သက်လုံကောင်းဖို့တော့ လိုတယ်။
ငါးနှစ်၊ ဆယ်နှစ်ဆိုတာလူတစ်ယောက်ဘဝကိုကောင်းကောင်းပြောင်းလဲစေနိုင်တယ်။ Phyo Paing @ Derek
ငါးနှစ်၊ ဆယ်နှစ်ဆိုတာလူတစ်ယောက်ဘဝကိုကောင်းကောင်းပြောင်းလဲစေနိုင်တယ်။ Phyo Paing @ Derek
ပျော်ရွင်မှုက အနည်းဆုံးbaseline ကနေ ၂၅% နဲ့အထက်တက်လာတယ်တဲ့။ အခုလို မိတ်ကောင်းဆွေကောင်းတွေနဲ့နှစ်ပေါင်းများစွာ ယုံယုံကြည်ကြည်နဲ့အလုပ်တွေလုပ်ခဲ့ကြတဲ့ မိတ်ဆွေတွေအားလုံးနဲ့သိခဲ့ရတာဟာ ကျေးဇူးတင်စရာပါ။ ကိုယ့်ယုံကြည်မှုအတွက်ဘယ်လိုခက်ခဲနေပါစေအဆင်ပြေအောင်လုပ်မယ်ဆိုပြီးရှေ့ဆက်နေတဲ့လူတွေနဲ့သိကျွမ်းရတာဟာကျေးဇူးတင်စရာပါပဲ။ Phyo Paing @ Derek
ဘဝကို နောက်တစ်ဆင့်တက်ဖို့ BEGIN B = Books you read ဖတ်တဲ့စာအုပ်E = Environment you are in နေတဲ့ပတ်ဝန်းကျင်G = Goals you have ရည်မှန်းချက်ပန်းတိုင်I = Individuals you meet ကိုယ်တွေ့တဲ့သူတွေN = Next move you gonna make နောက်လုပ်မည့်အရွေ့ Phyo Paing @ Derek
နင်ကတော့ ပင်ပန်းတဲ့ပုံပေါက်တယ်နော်။ကျန်းမာရေးမကောင်းဘူးထင်တယ်။ ဝလာတယ်နော်။ တော်တော် စားသောက်တယ်ထင်တယ်။ ဒီ “ထင်တယ်” ဆိုတဲ့စကားကို mind read လို့ခေါ်တယ်။ ဒီ”ထင်တယ်” ဆိုတာ ပြောတဲ့သူကသူ့ခေါင်းထဲမှာရှိတဲ့ တွေးပုံနဲ့တဖက်လူရဲ့ ဘဝကို လာအကဲဖြတ်တာဖြစ်တယ်။ ဒီ “ထင်တယ်” တွေသုံးတာများရင်မိသားစု၊ ပေါင်းသင်းဆက်ဆံရေး၊ စီးပွားရေး၊ အချစ်အိမ်ထောင်ရေးမှာ သက်ရောက်မှုရှိနိုင်တယ်။ “ထင်တယ်” အစား၊ “လား” တို့၊“မသိဘူးနော်” တို့ အစားထိုးကြည့်။ နင်ပင်ပန်းတဲ့ပုံပေါက်နေတယ်နော်၊ ဒီရက်ပိုင်း ကျန်းမာရေး ကောင်းသလား?ငါ့သားအရမ်းပိန်နေတယ်နော်။ အစားအသောက်မှန်ရဲ့လား? အကဲဖြတ်တဲ့ “ထင်တယ်” စကားလုံးအစားမေးမြန်းစိတ်ဝင်စားတဲ့ “လား၊ မသိဘူးနော်” နဲ့အစားထိုးကြည့်ပါ။ Phyo Paing @ Derek
Relationship တို့ Marriage တို့ဆိုတာ ပေါင်းစီးမှုဖြစ်တဲ့အတွက် အဆင့်တွေ အရမ်းကွာလို့မရဘူး။ ပညာရေး၊ ငွေကြေး၊ နေထိုင်မှုအဆင့်အတန်း၊ အပေါင်းအသင်း၊ အတွေးအခေါ်ဒီအရာတွေကို point တစ်ခုချကြည့်လို့ တစ်ခုခုမှာ အရမ်းကွာနေရင် integration လုပ်တဲ့အခါ တစ်ဖက်ဖက်က ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ စိတ်ဆန္ဒမရှိရင် လတ်ဆတ်လှပတဲ့ အနာဂတ်တွေအတွက်ဝေးဝေးပြေးဖို့ မလွယ်ဘူး။ Phyo Paing @ Derek
ဘဝဆိုတာ အစဥ်ဖြစ်ပျက်ပြောင်းလဲနေတဲ့“ဖြစ်စဥ်” တစ်ခုဆို မဟုတ်လား။ ဒါကြောင့် ဖြစ်ခဲ့တဲ့ အဖြစ်အပျက်မှာပဲ“ရပ်” ပြီး စိတ်ပျက်အားငယ်၊ ရယ်မော သဘောကျနေရုံနဲ့မရဘူး။ အစဥ်ဖြစ်နေတဲ့ အပြောင်းအလဲကြားမှာတစ်ကြောင်းဆွဲ အတွေးအခေါ်နဲ့ ဖြတ်သန်း နေလို့တိုးတက်မလာနိုင်ဘူး။ မျက်စိဖွင့်၊ နားစွင့်ပြီး မတွေးခေါ်ဖူးတာ၊ မစဥ်းစားဖူးတဲ့ နည်းတွေနဲ့ အဖြေရှာမှ နည်းလမ်းအသစ်တွေတွေ့မှာ မဟုတ်လား။ Phyo Paing @ Derek
ကိုယ့်ကိုကိုယ် ချော့ခိုင်းတတ်ဖို့အရေးကြီးတယ်။ တခါတလေ လူတစ်ယောက်မှာနတ်မင်းနှစ်ပါး အားပြိုင်နေတယ်။အပျင်းကြီးတဲ့ တစ်ယောက်နဲ့ တက်ကြွတဲ့ တစ်ယောက်။ တခါတလေ တစ်ယောက်ကအသားရနေတာမျိုးဖြစ်တတ်တယ်။ ကိုယ့်ကိုကိုယ် ချော့ခိုင်းဖို့ကိုယ့်အကြောင်းကို လေ့လာနေဖို့လိုတယ်။ ဒါကြောင့်လဲ Socrates ကKnow Thyself ကိုယ့်ကိုကိုယ် သိလို့ပြောခဲ့တာမဟုတ်လား။ ကျွန်တော်တို့ နေ့စဥ်တိုက်နေရတဲ့ရန်သူက အတွင်းရန်သူဖြစ်ကောင်းဖြစ်နိုင်တယ်။ မယုံရင် တခါးပိတ်။ အခန်းထဲမှာ ဖုန်းမသုံး၊ ဘားမှ အသုံးမပြုပဲဒီအတိုင်း ဘားမလုပ်ပဲလေးဆယ့်ငါးမိနစ်လောက်ထိုင်ကြည့်ကြည့်။ လူ့စိတ်က မျောက်စိတ်ဆိုတာသတိထားလာမိလာသလိုအတွင်းရန်သူကို ဂရုစိုက်ရမယ်ဆိုတာသတိထားလာမိလိမ့်မယ်။ ကျွန်တော်တို့ နေ့စဥ်တိုက်နေရတဲ့တိုက်ပွဲက စိတ်တွင်းတိုက်ပွဲတွေဖြစ်နေတတ်တယ်။ အတွင်းတိုက်ပွဲ အောင်နိုင်မှအပြင်တိုက်ပွဲ အောင်ဖို့ သေချာသလောက်ရှိမှာ။ Phyo Paing @ Derek
1. ကိုယ့်ရဲ့ ငယ်ရွယ်မှု Youth ကို အလဟသ မဖြုန်းတီးပါနဲ့။ လူတွေအားလုံးမှာရှိတဲ့ အဖိုးအတန်ဆုံး asset က အချိန်ပဲ။ ဒီအချိန်ကို တခြားအဖိုးတန်တဲ့ အသိပညာ၊ အတတ်ပညာ၊ ငွေကြေး၊ လွတ်လပ်မှု၊ လူရိုသေရှင်ရိုသေဖြစ်မှု အစရှိတဲ့ အရာတွေကို ပြောင်းလဲဖို့ စိတ်ရှည်မှုလိုတယ်။ 2. Energy ကို မဖြုန်းတီးပါနဲ့။ ရုပ်စွမ်းအားနဲ့ စိတ်စွမ််းအားရှိတယ်။ တချို့အရာတွေက ကိုယ့်ကိုကိုယ် ဖျက်စီးမှုတွေကို ဖြစ်စေတယ်။ အရက်တို့ တခြား stimulants တွေက အစပိုင်းမှာ တော်တော်ကောင်းတယ်။ ရေရှည်အတွက် သက်ရောက်မှုတွေရှိနိုင်တဲ့အတွက် energy ပိုင်းမှာ သက်ရောက်မှုရှိတယ်။ နောက် အာရုံ။ ကိုယ့်အာရုံကို ဘယ်မှာ အာဏာကုန်စိုက်မလဲ အရေးကြီးတယ်။ စွမ်းအင်တွေကို မဖြုန်းတီးလိုက်ဖို့အရေးကြီးတယ်။ 3. Courage သတ္တိ။
ကိုယ့်ရဲ့ ငယ်ရွယ်မှု Youth ကို
အလဟသ မဖြုန်းတီးပါနဲ့။ Read More »
Health, Wealth, Love, Happiness တဲ့Tai Lopez အမြဲပြောနေတဲ့လေးခု။တစ်ခုပြီးမှ တစ်ခုလာတယ်။ကျန်းမာ၊ ချမ်းသာ၊ အချစ်၊ ပျော်ရွင်မှု။ကျန်းမာရေးအတွက် တစ်ရက်တစ်နာရီလောက် အချိန်ပေးပါ။ Phyo Paing @ Derek
အာရုံ 🧘♀️ ကိုအရူးအမူးဖြစ်တဲ့အလုပ်မှာအာဏာကုန်ထားထားတဲ့အခါအရာရာက ဘဝမှာ ပိုလတ်ဆတ်လာမယ်။ Phyo Paing @ Derek