Dr. Phyo Paing

https://yec.company

Design Your Day

ကိုယ်ကအိမ်ကြီးတစ်အိမ်ဆို တစ်ရက်တာက အုတ်ခဲတွေပဲ။ ကိုယ်တည်ဆောက်ချင်တဲ့ အိမ်ပုံစံပေါ်မူတည်ပြီးအချိန်တွေကို အသုံးပြုရမှာပဲ။ကိုယ့်ဘဝရဲ့ ဗိသုကာပညာရှင်ကကိုယ်ပဲ။ တစ်ရက်၊ တစ်လ၊ တစ်နှစ်အတွင်းသိသိသာသာ ရှိချင်မှရှိလိမ့်မယ်။ငါးနှစ်၊ ဆယ်နှစ်၊ ဆယ့်ငါးနှစ်ဆို ဘဝမှာရောက်နေတဲ့ အမြင့်တွေတစ်ယောက်နဲ့ တစ်ယောက်တူချင်မှ တူကြတော့မယ်။ ကိုယ့်ဘဝရဲ့ ဗိသုကာပညာရှင်ကိုယ့်မှာ အနာဂတ်အမြင်လိုတယ်။အနာဂတ်အမြင်က အတိတ်ရဲ့မှတ်ဥာဏ်ထက် ပို ရှင်းနေဖို့လိုတယ်။ လောကမှာ ကိုယ်ထိန်းချုပ်လို့ရတဲ့သူကကိုယ့်ကိုကိုယ် ပဲ။တစ််ရက်တစ်ရက် ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို ဘယ်လိုသုံးမလဲသေချာ ဒီဇိုင်းလုပ်ဖို့လိုတယ်။ နူးညံ့တဲ့ စိတ်ခံစားမှုတွေကို ကိုယ်တွယ်ထိန်းကျောင်းနိုင်ဖို့လိုတယ်။ Phyo Paing @ Derek

Design Your Day Read More »

Emotional home

ဒီနေ့ခေတ် လူသားတွေ ပြဿနာအများစုကrelationship တွေကနေ လာတယ်။လူတိုင်းက ရည်းစားထားကြပေမယ့်အဲ့ဒီသူတိုင်းက emotional home မဖြစ်ဘူး။ တချို့လူတွေက ကလေးဘဝကတည်းကမိဘမေတ္တာကို အပြည့်အဝရတယ်။ဒီတော့ သူတို့ family က သူတို့အတွက်Emotional home ပဲ။ တချို့ကလေးတွေကျ ယုံပြီးပုံအပ်လို့ရတဲ့မိဘ၊ ဆွေမျိုးအသိုင်းအဝိုင်းမရှိဘူး။အဲ့တော့တချို့လူတွေကို emotional homeအဖြစ်ထားတတ်ကြတယ်။ တကယ်လို့ သစ္စာဖောက်ခံရတဲ့အခါemotional home ပျောက်သွားပြီးဒုက္ခရောက်တဲ့ အခိုက်အတန့်တွေကြုံတွေ့နိုင်တယ်။ ကိုယ့်ရဲ့ emotional home ကကိုယ့်ကိုကိုယ် အပေါ်မှာနဲ့ကိုယ် safe ဖြစ်တယ်လို့ခံစားတဲ့သူတွေမှာပဲ ထားဖို့လိုတယ်။မဟုတ်ရင် တိုင်ပတ်တယ်။ Phyo Paing @ Derek

Emotional home Read More »

စီးပွားရေးဆိုတာ repeatable system ပဲ။

စီးပွားရေးဆိုတာ repeatable system ပဲ။ထပ်ခါထပ်ခါ လုပ်ဆောင်ရတဲ့ စနစ်ပဲ။ဒီစနစ်မရှိရင် ဝယ်ရောင်းအဆင့်ကတက်လာမှာ မဟုတ်ဘူး။ လုပ်ငန်းစလုပ်တုန်းက စနစ်ပေါင်းစုံမသိသေးတဲ့အတွက် အချိန်အများကြီးပေးတော်တော် လေ့လာယူရတယ်။ လုပ်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေကနေ လုပ်ငန်းတစ်ခု အတွက်ဆိုအပ်တဲ့ ထပ်ခါထပ်ခါ လုပ်လို့ရတဲ့စနစ်တွေတဖြည်းဖြည်းတွေ့လာမယ်။ ဒီစနစ်တွေ ရလာတာနဲ့အမျှMarketing မှာ ကိုယ်ဝင်ပါစရာမလိုတော့ဘူး၊Sales မှာ ကိုယ်ဝင်ပါစရာမလိုတော့ဘူး၊CS မှာ ကိုယ်တိုင်ဝင်ပါစရာမလိုတော့ဘူး၊Purchasing မှာ ကိုယ်တိုင်ဝင်ပါစရာမလိုတော့ဘူး၊Accounting & Finance မှာ ကိုယ်တိုင်ဝင်ပါစရာမလိုတော့ဘူး၊ အလုပ်ခေါ်စာရေးတာ၊ အင်တာဗျူးတာ၊ ခန့်တာ၊ အလုပ်ခေါ်စာထုတ်ပေးတာ၊သင်တန်းပေးတာ ကိုယ်တိုင်ပါစရာမလိုတော့ဘူး။ စာရင်းသွင်းတာ၊ အရှုံးအမြတ်တွက်တာ၊ လက်ကျန်စာရင်းရှင်းတမ်း၊ ဝင်ငွေထွက်ငွေကိုယ်တိုင် ဝင်ပါစရာမလိုတော့ဘူး။ ဒီလို ထပ်ခါထပ်ခါလုပ်လို့ရတဲ့ စနစ်ကို မလေ့လာ မသုံးသပ်၊ အိမ်စာမလုပ်ပဲလုပ်ငန်းလုပ်နေရင် ဝယ်ရောင်းအဆင့်က တက်လာမှာ မဟုတ်ဘူး။ Branding, Marketing, Sales, CSMarket

စီးပွားရေးဆိုတာ repeatable system ပဲ။ Read More »

ကိုယ့်အတွက် မလွယ်ကူတဲ့
အရာတွေလုပ်။

လုပ်နေကျအတိုင်း လုပ်နေရင်ဖြစ်နေကျအတိုင်းဖြစ်နေလိမ့်မယ်။ ကိုယ့်အတွက် မလွယ်ကူတာတွေလုပ်။ခက်တဲ့အရာတွေက တဖြည်းဖြည်းလွယ်ကူလာလိမ့်မယ်။ ကိုယ့်ရဲ့ အကောင်းဆုံး version ဖြစ်ဖို့ကိုယ့်အတွက် comfortableမဖြစ်တာတွေကို တမင်တကာလုပ်။လူရှေ့ စကားထွက်ပြောတာ။ကိုယ့်ရုပ်ဆိုးတဲ့မျက်နှာကြီးနဲ့ video ရိုက်တာ။ LOLကိုယ်စကားမပြောရဲတဲ့သူတွေကိုသွားစကားပြောတာ။အငြင်းပယ်ခံနိုင်တဲ့ အလုပ်တွေလုပ်ရဲတာ။ ငယ်ကတည်းက သောက်တလွဲဖြစ်တာတွေ အများကြီးကြုံဖူးတော့လောကဓံက သာမာန်ဖြစ်လာမယ်။​ တချို့တွေအတွက် ကမ္ဘာကြီးပျက်စေမည့်အဖြစ်အပျက်က တချို့တွေအတွက်ကဟာသ ဖြစ်ရင်ဖြစ်နေလိမ့်မယ်။ကိုယ်ရောက်နေတဲ့ ကိုယ်ဖြေရှင်းခဲ့တဲ့ပြဿနာ အတိမ်အနက်အပေါ်မူတည်တယ်။ Phyo Paing @ Derek

ကိုယ့်အတွက် မလွယ်ကူတဲ့
အရာတွေလုပ်။
Read More »

နေ့တိုင်းက ကိုယ့်ရဲ့ best version
ဖြစ်အောင် ပြုစုပျိုးထောင်တဲ့
training day ပဲ။

ဒီနေ့က မနေ့ကထက်ပိုကောင်းဖို့လိုသလိုမနက်ဖြန်ကလဲ ဒီနေ့ထက်ပိုကောင်းဖို့လိုတယ်။ဒီလိုဖြစ်ဖို့ ဘဝကို defaut mode နဲ့ဖတ်သန်းလို့မရဘူး။အလိုလိုပေါက်တာ မြက်ပင်ပဲများတယ်။ပန်းကောင်းပန်းမန်ပေါက်ချင်ရင်သေချာစိုက်ပျိုးဖို့လိုတယ်။ Phyo Paing @ Derek

နေ့တိုင်းက ကိုယ့်ရဲ့ best version
ဖြစ်အောင် ပြုစုပျိုးထောင်တဲ့
training day ပဲ။
Read More »

Marketing သမားမဟုတ်ရင်
ဒါမဖတ်နဲ့နော်။

ဗျူဟာက ကြော်ငြာခေါင်းကြီးပိုင်းကိုဘယ်လိုလေးရေးမယ်။ကြော်ငြာဘယ်လိုလေးရေးမယ်။ ရက် ၃၀ မကြိုက်ရင် ပြန်ပေးငွေပြန်အမ်းမယ်။ကလေးမျက်နှာပါရင် လူတွေEngagement ပိုကောင်းတယ်။Free, Sex, For You, Now,New, Easy, Fast, Betterဒီစကားလုံးတွေပါရင်လူတွေ click ပိုနှိပ်တယ်။ Video တင် နောက် 25% ကြည့်တဲ့သူကိုRetargeting လုပ်၊ Meta Pixel Tracking လုပ်ဒါတွေက Baby steps တွေ။ Live လွင့်ရင် ကြည့်တဲ့သူများအောင်ဘယ်လိုပြော၊ ဟိုလိုပြော။ပစ္စည်းတွေ ကုန်တော့မယ်၊စာရင်းပိတ်တော့မယ်။ဝယ်တဲ့သူတွေက ဘယ်လောက်တောင်စိတ်ချမ်းသာသာကြည့်။ဒါတွေလူတိုင်းလုပ်နေတော့လူတွေက ရိုးလာပြီ။ တကယ်အရေးကြီးတာ မားကတ်တင်းရဲ့မဟာဗျူဟာ။ကိုယ်ဘာအတွက် ရပ်တည်တယ်။ဘယ်လိုမဟာဗျူဟာနဲ့ငါးနှစ်အတွင်း စျေးကွက်မှာပုံစံတူ၊ လုပ်ငန်းတူတွေကိုသုံးလေးငါးနှစ်မှာ ချန်ခဲ့ဖို့မဟာဗျူဟာ အရေးကြီးတယ်။ ဗျူဟာဆိုတာ ဆိုက္ကားဆရာတွေထဲမှာအမြန်ဆုံး ဆိုက္ကားဆရာဖြစ်အောင်လုပ်တာ။မဟာဗျူဟာက ကိုယ်သွားချင်တဲ့လမ်းကြောင်းကိုလူတွေမမြင်တဲ့ 🚗 vehicle နဲ့သွားတာ။ ကိုယ်က boost လုပ်နည်းသင်နေတုန်းကိုယ့်လုပ်ငန်းတူတွေက ငွေသုံးစရာမလိုပဲဝက်ဝက်ကွဲရောင်းနေရတယ်။

Marketing သမားမဟုတ်ရင်
ဒါမဖတ်နဲ့နော်။
Read More »

လုပ်နေတဲ့အလုပ်တွေ မှားနေရင်တောင်
စိတ်ဓာတ်မကျပါနဲ့။

ပျက်နေတဲ့နာရီတောင်တစ်ရက်မှာ အချိန်နှစ်ခါမှန်သေးတယ်။လုပ်နေတဲ့အလုပ်တွေ မှားနေရင်တောင်စိတ်ဓာတ်မကျပါနဲ့။တစ်ချိန်မဟုတ်တစ်ချိန်တော့နေ့စဥ်လေ့လာသွားရင်တစ်ရက်မှန်လာမှာပါ။ ဘယ်အလုပ် လုပ်လုပ်ပထမဆုံးအောင်မြင်မှုကအရေးအကြီးဆုံးပဲ။ဒီ formula သိသွားရင်ကျန်တာက replicate လုပ်လို့ရတယ်။ Phyo Paing @ Derek

လုပ်နေတဲ့အလုပ်တွေ မှားနေရင်တောင်
စိတ်ဓာတ်မကျပါနဲ့။
Read More »

တစ်ခုခုကို သေချာဇောက်ချလုပ်ရင်

အသက်အရွယ်တစ်ခုရောက်လာရင်ကျွမ်းကျင်မှုတစ်ခုရှိလာမယ်။ဒီကျွမ်းကျင်မှုက စီးပွားရေးတစ်ခုဖြစ်လာနိုင်တယ်။ ဒီ expertise ကျွမ်းကျင်မှုကို ဝင်ငွေဖြစ်အောင်ပြောင်းလို့ရတယ်။ ကိုယ်လုပ်ခဲ့တဲ့ဖြစ်စဉ်တွေနဲ့တူတဲ့ဒီစာအုပ်ကိုဖတ်ရင်း ပြန်စဉ်းစားမိတယ်။ ၂၀၀၅ အင်တာနက်မှာ Mirc ဖွင့်asl pls လို့ပြောတဲ့ခေတ်။ Naughty_Boy ဆိုပြီး အသေ chat တဲ့ခေတ်။Meebo တို့လို social message app တွေမှာမီးသွားသွားမွေးတဲ့ခေတ်။ တရုတ်ပြည်က ဘွန်ဆိုင်းတွေ သူငယ်ချင်းနဲ့ပေါင်း တင်သွင်းပြီးတရုတ်ကို သာလိကာ ပြန်ပို့တဲ့နှစ်။ ၂၀၀၆ လောက်က စဥ်းစားမိတယ်။ငါ ၂၀၁၂ ဇန်နဝါရီ မှာ ဘွဲ့ရလို့ ဒီအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းမပြုပဲ အသစ်က ပြန်စရမယ်ဆို ဘယ်လို ကျွမ်းကျင်မှုတွေလိုမလဲ? သေချာတာတစ်ခုက ပညာရပ်အသစ်ပြန်သင်ယူရမယ်။ဒီတော့ “သင်ယူခြင်း”ဆိုတာ လုပ်ရမှာဖြစ်တဲ့အတွက်ဒီသင်ယူခြင်းဖြစ်စဥ်ကို ဘယ်လိုနည်းနဲ့ချုံ့လို့ရမလဲလေ့လာကြည့်တော့ မှတ်ဥာဏ်ကောင်းနည်း၊ စာမြန်မြန်ဖတ်နည်း၊ဒီလို နည်းလမ်းတွေသွားတွေ့တယ်။ဒီ memory training နဲ့ speed-reading

တစ်ခုခုကို သေချာဇောက်ချလုပ်ရင် Read More »

လူတစ်မျိုးရှိတယ်။

တခုခုဆို တခြားသူတစ်ယောက်ကိုပုံအပ် commit လုပ်မှာကြောက်တဲ့သူ။သူတို့က ဘဝမှာ တစ်ယောက်ယောက်ကြောင့်နာကျင်ဖူးတယ်။ ငယ်ငယ်က ကိုယ့်လျို့ဝှက်ချက်ကိုအမေ၊ အဖေနဲ့ ယုံကြည်တဲ့သူတွေကိုပြောပြတဲ့အခါ သူတို့ကတခြားသူတွေကိုပြန်ပြောပြတဲ့အတွက် သစ္စာဖောက်ခံရတယ်လို့ခံစားရတတ်တယ်။ ငယ်ငယ်က တစ်ခုခုဆို ရင်ဖွင့်တိုင်ပင်စရာလူမရှိဘူး။ဘေးနားမှာ မိဘနဲ့ အမျိုးတွေရှိပေမယ့်အားကိုးလို့မရဘူးဆိုတာသိတယ်။ တခါတလေ ကိုယ့်ကိုနားလည်တဲ့သူမရှိဘူးဆိုတဲ့ ခံစားချက်တွေခံစားရတတ်တယ်။ Relationship တစ်ခုကို commit လုပ်ပြီးပုံအပ်လိုက်ကြမှာ လမ်းဆုံးထင်တတ်ပြီးဒါကို ရှောင်လွှားတဲ့ love avoidant တွေဖြစ်သွားတတ်ကြတယ်။ ဒါပေမည့် သူတို့အတွက် နွေးထွေးတဲ့အရှိကိုအရှိအတိုင်း ဖွင့်ပြလို့ရတဲ့ကိုယ်ဂုဏ်ယူပြီး လူရှေ့ပြလို့ရလောက်တဲ့သူနဲ့တွေ့တော့ အပြောင်းအလဲတွေဖြစ်တတ်တယ်။ နောက်ဆုံးတော့လဲ ဖြစ်နေကျ pattern က looping ပြန်ပတ်တတ်တယ်။ Human Behavior စိတ်ဝင်စားဖို့ကောင်းတယ်။ Phyo Paing @ Derek

လူတစ်မျိုးရှိတယ်။ Read More »

အလုပ်ဖြစ်တာလုပ်။

အလုပ်ဖြစ်တာလုပ်။လုပ်ငန်းရှင်တွေက ငြီးထွားနေဖို့အချိန်မရှိဘူးဆိုတာမှန်တယ်။အလုပ်ဖြစ်တာသိရမယ်၊မဖြစ်တာသိရမယ်။ဖြစ်တာကို ဇောက်ချလုပ်ရမယ်။ ပြောတော့သာလွယ်တာစိတ်ထားတတ်ဖို့ကတော့ တော်တော်မလွယ်ဘူး။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#akyanpay

အလုပ်ဖြစ်တာလုပ်။ Read More »