ကောင်းမွန်တဲ့ နေ့ရက်တွေဖန်တီးဖို့ 8 E
ကျွန်တော်တို့မှာရှိတဲ့ အချိန်၊ ကာယနဲ့ ဉာဏအားတွေကို အကောင်းဆုံးအသုံးချဖို့ 8 Es နဲ့ဖော်ပြလိုက်ပါတယ်။ Productivity တိုးတက်ဖို့ Efficiency နဲ့ Effectiveness ကောင်းဖို့လိုပါတယ်။ Productivity = Effectiveness/Efficiency. Efficiency ကတော့ Input တွေကို အကောင်းဆုံးအသုံးချတာ Resources တွေကို အကောင်းဆုံးအသုံးချတာဖြစ်ပြီး၊ Effectiveness ကတော့ Output တွေများများထွက်တာ လိုချင်တဲ့ Result ကိုရတာကိုဆိုလိုပါတယ်။ 1. End Resultဘာအလုပ်တွေကို ပြီးမြောက်ချင်တာလည်း ကိုယ်တိုင်သေချာသိရမယ်။ တနည်းအားဖြင့် နေ့တစ်နေ့စတဲ့အခါ ဒီနေ့အိပ်ရာဝင်ရင် ဘာတွေပြီးသွားရမလည်းနဲ့ စဖို့လိုပါတယ်။ 2. Emotion လူတွေကို စိတ်ညစ်စေတဲ့ 4 clouds ဖြစ်တဲ့ အဖျက်စိတ်၊ အဖျက်အတွေး၊ မိမိကိုယ်ကို ကန့်သတ်ထားတဲ့အတွေးအခေါ်နဲ့၊ တွေဝေဒွိဟ စိတ်တွေကို
