လွတ်လပ်ဖို့လွတ်ချဖို့ပဲလိုတာ။
တခါတလေလွတ်လပ်ဖို့လွတ်ချဖို့ပဲလိုတာ။ အတ္တဖြစ်ရင်ဖြစ်မယ်၊အတွေးအခေါ်ဖြစ်ရင်ဖြစ်မယ်၊အမူအကျင့်ဖြစ်ရင်ဖြစ်မယ်။ Phyo Paing @ Derek
တခါတလေလွတ်လပ်ဖို့လွတ်ချဖို့ပဲလိုတာ။ အတ္တဖြစ်ရင်ဖြစ်မယ်၊အတွေးအခေါ်ဖြစ်ရင်ဖြစ်မယ်၊အမူအကျင့်ဖြစ်ရင်ဖြစ်မယ်။ Phyo Paing @ Derek
အာရုံနဲ့ သတိ မတူဘူး။ Attention အာရုံကဘယ်ကိုမဆို ရောက်သွားတယ်။ဖုန်းမြည်ရင် ရောက်သွားတယ်။Notification တက်ရင် ရောက်သွားတယ်။လူတစ်ယောက် ဘာပြောပြော ရောက်သွားတယ်။အာရုံဆိုတာ သူများဆွဲချင်ရာ ဆွဲသွားလို့ရတယ်။Mindfulness သတိကတော့ကိုယ်က ရွေးတာ။ဘယ်ကိုထားမလဲ ကိုယ်ဆုံးဖြတ်တာ။ဒီနှစ်ခုကြား ခြားနားချက်ကိုမသိရင် ဒီခေတ်မှာ အရမ်းနစ်နာမယ်။ အခုခေတ်ကိုAttention Economy အာရုံစိုးမိုးရေးစီးပွားရေး လို့ခေါ်တယ်။ကုမ္ပဏီကြီးတွေ၊ Platform တွေ၊ App တွေအကုန်လုံးက ကိုယ့်ရဲ့ Attention အာရုံကို လုယူဖို့ဒီဇိုင်းထုတ်ထားတာ။Facebook ဖွင့်လိုက်ရင်ပြီးချင်မှ ပြီးတဲ့ FeedTikTok ဖွင့်လိုက်ရင်ရပ်ချင်မှ ရပ်တဲ့ AlgorithmYouTube ဖွင့်လိုက်ရင်နောက်တစ်ခု Auto Playဒါတွေအကုန်လုံးကကိုယ့် Attention ကို ဖမ်းဖို့Billion Dollar Company တွေကပုံကြီးချဲ့ ရင်းနှီးမြှပ်နှံထားတာ။ကိုယ်က သတိမထားရင်ကိုယ့်ရဲ့ အာရုံဟာသူများရဲ့ ပစ္စည်းဖြစ်သွားတယ်။ ဗုဒ္ဓရဲ့ သတိပဋ္ဌာန်မှာသတိဆိုတာ ဘယ်လောက်အရေးကြီးလဲ ပြောထားတယ်။မနသိကာရ ဆိုတဲ့
နေ့စဉ် စာဖတ်၊ တရားထိုင်၊လေ့ကျင့်ခန်းလုပ်၊ စမ်းသပ်၊ လေ့လာ၊ကိုယ်ချစ်တဲ့အလုပ်ကိုဘယ်နေရာမှာမဆိုလုပ်လို့ရ။လစဉ်ဝင်ငွေကလစဉ်အသုံးစရိတ်က ၁၀ အထက်ဝင်။ပိုတာကို အနာဂတ်အတွက်ပြန်ရင်းနှီး။ ကြာလေ ပိုတော်၊ပိုပျော်၊ ပိုပွါး၊ ပိုပေးနိုင်။ ဒါကဘဝပါပဲ။ တစ်နေ့သေတဲ့အခါ အဆင်သင့်ဖြစ်နေဖို့ရယ်၊အသက်ရှင်ပြီး အသက်ဝင်နေဖို့ရယ်။ Phyo Paing @ Derek
တစ်နေ့သေတဲ့အခါ အဆင်သင့်ဖြစ်နေဖို့ရယ်၊အသက်ရှင်ပြီး အသက်ဝင်နေဖို့ရယ်။ Read More »
လောကရဲ့ algorithm လောကဓမ္မတရား ၈ ပါး (Loka Dhamma) ဆိုတာဗုဒ္ဓဘာသာမှာ ပြောတဲ့လောကရဲ့ Operating System ပါ။ဒါပေမယ့် ဒီနေ့ခေတ်နဲ့ ယှဉ်ပြီး ပြောရရင် — ဒါ Algorithm ပါ။ Algorithm ဆိုတာ Input ထည့်ရင်Output ထွက်လာတဲ့ နည်းစနစ်ဖြစ်တယ်။Facebook Algorithm ကိုContent ထည့်ရင် Reach ထွက်လာတယ်။Google Algorithm ကိုKeyword ထည့်ရင် Result ထွက်လာတယ်။ လောက Algorithm ကတော့ကြိုးစားမှု ထည့်ရင်ရလဒ် ထွက်လာတဲ့ နည်းစနစ်လို့ ထင်ကြတယ်။မှားတယ်။ လောက Algorithm က Predictable မဟုတ်ဘူး။Input ကောင်းရင် Output ကောင်းမယ်ဆိုတဲ့Linear Thinking (မျဉ်းဖြောင့်အတွေး) နဲ့ အလုပ်မလုပ်ဘူး။ လောကဓမ္မတရား
လူအများစုက ကိုယ့်ဘဝကိုကိုယ် ထိန်းချုပ်နေတယ် ထင်တယ်။တကယ်က မထိန်းချုပ်ပါဘူး။ လူအများစုကကိုယ့်ဘဝကို ကိုယ် ရွေးချယ်နေတယ် ထင်တယ်။ကိုယ့် ဆုံးဖြတ်ချက်တွေကို ကိုယ် ချနေတယ် ထင်တယ်။ကိုယ့် တုံ့ပြန်မှုတွေကို ကိုယ် ထိန်းနေတယ် ထင်တယ်။ တကယ်က —ဘဝက မျက်စိ မမြင်ရတဲ့ဘီးလည်ချက် တစ်ခု အပေါ်မှာ လည်နေတယ်။ ဖဿ → ဝေဒနာ → တုံ့ပြန်မှု → လုပ်ရပ် → ရလဒ် တစ်ခုခု ဖြစ်တယ် → တစ်ခုခု ခံစားရတယ် → ချက်ချင်း တုံ့ပြန်တယ် → တူညီတဲ့ pattern ပုံစံ ထပ်လုပ်တယ်။ ဒါပါပဲ။ ဒီ loop ထဲမှာကိုယ့် ဘဝ တစ်ခုလုံး လည်နေတယ်ကိုယ် မသိဘဲ။ ဗုဒ္ဓက
အာရုံစီမံခန့်ခွဲမှု အချိန်က တန်းတူညီမျှပါ။တစ်နေ့ ၂၄ နာရီ။လူတိုင်းအတွက် အတူတူပဲ။ ဒါပေမယ့် ရလဒ်က ဘာလို့ ကွာသွားတာလဲ။ အချိန်ကို စီမံတာ မဟုတ်ဘူး။အာရုံ (attention) ကို စီမံတာ။ အချိန်က ထွက်ပြေးနေတဲ့ မြင်းတစ်ကောင်လိုပဲ။ဖမ်းလို့ မရဘူး။ဘယ်သူမှ မရပ်နိုင်ဘူး။ ဒါပေမယ့် အာရုံကတော့ကိုယ်တိုင် ချုပ်ကိုင်နိုင်တာ။ဘယ်ကိုပြောင်းမယ်၊ ဘယ်ကိုအာရုံစိုက်မယ် —ဒါ ကိုယ်ရွေးချယ်လို့ရတယ်။ မနက်ရောက် ဖုန်းကောက်ကိုင်လိုက်တာနဲ့Instagram မှာ ၁၅ မိနစ်ပျောက်။Facebook မှာ ၂၀ မိနစ်ပျောက်။YouTube Shorts မှာ မသိဘဲ ၄၅ မိနစ်ပျောက်။ အချိန်ပျောက်တာ မဟုတ်ဘူး။အာရုံ ပျောက်တာ။ အာရုံစိုက်အလုပ််လုပ်ချင်တယ်။ဦးနှောက်က ဘာလို့ မလုပ်နိုင်တော့တာလဲဆိုတော့ —အာရုံ စုစည်းနိုင်တဲ့ စွမ်းအားမနက်စောစောကတည်းက အကုန်ခံပြီးသား ဖြစ်သွားလို့။ အမေရိကန် စိတ်ပညာရှင် William James
သူတပါးနဲ့ နှိုင်းယှဥ်ပြီးစိတ်ညစ်စရာမလိုပါဘူး။လူတိုင်းမှာ ပါရမီပါပါတယ်။ ကိုယ့်မှာ ပါရမီ မရှိဘူး မဟုတ်ပါဘူး။ပါရမီကို မသိတာ မတူးဖော်တာ မသုံးတာပါ။ လူတိုင်းမှာမွေးရာပါ ပါရမီ တစ်ခုခု ပါတယ်။ တစ်ချို့က ပြောတတ်တယ်။တစ်ချို့က ရေးတတ်တယ်။တစ်ချို့က တွက်တတ်တယ်။တစ်ချို့က လူတွေကို ဖတ်တတ်တယ်။တစ်ချို့က ဘာမှ မပြောဘဲ နေရာကို ငြိမ်သက်စေနိုင်တယ်။ ဒါတွေ အကုန်လုံး ပါရမီ ပါ။ ဒါပေမယ့် လူအများစုကကိုယ့်မှာ ပါရမီ မရှိဘူး ထင်တယ်။ ဘာကြောင့်လဲ — ပါရမီ ၃ ဆင့် ရှိတယ်။သိဖို့ — ပြုစုပျိုးထောင်ဖို့ — အသုံးချဖို့။ လူအများစုက ပထမဆင့်မှာ ရပ်နေတယ်။ကိုယ့် ပါရမီ ဘာလဲ မသိဘူး။ မသိတာ မဟုတ်ဘူး ဆိုတာက —ကိုယ့်အတွက် သဘာဝ ကျနေတာကိုပါရမီ
ဒီ ၃ ခု လုပ်နိုင်ရင်ကိုယ့်ဘဝက ကိုယ့် ပါရမီရဲ့ ဖော်ထုတ်ချက် ဖြစ်သွားမယ်။ Read More »
ဘဝမှာ အရေးအကြီးဆုံးအရာ ဘာလဲ လို့ မေးရင်autonomy လို့ခေါ်တဲ့အရာဖြစ်နိုင်ပါတယ်။ လူတွေငွေကြေး လို့ ပြောကြတယ်။ချစ်ရတဲ့လူ လို့ ပြောကြတယ်။အကုန်လုံးမှန်ပါတယ်။ ဒါပေမယ့်ဒါတွေ အားလုံးထက်ပိုအရေးကြီးတာ တစ်ခု ရှိတယ်။ကိုယ့်ဘဝကို ကိုယ်တိုင် ရွေးချယ်ခွင့်ရှိသလား မရှိဘူးလား ဆိုတဲ့ မေးခွန်း။ဒါက ကျန်းမာခြင်း၊ငွေကြေး ဒါတွေရှာဖွေရတဲ့အဓိကရည်ရွယ်ချက်မဟုတ်လား။ ပိုက်ဆံရှိပြီးကိုယ့်ဘဝ ကိုယ် မပိုင်ဘူးဆိုရင်ချမ်းသာတဲ့ ဘဝ မဟုတ်ဘူးဖြည်းဖြည်းချင်း သေနေတဲ့ ဘဝပဲ။ နေကောင်းတယ် ချုပ်နှောင်ခံနေရတယ်။ချစ်ရတဲ့သူ ရှိပြီးကိုယ်လုပ်ချင်တာ မလုပ်ရဘဲ နေရတဲ့ ဘဝဒါ ဘဝ မဟုတ်ဘူးဒါ အနေကြီးတဲ့ ထောင် တစ်ခု။ ကိုယ့်ဘဝကို ကိုယ် ရွေးနိုင်ဖို့Autonomy (ကိုယ်ကံကိုယ် ဖန်တီးနိုင်ခြင်း) ဆိုတဲ့ အရာဒါပဲ အဓိကအကျဆုံးတစ်ခုဖြစ်နိုင်ပါတယ်။ Phyo Paing @ Derek
ကိုယ့်ဘဝကို ကိုယ် ရွေးနိုင်ဖို့Autonomy (ကိုယ်ကံကိုယ် ဖန်တီးနိုင်ခြင်း) ဆိုတဲ့ အရာ Read More »
ကိုယ်လိုချင်တာကိုရအောင်ယူနိုင်တာလူတော်။ ကိုယ့်ကြောင့်သူတပါးဒုက္ခမရောက်အောင်နေတာ၊ကိုယ့်ကြောင့်သူတပါးပိုကောင်းမွန်သွားတာလူကောင်း။ မလိုချင်သင့်တာကိုမလိုချင်၊မလုပ်သင့်တာကိုမလုပ်၊လုပ်သင့်တာကိုပဲလုပ်၊အကျိုးအကြောင်းကိုသိဒါက လူလိမ်မာ။ တော်တာ ၈၀၊ကောင်းတာ ၇၀၊လိမ်မာတာ ၆၀။ Phyo Paing @ Derek
အရာရာမှာ အချိန်အခါ နေရာဒေသ ဆိုတာ ရှိတယ်။ကာလံ ဒေသံ။ တူညီတဲ့ စကားကိုမတူညီတဲ့ အချိန်မှာ ပြောရင်ရလဒ် ကွာတယ်။ တူညီတဲ့ လုပ်ရပ်ကိုမတူညီတဲ့ နေရာမှာ လုပ်ရင်ရလဒ် ကွာတယ်။ ဒါကို ပါဠိလို “ကာလံ ဒေသံ” လို့ ခေါ်တယ်။အချိန်အခါ သင့်တော်ခြင်း နေရာဒေသ သင့်တော်ခြင်း။ ဗုဒ္ဓက ဟောကြားခဲ့ပါတယ်“ကာလေန ဓမ္မဿဝနံ”သင့်တော်တဲ့ အချိန်မှာ တရားနာယူခြင်းဒါ မင်္ဂလာပါ။ တရားဟောတဲ့ ပုဂ္ဂိုလ်ကိုပင်သင့်တော်တဲ့ အချိန် မဟုတ်ရင်နာယူသူ မကြားနိုင်ဘူး။ ဒါ တရားတော် တစ်ခုတည်း မဟုတ်ဘူး။ဘဝရဲ့ အရာရာမှာ ဒီအတိုင်းပါပဲ။ ဆက်ဆံရေးမှာ ကြည့်ရအောင်။ ချစ်တဲ့သူကို ကောင်းတဲ့ စကား ပြောတယ်။ဒါပေမယ့် သူ စိတ်ညစ်နေတဲ့ အချိန်မှာ ပြောရင်သူ နားမဝင်ဘူး။တစ်ခါတစ်ရံ ပြောင်းပြန် နားလည်တယ်။