သင်လမ်းပျောက်တာ မဟုတ်ပါဘူး။
သင်လမ်းပျောက်တာ မဟုတ်ပါဘူး။ပိုက်ဆံမဝင်တာပါ။ပိုက်ဆံဝင်လေ လမ်းပိုရှင်းလေဖြစ်လာလိမ့်မယ်။ Phyo Paing @ Derek
သင်လမ်းပျောက်တာ မဟုတ်ပါဘူး။ပိုက်ဆံမဝင်တာပါ။ပိုက်ဆံဝင်လေ လမ်းပိုရှင်းလေဖြစ်လာလိမ့်မယ်။ Phyo Paing @ Derek
သူဌေးတွေက သူတို့သားသမီးတွေကိုစျေးကြီးတဲ့ကျောင်းတွေမှာထားတဲ့အခါမတန်ဘူးလို့ တချို့ကစဥ်းစားကောင်းစဥ်းစားလိမ့်မယ်။ အမှန်တော့ သူတို့ကကလေးတွေအတွက်အခွင့်အလမ်းကို ဝယ်ပေးတာ။ ဆရာ နဲ့ ထိတွေ့တဲ့ အသိုင်းအဝိုင်း။ တချို့ အခွင့်အလမ်းတွေကဝယ်ရတတ်တယ်။ Pay to Play ပေါ့။ ဒါကြောင့် ကိုယ့်ကို အသိပညာ၊ အတတ်ပညာ၊ငွေကြေး၊ လုပ်ဆောင်နိုင်စွမ်း၊ အခွင့်အလမ်းတွေဖွင့်ပေးရင်ဝယ်သင့်ဝယ်ရမှာပဲ။ အခုအချိန်မှာ တချို့သူတွေအတွက်အေအိုင်ကို လစဥ်ကြေးဝယ်တာကအကောင်းဆုံး အခွင့်အလမ်းဝယ်တာဖြစ်ရင်ဖြစ်မယ်။ တချို့အတွက်က ပညာရေး။ အရေးကြီးတာ ပိုက်ဆံရှာ၊ ရှာတဲ့ပိုက်ဆံနဲ့ တခြားသူတွေမမြင်တဲ့ဝယ်လို့ရတဲ့အခွင့်အလမ်းကိုဝယ်နောက်တစ်ဆင့်ပြန်သွား။ Phyo Paing @ Derek
ကျရှုံးတာတွေများရင်လူက ထုံလာတတ်တယ်။ အောင်မြင်နေရင်ထပ်အောင်မြင်ဖို့မခက်ဘူး။ ငွေဝင်နေရင် ထပ်ငွေဝင်ဖို့မခက်ဘူး။ ကျရှုံးတာတွေများ၊ ဘူတာတွေများရင် ဒူဒူ လာတတ်တယ်။ ဒါကို ကျော်လွှားဖို့ကလုပ်နေတာတွေရပ်ဖို့ပဲ။ ကိုယ်နဲ့မကိုက်တဲ့အလုပ်တွေကလုပ်နေရင်တိုင်တွေပတ်နေမှာ။ ဒါကို alignment အလိုင်းမန့်လို့ခေါ်တယ်။ မလိုအပ်တဲ့ ပြဿနာတွေ ဖြေရှင်းနေရမှာ။ လူတွေရဲ့ဘဝမှာ အလိုင်းမန့်တွေလွဲလုပ်တဲ့အလုပ်တွေမှားနေလို့တိုင်ပတ်မှု အပေါင်း သရဖူဆောင်းနေတတ်ကြတာ။ ကိုယ်ဘာအားသာလဲ၊ ကိုယ်ဘာလုပ်မလဲ၊ ကိုယ့်အသက်မွေးမှုနဲ့ ကိုယ့်အတွေး၊ အကြံနဲ့ ဒီအလုပ်ကွတ်တိကျရင် အရာရာလွယ်သွားပြီ။ Phyo Paing @ Derek
ကိုယ်နဲ့မကိုက်တဲ့အလုပ်တွေကလုပ်နေရင်
တိုင်တွေပတ်နေမှာ။ Read More »
တဖြေးဖြေးသိလာတာ လူတွေကို ပိတ်ထားတဲ့အတားအဆီးက“အတွေးအခေါ်” ပဲ။ ကျွန်တော်ကတော့ လုံးဝ အတွေးအခေါ်မတူညီတဲ့မိဘနှစ်ပါးနဲ့ ကြီးတယ်။ အမေက တစ်ခုခုဝယ်တော့မယ်ဆို အခုထိ စျေးကြည့်ပြီးအရာရာကို ခက်ခဲနေတယ်လို့ထင်တဲ့မိသားစုကလာတယ်။ အဖေက တစ်ခုခုဆို အကောင်းဆုံးကို ဝယ်တယ်။ အရာရာ ဖန်တီးလို့ရတယ်လို့ထင်တယ်။ လေးတန်းကနေ ဆေးကျောင်းပထမနှစ်လောက်ထိကမပြည့်မစုံနေခဲ့ရပေမယ့် ကိုယ်လိုချင်တာရဖို့ ခက်ခဲတယ်လို့ ဘယ်တုန်းကမှ မစဥ်းစားမိဘူး။ လိုချင်တာရှိရင် ဖန်တီးယူလို့ရတယ်ဒီနေ့အထိ အကြွင်းမဲ့ယုံကြည်တယ်။ ကားမရှိဘူး သေချာကြံဆရင်ဝယ်လို့ရတယ်။ အိမ်မရှိဘူး။ မြေမရှိဘူး။ကျွမ်းကျင်မှုမရှိဘူး။ လုပ်ငန်းမရှိဘူး။ငွေမရှိဘူး။ အကုန်လုံးက ကြံဆဖန်တီးယူလို့ရတယ်။ ဒီလောကအမြင်က အဖေဆီကရတာလို့လဲယူဆတယ်။ ငယ်ငယ် ညနေဗီဒီယိုဇာတ်ကားကြည့်ပြီးတိုင်းဆန်ချိုအေးဆို ၅ ကျပ်တန်မသောက်နဲ့၁၀ တန်သောက်။ သူနဲ့ မူဆယ်၊ မန္တလေး သူ့ကားနဲ့အမြဲလိုက်သွားတာ၊ မျက်စိရှေ့မှာ အိမ်ဝယ်၊ ကားဝယ်၊ ၁၂ ဘီးကားကနေသစ်စက်နဲ့ လုပ်ငန်းဖန်တီးတာမြင်ခဲ့ရတော့စီးပွားရေးလုပ်တာ ဘာမှခက်မနေဘူလို့အမြဲယူဆတယ်။ ကိုယ့်ကိုပျက်စီးစေနိုင်တဲ့ဆေးဝါးတို့ ဂရုစိုက်တယ်။
အတွေးအခေါ်ဘေးချော်ရင်
အရေးပေါ်ပြင်ဖို့လိုနိုင်တယ်။ Read More »
ဘဝမှာ အရေးအကြီးဆုံးက “အောင်မြင်မှု” မဟုတ်ဘူး။ ကျွန်တော့်ဘဝအတွက်အရေးအကြီးဆုံးက “ကိုယ့်ပြဿနာ ကိုယ်ဖြေရှင်းနိုင်ဖို့။” သမီးကိုလဲ ပြောတယ်။ ပညာသင်တဲ့ရည်ရွယ်ချက်က ကိုယ့်ပြဿနာ ကိုယ်ဖြေရှင်းနိုင်ဖို့။ လောကမှာ အသောမသတ် ပြဿနာတက်ရတာကိုယ့်ပြဿနာကိုယ် မဖြေရှင်းနိုင်ကြလို့။ ဘဝရဲ့ပြဿနာကိုဖြေရှင်းဖို့ကဒီနေ့ပြဿနာပဲ ထိုင်ဖြေရှင်းနေလို့မရဘူး။ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ပြဿနာအကုန်ချရေးပြီး ကြိုတင်ပြင်ဆင်ထားနိုင်ဖို့လိုတယ်။ အို၊ နာ၊ သေ။ ဒါကတော့ အားလုံးကြုံရမည့်ပြဿနာ။ ဒီကြားထဲမှာ စား၊ ဝတ်၊ နေရေး၊ ကျန်းမာရေး၊လှုံခြုံရေး၊ အထီးကျန်မှုပြဿနာဖြေရှင်းရေး၊ အသက်ရှင်ပြီး အသက်မဝင်တဲ့ပြဿနာဖြေရှင်းရေး။ ဒါတွေက လူဖြစ်နေရင်ကြုံရမည့်ပြဿနာတွေ။ ဒါတွေကို ဖြေရှင်းနိုင်တဲ့သူဖြစ်ဖို့အစွမ်းအစနဲ့ ကြိုတင်ပြင်ဆင်မှုလိုတယ်။ လိုမှ မလုပ်နဲ့။ မလိုခင်ကတည်းက ကြိုပြင်။ Phyo Paing @ Derek
အလုပ်ကို အလုပ်လိုလုပ်တတ်ရင်ကို အလုပ်က တစ်ဝက်ဖြစ်နေပြီ။ တာဝန်ကျေတာ၊ အချိန်တိကျတာ၊ အလုပ်ကို တန်ဖိုးထားတာ၊ အလုပ်ကို ဦးစားပေးတာဒီအချက်တွေက အလုပ်ကို အလုပ်လိုလုပ်တတ်တာပဲ။ ကိုယ့်နိုင်ငံက အရင်းအမြစ်ပေါများခဲ့တော့အလုပ်ကို တန်ဖိုးထားဖို့ တခါတလေ မေ့နေတတ်ကြတယ်။ Phyo Paing @ Derek
ကြီးပျင်းလာတဲ့နေရာမတူ၊ မိသားစုမတူ၊ ဘာသာစကားမတူ၊ လူမျိုးမတူ၊နိုင်ငံမတူ၊ အလုပ်အကိုင်မတူ၊ကြည့်တဲ့ မီဒီယာအတူလူတွေစဥ်းစားပုံမတူတတ်ကြဘူး။ မတူရင် ရင်ဘတ်ချင်းမနီးဘူး။ ရင်ဘတ်ချင်းနီးပြီးစကားပြောလို့ရတဲ့မိတ်ဆွေတွေရှိတာကပျော်ရွင်မှုတစ်ခုတဲ့။ အခုကတည်းက အသက်ကြီးအထီးမကျန်ဖို့နဲ့တစ်ယောက်တည်းနေတစ်စိတ်တည်းမထားနိုင်တဲ့အခါရင်ဘတ်ချင်းနီးတဲ့မိတ်ဆွေတွေနဲ့ဘဝကို ဆက်ဖို့မိတ်ဆွေတွေနဲ့ ဆက်ဆံရေးတည်ဆောက်တာကလဲရင်းနှီးမြုပ်နှံမှုတစ်ခုပဲ။ Phyo Paing @ Derek
ရှုံးသွားရင်တောင် နိုင်နေမယ့်အလုပ်လုပ်ပါ။ လုပ်ငန်းမှာ အများစုက… နိုင်ရင် အများကြီးနိုင်မယ်။ရှုံးရင် အကုန်ရှုံးမယ်။ ဆိုတဲ့ လောင်းကစားမျိုးကို လုပ်နေကြတယ်။ ဒါပေမယ့် ကမ္ဘာ့အောင်မြင်တဲ့ ရင်းနှီးမြှုပ်နှံသူတွေနဲ့ လုပ်ငန်းရှင်တချို့ကတော့… Asymmetric Bets ကို ရွေးတယ်။ အဓိပ္ပာယ်က—ရှုံးရင် ဆုံးရှုံးမှု နည်းနည်းပဲရှိမယ်။နိုင်ရင် ရလဒ်က အဆပေါင်းများစွာ ရနိုင်မယ်။ ဥပမာ…Content တစ်ပုဒ်ရေးတာက အချိန်နည်းနည်းပဲကုန်တယ်။ ဒါပေမယ့် Client အသစ်တွေ ရနိုင်တယ်။Product Prototype တစ်ခု စမ်းသပ်တာက ကုန်ကျစရိတ်နည်းတယ်။ ဒါပေမယ့် အောင်မြင်ရင် လုပ်ငန်းတစ်ခုလုံး ပြောင်းသွားနိုင်တယ်။AI ကို လေ့လာဖို့ အချိန်နည်းနည်း ရင်းနှီးမြှုပ်နှံတာက ရှုံးစရာ မရှိသလောက်ပဲ။ ဒါပေမယ့် အလုပ်လုပ်ပုံတစ်ခုလုံး ပြောင်းသွားနိုင်တယ်။ ဒီနေ့ခေတ်မှာ… သေးသေးလေး စမ်းသပ်၊မြန်မြန်တိုင်းတာ၊အလုပ်ဖြစ်တာကို ချဲ့ထွင်တာကအနိုင်ရဖို့ နည်းလမ်းတစ်ခု ဖြစ်လာပြီ။ အလုပ်တစ်ခု
အလုပ်ဖြစ်တာကို ချဲ့ထွင်တာက
အနိုင်ရဖို့ နည်းလမ်းတစ်ခု ဖြစ်လာပြီ။ Read More »
လွတ်လပ်ချင်ရင်လွယ်လွယ်လေး။ လွတ်ချဖို့ပဲလိုတာ။ စိတ်ပိုင်းဆိုင်ရာလွတ်လပ်မှုဆိုတာ ရွေးချယ်မှုတစ်ခုပဲ။ Phyo Paing @ Derek
ဘဝဆိုတာ ၈၂ နှစ် ၁ လ ၁၉ ရက်နေရရင် ရက်ပေါင်း ၃၀၀၀၀ ပဲ။ ဒီနေ့ဆို ရက်ပေါင်း ၁၃၇၁၂ ရက်နေပြီးပြီ။ ကျန်းမာရေးလိုက်စားလို့ အသက် ၇၀ ထိ ဒေါင်ဒေါင်မီနေနိုင်မယ်ဆို အင်အားပြည့်ပြည့်နဲ့ ၁၁၈၅၅ ရက်နေလို့ရသေးတယ်။ အသက် ၇၀ ကနေ ၈၂ နှစ်ကျော်ထိဆို ၄၄၃၃ ရက်ထပ်နေရလို့ရတယ်။ ၈၂ နှစ်ထက် အလွန်ကျန်တာ bonus ပဲ။ တကယ်လို့ ကြားထဲတစ်ခုခုကြောင့် မသေခဲ့ရင်ပေါ့။ 🌏 လက်ရှိပျမ်းမျှအသက်ရှည်နှုန်း (Life Expectancy) 🇲🇲 မြန်မာ – ၇၀.၆ နှစ်🇲🇾 မလေးရှား – ၇၉.၇ နှစ်🇹🇭 ထိုင်း – ၈၁.၂ နှစ်🇹🇼 ထိုင်ဝမ်
သံသရာတစ်ကွေ့ ဒီတစ်နေ့က
အနာဂတ်ကိုသယ်သွားနိုင်တဲ့
ပါရမီတစ်ခုခုတော့ ဖြည့်ခဲ့ဖို့လိုနိုင်တယ်။ Read More »