive emotion တွေဖြစ်တဲ့ပျော်ရွင်မှု၊ ရင်ခုန်မှု၊ ဂုဏ်ယူမှု၊အာရုံစိုက်မှု၊ ကျေးဇူးတင်စိတ်ဒီခံစားမှုတွေက စွမ်းအားတွေပဲ။ ၃။ Mental energy အတွက်ကျွန်တော်တို့ရဲ့အတွေးတွေကိုသတိပြုရတယ်။Conscious thought တွေအရေးကြီးတယ်။စိတ်ထွေပြားဝေဝါးစေတဲ့အရာတွေ၊အကောင်းတာလုပ်ချင်တဲ့စိတ်တွေလျော့ခြင်းအားဖြင့် mental energy တက်စေတယ်။ ၄။ Spiritual energy ဒါကအရေးအရမ်းကြီးတဲ့အပိုင်းပါတယ်။​အောင်မြင်ပြီးမနက်နိုးလာတော့ဘာလုပ်ရမယ်မသိသူ အများကြီး။Jme ရဲ့သီးချင်းထဲက စာသားကြားဖူးလိမ့်မယ်။ကိုယ်လုပ်တဲ့အလုပ်နဲ့ ကိုယ့်ရင်ထဲကဖြစ်ချင်တာနဲ့ align ဖြစ်ဖို့လိုတယ်။မဟုတ်ရင် ပိုက်ဆံတစ်ခုတည်းအသက်ရှင်ဘဝက ဘာအဓိပ္ပာယ်ရှိမှာလဲ။ တစ်ရက်တစ်ရက် အချိန်တွေရှိပြီးEnergy မရှိတာမျိုးမဖြစ်ချင်ရင်ဒီလေးခုကို သေချာလေး design လုပ်ဖို့လိုတယ်။ Comment မှာ ဒီမနက်ရိုက်ထားတဲ့YouTube Video တင်ထားပေးတယ်။ Phyo Paing @ Derek

တခါတလေ အချိန်ရှိပြီး
energy မရှိတာမျိုးကြုံရတတ်တယ်။
ဒီလိုမဖြစ်ဖို့ Energy လေးမျိုးကို
အသုံးချနိုင်ဖို့လိုတယ်။
Read More »

ပါးစပ်စည်းကမ်းမရှိတော့
ဝလာတယ်။

အပျင်းကြီးတော့ မကြံ့ခိုင်ဘူး။ ကိုယ်နဲ့မဆိုင်တဲ့အကြောင်းတွေကိုလျစ်လျူရှုနိုင်တဲ့ စည်းကမ်းမရှိတဲ့အခါတိုးတက်မှု မရှိဘူး။ ထိန်းချုပ်လို့ရတဲ့ ပြဿနာအများစုကစည်းကမ်းမရှိလို့ ဖြစ်တာ။ ကိုယ့်ကိုထမင်းကျွေးတဲ့အလုပ်ကိုနေ့စဥ်တိုးတက်နေအောင်လေ့လာဖို့စည်းကမ်းမထားရင် ကျန်ခဲ့မယ်။ လုပ်မယ်လို့ကိုယ့်ကိုကိုယ်ပေးထားတဲ့ကတိ မတည်တော့ ဘဝရဲ့ ၂၀၂၂ က ၂၀၂၁ လိုပဲ။ ဒါကြောင့် ကိုယ့်ကိုကိုယ်နေ့စဥ်သတိပေးမိတယ်။ စည်းကမ်းရှိပါ ကိုဒဲရစ်လို့။ Phyo Paing @ Derek

ပါးစပ်စည်းကမ်းမရှိတော့
ဝလာတယ်။
Read More »

နေ့စဥ်ကိုယ့်ကိုကိုယ် train နေမှ။

တချို့လူတွေက သေဖို့အတွက် သံသရာထဲက လွတ်မြောက်ဖို့ နေ့စဥ် တရားအားထုတ်ပြီး train တယ်။တချို့လူတွေက နေဖို့အခါနေ့စဥ် ဘဝလတ်ဆတ်ဖို့ train တယ်။ဘယ်လိုနေနေ ဘဝက နေ့စဥ် train နေရမှာ။ Use it or Lose it ပဲ။ ဘာသာစကားတစ်ခု မသုံးတာကြာရင်မေ့မယ်။ကြွက်သားတွေလိုပဲ မ train တာကြာရင် ပျော့တွဲသွားမယ်။ဦးနှောက်လိုပဲ မသုံးတာကြာရင် သံချေးတက်သွားမယ်။ ဘဝမှာ အခြေခံလိုအပ်တယ်လို့ယူဆထားတာဘာသာစကား – အင်္ဂလိပ်၊ တရုတ်၊ မြန်မာ။နောက်ကျန်းမာရေး။ ကိုယ်အိပ်နေလဲ ငွေဝင်အောင်ရှာပေးနေတဲ့လုပ်ငန်းတွေဖန်တီးနိုင်ထားနိုင်ဖို့။ ပေါင်းတတ်သင်းတတ်တဲ့ လူရာဝင်ဖို့၊ လူရှေ့သူရှေ့မှာ ကိုယ့် idea ကိုချပြနိုင်ဖို့၊ ကိုယ့်ကိုကိုယ် ဂုဏ်ယူတဲ့အလုပ်တွေနေ့စဥ်လုပ်ဖို့၊ဘဝမှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တဲ့အရာတစ်ခုရှိဖို့။ ဘဝမှာ ဖြတ်သန်းခဲ့တဲ့ metrics တွေကိုပြန်ကြည့်ရင်သာမာန်မဖြစ်ချင်ဘူး။ပညာရေး၊ စီးပွားရေး၊ လူမှုရေး အရာရာပေါ့။ဒီလို မဖြစ်ဖို့

နေ့စဥ်ကိုယ့်ကိုကိုယ် train နေမှ။ Read More »

ဘဝမှာ အရေးအကြီးဆုံးက
ကိုယ့်ရဲ့ best version တည်ဆောက်ဖို့ဖြစ်တယ်။

ငယ်ငယ်ရွှေနှင်းဆီပုဆိုး ၃၈၀ခေတ်ကတည်းက စျေးထဲမှာကြီးတယ်။မြင်းခေါင်းစွပ်ကျယ်ခေတ်ပေါ့။ စျေးထဲလူလာရင် “ဘာရှာသလဲ” ဆိုပြီးဘေးက ဆိုင်တွေနဲ့ လုခေါ်ရတယ်။ အမေက ကျောင်းဆရာမအလုပ်ထွက်ဆိုင်စဖွင့် ကိုယ်ကလဲသားအကြီးဆုံးဆိုတော့လေးတန်းကတည်းက စျေးထဲကြီးတယ်။ ဆိုင်ကယ်တွေ ကချင်ပြည်နယ်ကဝင်တဲ့ခေတ်ဆိုတော့ အဲ့အချိန် ဆိုင်ကယ်ကယ်ရီ ဂျယ်ခေါင်နဲ့မန်းလေးဆင်းရင်ကို တစ်ရက်တစ်သောင်းလောက်ရတဲ့ခေတ်ဆိုတော့စျေးအရမ်းရောင်းကောင်းတဲ့ ဇော်ပိုင်ရဲ့ မင်းနဲ့မှ ချစ်တတ်ပြီပေါ့ခေတ်။ ၆ တန်း၊ ၇ တန်းလောက်မှာ စျေးထဲကြီးတော့ ပိုက်ဆံလေးရှာတတ်တော့တရုတ်ကျောင်းတက်တဲ့အချိန် ကျောင်းမသွားတော့ပဲ ကျောင်းဘေးမှာသူငယ်ချင်းနဲ့ အတူ ကြက်တိုက်လိုက်ဖဲရိုက်လိုက်နဲ့ တော်တာ် ကျောင်းပြေးတတ်လာတယ်။ ၈ တန်းမှာ အဒေါ်အိမ်ရောက်သွားတယ်။ ၉ တန်း အဆောင်ရောက်သွားတယ်။ ၁၀ တန်းပြီးထွက်လာတော့ စိတ်ဓာတ်ကနေ့တိုင်းကျနေတာ။ ငြိမ်းချမ်းမှုကို လိုက်ရှာဖို့ နည်းလမ်းမျိုးစုံလိုက်ရှာတယ်။စာအုပ်တွေလဲ ဖတ်တယ်။ တော်တော် တိုင်ပတ်တယ်။ အဲ့အချိန်ရန်ကုန်ရောက်တော့ ဘတ်စကားခတွေ စျေးစတတ်တဲ့အချိန်။ အဲ့အချိန်မှာ New Thought Movementအတွေးအခေါ်တစ်ခုနဲ့

ဘဝမှာ အရေးအကြီးဆုံးက
ကိုယ့်ရဲ့ best version တည်ဆောက်ဖို့ဖြစ်တယ်။
Read More »

မနက်ထထချင်း coffee မသောက်ပါနဲ့။

မနက်ပိုင်း coffee သောက်တဲ့အခါ exercise performance ကိုတိုးတက်စေပေမယ့်overall daily performance ကျသွားတာသတိထားမိတာနဲ့ စာလိုက်ဖတ်ကြည့်တော့အဖြေကိုသွားတွေ့တယ်။Circadian rhythm အရ မနက်ထထချင်းမှာ cortisol level မြင့်တယ်။ cortisol ဆိုတာ stress hormone ဖြစ်တယ်။ လူကိုနိုးကြားစေတယ်။အဲ့အချိန် coffee သောက်တဲ့အခါ သူ့ရဲ့အကောင်းဆုံး effect ကိုမရဘူး။ အကောင်းဆုံးအချိန်က cortisol level ကျတဲ့နေ့လည်ဖြစ်တယ်။ နောက်တစ်ခုက Nappuccino ဆိုတဲ့ နည်းစနစ်ဖြစ်တယ်။နေ့လည် ဦးနှောက်ပင်ပန်းတဲ့အခါ ၁၅ မိနစ်လောက်alarm ပေးပြီး ခဏအိပ်လိုက်။ မအိပ်ခင် coffee သောက်လိုက်။ coffee effect သွေးထဲရောက်ဖို့ မိနစ်နှစ်ဆယ်ခန့်ကြာတဲ့အခါ နိုးလာတဲ့အခါ ကွက်တိပဲ။Daniel H. Pink ကတော့ သုတေသနလုပ်ပြီးဒီနည်းစနစ်ကို popularize လုပ်တယ်။

မနက်ထထချင်း coffee မသောက်ပါနဲ့။ Read More »

လူတိုင်း ကလေးဘဝ trauma တွေ အနည်းနဲ့ အများရှိတတ်ကြတယ်။

နောက်ပြီး ဘဝမှာ ခွင့်လွတ်ရမည့်လူတွေရှိတတ်ကြတယ်။စဥ်းစားရင်တောင် မျက်ရည်ကျချင်တဲ့ခံစားချက်တွေ ဝင်လာတတ်တယ်။ ကြမ်းတမ်းခက်ခဲတဲ့ ဘဝအခြေအနေကိုဖြတ်သန်းခဲ့သူတွေဆို ပိုလို့တောင်ဆိုးသေးတယ်။ဒီ ခံစားချက် အစိုင်အခဲကြီးစုလာတဲ့အခါလောကကြီးကို အကောင်းမမြင်တော့ဘူး။အရွဲ့တိုက်တတ်လာတယ်။ ဒါဟာ trauma လက္ခဏာဖြစ်ကောင်းဖြစ်လိမ့်မယ်။ ဒါကို သတိမပြုမိတဲ့အခါ စိတ်ထဲမှာ ရှိတဲ့အမှိုက်က ကြာလေများလေလေ ဖြစ်လာတတ်တယ်။ ဒါကြောင့် ဒီ emotion တွေကို ဖယ်ဖို့နည်းစနစ်တွေ လိုတယ်။PTSD တို့လို အဖြစ်အပျက်ဖြစ်ပြီးတာဖြစ်ဖြစ်Injury ရပြီးတာဖြစ်ဖြစ် ဒါတွေဖြစ်တတ်တယ်။ လူတွေကို မယုံတော့တာ။ ဘဝကို အရွဲ့တိုက်တတ်တာ။ဒါတွေက Trauma response တွေဖြစ်တတ်တယ်။ ဒါကို heal လုပ်တဲ့ ဖြစ်စဥ်လိုတယ်။ အလွယ်ဆုံးဖြစ်စဥ်တစ်ခုက Six Phases Meditation လုပ်တာပဲ။ Phyo Paing @ Derek

လူတိုင်း ကလေးဘဝ trauma တွေ အနည်းနဲ့ အများရှိတတ်ကြတယ်။ Read More »

“ဘဝမှာ ဖြစ်ချင်ပြီး
မဖြစ်သေးတဲ့ အရာရှိသလား?”

ဒီမေးခွန်းမေးကြည့်။ လူအများစုက ပြုံးပြီးတချို့က သက်ပျင်းချပြီးသူ့အိမ်မက်တွေ အကြောင်းပြောလိမ့်မယ်။ မြန်မာပြည်ရဲ့ ပျမ်းမျှ သက်တမ်းက67.36 နှစ်ရှိတယ်။ 24586 ရက်။ တကယ်လို့ ကိုယ်ကအသက်သုံးဆယ်ဆို 10950 ရက်သုံးပြီးသွားပြီ။ ဘဝဆိုတာ တကယ့်ကို တိုတိုလေး။ ကိုယ့်အတွက် မလိုတဲ့အရာတွေကို ဖက်တွယ်ထားနေတာဟာ ကိုယ့်ကို next level ရောက်ဖို့ ကူညီပေးနိုင်မှာ မဟုတ်ဘူး။ ကိုယ့်ဘဝမှာ မရောက်ဖူးတဲ့နေရာတွေရှိရင်ရှိမယ်။ အကောင်အထည်ဖော်ချင်တဲ့အလုပ်တွေရှိရင်ရှိမယ်။ ငယ်ငယ်တုန်းက ကိုယ့်ကိုကိုယ်ကတိပေးခဲ့တဲ့ လုပ်မယ်ဆိုတဲ့အိမ်မက် dream list တွေရှိမယ်။ ဒါတွေ ဖြစ်လာဖို့က ဆုတောင်းနေရုံနဲ့ မရဘူး။ စဥ်းစားကြည့်ကြည့် ကိုယ်သွားချင်တဲ့နေရာတွေ မသွားဖူးပဲTV ထဲမှာပဲ မြင်ဖူးပြီးသေသွားမှာလား။ ကိုယ့်ဘဝမှာ ဖြစ်ချင်ပြီးမဖြစ်သေးတဲ့အရာတွေကို ချရေးထားတဲ့ dream list လိုတယ်။ ဒါက ကိုယ့်ဘဝသွားရမည့် လမ်းပဲ။ Phyo

“ဘဝမှာ ဖြစ်ချင်ပြီး
မဖြစ်သေးတဲ့ အရာရှိသလား?”
Read More »

ဘဝဖြတ်သန်းမှု Guideline ၇ ခု

ကျွန်တော့်ရဲ့ principles ၇ ခုကတော့ ၁။ Quantity > Quality အရေအတွက်က အရည်အသွေးထက်ပိုအရေးကြီးတယ်။ အရေအတွက်များလာလေလေသေချာလေ့လာသုံးသပ်ပြုပြင် သင်ယူမယ်ဆိုအရည်အသွေးပိုကောင်းလာလေလေ။ ၂။ Trial Period ပေး တစ်ခုခုလုပ်တော့မယ်ဆို စမ်းသပ်ကြည့်ဖို့ အချိန်တစ်ခုပေး။ ဒီ phrase က Discovery လုပ်တဲ့ phrase.တစ်ခုခုကို စမ်းကြည့်ပြီး မိုက်တယ်၊ကြိုက်တယ်၊ လုပ်မယ်ဆိုမှ ဆုံးဖြတ်ချက်ချ။ ၃။ နေ့စဥ်ရဲ့ စွမ်းပကားကို အသုံးချ အပြောင်းအလဲလုပ်ချင်ရင် နေ့စဥ်ရဲ့ စွမ်းပကားကို အသုံးပြုရမယ်။တစ်ရက်တည်းနဲ့ မပြီးသွားဘူး။ဒါကြောင့် လုပ်မယ်လို့ဆုံးဖြတ်ပြီးရင်အလုပ်ကို နေ့စဥ်ဘဝထဲမှာဘယ်အချိန်လုပ်မလဲ စဥ်းစားပြီးschedule လုပ်။ ၄။ ကိုယ့်အတွေးတိိုင်းကို မေးခွန်းထုတ် ကမ္ဘာပေါ်မှာ လိမ်ဖို့အလွယ်ဆုံးလူက ကိုယ်ပဲ။ ဒါကြောင့် တစ်ခုခု စဥ်းစားပြီ၊ယုံကြည်ပြီ တွေးခေါ်ပြီဆို မေးခွန်းသာထုတ်။အရင် က ဒီလိုစဥ်းစားဖူးလား။

ဘဝဖြတ်သန်းမှု Guideline ၇ ခု Read More »