Dr. Phyo Paing

https://yec.company

လေ့ကျင့်တာနဲ့ လေ့လာတာလဲမတူပါဘူး။

ကလေးတွေကဘာသာစကားသင်ရလွယ်တယ်။ကလေးတွေက သင်ယူရမြန်တယ်။ ကျွန်တော်တို့ ဒီလိုမြင်ကြတယ်။ မသိစိတ်အလုပ်လုပ်တဲ့အရွယ်ဖြစ်တဲ့အတွက်ကလေးတွေကဘာသာစကားသင်ယူရမြန်တာမှန်တယ်။ လူကြီးတွေမှာလဲ တိုးတက်အောင်လုပ်လို့ရပါတယ်။အဓိက အတားအဆီးတွေက၁။ အလုပ်တွေရှိတဲ့အတွက်တစ်ခုထဲက ကလေးဘဝကလို အာရုံမစိုက်နိုင်တာ၂။ သင်ယူဖို့ အချိန်မပေးနိုင်တာ၃။ လေ့ကျင့်ဖို့ အသိုင်းအဝိုင်းမရှိတာ ဒီသုံးခုကို ကျော်လွှားဖို့က၁။ တစ်ရက်ကို မိနစ် ၃၀ လောက်အချိန်ပေး၂။ တစ်ယောက်တည်းလေ့ကျင့် deliberate practice လုပ်၃။ ဖြစ််နိုင်ရင် မှန်ကန်တဲ့ အသိုင်းအဝိုင်းထဲ တစ်ပတ်တစ်ခါသွား။ ဒါမှပဲ အသက်ကြီးပေမည့် တိုးတက်နေမှာ။တရုတ်၊ အင်္ဂလိပ်၊ စီးပွားရေးပညာဘာလေ့လာလေ့လာလေ့ကျင့်မှုအတွက် အချိန်တစ်ခုပေးဖို့လိုတယ်။​ လေ့ကျင့်တာနဲ့ လေ့လာတာလဲမတူပါဘူး။စာဖတ်တာ၊ မှတ်စုမှတ်တာ၊ စမ်းသပ်မှုလုပ်တာဒါကလေ့လာတာ။ပျင်းစရာကောင်းတဲ့အရာကိုထပ်ခါထပ်ခါလုပ်ဆောင်တာ လေ့ကျင့်တာ။ ကျွန်တော့်ရဲ့နည်းလမ်းကတော့တစ်ရက်ကို မိနစ်သုံးဆယ်လေ့ကျင့်တယ်။​၁ နာရီကို လေ့ကျင့်ခန်းလုပ်တယ်။၂ နာရီကို ပြန်လည်ရေးသားခြင်း၊ စုစည်းခြင်းလုပ်တယ်။၃ နာရီကို အကြံပေးခြင်း၊ အသုံးချခြင်းလုပ်တယ်။၄ နာရီကို စာဖတ်ခြင်း၊ လေ့လာ၊ စမ်းသပ်၊ ရှာဖွေခြင်းလုပ်တယ်။

လေ့ကျင့်တာနဲ့ လေ့လာတာလဲမတူပါဘူး။ Read More »

ကိုယ့်ပြဿနာ ကိုယ်ဖြေရှင်းဖို့ သင်ခဲ့ရတာသိပ်တော့ မများဘူး။

လူတစ်ယောက်မှာ ဒီသုံးခုအရေးအကြီးတယ်လို့ထင်တာပဲ။ ဘဝမှာ ကိုယ့်ပြဿနာကိုယ်ဖြေရှင်းနိုင်ဖို့။သူများပြဿနာကို ဖြေရှင်းကူနိုင်ဖို့။​ဒီလိုလုပ်ရင် အနာဂတ်ပြဿနာတွေကိုကြိုတင်အဖြေရှာနိုင်ဖို့။ ဘဝမှာ ကိုယ်တိုင်ကြုံရတဲ့ပြဿနာက၁။ ငွေအလုံအလောက်မရှိတာ၂။ အချစ်၃။ ကျန်းမာ၊ ကြံ့ခိုင်ရေး၄။ ပေါင်းသင်းဆက်ဆံရေး၅။ လူမှုရေး၆။ ငွေကြေးစီမံမှု၇။ တိုးတက်ရေး၊ လေ့လာနိုင်စွမ်းနဲ့ စွမ်းဆောင်ရည်မြင့်ရေး၈။ ဘာသာစကား၉။ လွတ်လပ်မှု (ငွေကြေးနဲ့ နေရာ)​အများတော့ အများကြီးပဲ။ သူများပြဿနာဆိုတဲ့နေရာမှာ၁။ မိဘနဲ့ မောင်နှမ၊ အမျိုး မိသားစုပြဿနာ၂။ ကိုယ့်လို ပြဿနာကြုံတဲ့သူတွေအတွက်ကိုယ့်အဖြေကို မျှဝေပေးနိုင်မှုဒါကလဲ အများကြီးပဲ။​ အနာဂတ်ပြဿနာ၁။ အိုမယ်၂။ နာမယ်၃။ သေမယ်၄။​ မသေခင် အထီးကျန်မယ်၅။ ပင်စင်ယူပြီး ကျန်းမာရေးစောင့်လျှောက်မှုအတွက်ဒါကလဲ အများကြီး။ ဒီသုံးခု စီမံနိုင်ရင် life management ကအဆင်ပြေသွားပြီ။ တကယ်စဉ်းစားကြည့်ရင်ကျွန်တော်တို့ငယ်တုန်းက ကျောင်းမှာကိုယ့်ပြဿနာ ကိုယ်ဖြေရှင်းဖို့ သင်ခဲ့ရတာသိပ်တော့ မများဘူး။ Phyo Paing @ Derek

ကိုယ့်ပြဿနာ ကိုယ်ဖြေရှင်းဖို့ သင်ခဲ့ရတာသိပ်တော့ မများဘူး။ Read More »

တကယ်က AI ပိုသုံးတာ ≠ ပိုရှေ့ရောက်AI ကို မှန်တဲ့ နေရာမှာ သုံးတာ = ပိုရှေ့ရောက်

AI ခေတ်မှာ ပိုအလုပ်များလာတယ်။ဒါပေမယ့် ပိုတိုးတက်လာတာ မဟုတ်ဘူး။ဒါ involution ပါ။ တရုတ်မှာ စကားလုံး တစ်လုံး ရှိတယ်内卷 (nèi juǎn) — involution ဒီ စကားလုံးက ဘာ အဓိပ္ပာယ်လဲ — လူတွေ ပိုကြိုးစားတယ်ပိုအလုပ်လုပ်တယ်ပိုပြိုင်ဆိုင်တယ်ပိုအကောင်းဆုံး ဖြစ်အောင် လုပ်တယ် ဒါပေမယ့်တကယ့် တိုးတက်မှု မတိုးဘူး။ Output ပိုများလာတယ်ဒါပေမယ့် value မတိုးဘူး ပြိုင်ဆိုင်မှု ပိုပြင်းလာတယ်ဒါပေမယ့် ရလဒ် မတိုးဘူး ဖိအား ပိုကြီးလာတယ်ဒါပေမယ့် လွတ်လပ်မှု မတိုးဘူး ဒါ involution ဖြစ်တယ်ဒါ AI ခေတ်မှာ ဖြစ်လာတော့မယ့် အရာ ဖြစ်တယ်။ — AI မတိုင်ခင် — AI မတိုင်ခင်အမြန်နှုန်းက ပြိုင်ဆိုင်မှု အားသာချက်

တကယ်က AI ပိုသုံးတာ ≠ ပိုရှေ့ရောက်AI ကို မှန်တဲ့ နေရာမှာ သုံးတာ = ပိုရှေ့ရောက် Read More »

အရာရာမှာ learning curve ရှိတယ်။

ခက်တဲ့အရာတွေပိုလုပ်ရင်လွယ်တဲ့အရာတွေပိုများလာမယ်။လွယ်တဲ့အရာတွေပဲ ပိုလုပ်ရင်ခက်တဲ့အရာပိုများလာမယ်။ တခါတလေ ခက်လဲ ခဏလောက်သည်းခံလုပ်ဆောင်ရမှာပဲ။ကြာရင် တဖြည်းဖြည်းလွယ်လာမှာပဲ။အရာရာမှာ learning curve ရှိတယ်။ Phyo Paing @ Derek

အရာရာမှာ learning curve ရှိတယ်။ Read More »

ဒါ ပညာရဲ့ စွမ်းအား ဖြစ်တယ်။

နားမလည်ရင် မှားမယ်။ဘယ်လောက် ကြိုးစားကြိုးစား။ လူအများစုက မှားရင်“ငါ မကြိုးစားလို့” ထင်တယ်။ ပိုကြိုးစားတယ်ပိုအချိန်ပေးတယ်ပိုအားစိုက်တယ် ပြီးရင် ထပ်မှားတယ်။ ဘာကြောင့်လဲဆိုတော့ကြိုးစားမှု မလုံလောက်လို့ မဟုတ်ဘူးနားလည်မှု မလုံလောက်လို့ ဖြစ်ပါတယ်။ နားမလည်ဘဲ ကြိုးစားတာမှားတဲ့ လမ်းပေါ်မှာ အမြန်ပြေးနေတာနဲ့ အတူတူပါပိုမြန်လေ ပိုဝေးလေ။ ဘယ်နေရာတွေမှာ နားမလည်လို့ မှားတတ်လဲ။ ဆက်ဆံရေးမှာ — ချစ်သူကို နားမလည်ဘူး ဆိုရင်ချစ်ပေမယ့် နာကျင်စေတယ်ကူညီချင်ပေမယ့် ဖိအားပေးမိတယ်ပြောချင်ပေမယ့် ဝေဖန်သလို ဖြစ်သွားတယ် “ငါ ချစ်လို့ ပြောတာ” ဆိုပေမယ့်ပြောပုံ ပြောနည်း ကို နားမလည်ရင်ချစ်ခြင်းက ဒဏ်ရာ ဖြစ်သွားတယ်။ ဝန်ထမ်းကို နားမလည်ဘူး ဆိုရင်မြဲစေချင်ပေမယ့် ထွက်သွားတယ်။လစာ တိုးပေးပေမယ့် ပျော်ရွှင်မှု မရှိဘူး။ချီးကျူးပေမယ့် ယုံကြည်မှု မရဘူး။ “ငါ စီမံခန့်ခွဲတယ်” ဆိုပေမယ့်လူကို နားမလည်တဲ့

ဒါ ပညာရဲ့ စွမ်းအား ဖြစ်တယ်။ Read More »

ဒီဘာတွေးမလဲနဲ့ဘာရွေးမလဲပြောင်းရင်ဘဝကလဲပြောင်းတယ်။

လူတွေရဲ့ရွေးချယ်မှုတွေပေါ်မူတည်ပြီးဘဝတွေကွာသွားတယ်။​ ဒီရွေးချယ်မှုပေါ်မူတည်ပြီးသံသရာကလည်နေတယ်။ ဘာတွေးမလဲ ရွေးချယ်မှုပဲ။​ဘာရွေးမလဲ ရွေးချယ်မှုပဲ။ ဒီဘာတွေးမလဲနဲ့ဘာရွေးမလဲပြောင်းရင်ဘဝကလဲပြောင်းတယ်။ Phyo Paing @ Derek

ဒီဘာတွေးမလဲနဲ့ဘာရွေးမလဲပြောင်းရင်ဘဝကလဲပြောင်းတယ်။ Read More »

နက္ခတ်တွေမှန်တဲ့အချိန်အရာရာအပြောင်းအလဲဖြစ်တဲ့အချိန်ပဲ။

ကံဆိုတာ ရေလှိုင်းလိုပဲ။​တက်လိုက်၊ ကျလိုက်။ တချို့အချိန်တွေဘယ်လောက်ကြိုးစားကြိုးစားနက္ခတ်တွေက ကွက်တိမကျဘူး။ ဒါကို ရပ်လိုက်တဲ့သူတွေရှိတယ်။ တချို့က သည်းခံပြီးပုံမှန်အဆင်မပြေလဲဥာဏ်ရှိရှိနဲ့ ပြင်ဆင်သွားတဲ့သူတွေရှိတယ်။ ပြင်ဆင်မှုနဲ့ အခွင့်အလမ်းကွက်တိအဆင်ပြေတဲ့အချိန်နက္ခတ်တွေမှန်တဲ့အချိန်အရာရာအပြောင်းအလဲဖြစ်တဲ့အချိန်ပဲ။ Phyo Paing @ Derek

နက္ခတ်တွေမှန်တဲ့အချိန်အရာရာအပြောင်းအလဲဖြစ်တဲ့အချိန်ပဲ။ Read More »

ခဏခဏ တွေးပါ။ယုံကြည်တွေးပါ။

သူများတော့ မသိဘူး။ဘဝမှာတော့ သေချာ ခဏခဏတွေးနေရင်၊တကယ့်ကို ရမယ်လို့လည်း ယုံယုံကြည်ကြည်ရှိနေရင်၊တဖြည်းဖြည်း ဘဝထဲ ရောက်လာတတ်တယ်။ Thought → Attention → Perception Filter →Behavior Pattern → Environmental Selection → Outcome အတွေး → အာရုံ → အထင်အမြင်ကန့်သတ်ချက် →အပြုအမူ → ပတ်ဝန်းကျင်ရွေးချယ်မှု → ရလဒ် အတွေးတွေက အရေးကြီးတယ်။ Neuroscience အရဆိုReticular Activating System (RAS) ဆိုတာဦးနှောက်ထဲက အာရုံစစ်ထုတ်ပေးတဲ့ system တစ်ခုပါ။ ကိုယ်ယုံကြည်တာကိုပဲ အာရုံစိုက်မိတာပေါ့။ ကားအဝါရောင်တစ်စီး ဝယ်လိုက်တာနဲ့လမ်းပေါ်မှာ အဝါရောင်ကားတွေရုတ်တရက် များလာသလို ထင်ရတာမျိုးပဲ။ ကားတွေ များလာတာ မဟုတ်ဘူး။ကိုယ့်ဦးနှောက်က ခုမှ မြင်တာ။ ဗုဒ္ဓဘာသာအရဆို

ခဏခဏ တွေးပါ။ယုံကြည်တွေးပါ။ Read More »

စဉ်းစားက အဖြေကို ရှာတယ်။စိုးရိမ်က အဖြေကို ရှောင်တယ်။

စဉ်းစားခြင်းနဲ့စိုးရိမ်ခြင်း တူပုံပေါ်တယ်။တကယ်က မတူဘူး။စဉ်းစားက အဖြေကို ရှာတယ်။စိုးရိမ်က အဖြေကို ရှောင်တယ်။ Phyo Paing @ Derek

စဉ်းစားက အဖြေကို ရှာတယ်။စိုးရိမ်က အဖြေကို ရှောင်တယ်။ Read More »

ဒီလို မြင်နိုင်တဲ့ နေ့ကစိတ်တိုင်းမကျတာတွေ ကျော်လွှားပြီးတဲ့ နေ့ မဟုတ်ဘူးကျော်လွှားစရာ မလိုတော့တဲ့ နေ့ ဖြစ်တယ်။

စိတ်တိုင်းမကျတာတွေ ဖြစ်နေတာ မဟုတ်ဘူး။စိတ်တိုင်းကျဖို့ မျှော်လင့်ထားတာ များနေတာ။ ဘဝမှာစိတ်တိုင်းမကျတာတွေ ရှိတယ်။ အလုပ် မရဘူး။ရောင်းအား မကောင်းဘူး။ချစ်သူ နားမလည်ဘူး။ကြိုးစားတာ အသိအမှတ် မပြုဘူး။အစီအစဉ် အတိုင်း မဖြစ်ဘူး။ ဒါတွေ ဖြစ်ရင်စိတ်ညစ်တယ်စိတ်ပျက်တယ်စိတ်ဓာတ်ကျတယ်တစ်ခါတစ်ရံ စိတ်ဆိုးတယ်တစ်ခါတစ်ရံ ကိုယ့်ကိုကိုယ် အပြစ်တင်တယ်။ ဒါပေမယ့်ဒီမှာ ခဏ ရပ်ပြီး ကြည့်ရအောင်။ ကိုယ့်ကို စိတ်ညစ်စေတာ ဘာလဲ — ဖြစ်ရပ်လားဒါမှမဟုတ်ဖြစ်ရပ် အပေါ် ကိုယ့် မျှော်လင့်ချက်လား။ ပြဿနာက ဖြစ်ရပ် မဟုတ်ဘူး မျှော်လင့်ချက် ဖြစ်တယ်။ Epictetus က ပြောခဲ့ပါတယ်“ကိုယ့်ကို ထိခိုက်စေတာကဖြစ်ရပ် မဟုတ်ဘူးဖြစ်ရပ်ကို ကိုယ် ဘယ်လို ယူဆလဲ ဆိုတာ” လို့။ “အလုပ် ရမယ်” ဆိုတဲ့ မျှော်လင့်ချက် ရှိလို့မရရင် စိတ်ညစ်ရတာ။ “ချစ်သူ နားလည်ရမယ်”

ဒီလို မြင်နိုင်တဲ့ နေ့ကစိတ်တိုင်းမကျတာတွေ ကျော်လွှားပြီးတဲ့ နေ့ မဟုတ်ဘူးကျော်လွှားစရာ မလိုတော့တဲ့ နေ့ ဖြစ်တယ်။ Read More »