ငြီးငွေ့ခြင်းရဲ့ နောက်တစ်ဖက်
ငြီးငွေ့ခြင်းရဲ့ နောက်တစ်ဖက်မှာနယ်မြေသစ်တွေရှိတယ်။မရပ်လိုက်နဲ့။ငြီးငွေ့ခြင်းအလွန်ကိုသွားကြည့်ပါ။လှည့်မပြန်ပါနဲ့။ Phyo Paing @ Derek
ငြီးငွေ့ခြင်းရဲ့ နောက်တစ်ဖက်မှာနယ်မြေသစ်တွေရှိတယ်။မရပ်လိုက်နဲ့။ငြီးငွေ့ခြင်းအလွန်ကိုသွားကြည့်ပါ။လှည့်မပြန်ပါနဲ့။ Phyo Paing @ Derek
လုပ်သင့်တာလုပ်နေပေမယ့်တိုးတက်မှုရပ်နေတဲ့အချိန်Plateau လူတိုင်းကြုံရတယ်။ဒါကနည်းလမ်းပြောင်းဖို့သတိပေးတာပဲ။ Phyo Paing @ Derek
လမ်းဆိုတာ လျှောက်ဖို့။လမ်းတွေ့ပြီး မလျှောက်ရင်ခရီးရောက်မှာ မဟုတ်ဘူး။ သိပြီး မလုပ်တာကမသိတာနဲ့ ဘာမှသိပ်မထူးခြားဘူး။ အခွင့်အလမ်းတစ်ခု၊အသိပညာတစ်ခုကိုသိပြီး အသုံးမချတာကနှမြောဖို့ကောင်းတယ်။ လမ်းတွေတွေ့ဖို့ Learn နေကြတယ်။အရေးကြီးတာ ပြန်ပြီးအသုံးချဖို့ပဲ။ Phyo Paing @ Derek
စိတ်ဆိုတာ အိမ်ဖြစ်ခဲ့မယ်ဆိုရင်အတွေးဆိုတာ ဧည့်သည်ပဲ။အိမ်လာတဲ့ ဧည့်သည်ရွေးချယ်လက်ခံတတ်ဖို့အရေးကြီးတယ်။ Phyo Paing @ Derek
လူတွေရဲ့ ဘဝကို ကွာစေတာအတွေးအခေါ်ကြောင့်။ အတွေးအခေါ်ကို ကွာစေတာအသိဥာဏ်ပညာကြောင့်။ ပညာရပ်တစ်ခုတင်တဲ့အခါ၁။ data မစုစည်းရသေးတဲ့ သတင်းအချက်အလက်၂။ information စုစည်းပြီး သတင်းအချက်အလက်၃။ knowledge သတင်းအချက်အလက်ကို နားလည်မှု၄။ understanding ပညာရပ်တစ်ခုရဲ့ ဥပဒေသနဲ့ ဆက်စပ်ချက်တွေကို နားလည်မှု၅။ wisdom ပညာနဲ့ အတွေ့အကြုံပေါ်မူတည်ပြီးဖြစ်လာတဲ့ ဥာဏ်ပညာ Phyo Paing @ Derek
အခွင့်အလမ်းဆိုတာ ပြဿနာအယောင်ဆောင်ပြီးလာလေ့ရှိတယ်။ပြဿနာတွေ၊ စိန်ခေါ်မှုတွေ၊ကိုယ့်ကို တိုက်ခိုက်မှုတွေရှိလာခဲ့ရင်ဒါကို အမြတ်ပြန်ထုတ်ပါ။ Phyo Paing @ Derek
ကိုယ့်ကိုယ်ကို ကျိန်စာတိုက်တဲ့သူကကိုယ်တိုင်ပဲ။ “ငါမတတ်နိုင်ဘူး။”“ဒါမဖြစ်နိုင်ဘူး။”“ငါ့ပုံစံနဲ့ ဘယ်လိုဖြစ်နိုင်မလဲ။” ကျွန်တော်လဲအရင်က ဒီလိုစကားတွေပြောတတ်တယ်။ နောက်ပိုင်းကျေတာ့ “သေး” ဆိုတဲ့စကားထည့်လိုက်တယ်။ “ငါမတတ်နိုင်သေးဘူး။” နောက်ပိုင်းကျတော့ မေးခွန်းပြောင်းလိုက်တယ်။ “ငါဘယ်အချိန်ကျရင် တတ်နိုင်မလဲ?” နောက်ပိုင်းကျတော့ မေးခွန်းထပ်ပြောင်းတယ်။ “ငါဒါကို တတ်နိုင်အောင် ဘယ်လိုလုပ်မလဲ?” လူတွေက စကားလုံးတွေနဲ့ကိုယ့်ကိုယ်ကို ကျိန်စာတိုက်တတ်ကြတယ်။ Phyo Paing @ Derek
ကိုယ်နဲ့အတွေးအခေါ်မတူကိုယ့်အကျိုးစီးပွားလဲမထိခိုက်ရင်လျစ်လျူရှုတယ်။ လျစ်လျူရှုမှု အနုပညာကတော်တော်လေး အရေးကြီးတယ်။ Boycott လုပ်တယ်ဆိုတာလျစ်လျူရှုခြင်းတစ်မျိုးပဲ။ ကိုယ်နဲ့မဆိုင်တာကို အာရုံတွေပေးဖို့အချိန်နဲ့ စွမ်းအင်တွေကိုအလဟဿ အသုံးမပြုဘူး။ ကိုယ်ခံယူထားတဲ့ ဥပဒေသတစ်ခုကMYOB ပဲ။Mind Your Own Business ၁။ ကိုယ်အကောင်းဆုံး ဗားရှင်းဖြစ်ရမယ်။၂။ ကိုယ့်သားသမီးနဲ့ မိသားစုအကောင်းဆုံးဗားရှင်းဖြစ်ရမယ်။၃။ ကိုယ်နဲ့ရင်းနှီးတဲ့သူတွေ အကောင်းဆုံးဗားရှင်းဖြစ်ရမယ်။၄။ ကိုယ်နဲ့ သိတဲ့သူတွေ အကောင်းဆုံးဗားရှင်းဖြစ်ရမယ်။၅။ ကိုယ်နေထိုင်တဲ့နေရာကသူတွေ အကောင်းဆုံးဗားရှင်းဖြစ်ရမယ်။ ကိုယ်ကူညီပေးနိုင်တဲ့သူမဟုတ်ရင်တော့ထားခဲ့လိုက်တယ်။ ကိုယ့်ကိုယ်ကိုကောင်းအောင်မလုပ်ပဲတခြားသူကို ကူညီပေးဖို့မလွယ်ကူဘူး။ ကိုယ်မသိတဲ့အရာတစ်ခုကိုတခြားသူကို သင်ပေးဖို့ဆိုတာလဲမဖြစ်နိုင်ဘူး။ Phyo Paing @ Derek
၁။ သင်ယူခြင်း Learning၂။ စဥ်းစားခြင်း Thinking၃။ စမ်းသပ်ခြင်း Experimenting၄။ မျှဝေခြင်း Sharing ဒီလေးခုစလုံးကနေ ဝင်ငွေပြန်ရှာမလဲစဥ်းစားတယ်။ဒါကိုတော့ Monetize your moments လို့ခေါ်လိုက်တယ်။ မနက်စာဖတ်တယ်။ဒါကို video ရိုက် Toe Tet Insidernote လုပ်Subscription ပြောင်းတယ်။ ဒါပြီးစဥ်းစားခြင်းလုပ်ဆောင်ဖို့နေ့စဥ် Coaching လုပ်ပြီးClient ကို Thinking Partner လုပ်ပေးတယ်။ ဒါပြီးရင် ကိုယ်စမ်းသပ်ချင်တဲ့နည်းပညာနဲ့ ပတ်သက်တဲ့အပိုင်းBiohacking အပိုင်းတွေ စမ်းသပ်တယ်။ဒီကမှ Akyanpay .com တို့၊Dream Lab တို့၊ Insidernote App တို့ထွက်လာတယ်။နောက် business model အသစ်နဲ့creative investing လုပ်တဲ့စနစ်တွေစမ်းကြည့်တယ်။ နောက်ပြီး ညပိုင်းကို စာသင်တယ်။တချို့အိုင်ဒီယာရတဲ့အချိန်တွေမှာစာရေးတယ်။ နေ့တိုင်းက အလုပ်လုပ်နေတာမဟုတ်ဘူး။ဂိမ်းဆော့နေသလိုပဲ။ဒီလိုဖြစ်ဖို့ ဘဝကို သေချာဒီဇိုင်းလုပ်ဖို့လိုတယ်။ဒါကို
ကျွန်တော့်ရဲ့ အကောင်းဆုံးတစ်ရက်တာဖြစ်ဖို့
တစ်ရက်မှာ လေးခုဖြစ်ဖို့လိုတယ် Read More »
လူတစ်ယောက်က တစ်ရက်ကိုအတွေးပေါင်း ၅၀၀၀၀ ကနေ ၇၀၀၀၀ ကြားနေ့စဥ်တွေးနေကြလို့ဆိုတယ်။အဲ့ထဲမှာ ၉၀% က မနေ့ကအတွေးတွေပဲ။ ဘယ်အရာတွေက ဒီအတွေးတွေကိုလွမ်းမိုးနေလဲ? ၁။ ယုံကြည်မှု၂။ တန်ဖိုးထားမှု၃။ ဘဝဖြတ်သန်းမှုဖြစ်စဥ်မှ မှတ်ဥာဏ်၄။ ဆုံးဖြတ်ချက်ချတဲ့ပုံစံ (metaprograms)၅။ ဘဝမှာထားရှိတဲ့ ဥပဒေသ၆။ ကိုယ့်ကိုယ်ကို ပြောနေတဲ့ဘာသာစကား၇။ အထင်အမြင် ဒီအချက်တွေကို သိရှိပြီးအပြောင်းအလဲလုပ်နိုင်ရင်လူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲ နိုင်တယ်။ ဘာကြောင့်လဲဆိုတော့စိတ်သာရှင်စောဘုရားဟောဆိုတဲ့မြန်မာဆိုရိုးရှိသလိုစိတ္တေန နီယတိ လောကဆိုပြီးစိတ်သည်လောကကို ဦးဆောင်၏ဆိုပြီးကြားဖူးပါလိမ့်မယ်။ ဗုဒ္ဓက စိတ်သည် အဖြူထည်စိတ်ကို စေတသိက်တွေလွမ်းမိုးတယ်။ဒီ စေတသိက် mental factors၅၂ ပါးသည် စိတ်ကိုခြယ်လှယ်နေတယ်။ ဒီစေတသိတ် ၅၂ ပါးဟာစိတ်ကိုလွမ်းမိုးပြီးအတွေး၊ ခံစားချက်၊ အကြံ၊ အလုပ်တွေကိုလွမ်းမိုးနေတယ်။ ဒါကြောင့် လောကီမှာ ကိုယ့်ကိုယ်ကိုအကောင်းဆုံးဖန်တီးဖို့အတွက်ဒီ စေတသိတ်တွေကို hacking လုပ်ဖို့လိုတယ်။ ဒီလို လုပ်ဖို့အတွက်ယုံကြည်မှု (thoughts