ကိုယ့်ကိုယ်ကို ငြိမ်းချမ်းရေးယူဖို့
မေ့ထားလို့မရဘူး။
ကိုယ့်ကိုယ်ကို ငြိမ်းချမ်းရေးယူဖို့မေ့ထားလို့မရဘူး။ လူတွေမှာ ဇောတွေရှိတယ်။ဇောဆိုတဲ့ ခက်ဆစ်အဓိပ္ပာယ်ကအရှိန်အဟုန်ဖြင့်ဖြစ်သောစိတ်တဲ့။ တချို့က လောဘဇော။တချို့က ဒေါသဇော။တချို့က မာန်မာနဇော။တချို့က မောဟဇော။ ဇောတွေနဲ့ လောလောပြီးကနေတဲ့လောကမှာ မေ့ထားလို့မရတဲ့အရာကကိုယ့်ကိုယ်ကို ငြိမ်းချမ်းရေးယူဖို့ပဲ။ တချို့ဇောတွေက အရှိန်တင်ဖို့လိုတယ်။တချို့ဇောတွေက ဘရိတ်အုပ်ဖိုလိုတယ်။ အရေးကြီးတာ ဇောတွေရဲ့ထိန်းချုပ်မှုမှာ သတိ၊ အသိလိုတတ်တယ်။ Phyo Paing @ Derek
ကိုယ့်ကိုယ်ကို ငြိမ်းချမ်းရေးယူဖို့
မေ့ထားလို့မရဘူး။ Read More »
