Advice

တချို့အချိန်တွေကျရင်
အဟောင်းတွေကိုမေ့ဖို့လဲလိုတယ်။
လွယ်တော့ တော်တော်မလွယ်လှဘူး။

မရှုံးချင်ဘူး။ ဘာကြောင့်ဆို ရှုံးသွားရင်ပြန်ကုန်းကောက်စရာမရှိခဲ့လို့။ ဒါကြောင့် တစ်ခုခုဆို ရှုံးသွားခဲ့ရင်တောင် ပြန်ကစားလို့ရအောင်ငွေဆိုလဲ သုံးဆင့်၊ အလုပ်ဆိုလဲ သုံးဆင့်လောက်ထားတယ်။ ငယ်ငယ်တည်းက စားစရာဆို ကုန်သွားရင် ထပ်ရှိနေအောင်သီးသန့် တခြားသူမသိပဲသိမ်းထားတာမျိုးလုပ်တယ်။ ဒါကတော့ ငယ်ဘဝကို အားကိုးရာမရှိဖြတ်သန်းခဲ့တဲ့သူအများစုမှာတွေ့ရတတ်တယ်လို့ထင်တယ်။ အလုပ်တစ်ခုလုပ်ရင်လဲ ဒီအလုပ်အဆင်မပြေရင်နောက်တစ်ခုလုပ်လို့ရအောင်အဆင်သင့်ရှိပြီးသား။ ဒီလိုလူတွေရဲ့အားနည်ချက်ကမရှုံးအောင် ကစားမိတာ။ တစ်ခုခုဆို ဝုန်းမယ်။စျေးကွက်ကို အုပ်စိုးမယ်ဆိုတာထက်ကိုယ့်အတွက်အမြဲ ပြေးပေါက်ကိုကြိုစဉ်းစားထားတတ်တာ။ ဘဝမှာ စျေးကွက်ကို အုပ်စိုးဖို့ ရည်မှန်းချက်ထက်ပြဿနာတွေပေါ်လာတဲ့အခါရှောင်နိုင်ဖို့ကိုအဓိကထားပြီးဘဝကို အထာကျကျဖြတ်သန်းဖို့စီမံပြီးဖြတ်သန်းဖြစ်တာ လူတွေရဲ့ inspiration မတူကြတာငယ်ဘဝဖြတ်သန်းမှုက သင်ယူခဲ့တဲ့အရာတွေကြောင့်။ တချို့အချိန်တွေကျရင်အဟောင်းတွေကိုမေ့ဖို့လဲလိုတယ်။လွယ်တော့ တော်တော်မလွယ်လှဘူး။ Phyo Paing @ Derek

တချို့အချိန်တွေကျရင်
အဟောင်းတွေကိုမေ့ဖို့လဲလိုတယ်။
လွယ်တော့ တော်တော်မလွယ်လှဘူး။
Read More »

ကိုယ်လိုချင်တာရအောင်
စဉ်းစားတတ်ဖို့လိုတယ်။

ကြိုးစားတာလူတိုင်းလုပ်တတ်တယ်။ စဉ်းစားတာလဲ လူတိုင်းလုပ်တတ်တယ်။ ကိုယ်လိုချင်တာရအောင်စဉ်းစားတာ လူတိုင်းမလုပ်တတ်ဘူး။ ကြံစည်လုပ်ဆောင်တာ လူတိုင်းမလုပ်တတ်ဘူး။ ကိုယ်လိုချင်တာရအောင်စဉ်းစားတတ်ဖို့လိုတယ်။ စဉ်းစားတတ်ဖို့ စဉ်းစားနည်းသိဖို့လိုသလိုမှန်ကန်တဲ့အမြင်ရှိဖို့လိုတယ်။ သဘောတရားကို သေချာနားလည်ဖို့လဲလိုတယ်။ ဒီနှစ်ခုကို သဘာနဲ့ရောရင်ထိုးထွင်းသိမြင်မှုဆိုတာရတယ်။ အေအိုင်ကို သိချင်တာမေးလို့ရတယ်။ ကိုယ့်ပြဿနာတွေအကုန်အဖြေရှာလို့တော့ မရသေးဘူး။ Phyo Paing @ Derek

ကိုယ်လိုချင်တာရအောင်
စဉ်းစားတတ်ဖို့လိုတယ်။
Read More »

စမ်းကြည့်၊ ထုတ်ကြည့်၊
တိုင်းတာကြည့်၊ ပြင်ကြည့်။

နေ့စဉ်တိုးတက်ချင်ရင်စာတွေနဲ့မရဘူး။ငါတွေ့လိုတယ်။ ငါတွေ့ရဖို့ စမ်းကြည့်ဖို့လိုတယ်။ စမ်းကြည့်တဲ့အခါမအောင်မြင်မှု၊ အလုပ်မဖြစ်မှုတွေရှိမယ်။တွေ့ရှိမှု discoveries တွေရှိမယ်။ မားကတ်တင်းစာအုပ်ဖတ်ရုံနဲ့ မားကတ်တင်းကျွမ်းကျင်လာမှာမဟုတ်ဘူး။Content တွေဖန်တီးကြည့်။ Copy တွေရေးကြည့်။ Ads တွေကြော်ငြာတွေ run ကြည့်။Campaign တွေဖန်တီး။ သင်ယူ။ ဒီလိုပဲသွားရမှာ။ Entrepreneurship စာအုပ်တွေဖတ်နေရုံနဲ့လဲအောင်မြင်ငွေရ သုံးသူရှိတဲ့ကုန်ပစ္စည်းတွေ စျေးကွက်ထဲမိတ်ဆက်နိုင်မှာမဟုတ်ဘူး။ စမ်းကြည့်၊ ထုတ်ကြည့်၊ တိုင်းတာကြည့်၊ ပြင်ကြည့်။ စာတွေ့နဲ့ မရ။ငါတွေ့လိုတယ်။ လူရှေ့သူရှေ့စကားပြောခြင်း၊ စျေးရောင်းခြင်း။ အတူတူပါပဲ။ Phyo Paing @ Derek

စမ်းကြည့်၊ ထုတ်ကြည့်၊
တိုင်းတာကြည့်၊ ပြင်ကြည့်။
Read More »

move on လုပ်နိုင်မှ
ပိုကောင်းတဲ့ဘဝတည်ဆောက်နိုင်မှာ။

လွတ်မြောက်ဖို့ လွတ်ချဖို့လိုတယ်။ အလုပ်မဖြစ်တော့တာ၊ ကိုယ့်အတွက် အကျိုးမရှိတော့တာ၊ အနာဂတ်အတွက် အရေးမပါတော့တာကို တာ့တာပြ move on လုပ်နိုင်မှပိုကောင်းတဲ့ဘဝတည်ဆောက်နိုင်မှာ။ Phyo Paing @ Derek

move on လုပ်နိုင်မှ
ပိုကောင်းတဲ့ဘဝတည်ဆောက်နိုင်မှာ။
Read More »

ခေတ်အပြောင်းအလဲမှာ
နောက်ကျမကျန်ခဲ့ဖို့လဲ
လေ့လာအားထုတ်ဖို့လိုပြန်တယ်။

ဒီနေ့ခေတ်ဘဝကို တည်ဆောက်ဖို့က ထင်သလောက်မလွယ်ဘူး။ ၁။ ပိုက်ဆံနဲ့ ဘဝတည်ဆောက်ရတယ်၂။ အလုပ်အကိုင်နဲ့ ဘဝတည်ဆောက်ရတယ် ၃။ ပညာနဲ့ ဘဝတည်ဆောက်ရတယ်၄။ အချစ်နဲ့ ဘဝတည်ဆောက်ရတယ်၅။ အပေါင်းအသင်းနဲ့ဘဝတည်ဆောက်ရတယ်၆။ ဒါတွေလုပ်ဆောင်ဖို့ ကျန်းမာနေဖို့လိုတယ် ၇။ နောက်ခေတ်နောက်မကျဖို့ကလဲ အမြဲလေ့လာနေဖို့လိုတယ်။ ပိုက်ဆံရဖို့ အလုပ်အကိုင်ကောင်းဖို့လိုတယ်။ အလုပ်အကိုင်ကောင်းဖို့ ပညာလိုတယ်။ ဒါတွေအဆင်ပြေပြီး အချစ်ရေး (မိဘ၊ သားသမီး၊ သမီးရည်းစားလင်မယား)အဆင်မပြေရင်လဲ ဘဝကအဆင်မပြေတဲ့အတွက် အချစ်ရေးကလဲ အရေးကြီးတယ်။သာရေးနာရေး ဆက်သွယ်ရေးအတွက်အပေါင်းအသင်းရေးရာ social ကလဲ အရေးကြီးပြန်တယ်။ ဒါတွေရဲ့ထောက်တိုင် ကျန်းမာရေးနဲ့ခေတ်အပြောင်းအလဲမှာ နောက်ကျမကျန်ခဲ့ဖို့လဲလေ့လာအားထုတ်ဖို့လိုပြန်တယ်။ Phyo Paing @ Derek

ခေတ်အပြောင်းအလဲမှာ
နောက်ကျမကျန်ခဲ့ဖို့လဲ
လေ့လာအားထုတ်ဖို့လိုပြန်တယ်။
Read More »

ကိုယ့်အတွက်
အရေးပါတာကို အရာပေးဖို့လိုတယ်။

လူဆိုတာ အကန့်အသတ်ရှိတယ်။ အချိန်၊ စွမ်းအင်၊ အာရုံ။ ဒါကြောင့် ကိုယ့်အချိန်၊ စွမ်းအင်၊ အာရုံကို ဘယ်မှာပဲသုံးမယ်ဆိုတာ ကပ်စေးနဲဖို့လိုတဘ်။ ဒါမှပဲ ကိုယ်တည်ဆောက်ချင်တဲ့ကြီးကျယ်ခမ်းနာတဲ့အရာတွေတည်ဆောက်လို့ရမှာ။ အုတ်ရောရောကျောက်ရောရောဘဝကကျော်လွှားချင်ရင်အချိန်၊ စွမ်းအင်၊ အာရုံကို ချွေတာပြီး ကိုယ့်အတွက်အရေးပါတာကို အရာပေးဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ့်အတွက်
အရေးပါတာကို အရာပေးဖို့လိုတယ်။
Read More »

အာရုံမထားခြင်း
ဂရုမစိုက်ခြင်းဖြစ်နိုင်တယ်။

တခါတလေ အကောင်းဆုံးအပြစ်ပေးခြင်းက အာရုံမထားခြင်းဂရုမစိုက်ခြင်းဖြစ်နိုင်တယ်။ ကိုယ့်ရဲ့အဖိုးတန်တဲ့အာရုံတွေကို အဖိုးမတန်တဲ့သူတွေကို ပေးမနေပါနဲ့။ Phyo Paing @ Derek

အာရုံမထားခြင်း
ဂရုမစိုက်ခြင်းဖြစ်နိုင်တယ်။
Read More »

ဗုဒ္ဓဟောကြားခဲ့တဲ့ ပဋိစ္စသမုပ္ပါဒ် လိုအကြောင်းအကျိုးဆက်စပ်ဖြစ်ပေါ်ခြင်းပဲ။

ကိုယ်တစ်ယောက်တည်းတော်လို့မဟုတ်ဘူး။ အောင်မြင်တယ်၊တိုးတက်တယ်ဆိုတာအထောက်အပံကောင်းလို့။ ဒီနေ့ခေတ် မိဘတွေကသားသမီးတွေကိုငွေကုန်ခံပြီး ပညာသင်ပေးတာကအထောက်အပံ့တစ်ခုဖြစ်စေချင်လို့။ ကိုယ့်မိဘတွေရဲ့ genes မျိုးရိုးဗီဇ၊မိဘတွေရဲ့ အထောက်အပံ၊ပံ့ဝန်းကျင်ရဲ့အထောက်အပံ့၊ချစ်သူရည်းစား လင်မယားရဲ့နားလည်ပံ့ပိုးမှု၊ဆရာသမားတွေရဲ့ပံ့ပိုးမှု၊ကိုယ်နေထိုင်တဲ့နေရာရဲ့ပံ့ပိုးမှုဒီအချက်တွေအပေါ်အများကြီးမူတည်တယ်။ ဘဝမှာ အသက်အရွယ်တစ်ခုထိရွေးချယ်လို့မရခဲ့တာတွေရှိမယ်။​အသက်အရွယ်တစ်ခုရောက်တဲ့အခါရွေးချယ်လို့ရတဲ့ သေးသေးလေးကစလို့အကြီးကြီး ရွေးချယ်မှုတွေလုပ်လို့ရတာရှိမယ်။ အဖေ၊ အမေကို ရွေးလို့မရဘူး။ငယ်ဘဝဖြတ်သန်းမှုကိုရွေးချယ်ဖို့မလွယ်ကူဘူး။ဒါပေမယ့် ဘဝမှာဘယ်မှာနေမယ်၊ ဘယ်သူတွေနဲ့တွေ့မယ်၊ဘယ်လိုအတွေးအခေါ်မျိုးတွေးမယ်ဒါတွေက ရွေးချယ်လို့ရတယ်။တွေးခေါ်၊ ကြံစည်၊ လုပ်ဆောင်လို့ရတယ်။ တခါတလေ တချို့တွေကပညာအထောက်အပံ့နဲ့မျိုးရိုးဗီဇ အလုံအလောက်မကောင်းတဲ့အခါပညာသင်ရခက်တာ၊ကိုယ်လိုချင်တဲ့ရလဒ်ရဖို့လိုအပ်တဲ့ IQ မရှိတာဒါမျိုးလဲဖြစ်နိုင်တယ်။ လူတစ်ယောက် အောင်မြင်တယ်ဆိုတိုင်းအထင်အရမ်းကြီးဖို့မလိုသလို၊ညံ့နေတယ်ဆိုတာကလဲသူမကြိုးစားလို့ မဟုတ်တာလဲဖြစ်နိုင်တယ်။ ဗုဒ္ဓဟောကြားခဲ့တဲ့ ပဋိစ္စသမုပ္ပါဒ် လိုအကြောင်းအကျိုးဆက်စပ်ဖြစ်ပေါ်ခြင်းပဲ။ Phyo Paing @ Derek

ဗုဒ္ဓဟောကြားခဲ့တဲ့ ပဋိစ္စသမုပ္ပါဒ် လိုအကြောင်းအကျိုးဆက်စပ်ဖြစ်ပေါ်ခြင်းပဲ။ Read More »

အဆုံးသတ်စရာရှိတာအဆုံးသတ်သွားနိုင်ဖို့လိုတယ်။

ဒီနေ့ဆို ၂၀၂၆ မှာငါးလကုန်သွားပြီ။၂၀၂၆ ကုန်လို့milestone တွေမပြည့်လို့ကိုယ့်ကိုကိုယ် အားမရမဖြစ်ဖို့ကနေ့စဥ်၊ အပတ်စဉ်၊ လစဉ်လုပ်စရာရှိတာ လုပ်၊အဆုံးသတ်စရာရှိတာအဆုံးသတ်သွားနိုင်ဖို့လိုတယ်။ Phyo Paing @ Derek

အဆုံးသတ်စရာရှိတာအဆုံးသတ်သွားနိုင်ဖို့လိုတယ်။ Read More »

ဒီ ၇ ခု နေ့တိုင်း လုပ်ရင်ဘဝ ပြောင်းသွားမယ်။ကိုယ် ပြောင်းသွားမယ်။

စက်ရုပ်လို အလုပ်လုပ်။အနုပညာသမားလိုဘဝရဲ့အနှစ်သာရကိုခံစား။ သိပ္ပံပညာရှင်တစ်ယောက်လိုလေ့လာ။အတွေးအခေါ်ပညာရှင်တစ်ယောက်လိုမေးခွန်းထုတ်။​ အင်္ဂျင်နီယာတစ်ယောက်လိုဘဝကို တည်ဆောက်။ ဆရာဝန်တစ်ယောက်လိုပြဿနာကို အဖြေရှာ။ရှေ့နေတစ်ယောက်လိုကိုယ့်အမှုကို ကာကွယ်။ ဒီ ၇ ခု တတ်ရင် ဘဝ ကို master လုပ်နိုင်ပြီ။ လူအများစုကဘဝ ကို အမျိုးအစား တစ်ခုတည်းနဲ့ နေကြတယ်။ တစ်ချို့က အလုပ် ပဲ လုပ်တတ်တယ်ဒါပေမယ့် ခံစားမှု မရှိဘူး တစ်ချို့က ခံစားမှု ပဲ ရှိတယ်ဒါပေမယ့် စနစ်တကျ မလုပ်တတ်ဘူး တစ်ချို့က မေးခွန်း ထုတ်တတ်တယ်ဒါပေမယ့် အဖြေ ရှာမတတ်ဘူး ဘဝ ကို ဆရာကျဖို့အမျိုးအစား ၁ ခု နဲ့ မရဘူးအနည်းဆုံး ၇ ခု လိုတယ် ဒီ ၇ ခု ကိုကိုယ့်ထဲ ပေါင်းစပ်ထားရမယ်။ ၁။ စက်ရုပ်လို

ဒီ ၇ ခု နေ့တိုင်း လုပ်ရင်ဘဝ ပြောင်းသွားမယ်။ကိုယ် ပြောင်းသွားမယ်။ Read More »