၁။ Physical energy အတွက်အစားအသောက်၊ လေ့ကျင့်ခန်းနဲ့အိပ်ချိန်လုံလောက်ဖို့လိုတယ်။ ၂။ Emotional energy အတွက်စိတ်ခံစားမှုရေးရာမှာ negative emotion တွေကိုအတတ်နိုင်ဆုံး စီမံခန့်ခွဲနိုင်ရမယ်။Positive emotion တွေဖြစ်တဲ့ပျော်ရွင်မှု၊ ရင်ခုန်မှု၊ ဂုဏ်ယူမှု၊အာရုံစိုက်မှု၊ ကျေးဇူးတင်စိတ်ဒီခံစားမှုတွေက စွမ်းအားတွေပဲ။ ၃။ Mental energy အတွက်ကျွန်တော်တို့ရဲ့အတွေးတွေကိုသတိပြုရတယ်။Conscious thought တွေအရေးကြီးတယ်။စိတ်ထွေပြားဝေဝါးစေတဲ့အရာတွေ၊အကောင်းတာလုပ်ချင်တဲ့စိတ်တွေလျော့ခြင်းအားဖြင့် mental energy တက်စေတယ်။ ၄။ Spiritual energy ဒါကအရေးအရမ်းကြီးတဲ့အပိုင်းပါတယ်။အောင်မြင်ပြီးမနက်နိုးလာတော့ဘာလုပ်ရမယ်မသိသူ အများကြီး။Jme ရဲ့သီးချင်းထဲက စာသားကြားဖူးလိမ့်မယ်။ကိုယ်လုပ်တဲ့အလုပ်နဲ့ ကိုယ့်ရင်ထဲကဖြစ်ချင်တာနဲ့ align ဖြစ်ဖို့လိုတယ်။မဟုတ်ရင် ပိုက်ဆံတစ်ခုတည်းအသက်ရှင်ဘဝက ဘာအဓိပ္ပာယ်ရှိမှာလဲ။ တစ်ရက်တစ်ရက် အချိန်တွေရှိပြီးEnergy မရှိတာမျိုးမဖြစ်ချင်ရင်ဒီလေးခုကို သေချာလေး design လုပ်ဖို့လိုတယ်။ Comment မှာ ဒီမနက်ရိုက်ထားတဲ့YouTube Video တင်ထားပေးတယ်။ Phyo Paing @ Derek